• Home
  • General Knowledge
General Knowledge Unique Things




#LM_Naung_Naung
#Lifestyle_Myanmar
Source-wikipedia

သင့်အိမ်ထဲက အင်းဆက်တွေကို သုတ်သင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း (၁၀) ချက်

Unicode

နှလုံးသားသုံးခုနဲ့ အပြာရောင်သွေးတွေ ရှိတဲ့သတ္တဝါ


အလွန်ကြီးမားတဲ့ ပစိဖိတ်ရေဘဝဲတွေကို ကယ်လီဖိုးနီးယားတောင်ပိုင်း၊ အော်ရီဂွန်နဲ့ ၀ါရှင်တန်ကနေ အလက်စကားအထိကမ်းရိုးတန်းတစ်လျှောက်မှာ တွေ့ရှိနိုင်ပါတယ်။ အဆိုပါရေဘဝဲတွေဟာ မီးလုံးပုံသဏ္ဍာန်ရှိပြီး အင်္ဂါအစိတ်အပိုင်းအားလုံးနဲ့ ပါးစပ်ပါရှိကြပါတယ်။ ရေဘဝဲအကုန်လုံးဟာ နှလုံးသားသုံးခုစီရှိကြပြီး အပြာရောင်သွေးတွေစီးဆင်းလျှက်ရှိပါတယ်။ သူတို့ရဲ့သွေးတွေဟာ ကြေးနီပါ၀င်မှုများပြားပြီး အနိမ့်ဆုံးအပူချိန်မှာ အောက်ဆီဂျင်ကိုရွှေ့ပြောင်းဖို့ အရမ်းကိုထိရောက်ပါတယ်။ သူတို့ရဲ့ပါးစပ်ဟာ အောက်ဖက်မှရှိနေပြီး လက်ချောင်းတွေဆုံတဲ့နေရာမှာ ဖြစ်ပါတယ်။ ပါးစပ်မှာ နှုတ်သီးပါရှိပြီးတော့ အစာကိုမမျိုချခင် ပိုင်းဖြတ်ဖို့အတွက်  အသုံးပြုပါတယ်။ ရေဘဝဲတိုင်းရဲ့ လက်တံတစ်ခုစီမှာ စုပ်ခွက် နှစ်တန်းစီပါရှိပြီး လက်ချောင်းတစ်ချောင်းမှာတင် စုပ်ခွက်စုစုပေါင်း ၂၅၀ လောက်ပါရှိပါတယ်။ အရွယ်အစားက ခန္ဓာကိုယ်အပေါ်ပိုင်းကနေ လက်တံတွေအထိ ၁၆ ပေလောက်ရှည်လျှားပြီး အရွယ်ရောက်ပြီးတဲ့ရေဘဝဲဟာ ပျမ်းမျှ ၁၃၅ ပေါင် (၅၉ကီလို) လောက်အလေးချိန်ရှိပါတယ်။ အဆိုပါပစိဖိတ်ရေဘဝဲဟာ အကြီးဆုံးမျိုးစိတ်စာရင်းဝင်ပြီး စံချိန်တင်အဖြစ် ပေါင်၄၀၀ နဲ့လက်တံအရှည် ၂၄ ပေထိ တွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Wikipedia

Related posts

ရေခဲသေတ္တာထည့်မထားသင့်သော အစားအစာများ

OMCTC

အားနည်းချက်မှ အားသာချက်သို့

OMCTC

လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ကွန်ပျူတာ အသုံးပြုခြင်းများက သက်ကြီးပိုင်းအရွယ်တွင် မှတ်ဥာဏ်ပျောက်ဆုံးခြင်းကို ကာကွယ်ပေးနိုင်

OMCTC

Leave a Comment