သင့္အိမ္ထဲက အင္းဆက္ေတြကို သုတ္သင္ဖို႔အတြက္ အေကာင္းဆံုးနည္းလမ္း (၁၀) ခ်က္

0
56

က်န္းမာေရးကို ထိခိုက္ေစတဲ့ ဓါတုပစၥည္းေတြ၊ ပိုးသတ္ေဆးကို မသံုးစြဲခ်င္ပဲ သဘာ၀နည္းလမ္းအတိုင္း အင္းဆက္ပိုးမႊားေတြကို သုတ္သင္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြ ရွိပါတယ္။ ဓါတုပစၥည္းေတြဟာ သင္နဲ႔ သင့္မိသားစုအတြက္ မေကာင္းတဲ့အက်ိဳးဆက္ေတြျဖစ္ေစႏိုင္တာေၾကာင့္ လြယ္လြယ္ကူကူနဲ႔ ယခုနည္းလမ္းအတိုင္း ျပဳလုပ္ဖို႔ အၾကံေပးလိုက္ပါတယ္။

-Advertisement-

၁။ ပိုးဟပ္မ်ား
ပိုးဟပ္ေတြဟာ အစာနဲ႔ေရအတြက္ သင့္အိမ္မွာခိုေအာင္းေနၿပီး အိမ္ရွင္မေတြကို ေကာင္းေကာင္းဒုကၡေပးသူေတြပါ။ ဒါေၾကာင့္ သူတို႔ကိုသင္ဘယ္ေတာ့မွမျမင္ရဖို႔ သူတို႔အတြက္အစာကို မထားျခင္းျဖင့္ သင့္အတြက္အခြင့္အေရး ရွိပါတယ္။ တကယ္လို႔ ဒီနည္းနဲ႔ျပႆနာကို မေျဖရွင္းႏိုင္ခဲ့ရင္ ေထာင္ေခ်ာက္ျပဳလုပ္ပါ။ ပထမဆံုး ပလပ္စတစ္ေရဘူးအခြံတစ္ခုကို ယူၿပီး အေပၚပိုင္းကိုျဖတ္ပါ။ ၿပီးလွ်င္ ပံုထဲကအတိုင္း ကေတာ့ပံုစံျဖစ္ေအာင္ ေျပာင္းျပန္ေအာက္စိုက္ထားေပးၿပီး အနားေတြကို ေလလံုေအာင္တိတ္နဲ႔ပတ္ထားပါ။ ၿပီးလွ်င္အတြင္းဖက္မွေရအနည္းငယ္ထည့္ထားေပးၿပီး ပိုးဟပ္အေတြ႕အမ်ားဆံုးေနရာမွာထားေပးပါ။ သူတို႔ေရေသာက္ဖို႔ဆင္းလာၿပီး ျပန္တက္ဖို႔မျဖစ္ႏိုင္တဲ့အတြက္  တစ္ေကာင္းခ်င္းသုတ္သင္ႏိုင္မယ့္ သဘာ၀နည္းလမ္းျဖစ္ပါတယ္။ သူတို႔ရဲ႕အသိုက္ကိုေတာ့ သက္ေရာက္မႈမရွိႏိုင္ပါဘူး။

၂။ သစ္သီးယင္
အစားအစာေတြနဲ႔ သစ္သီးေတြမွာအမ်ားဆံုးနားတတ္တဲ့ မွဲ႕လိုေသးေသးမႊားမႊား ယင္ေလးေတြေၾကာင့္ အရမ္းကိုစိတ္ညစ္ရပါလိမ့္မယ္။ သူတို႔ေတြကို သုတ္သင္ႏိုင္ဖို႔အတြက္ ဖန္ခြက္ခရားတစ္ခုထဲက apple cider vinegar တ၀က္ေလာက္ ေလာင္းထည့္ၿပီး သစ္သီးအမွည့္ကိုအနည္းငယ္လွီးျဖတ္ၿပီး ကေတာ့ပံုလိပ္ၿပီး ခြက္ထဲထည့္ထားတဲ့စကၠဴေပၚမွာ ထားေပးပါ။ ၿပီးလွ်င္တစ္ညေလာက္ထားျခင္းျဖင့္ မနက္ခင္းမွာ သစ္သီးယင္ေတြ ဖန္ခြက္ထဲမွာ အမ်ားႀကီးေသေနတာကို ျမင္ရပါလိမ့္မယ္။

၃။ ျခင္
essential oil ဟာျခင္ေတြကို တြန္လွန္ႏိုင္တဲ့ ပစၥည္းအျဖစ္ လူသိမ်ားပါတယ္။ ဒါေၾကာင့္ essential oil ပါ၀င္တဲ့ ဖေယာင္းတိုင္ကို အသံုးျပဳျခင္း သို႕မဟုတ္ ဖေယာင္းတိုင္ကိုယ္တိုင္ျပဳလုပ္ၿပီး အသံုးျပဳႏိုင္ပါတယ္။ အျခားနည္းလမ္းတစ္ခုကေတာ့ အုန္ဆီကို အရည္ေပ်ာ္ေစၿပီး essential oil နည္းနည္းနဲ႔ေရာစပ္ၿပီး အေရျပားေပၚမွာ သုတ္လိမ္းပါ။ essential oil ကိုမေရာစပ္ပဲ သူ႔ခ်ည္းသက္သက္အေရျပားေပၚကို မသုတ္လိမ္းမိပါေစနဲ႔။

၄။ ယင္ေကာင္
ယင္ေကာင္ေတြဟာ လာဗင္ဒါအနံ႔ကို မုန္းတီးၾကပါတယ္။ ဒါေၾကာင့္ လာဗင္ဒါပင္စိုက္ျခင္း lavender essential oil ကို အသံုးျပဳျခင္းျဖင့္ ယင္ေကာင္ေတြကိုေမာင္းထုတ္ႏိုင္ပါတယ္။ လာဗင္ဒါ essential oil ကိုအိမ္ရဲ႕ေနရာအႏွံ႕မွာထားျခင္း သို႕မဟုတ္ စပေရးပုလင္းထဲမွာ ေရထည့္ၿပီး အစက္သံုးဆယ္ေလာက္ ေရာစပ္ၿပီးလည္း အသံုးျပဳႏိုင္ပါတယ္။

၅။ ပုရြက္ဆိတ္မ်ား
ဆပ္ျပာရည္၊ အရက္ပ်ံတစ္ဇြန္းကို ေရတစ္ခြက္နဲ႔ေရာစပ္ၿပီး စပေရးပုလင္းထဲမွာ ထည့္ပါ။ အသံုးျပဳခါနီး လႈပ္ခါၿပီး ပုရြက္ဆိတ္ရွိတဲ့ေနရာေတြမွာ ျဖန္းေပးပါ။ ပုရြက္ဆိတ္ရန္က ကင္းေ၀းပါလိမ့္မယ္။

၆။ နက်ယ္ေကာင္
နက်ယ္ေကာင္ေတြဟာ သင့္အိမ္ရဲ႕သစ္သားေတြနဲ႔ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသိုက္ေဆာက္ေနတတ္ၾကၿပီး မၾကာခဏျမင္ရေလ့ရွိတဲ့ ပိုးေကာင္ေတြျဖစ္ပါတယ္။ သူတို႔ကိုေမာင္းထုတ္ဖို႔အတြက္ သိပ္မခက္ပါဘူး။ စပေရးပုလင္းထဲမွာ ဆပ္ျပာရည္ကိုေရနဲ႔ေရာစပ္ၿပီး သူတို႔ရဲ႕အိမ္ေတြကို ျဖန္းေပးပါ။ ယခုလိုနည္းလမ္းဟာ နက်ယ္ေကာင္ေတြကို ခ်က္ခ်င္းေသေစေၾကာင္း ကၽြမ္းက်င္သူေတြက ေျပာၾကပါတယ္။

၇။ ပင့္ကူ
ပင့္ကူေတြဟာ လၻက္ဆီရဲ႕အနံ႔ကိုေၾကာက္ၾကတာေၾကာင့္ ေရနဲ႔ ရွာလကာရည္ကို တ၀က္စီေရာၿပီး လက္ဖက္ဆီ essential oil ကို အနည္းငယ္ေရာစပ္ပါ။ ၿပီးလွ်င္စပေရးပုလင္းနဲ႔ သင့္အိမ္ရဲ႔ ၈ိုေဒါင္ေတြ မ်က္ႏွာက်က္ေတြနဲ႔ အ၀တ္ဗီဒိုထဲမွာပါ ျဖန္းထားေပးပါ။ ပင့္ကူေတြရန္က ကင္းေ၀းပါလိမ့္မယ္။

၈။ ဂ်ပိုး
ဂ်ပိုးဟာလည္း လူသားေတြနဲ႔ရန္ဖက္ျဖစ္တဲ့ သတၱ၀ါေတြတည္းက တမိ်ဳးပါ။ သူတို႔ကိုႏွိမ္နင္းဖို႔အတြက္ ယူကလစ္ essential oil ကို ေရထဲ၁၀ စက္ေလာက္ေရာစပ္ၿပီး စပေရးထဲထည့္ထားပါ။ၿပီးလွ်င္ အိပ္ရာအေပၚေအာက္ ပက္ျဖန္းထားေပးပါ။ တကယ္လို႔ သင္ခရီးထြက္တဲ့အခါ ယူသြားလွ်င္လည္း တည္းခိုခန္းအိပ္ရာမွာ ျဖန္းျခင္းျဖင့္ ဂ်ပိုးကူးစက္ျခင္း အႏၱရာယ္ကိုပါ ကာကြယ္ႏိုင္ပါတယ္။

၉။ ပိုးနံေကာင္
အရမ္းကို အနံ႕ဆိုးတဲ့ ပိုးေကာင္ေတြကို ေမာင္းထုတ္ဖို႔အတြက္ ေရႏွစ္ခြက္ထဲကို ၾကက္သြန္ျဖဴအမႈန္႔ ေလးဇြန္းေရာစပ္ၿပီး သင့္အိမ္ရဲ႕ျပတင္းေပါက္ေတြနဲ႔ ေနရာအႏွံမွာျဖန္းထားေပးပါ။ အဆိုပါနည္းလမ္းကထိေရာက္ေစပါတယ္။

ေနာက္ထပ္သင့္မွာ အင္းဆက္ေတြရဲ႕ရန္ကကာကြယ္ဖို႔အတြက္ နည္းလမ္းေကာင္းေတြရွိခဲ့ရင္လည္း ကြန္းမန္႔မွတဆင့္ မွ်ေ၀ေပးႏိုင္ပါတယ္

#LM_Naung_Naung
#Lifestyle_Myanmar
Source-Brightside

တစ္သက္လံုးေနာင္တမရဖို႔အတြက္ Relationship တစ္ခုမွာ သည္းမခံသင့္တဲ့ လုပ္ရပ္မ်ား


Unicode

သင့်အိမ်ထဲက အင်းဆက်တွေကို သုတ်သင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း (၁၀) ချက်
ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓါတုပစ္စည်းတွေ၊ ပိုးသတ်ဆေးကို မသုံးစွဲချင်ပဲ သဘာဝနည်းလမ်းအတိုင်း အင်းဆက်ပိုးမွှားတွေကို သုတ်သင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဓါတုပစ္စည်းတွေဟာ သင်နဲ့ သင့်မိသားစုအတွက် မကောင်းတဲ့အကျိုးဆက်တွေဖြစ်စေနိုင်တာကြောင့် လွယ်လွယ်ကူကူနဲ့ ယခုနည်းလမ်းအတိုင်း ပြုလုပ်ဖို့ အကြံပေးလိုက်ပါတယ်။

၁။ ပိုးဟပ်များ
ပိုးဟပ်တွေဟာ အစာနဲ့ရေအတွက် သင့်အိမ်မှာခိုအောင်းနေပြီး အိမ်ရှင်မတွေကို ကောင်းကောင်းဒုက္ခပေးသူတွေပါ။ ဒါကြောင့် သူတို့ကိုသင်ဘယ်တော့မှမမြင်ရဖို့ သူတို့အတွက်အစာကို မထားခြင်းဖြင့် သင့်အတွက်အခွင့်အရေး ရှိပါတယ်။ တကယ်လို့ ဒီနည်းနဲ့ပြဿနာကို မဖြေရှင်းနိုင်ခဲ့ရင် ထောင်ချောက်ပြုလုပ်ပါ။ ပထမဆုံး ပလပ်စတစ်ရေဘူးအခွံတစ်ခုကို ယူပြီး အပေါ်ပိုင်းကိုဖြတ်ပါ။ ပြီးလျှင် ပုံထဲကအတိုင်း ကတော့ပုံစံဖြစ်အောင် ပြောင်းပြန်အောက်စိုက်ထားပေးပြီး အနားတွေကို လေလုံအောင်တိတ်နဲ့ပတ်ထားပါ။ ပြီးလျှင်အတွင်းဖက်မှရေအနည်းငယ်ထည့်ထားပေးပြီး ပိုးဟပ်အတွေ့အများဆုံးနေရာမှာထားပေးပါ။ သူတို့ရေသောက်ဖို့ဆင်းလာပြီး ပြန်တက်ဖို့မဖြစ်နိုင်တဲ့အတွက်  တစ်ကောင်းချင်းသုတ်သင်နိုင်မယ့် သဘာဝနည်းလမ်းဖြစ်ပါတယ်။ သူတို့ရဲ့အသိုက်ကိုတော့ သက်ရောက်မှုမရှိနိုင်ပါဘူး။

၂။ သစ်သီးယင်
အစားအစာတွေနဲ့ သစ်သီးတွေမှာအများဆုံးနားတတ်တဲ့ မှဲ့လိုသေးသေးမွှားမွှား ယင်လေးတွေကြောင့် အရမ်းကိုစိတ်ညစ်ရပါလိမ့်မယ်။ သူတို့တွေကို သုတ်သင်နိုင်ဖို့အတွက် ဖန်ခွက်ခရားတစ်ခုထဲက apple cider vinegar တဝက်လောက် လောင်းထည့်ပြီး သစ်သီးအမှည့်ကိုအနည်းငယ်လှီးဖြတ်ပြီး ကတော့ပုံလိပ်ပြီး ခွက်ထဲထည့်ထားတဲ့စက္ကူပေါ်မှာ ထားပေးပါ။ ပြီးလျှင်တစ်ညလောက်ထားခြင်းဖြင့် မနက်ခင်းမှာ သစ်သီးယင်တွေ ဖန်ခွက်ထဲမှာ အများကြီးသေနေတာကို မြင်ရပါလိမ့်မယ်။

၃။ ခြင်
essential oil ဟာခြင်တွေကို တွန်လှန်နိုင်တဲ့ ပစ္စည်းအဖြစ် လူသိများပါတယ်။ ဒါကြောင့် essential oil ပါ၀င်တဲ့ ဖယောင်းတိုင်ကို အသုံးပြုခြင်း သို့မဟုတ် ဖယောင်းတိုင်ကိုယ်တိုင်ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ အခြားနည်းလမ်းတစ်ခုကတော့ အုန်ဆီကို အရည်ပျော်စေပြီး essential oil နည်းနည်းနဲ့ရောစပ်ပြီး အရေပြားပေါ်မှာ သုတ်လိမ်းပါ။ essential oil ကိုမရောစပ်ပဲ သူ့ချည်းသက်သက်အရေပြားပေါ်ကို မသုတ်လိမ်းမိပါစေနဲ့။

၄။ ယင်ကောင်
ယင်ကောင်တွေဟာ လာဗင်ဒါအနံ့ကို မုန်းတီးကြပါတယ်။ ဒါကြောင့် လာဗင်ဒါပင်စိုက်ခြင်း lavender essential oil ကို အသုံးပြုခြင်းဖြင့် ယင်ကောင်တွေကိုမောင်းထုတ်နိုင်ပါတယ်။ လာဗင်ဒါ essential oil ကိုအိမ်ရဲ့နေရာအနှံ့မှာထားခြင်း သို့မဟုတ် စပရေးပုလင်းထဲမှာ ရေထည့်ပြီး အစက်သုံးဆယ်လောက် ရောစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

၅။ ပုရွက်ဆိတ်များ
ဆပ်ပြာရည်၊ အရက်ပျံတစ်ဇွန်းကို ရေတစ်ခွက်နဲ့ရောစပ်ပြီး စပရေးပုလင်းထဲမှာ ထည့်ပါ။ အသုံးပြုခါနီး လှုပ်ခါပြီး ပုရွက်ဆိတ်ရှိတဲ့နေရာတွေမှာ ဖြန်းပေးပါ။ ပုရွက်ဆိတ်ရန်က ကင်းဝေးပါလိမ့်မယ်။

၆။ နကျယ်ကောင်
နကျယ်ကောင်တွေဟာ သင့်အိမ်ရဲ့သစ်သားတွေနဲ့ နေရာတော်တော်များများမှာ အသိုက်ဆောက်နေတတ်ကြပြီး မကြာခဏမြင်ရလေ့ရှိတဲ့ ပိုးကောင်တွေဖြစ်ပါတယ်။ သူတို့ကိုမောင်းထုတ်ဖို့အတွက် သိပ်မခက်ပါဘူး။ စပရေးပုလင်းထဲမှာ ဆပ်ပြာရည်ကိုရေနဲ့ရောစပ်ပြီး သူတို့ရဲ့အိမ်တွေကို ဖြန်းပေးပါ။ ယခုလိုနည်းလမ်းဟာ နကျယ်ကောင်တွေကို ချက်ချင်းသေစေကြောင်း ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

၇။ ပင့်ကူ
ပင့်ကူတွေဟာ လ္ဘက်ဆီရဲ့အနံ့ကိုကြောက်ကြတာကြောင့် ရေနဲ့ ရှာလကာရည်ကို တဝက်စီရောပြီး လက်ဖက်ဆီ essential oil ကို အနည်းငယ်ရောစပ်ပါ။ ပြီးလျှင်စပရေးပုလင်းနဲ့ သင့်အိမ်ရဲ့ ၈ိုဒေါင်တွေ မျက်နှာကျက်တွေနဲ့ အဝတ်ဗီဒိုထဲမှာပါ ဖြန်းထားပေးပါ။ ပင့်ကူတွေရန်က ကင်းဝေးပါလိမ့်မယ်။

၈။ ဂျပိုး
ဂျပိုးဟာလည်း လူသားတွေနဲ့ရန်ဖက်ဖြစ်တဲ့ သတ္တဝါတွေတည်းက တမျိုးပါ။ သူတို့ကိုနှိမ်နင်းဖို့အတွက် ယူကလစ် essential oil ကို ရေထဲ၁၀ စက်လောက်ရောစပ်ပြီး စပရေးထဲထည့်ထားပါ။ပြီးလျှင် အိပ်ရာအပေါ်အောက် ပက်ဖြန်းထားပေးပါ။ တကယ်လို့ သင်ခရီးထွက်တဲ့အခါ ယူသွားလျှင်လည်း တည်းခိုခန်းအိပ်ရာမှာ ဖြန်းခြင်းဖြင့် ဂျပိုးကူးစက်ခြင်း အန္တရာယ်ကိုပါ ကာကွယ်နိုင်ပါတယ်။

၉။ ပိုးနံကောင်
အရမ်းကို အနံ့ဆိုးတဲ့ ပိုးကောင်တွေကို မောင်းထုတ်ဖို့အတွက် ရေနှစ်ခွက်ထဲကို ကြက်သွန်ဖြူအမှုန့် လေးဇွန်းရောစပ်ပြီး သင့်အိမ်ရဲ့ပြတင်းပေါက်တွေနဲ့ နေရာအနှံမှာဖြန်းထားပေးပါ။ အဆိုပါနည်းလမ်းကထိရောက်စေပါတယ်။

နောက်ထပ်သင့်မှာ အင်းဆက်တွေရဲ့ရန်ကကာကွယ်ဖို့အတွက် နည်းလမ်းကောင်းတွေရှိခဲ့ရင်လည်း ကွန်းမန့်မှတဆင့် မျှဝေပေးနိုင်ပါတယ်

#LM_Naung_Naung
#Lifestyle_Myanmar
Source-Brightside

 

LEAVE A REPLY

Please enter your comment!
Please enter your name here