သင့္ခ်စ္သူက သင္တို႔ relationship ကို အဆံုးသတ္ေစခ်င္ေနတဲ့ လကၡဏာ (၁၀)ခ်က္

0
21

Relationship တိုင္းရဲ႕အဓိက လိုအပ္ခ်က္ဟာ တစ္ေယာက္ကိုတစ္ေယာက္ ဂ႐ုစိုက္ျခင္းႏွင့္ အခ်စ္ပါ။ တစ္ခ်ိဳ႕ေတြက ခ်စ္သူျဖစ္ခါစ ၀ုန္းဒိုင္းၾကဲေအာင္ တစ္ေယာက္ကိုတစ္ေယာာက္ အသဲအသန္ခ်စ္ျပၾကၿပီး ၾကာလာတဲ့အခါ စခ်စ္တုန္းကလို မဟုတ္ေတာ့ပဲ ေပါ့သြားတတ္တာေၾကာင့္ အဆင္မေျပမႈေတြ ၾကံဳရပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ေနာက္ထပ္ရင္ခုန္စရာတစ္ေယာက္ကို မေတြ႔ခင္အခ်ိန္ထိ ခ်စ္သူကိုဂ႐ုစိုက္တတ္ၿပီး ေနာက္တစ္ေယာက္ေတြ႔တာနဲ႔ လက္ရွိ relationship ကို အဆံုးသတ္ဖို႔အတြက္ အၾကံမ်ိဳးစံု ထုတ္တတ္ၾကပါတယ္။

-Advertisement-

ဘယ္လိုပဲျဖစ္ျဖစ္ စံုတြဲေတြရဲ႕အခ်စ္ေရးခိုင္ျမဲဖို႔ဆိုတာ ႏွစ္ဦးစလံုးအေပၚမူတည္ေနၿပီး တစ္ေယာက္ေယာက္က ေဖာက္ျပန္လာတာနဲ႔ ဘယ္လိုမွအဆင္ေျပႏိုင္မွာ မဟုတ္ပါဘူး။ တစ္ေယာက္ကိုတစ္ေယာက္ အႀကီးအက်ယ္ခ်စ္ျပၿပီး ဂ႐ုစိုက္ေနမယ့္အစား နည္းနည္းနဲ႔အခ်ိန္ၾကာၾကာခ်စ္ႏိုင္ေအာင္သာ ေမွ်ာ္လင့္သင့္ပါတယ္။ “Love little, love long” ေပါ့။ တကယ္လို႔သင့္ရဲ႕ခ်စ္သူမွာ ပံုမွန္မဟုတ္ပဲ ယခုလိုလကၡဏာေတြ ျပေနၿပီဆိုရင္ေတာ့ သင္အသဲကြဲျခင္းကို ကုစားႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားသင့္ပါၿပီ။

၁။ အလုပ္မ်ားခ်င္ေယာင္ေဆာင္မယ္
သင္တို႔ရဲ႕ relationship အေပၚ သင့္ခ်စ္သူကစိတ္၀င္စားမႈေလ်ာ့လာတာနဲ႔အမွ် အတူတူရွိတဲ့အခ်ိန္ေတြလည္း တျဖည္းတျဖည္းေလ်ာ့နည္းလာပါတယ္။ ဒါေပမယ့္ သင္နဲ႔မျပတ္ခင္အခ်ိန္ထိေတာ့ ၀တ္ေက်တန္းေက်သေဘာမ်ိဳး ေတြ႔ဆံုေပးတတ္ပါတယ္။ တကယ္လို႔သင္က ႏွစ္ေယာက္အတူတူသြားမယ့္ခရီးတစ္ခု၊ အျခားအတူတူလုပ္မယ့္ အစီအစဥ္ေတြ ေျပာတဲ့အခါ သူကအလုပ္မ်ားခ်င္ေယာင္ေဆာင္ၿပီး ျငင္းပယ္တတ္သလို၊ ဆင္ေျခေပးတာေတြ၊ သင့္အေပၚအရင္လိုမ်ိဳး ဂ႐ုမစိုက္ေတာ့ပဲ ပုဂိၢဳလ္ေရးကိစၥေတြနဲ႔ အလုပ္အေပၚမွာသာ အာ႐ံုစူးစိုက္ေနရင္ေတာ့ သူကသင့္ကို လမ္းခြဲခ်င္ေနတာျဖစ္ႏိုင္ပါတယ္။

၂။ သင့္အေပၚအျပစ္ပံုခ်တတ္လာတယ္
ဘယ္လိုကိစၥမ်ိဳးမွာမဆို အမွားေတြၾကံဳလာတဲ့အခါ သင္ခ်ည္းပဲအျပစ္လုပ္သလို ျဖစ္ေနပါက သင့္ခ်စ္သူဟာသင္နဲ႔လမ္းခြဲခ်င္ေနေၾကာင္း ျပသေနတဲ့အႀကီးဆံုးလကၡဏာတစ္ခ်က္ ျဖစ္ပါတယ္။ သူတို႔အတြက္ ဒီလိုအျပစ္ပံုခ်တတ္တဲ့ အမူအက်င့္ကို တိုက္႐ိုက္ သို႔မဟုတ္ သြယ္၀ိုက္ၿပီး ျပဳလုပ္တတ္သလို သင့္ဖက္ကစတင္လမ္းခြဲစကားေျပာခ်င္လာေအာင္ထိ ျပဳလုပ္ေနတတ္ပါတယ္။ သူတို႔ကိုယ္တိုင္ေတာ့ လံုး၀အျပစ္ကင္းတဲ့ပံုစံမ်ိဳး ဖမ္းေနတတ္ပါေသးတယ္။

၃။ စကားေျပာဆိုမႈေတြမွာ အဆင္မေျပျဖစ္လာမယ္
ႏွစ္ဦးၾကားက relationship မွာ ဂ႐ုစိုက္မႈေတြနဲ႔ ေလးစားမႈေတြ ေပ်ာက္ဆံုးလာတဲ့အခါ စကားေျပာဆိုမႈေတြဟာ အျငင္းအခံုေတြသာ ျဖစ္လာေစပါတယ္။ ဒါေၾကာင့္ သူတို႔မွာရွိတဲ့ ပါ၀ါေတြ၊ ရာထူးေတြ စတဲ့သင့္မွာရွိတဲ့အရာေတြထက္ ပိုေကာင္းတဲ့အရာေတြကို သံုးၿပီး စကားေျပာတဲ့အခါ နင္႐ႈံးနိမ္ေအာင္ ေျပာဆိုပါလိမ့္မယ္။ ဒီလိုအရာေတြကို မိသားစုေရွ႕၊ သူငယ္ခ်င္းေတြေရွ႕နဲ႔ လူအမ်ားေရွ႕ေတာင္မေရွာင္ ျပဳလုပ္တတ္လာတာေၾကာင့္ သင္စိတ္ဆင္းရဲရတတ္ၿပီး သင့္ရဲ႕ personal ကိုသာမက professional ကို ထိခိုက္ေအာင္လုပ္လာတတ္ပါတယ္။

၄။ သင့္ကိုမေလးစားမႈေတြ အဆက္မျပတ္ လုပ္လာတတ္တယ္
သင့္ကိုလက္တြဲျဖဳတ္ခ်င္ေနတဲ့ ေနာက္ထပ္လကၡဏာတစ္ရပ္ကေတာ့ သင့္ကိုမေလးစားမႈေတြ အဆက္မျပတ္လုပ္လာတတ္တာပါ။ ဒါေၾကာင့္ သင္ႏွစ္သက္တဲ့ ဘယ္အရာကိုမဆို တန္ဖိုးမဲ့သေယာင္ ပံုေဖာ္လာၿပီး သင့္ရဲ႕ဘာသာေရးယံုၾကည္မႈေတြ ၊ အျခားယံုၾကည္ခ်က္ေတြကိုေတာင္မွ ေလွာင္ေျပာင္စရာျဖစ္ေအာင္ ျပဳလုပ္တတ္ပါတယ္။ ဒီလိုျပဳလုပ္ျခင္းဟာ လူမ်ားတဲ့ေနရာေတြနဲ႔ မိသားစုေရွ႕ေတာင္မေရွာင္တဲ့အတြက္  တစ္ေန႔တစ္ျခား သင္စိတ္ဆင္းရဲေလ သူတို႔အတြက္ ပန္းတိုင္ပိုနီးေလပါပဲ။

၅။ ပံ့ပိုးမႈေတြ နည္းသထက္နည္းလာတယ္
စံုတြဲေတြ တစ္ေယာက္ကိုတစ္ေယာက္ ပံ့ပိုးေထာက္ပံ့ေပးျခင္းဟာ relationship တစ္ခုရဲ႕ အဓိကက်တဲ့ အခ်က္တစ္ခုျဖစ္ပါတယ္ ဒီလိုေထာက္ပံ့မႈေတြဟာ စိတ္ပိုင္းဆိုင္ရာအေနနဲ႔ သို႔မဟုတ္ ေငြေၾကးဆိုင္ရာ၊ စတဲ့ပံုစံအမ်ိဳးမ်ိဳးနဲ႔ ေထာက္ပံ့ေပးတတ္ၿပီး ဒါဟာလည္းတစ္ေယာက္ကိုတစ္ေယာက္ ဂ႐ုစိုက္မႈနဲ႔ နားလည္မႈရဲ႕သေကၤတျဖစ္ပါတယ္။ ဒီလိုပံ့ပိုးကူညီမႈေတြ မရွိေတာ့တဲ့ အခ်ိန္ဆိုရင္ေတာ့ သင္တို႔ရဲ႕ RS အတြက္စဥ္းစားရေတာ့မယ့္ အခ်ိန္ပါပဲ။

၆။ စတင္ၿပီးလိမ္လည္လာမယ္
သစၥာေဖာက္မႈကေတာ့ သင့္ကိုလက္တြဲျဖဳတ္လိုမႈအတြက္ အႀကီးမားဆံုး လကၡဏာတစ္ရပ္ျဖစ္ပါတယ္။ သစၥာရွိမႈဟာ relationship တိုင္းအတြက္ အေျခခံက်တဲ့ အရာတစ္ခုျဖစ္ၿပီးေတာ့ ေဖာက္ဖ်က္ဖို႔လည္း လြယ္ကူၿပီး ေဖာက္ဖ်က္ခဲ့ရင္ေတာ့ သင္တို႔ႏွွစ္ေယာက္ အဆံုးသတ္ခါနီးပါၿပီ။ ဒီလိုသင့္ရဲ႕ခ်စ္သူက သင့္ကိုသစၥာေဖာက္ၿပီး ေနာက္တစ္ေယာက္နဲ႔ တြဲေနတာကိုသိရင္ေတာ့ သူမျဖတ္ခင္ကိုယ္က ျဖတ္လိုက္တာအေကာင္းဆံုးပါပဲ။

၇။ သင့္အေပၚ အာ႐ံုမစိုက္ေတာ့ဘူး
သင့္ကို မခ်စ္ေတာ့တာနဲ႔အမွ် သင့္အေပၚအာ႐ံုစိုက္မႈေတြ ေလ်ာ့နည္းသြားၿပီး သင္ဘာပဲလုပ္ေနေန၊ ဘာပဲေျပာေနေန အေရးမထားေတာ့ပဲ ဥပေကၡာျပဳတတ္ၾကပါတယ္။ တကယ္လို႔သင္က ႏွစ္ဦးသားရဲ႕အနာဂတ္ သို႔မဟုတ္ အစီအစဥ္ေတြကို ေျပာတဲ့အခါ သင္ေျပာသမွ်ကို အေရးမထားပဲ သူ႔ဖုန္းကိုသာ အာ႐ံုစိုက္ေနရင္ေတာ့ ဒါဟာသင္တို႔ရဲ႕ RS အေပၚစိတ္၀င္စားမႈ ကုန္ဆံုးေနလို႔ပါပဲ။

၈။ သူ႔သူငယ္ခ်င္းေတြနဲ႔ပဲ တြဲေတာ့တယ္
တကယ္လို႔သူက သင့္အေပၚကိုအရင္လို မဟုတ္ေတာ့ပဲ သူ႔သူငယ္ခ်င္းေတြနဲ႔ အျမဲတြဲေနရင္ေတာ့ သင္ေသခ်ာစဥ္းစားရမယ့္ အခ်ိန္ေရာက္ပါၿပီ။ ဒါဆိုရင္ သူတို႔နဲ႔အတူ သင္ပါလိုက္ပါႏိုင္ဖို႔ ေမးခြန္းထုတ္ၾကည့္ပါ၊ သူကျငင္းရင္ေတာ့ သင္နဲ႔မပတ္သတ္ခ်င္ေတာ့ေၾကာင္း ျပတဲ့လကၡဏာပဲ ျဖစ္ပါတယ္။

၉။ ကတိက၀တ္ကိစၥမ်ား
သင္တို႔ရဲ႕အခ်စ္ေရးမွာ အရင္ကအခ်င္းခ်င္း ေပးထားတဲ့ ကတိက၀တ္ေတြကို သူကတစ္ခုခ်င္း ေဖာက္ဖ်က္ေနရင္ေတာ့ သင့္ကို လက္တြဲျဖဳတ္ခ်င္တဲ့ အရိပ္အေယာင္ျဖစ္ေၾကာင္း မွတ္ယူလို႔ရပါတယ္။  သင့္ကိုဘယ္အခ်ိန္က်ရင္ လက္ထပ္မယ္လို႔ ကတိေပးၿပီး အခ်ိန္ေတြအမ်ားႀကီးေက်ာ္လြန္ေနတာေတာင္ စကားမဟျခင္းဟာလည္း အျခားပေယာဂမပါရင္ သူကသင့္ကိုအေပ်ာ္ၾကံတာ ျဖစ္ႏိုင္ပါတယ္။


#LM_Naung_Naung
#Lifestyle_Myanmar
Ref-troab

စိတ္တူကိုယ္မွ် လက္တြဲေဖာ္ကို သင္ေတြ႕ရွိတဲ့အခါ သင့္ဘ၀ထဲက အရာေတြဘယ္လိုေျပာင္းလဲကုန္ၿပီလဲ


Unicode

သင့်ချစ်သူက သင်တို့ relationship ကို အဆုံးသတ်စေချင်နေတဲ့ လက္ခဏာ (၁၀)ချက်
Relationship တိုင်းရဲ့အဓိက လိုအပ်ချက်ဟာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ခြင်းနှင့် အချစ်ပါ။ တစ်ချို့တွေက ချစ်သူဖြစ်ခါစ ၀ုန်းဒိုင်းကြဲအောင် တစ်ယောက်ကိုတစ်ယောာက် အသဲအသန်ချစ်ပြကြပြီး ကြာလာတဲ့အခါ စချစ်တုန်းကလို မဟုတ်တော့ပဲ ပေါ့သွားတတ်တာကြောင့် အဆင်မပြေမှုတွေ ကြုံရပါတယ်။ တစ်ချို့ကတော့ နောက်ထပ်ရင်ခုန်စရာတစ်ယောက်ကို မတွေ့ခင်အချိန်ထိ ချစ်သူကိုဂရုစိုက်တတ်ပြီး နောက်တစ်ယောက်တွေ့တာနဲ့ လက်ရှိ relationship ကို အဆုံးသတ်ဖို့အတွက် အကြံမျိုးစုံ ထုတ်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စုံတွဲတွေရဲ့အချစ်ရေးခိုင်မြဲဖို့ဆိုတာ နှစ်ဦးစလုံးအပေါ်မူတည်နေပြီး တစ်ယောက်ယောက်က ဖောက်ပြန်လာတာနဲ့ ဘယ်လိုမှအဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် အကြီးအကျယ်ချစ်ပြပြီး ဂရုစိုက်နေမယ့်အစား နည်းနည်းနဲ့အချိန်ကြာကြာချစ်နိုင်အောင်သာ မျှော်လင့်သင့်ပါတယ်။ “Love little, love long” ပေါ့။ တကယ်လို့သင့်ရဲ့ချစ်သူမှာ ပုံမှန်မဟုတ်ပဲ ယခုလိုလက္ခဏာတွေ ပြနေပြီဆိုရင်တော့ သင်အသဲကွဲခြင်းကို ကုစားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါပြီ။

၁။ အလုပ်များချင်ယောင်ဆောင်မယ်
သင်တို့ရဲ့ relationship အပေါ် သင့်ချစ်သူကစိတ်ဝင်စားမှုလျော့လာတာနဲ့အမျှ အတူတူရှိတဲ့အချိန်တွေလည်း တဖြည်းတဖြည်းလျော့နည်းလာပါတယ်။ ဒါပေမယ့် သင်နဲ့မပြတ်ခင်အချိန်ထိတော့ ၀တ်ကျေတန်းကျေသဘောမျိုး တွေ့ဆုံပေးတတ်ပါတယ်။ တကယ်လို့သင်က နှစ်ယောက်အတူတူသွားမယ့်ခရီးတစ်ခု၊ အခြားအတူတူလုပ်မယ့် အစီအစဉ်တွေ ပြောတဲ့အခါ သူကအလုပ်များချင်ယောင်ဆောင်ပြီး ငြင်းပယ်တတ်သလို၊ ဆင်ခြေပေးတာတွေ၊ သင့်အပေါ်အရင်လိုမျိုး ဂရုမစိုက်တော့ပဲ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ အလုပ်အပေါ်မှာသာ အာရုံစူးစိုက်နေရင်တော့ သူကသင့်ကို လမ်းခွဲချင်နေတာဖြစ်နိုင်ပါတယ်။

၂။ သင့်အပေါ်အပြစ်ပုံချတတ်လာတယ်
ဘယ်လိုကိစ္စမျိုးမှာမဆို အမှားတွေကြံုလာတဲ့အခါ သင်ချည်းပဲအပြစ်လုပ်သလို ဖြစ်နေပါက သင့်ချစ်သူဟာသင်နဲ့လမ်းခွဲချင်နေကြောင်း ပြသနေတဲ့အကြီးဆုံးလက္ခဏာတစ်ချက် ဖြစ်ပါတယ်။ သူတို့အတွက် ဒီလိုအပြစ်ပုံချတတ်တဲ့ အမူအကျင့်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ပြုလုပ်တတ်သလို သင့်ဖက်ကစတင်လမ်းခွဲစကားပြောချင်လာအောင်ထိ ပြုလုပ်နေတတ်ပါတယ်။ သူတို့ကိုယ်တိုင်တော့ လုံးဝအပြစ်ကင်းတဲ့ပုံစံမျိုး ဖမ်းနေတတ်ပါသေးတယ်။

၃။ စကားပြောဆိုမှုတွေမှာ အဆင်မပြေဖြစ်လာမယ်
နှစ်ဦးကြားက relationship မှာ ဂရုစိုက်မှုတွေနဲ့ လေးစားမှုတွေ ပျောက်ဆုံးလာတဲ့အခါ စကားပြောဆိုမှုတွေဟာ အငြင်းအခုံတွေသာ ဖြစ်လာစေပါတယ်။ ဒါကြောင့် သူတို့မှာရှိတဲ့ ပါ၀ါတွေ၊ ရာထူးတွေ စတဲ့သင့်မှာရှိတဲ့အရာတွေထက် ပိုကောင်းတဲ့အရာတွေကို သုံးပြီး စကားပြောတဲ့အခါ နင်ရှုံးနိမ်အောင် ပြောဆိုပါလိမ့်မယ်။ ဒီလိုအရာတွေကို မိသားစုရှေ့၊ သူငယ်ချင်းတွေရှေ့နဲ့ လူအများရှေ့တောင်မရှောင် ပြုလုပ်တတ်လာတာကြောင့် သင်စိတ်ဆင်းရဲရတတ်ပြီး သင့်ရဲ့ personal ကိုသာမက professional ကို ထိခိုက်အောင်လုပ်လာတတ်ပါတယ်။

၄။ သင့်ကိုမလေးစားမှုတွေ အဆက်မပြတ် လုပ်လာတတ်တယ်
သင့်ကိုလက်တွဲဖြုတ်ချင်နေတဲ့ နောက်ထပ်လက္ခဏာတစ်ရပ်ကတော့ သင့်ကိုမလေးစားမှုတွေ အဆက်မပြတ်လုပ်လာတတ်တာပါ။ ဒါကြောင့် သင်နှစ်သက်တဲ့ ဘယ်အရာကိုမဆို တန်ဖိုးမဲ့သယောင် ပုံဖော်လာပြီး သင့်ရဲ့ဘာသာရေးယုံကြည်မှုတွေ ၊ အခြားယုံကြည်ချက်တွေကိုတောင်မှ လှောင်ပြောင်စရာဖြစ်အောင် ပြုလုပ်တတ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ လူများတဲ့နေရာတွေနဲ့ မိသားစုရှေ့တောင်မရှောင်တဲ့အတွက်  တစ်နေ့တစ်ခြား သင်စိတ်ဆင်းရဲလေ သူတို့အတွက် ပန်းတိုင်ပိုနီးလေပါပဲ။

၅။ ပံ့ပိုးမှုတွေ နည်းသထက်နည်းလာတယ်
စုံတွဲတွေ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးထောက်ပံ့ပေးခြင်းဟာ relationship တစ်ခုရဲ့ အဓိကကျတဲ့ အချက်တစ်ခုဖြစ်ပါတယ် ဒီလိုထောက်ပံ့မှုတွေဟာ စိတ်ပိုင်းဆိုင်ရာအနေနဲ့ သို့မဟုတ် ငွေကြေးဆိုင်ရာ၊ စတဲ့ပုံစံအမျိုးမျိုးနဲ့ ထောက်ပံ့ပေးတတ်ပြီး ဒါဟာလည်းတစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှုနဲ့ နားလည်မှုရဲ့သင်္ကေတဖြစ်ပါတယ်။ ဒီလိုပံ့ပိုးကူညီမှုတွေ မရှိတော့တဲ့ အချိန်ဆိုရင်တော့ သင်တို့ရဲ့ RS အတွက်စဉ်းစားရတော့မယ့် အချိန်ပါပဲ။

၆။ စတင်ပြီးလိမ်လည်လာမယ်
သစ္စာဖောက်မှုကတော့ သင့်ကိုလက်တွဲဖြုတ်လိုမှုအတွက် အကြီးမားဆုံး လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သစ္စာရှိမှုဟာ relationship တိုင်းအတွက် အခြေခံကျတဲ့ အရာတစ်ခုဖြစ်ပြီးတော့ ဖောက်ဖျက်ဖို့လည်း လွယ်ကူပြီး ဖောက်ဖျက်ခဲ့ရင်တော့ သင်တို့နှှစ်ယောက် အဆုံးသတ်ခါနီးပါပြီ။ ဒီလိုသင့်ရဲ့ချစ်သူက သင့်ကိုသစ္စာဖောက်ပြီး နောက်တစ်ယောက်နဲ့ တွဲနေတာကိုသိရင်တော့ သူမဖြတ်ခင်ကိုယ်က ဖြတ်လိုက်တာအကောင်းဆုံးပါပဲ။

၇။ သင့်အပေါ် အာရုံမစိုက်တော့ဘူး
သင့်ကို မချစ်တော့တာနဲ့အမျှ သင့်အပေါ်အာရုံစိုက်မှုတွေ လျော့နည်းသွားပြီး သင်ဘာပဲလုပ်နေနေ၊ ဘာပဲပြောနေနေ အရေးမထားတော့ပဲ ဥပက္ခောပြုတတ်ကြပါတယ်။ တကယ်လို့သင်က နှစ်ဦးသားရဲ့အနာဂတ် သို့မဟုတ် အစီအစဉ်တွေကို ပြောတဲ့အခါ သင်ပြောသမျှကို အရေးမထားပဲ သူ့ဖုန်းကိုသာ အာရုံစိုက်နေရင်တော့ ဒါဟာသင်တို့ရဲ့ RS အပေါ်စိတ်ဝင်စားမှု ကုန်ဆုံးနေလို့ပါပဲ။

၈။ သူ့သူငယ်ချင်းတွေနဲ့ပဲ တွဲတော့တယ်
တကယ်လို့သူက သင့်အပေါ်ကိုအရင်လို မဟုတ်တော့ပဲ သူ့သူငယ်ချင်းတွေနဲ့ အမြဲတွဲနေရင်တော့ သင်သေချာစဉ်းစားရမယ့် အချိန်ရောက်ပါပြီ။ ဒါဆိုရင် သူတို့နဲ့အတူ သင်ပါလိုက်ပါနိုင်ဖို့ မေးခွန်းထုတ်ကြည့်ပါ၊ သူကငြင်းရင်တော့ သင်နဲ့မပတ်သတ်ချင်တော့ကြောင်း ပြတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။
၉။ ကတိကဝတ်ကိစ္စများ
သင်တို့ရဲ့အချစ်ရေးမှာ အရင်ကအချင်းချင်း ပေးထားတဲ့ ကတိကဝတ်တွေကို သူကတစ်ခုချင်း ဖောက်ဖျက်နေရင်တော့ သင့်ကို လက်တွဲဖြုတ်ချင်တဲ့ အရိပ်အယောင်ဖြစ်ကြောင်း မှတ်ယူလို့ရပါတယ်။  သင့်ကိုဘယ်အချိန်ကျရင် လက်ထပ်မယ်လို့ ကတိပေးပြီး အချိန်တွေအများကြီးကျော်လွန်နေတာတောင် စကားမဟခြင်းဟာလည်း အခြားပယောဂမပါရင် သူကသင့်ကိုအပျော်ကြံတာ ဖြစ်နိုင်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-troab

Unicode

 

LEAVE A REPLY

Please enter your comment!
Please enter your name here