ျဖစ္ေလ့ရွိတဲ့ အိပ္မက္ (၇) မ်ိဳးနဲ႔ ၎တို႔ရဲ႕ေနာက္ကြယ္က အဓိပၸာယ္

0
266

သိပၸံပညာရွင္ေတြဟာ လူေတြအိပ္မက္မက္ၾကျခင္းရဲ႕ အေၾကာင္းရင္းကို ရွင္းျပဖို႔ႀကိဳးစားေနၿပီး ၎အိပ္မက္ေတြရဲ႕ အဓိပၸာယ္ကိုလည္း ေဖာ္ထုတ္ဖို႔ႀကိဳးစားေနၾကပါတယ္။ သင့္ရဲ႕ဦးေႏွာက္ထဲမွာ စုျပံဳလ်က္ရွိေနတဲ့ အမႈိက္မ်ားကို ရွင္းလင္းပစ္ဖို႔အတြက္ ဦးေႏွာက္ရဲ႕လုပ္ငန္ေဆာင္ရြက္မႈအျဖစ္ အိပ္မက္မက္ၾကတာျဖစ္ေၾကာင္းကိုလည္း သူတို႔က ယူဆၾကပါတယ္။ သိပၸံပညာအေနနဲ႔ ေျပာရရင္ သင့္ရဲ႕မသိစိတ္တပိုင္းဦးေႏွာက္ဟာ အတိတ္ သို႔မဟုတ္ ပစၥဳပၸန္ကာလအပိုင္းအျခား တစ္ခုခုနဲ႔ဆက္စပ္မႈ မရွိေၾကာင္းကို ယူဆၾကၿပီး အိပ္မက္ဟာ ပန္းခ်ီရဲ႕ပံုေဖာ္ျခင္း သေကၤတအျဖစ္ မွတ္ယူၾကပါတယ္။ ဒါေပမယ့္ ကၽြမ္းက်င္သူအမ်ားအျပားကေတာ့ အိမ္မက္ဘာေၾကာင့္မက္ရျခင္းႏွင့္ အိပ္မက္ရဲ႕အဓိပၸာယ္ေတြကို ရွင္ျပခဲ့ၾကၿပီး မက္ေလ့ရွိတဲ့ ေက်ာခ်မ္းဖြယ္အိပ္မက္ (၇) မ်ိဳးအေၾကာင္းကို ႀကိဳတင္သိျမင္မႈအျဖစ္
ရွင္းျပခဲ့ၾကပါတယ္။

-Advertisement-

၁။ သင့္သြားေတြ ထြက္က်လာတယ္လို႔ မက္တဲ့အခါ
သြားေတြထြက္က်လာတဲ့ အိပ္မက္ကိုအေတာ္မ်ားမ်ား ၾကံဳဖူးၾကၿပီး အဆိုပါအိပ္မက္ကို မုန္းတီးၾကပါတယ္။ အိပ္မက္ထဲမွာ ပထဆံုးသြားတစ္ေခ်ာင္းနဲ႔လာၿပီးကၽြတ္ထြက္လာၿပီးေနာက္ အျခားသြားေတြ အကုန္လံုးလည္း နာက်င္မႈမရွိပဲ ပါစပ္ထဲကေန ထြက္က်လာတဲ့ပံုမ်ိဳး မက္ျခင္းဟာ ကၽြန္ေတာ္တို႔ရဲ႕ ေဒါသကို ခ်ဳပ္ထိန္းဖို႔လိုအပ္ေၾကာင္းနဲ႔ ခံတင္းသန္႔ရွင္းေရး လုပ္ဖို႔လိုေၾကာင္း အခ်က္ေပးမႈ ျဖစ္ေၾကာင္းသိရပါတယ္။ လူေတြစိတ္တိုတဲ့အခါ အံသြားကိုႀကိတ္လွ်က္ရွိတာေၾကာင့္ ေဒါသစိတ္ကို ထိန္းခ်ဳပ္သင့္ေၾကာင္း သတိေပးတာျဖစ္တယ္လို႔ အိမ္မက္ေလ့လာသူစာေရးဆရာ Doctor Patricia Garfield ကေျပာခဲ့ပါတယ္။

၂။ ေနာက္က်တယ္လို႔ အိပ္မက္မက္တဲ့အခါ
အိပ္မက္ထဲမွာ တစ္ေနရာရာသို႔မဟုတ္ တခုခုအတြက္ သင္ေနာက္က်တယ္လို႔အိမ္မက္မက္ျခင္းဟာ သင္ဟာအေျပာင္းအလဲေတြအတြက္ ေမွ်ာ္လင့္ေနသူတစ္ေယာက္ျဖစ္ေၾကာင္း အိပ္မက္ကၽြမ္းက်င္သူ Michael R Olsen ကေျပာခဲ့ပါတယ္။ ဒါ့အျပင္ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းဖို႔အတြက္ သင့္ရဲ႕မကၽြမ္းက်င္မႈေတြကို စိုးရြံ႕ေနျခင္း၊ စဥ္ဆက္မျပတ္လြဲေခ်ာ္မႈေတြနဲ႔ ေၾကာက္ရြံ႕မႈရဲ႕ သေကၤတျဖစ္တာေၾကာင့္ အ၇င္ကထက္ပိုမိုရဲရင့္ဖို႔လိုေၾကာင္းကိုလည္း သူကေျပာခဲ့ပါတယ္။

၃။ ျပဳတ္က်တယ္လို႔ အိပ္မက္မက္တဲ့အခါ
ေနာက္ထပ္ မက္ေလ့ရွိတဲ့ အိပ္မက္ကေတာ့ အာကာသထဲကေန သိသိသာသာျပဳတ္က်လာသလို အာ႐ံုခံစားမႈနဲ႔ မက္တတ္တဲ့ အိပ္မက္ပါ။ ဒီလိုျပဳတ္က်တဲ့ အိပ္မက္ဟာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးအတြက္ မတူတဲ့ အဓိပၸာယ္ရွိပါတယ္။ အဆိုပါအိပ္မက္ဟာ ခင္ပြန္း ဒါမွမဟုတ္မိတ္ေဆြတစ္ဦးဦးနဲ႔ ဆက္စပ္ေနၿပီး သူတို႔ေတြက သင့္ကိုနိမ့္ပါးေအာင္ လုပ္ႏိုင္တယ္လို႔ ေဒါက္တာ Cathleen O’Connor Ph.D ရဲ႕ ” The Everything Law Of  Attraction Dream Dictionary” အဘိဓာန္မွ ေကာက္ႏုတ္ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ေဘးနားက လူေတြကို ပိုမိုသတိထားသင့္ၿပီး သူတို႔ေတြကသင့္ကို ေတာင္ကုန္ေပၚက အထိန္အခ်ဳပ္မဲ့စြာ ျပဳလုပ္ဖို႔အတြက္ နိမိတ္ျဖစ္ေၾကာင္းကိုလည္း သတိေပးထားပါတယ္။

၄။ ပ်ံသန္းေနတယ္လို႔ အိပ္မက္မက္တဲ့အခါ
ပ်ံသန္းျခင္းရဲ႕ အဓိပၸာယ္ဟာ လြတ္ေျမာက္မႈျဖစ္ပါတယ္။ ဒီလိုမက္ျခင္းဟာ ေကာင္းမြန္တဲ့လကၡဏာျဖစ္ၿပီး သင့္ရ႕ဲခက္ခဲတဲ့ျပႆနာေတြကို ေျဖရွင္းႏိုင္ျခင္း အဓိကစီမံကိန္းေတြမွာ ေအာင္ျမင္ျခင္းေတြကို ၾကံဳေတြ႕ရမွာျဖစ္ေၾကာင္း ေဒါက္တာ Garfield ကယံုၾကည္ၿပီး ဒီလိုအိပ္မက္ဟာ ရွာပါးတဲ့အိပ္မက္ျဖစ္ေၾကာင္း သူကဆိုပါတယ္။

၅။ စာေမးပြဲေျဖေနရတယ္လို႔ မက္တဲအခါ
ဒီလိုအိပ္မက္ကေတာ့ ကေလးဘ၀မွာအမ်ားဆံုးမက္ေလ့ရွိၿပီး အရမ္းကိုစိတ္ဖိစီးေစတဲ့ ခံစားခ်က္မ်ိဳး ျဖစ္ေလ့ရွိပါတယ္။ စာေမးပြဲက်မွာ ေၾကာက္ျခင္းဟာလည္း အျပင္ေလာကမွာ တကယ္ၾကံဳေတြ႕ေနရသလို ခံစားရပါလိမ့္မယ္။ တကယ္လို႔ ဘာမွမျပင္ဆင္ရေသးပဲ စာေမးပြဲနဲ႔ရင္ဆိုင္ေနရတယ္လို႔ အိပ္မက္မက္တဲ့အခါ အျပင္ေလာကမွာလည္း ယခုလိုကိစၥေတြနဲ႔ ၾကံဳေတြရပါလိမ့္မယ္။ ဥပမာ- စီမံကိန္းေတြမွာ ၿပိဳင္ဆိုင္ဖို႔အတြက္ သင္ကေမွ်ာ္လင့္ထားပါတယ္၊ ဒါေပမယ့္ ဘာမွေတာ့မလုပ္ရေသးပါဘူး။

၆။ သင့္အသံဆံုး႐ႈံးရတဲ့အခါ
အိပ္မက္ထဲမွာ သင့္အသံမထြက္ေတာ့ပဲ စကားေျပာမရျခင္းလိုျဖစ္ျခင္းဟာ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ ပိုမိုပတ္သတ္ေနေၾကာင္း စိတ္ပညာရွင္ ေဒါက္တာ William Braun ရဲ႕အဆိုအရသိရပါတယ္။ မ်ားေသာအားျဖင့္ အိပ္ေနစဥ္အတြင္း အိပ္မက္မက္ျခင္းဟာ ႐ုပ္ပိုင္းဆိုင္ရာျပႆနာေတြကို ထင္ရွားစြာျပတတ္ပါတယ္။ အိပ္ေနစဥ္အိပ္မက္မက္တဲ့အခါ ကၽြန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္က ေရြးလ်ားျခင္းနဲ႔ လိုက္ပါလုပ္ေဆာင္ျခင္းကို ကာကြယ္ေပးထားပါတယ္။ ေသြးေၾကာေတြကို ဖိၿပီးအိပ္တဲ့အခါေတြမွာေတာ့ ကိုယ္ခႏၶာကမကာကြယ္ေပးႏိုင္ေတာ့ပါဘူး။ ဒီလိုအိပ္မက္မက္တဲ့အခါ သင့္ရဲ႕လက္ဒါမွမဟုတ္ တစ္ေနရာရာမွာ နာက်င္မႈျဖစ္ၿပီး ခ်က္ျခင္းပဲ ႏိုးလာတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ သင္ဘယ္ပံုစံအိပ္ခဲ့လဲဆိုတာကို ဆန္းစစ္ၿပီး ေနာက္ထပ္မျဖစ္ေအာင္ ကာကြယ္ပါ။

၇။ သင္အလိုက္ခံရတယ္လို႔ မက္တဲ့အခါ
ဒီလိုအိပ္မက္ကေတာ့ သင္မေကာင္းဆိုး၀ါးကို စြဲလမ္းတဲ့အခါ ဒါမွမဟုတ္ အေၾကြးေတြထူတဲ့အခါမ်ိဳးမွာ မက္တတ္ပါတယ္။ ဒါေပမယ့္ အိမ္မက္ထဲမွာ ကိုယ္နဲ႔အသိ အေၾကြးရွင္ဆိုရင္ေတာ့ အိမ္မက္ထဲကအတိုင္း သင္ျပႆနာေတြ ၾကံဳလာႏိုင္ေၾကာင္းလည္း Dr.Braun ကဆိုခဲ့ၿပီး ကိုယ္တိုင္ယခုလို အိပ္မက္မ်ိဳးကို ရွင္းလင္းဖို႔အတြက္ လိုအပ္ၿပီး ျပင္ပကျပႆနာေတြကို မႀကီးထြားလာခင္ ရဲရဲရင္ဆိုင္သင့္ေၾကာင္းလည္း သူကဆိုခဲ့ပါတယ္။


#LM_Naung_Naung
#Lifestyle_Myanmar
Source-Troab,bursa

အမ်ိဳးသားေတြထက္ သာလြန္တဲ့ အမ်ိဳးသမီးေတြရဲ႕ ေမွာ္ဆန္ဆန္ ကၽြမ္းက်င္မႈေတြ


Unicode

ဖြစ်လေ့ရှိတဲ့ အိပ်မက် (၇) မျိုးနဲ့ ၎င်းတို့ရဲ့နောက်ကွယ်က အဓိပ္ပာယ်

သိပ္ပံပညာရှင်တွေဟာ လူတွေအိပ်မက်မက်ကြခြင်းရဲ့ အကြောင်းရင်းကို ရှင်းပြဖို့ကြိုးစားနေပြီး ၎င်းအိပ်မက်တွေရဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ထုတ်ဖို့ကြိုးစားနေကြပါတယ်။ သင့်ရဲ့ဦးနှောက်ထဲမှာ စုပြုံလျက်ရှိနေတဲ့ အမှိုက်များကို ရှင်းလင်းပစ်ဖို့အတွက် ဦးနှောက်ရဲ့လုပ်ငန်ဆောင်ရွက်မှုအဖြစ် အိပ်မက်မက်ကြတာဖြစ်ကြောင်းကိုလည်း သူတို့က ယူဆကြပါတယ်။ သိပ္ပံပညာအနေနဲ့ ပြောရရင် သင့်ရဲ့မသိစိတ်တပိုင်းဦးနှောက်ဟာ အတိတ် သို့မဟုတ် ပစ္စုပ္ပန်ကာလအပိုင်းအခြား တစ်ခုခုနဲ့ဆက်စပ်မှု မရှိကြောင်းကို ယူဆကြပြီး အိပ်မက်ဟာ ပန်းချီရဲ့ပုံဖော်ခြင်း သင်္ကေတအဖြစ် မှတ်ယူကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူအများအပြားကတော့ အိမ်မက်ဘာကြောင့်မက်ရခြင်းနှင့် အိပ်မက်ရဲ့အဓိပ္ပာယ်တွေကို ရှင်ပြခဲ့ကြပြီး မက်လေ့ရှိတဲ့ ကျောချမ်းဖွယ်အိပ်မက် (၇) မျိုးအကြောင်းကို ကြိုတင်သိမြင်မှုအဖြစ်
ရှင်းပြခဲ့ကြပါတယ်။

၁။ သင့်သွားတွေ ထွက်ကျလာတယ်လို့ မက်တဲ့အခါ
သွားတွေထွက်ကျလာတဲ့ အိပ်မက်ကိုအတော်များများ ကြံုဖူးကြပြီး အဆိုပါအိပ်မက်ကို မုန်းတီးကြပါတယ်။ အိပ်မက်ထဲမှာ ပထဆုံးသွားတစ်ချောင်းနဲ့လာပြီးကျွတ်ထွက်လာပြီးနောက် အခြားသွားတွေ အကုန်လုံးလည်း နာကျင်မှုမရှိပဲ ပါစပ်ထဲကနေ ထွက်ကျလာတဲ့ပုံမျိုး မက်ခြင်းဟာ ကျွန်တော်တို့ရဲ့ ဒေါသကို ချုပ်ထိန်းဖို့လိုအပ်ကြောင်းနဲ့ ခံတင်းသန့်ရှင်းရေး လုပ်ဖို့လိုကြောင်း အချက်ပေးမှု ဖြစ်ကြောင်းသိရပါတယ်။ လူတွေစိတ်တိုတဲ့အခါ အံသွားကိုကြိတ်လျှက်ရှိတာကြောင့် ဒေါသစိတ်ကို ထိန်းချုပ်သင့်ကြောင်း သတိပေးတာဖြစ်တယ်လို့ အိမ်မက်လေ့လာသူစာရေးဆရာ Doctor Patricia Garfield ကပြောခဲ့ပါတယ်။

၂။ နောက်ကျတယ်လို့ အိပ်မက်မက်တဲ့အခါ
အိပ်မက်ထဲမှာ တစ်နေရာရာသို့မဟုတ် တခုခုအတွက် သင်နောက်ကျတယ်လို့အိမ်မက်မက်ခြင်းဟာ သင်ဟာအပြောင်းအလဲတွေအတွက် မျှော်လင့်နေသူတစ်ယောက်ဖြစ်ကြောင်း အိပ်မက်ကျွမ်းကျင်သူ Michael R Olsen ကပြောခဲ့ပါတယ်။ ဒါ့အပြင် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် သင့်ရဲ့မကျွမ်းကျင်မှုတွေကို စိုးရွံ့နေခြင်း၊ စဉ်ဆက်မပြတ်လွဲချော်မှုတွေနဲ့ ကြောက်ရွံ့မှုရဲ့ သင်္ကေတဖြစ်တာကြောင့် အရင်ကထက်ပိုမိုရဲရင့်ဖို့လိုကြောင်းကိုလည်း
သူကပြောခဲ့ပါတယ်။

၃။ ပြုတ်ကျတယ်လို့ အိပ်မက်မက်တဲ့အခါ
နောက်ထပ် မက်လေ့ရှိတဲ့ အိပ်မက်ကတော့ အာကာသထဲကနေ သိသိသာသာပြုတ်ကျလာသလို အာရုံခံစားမှုနဲ့ မက်တတ်တဲ့ အိပ်မက်ပါ။ ဒီလိုပြုတ်ကျတဲ့ အိပ်မက်ဟာ အမျိုးသားနဲ့ အမျိုးသမီးအတွက် မတူတဲ့ အဓိပ္ပာယ်ရှိပါတယ်။ အဆိုပါအိပ်မက်ဟာ ခင်ပွန်း ဒါမှမဟုတ်မိတ်ဆွေတစ်ဦးဦးနဲ့ ဆက်စပ်နေပြီး သူတို့တွေက သင့်ကိုနိမ့်ပါးအောင် လုပ်နိုင်တယ်လို့ ဒေါက်တာ Cathleen O’Connor Ph.D ရဲ့ ” The Everying Law Of  Attraction Dream Dectionary” အဘိဓာန်မှ ကောက်နုတ်ဖော်ပြထားပါတယ်။ ဒါကြောင့် သင့်ရဲ့ဘေးနားက လူတွေကို ပိုမိုသတိထားသင့်ပြီး သူတို့တွေကသင့်ကို တောင်ကုန်ပေါ်က အထိန်အချုပ်မဲ့စွာ ပြုလုပ်ဖို့အတွက် နိမိတ်ဖြစ်ကြောင်းကိုလည်း သတိပေးထားပါတယ်။

၄။ ပျံသန်းနေတယ်လို့ အိပ်မက်မက်တဲ့အခါ
ပျံသန်းခြင်းရဲ့ အဓိပ္ပာယ်ဟာ လွတ်မြောက်မှုဖြစ်ပါတယ်။ ဒီလိုမက်ခြင်းဟာ ကောင်းမွန်တဲ့လက္ခဏာဖြစ်ပြီး သင့်ရဲ့ခက်ခဲတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း အဓိကစီမံကိန်းတွေမှာ အောင်မြင်ခြင်းတွေကို ကြံုတွေ့ရမှာဖြစ်ကြောင်း ဒေါက်တာ Garfield ကယုံကြည်ပြီး ဒီလိုအိပ်မက်ဟာ ရှာပါးတဲ့အိပ်မက်ဖြစ်ကြောင်း သူကဆိုပါတယ်။

၅။ စာမေးပွဲဖြေနေရတယ်လို့ မက်တဲအခါ
ဒီလိုအိပ်မက်ကတော့ ကလေးဘဝမှာအများဆုံးမက်လေ့ရှိပြီး အရမ်းကိုစိတ်ဖိစီးစေတဲ့ ခံစားချက်မျိုး ဖြစ်လေ့ရှိပါတယ်။ စာမေးပွဲကျမှာ ကြောက်ခြင်းဟာလည်း အပြင်လောကမှာ တကယ်ကြံုတွေ့နေရသလို ခံစားရပါလိမ့်မယ်။ တကယ်လို့ ဘာမှမပြင်ဆင်ရသေးပဲ စာမေးပွဲနဲ့ရင်ဆိုင်နေရတယ်လို့ အိပ်မက်မက်တဲ့အခါ အပြင်လောကမှာလည်း ယခုလိုကိစ္စတွေနဲ့ ကြံုတွေရပါလိမ့်မယ်။ ဥပမာ- စီမံကိန်းတွေမှာ ပြိုင်ဆိုင်ဖို့အတွက် သင်ကမျှော်လင့်ထားပါတယ်၊ ဒါပေမယ့် ဘာမှတော့မလုပ်ရသေးပါဘူး။

၆။ သင့်အသံဆုံးရှုံးရတဲ့အခါ
အိပ်မက်ထဲမှာ သင့်အသံမထွက်တော့ပဲ စကားပြောမရခြင်းလိုဖြစ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ ပိုမိုပတ်သတ်နေကြောင်း စိတ်ပညာရှင် ဒေါက်တာ William Braun ရဲ့အဆိုအရသိရပါတယ်။ များသောအားဖြင့် အိပ်နေစဉ်အတွင်း အိပ်မက်မက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေကို ထင်ရှားစွာပြတတ်ပါတယ်။ အိပ်နေစဉ်အိပ်မက်မက်တဲ့အခါ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ရွေးလျားခြင်းနဲ့ လိုက်ပါလုပ်ဆောင်ခြင်းကို ကာကွယ်ပေးထားပါတယ်။ သွေးကြောတွေကို ဖိပြီးအိပ်တဲ့အခါတွေမှာတော့ ကိုယ်ခန္ဓာကမကာကွယ်ပေးနိုင်တော့ပါဘူး။ ဒီလိုအိပ်မက်မက်တဲ့အခါ သင့်ရဲ့လက်ဒါမှမဟုတ် တစ်နေရာရာမှာ နာကျင်မှုဖြစ်ပြီး ချက်ခြင်းပဲ နိုးလာတတ်ပါတယ်။ ဒီလိုအချိန်မှာ သင်ဘယ်ပုံစံအိပ်ခဲ့လဲဆိုတာကို ဆန်းစစ်ပြီး နောက်ထပ်မဖြစ်အောင် ကာကွယ်ပါ။

၇။ သင်အလိုက်ခံရတယ်လို့ မက်တဲ့အခါ
ဒီလိုအိပ်မက်ကတော့ သင်မကောင်းဆိုးဝါးကို စွဲလမ်းတဲ့အခါ ဒါမှမဟုတ် အကြွေးတွေထူတဲ့အခါမျိုးမှာ မက်တတ်ပါတယ်။ ဒါပေမယ့် အိမ်မက်ထဲမှာ ကိုယ်နဲ့အသိ အကြွေးရှင်ဆိုရင်တော့ အိမ်မက်ထဲကအတိုင်း သင်ပြဿနာတွေ ကြံုလာနိုင်ကြောင်းလည်း Dr.Braun ကဆိုခဲ့ပြီး ကိုယ်တိုင်ယခုလို အိပ်မက်မျိုးကို ရှင်းလင်းဖို့အတွက် လိုအပ်ပြီး ပြင်ပကပြဿနာတွေကို မကြီးထွားလာခင် ရဲရဲရင်ဆိုင်သင့်ကြောင်းလည်း သူကဆိုခဲ့ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Troab,bursa

LEAVE A REPLY

Please enter your comment!
Please enter your name here