31 C
Yangon
June 24, 2018
  • Home
  • Lifestyle
  • စိတ္တူကိုယ္မွ် လက္တြဲေဖာ္ကို သင္ေတြ႕ရွိတဲ့အခါ သင့္ဘ၀ထဲက အရာေတြဘယ္လိုေျပာင္းလဲကုန္ၿပီလဲ
Lifestyle Relationship

စိတ္တူကိုယ္မွ် လက္တြဲေဖာ္ကို သင္ေတြ႕ရွိတဲ့အခါ သင့္ဘ၀ထဲက အရာေတြဘယ္လိုေျပာင္းလဲကုန္ၿပီလဲ

အခ်စ္ဟာ ဆန္းၾကယ္တဲ့အရာတစ္ခုပါ။ အခ်စ္ကို လူတိုင္းဘ၀မွာ အနည္းဆံုးတစ္ႀကိမ္ေလာက္ေတာ့ ေတြ႔မွာ ေသခ်ာပါတယ္။ ဒါေပမယ့္ ကိုယ္နဲ႔စိတ္တူကိုယ္တူ လက္တြဲေဖာ္ကို မေတြ႔ၾကံဳခင္အထိေတာ့ ဘ၀မွာထူးျခားတဲ့ အေျပာင္းအလဲေတြ၊ အေတြ႔အၾကံဳေတြကို ရွာေတြ႕ဦးမွာ မဟုတ္ပါဘူး။ တကယ္လို႔ သင္ တစ္စံုတစ္ေယာက္နဲ႔ ဆံုဆည္းတဲ့အခါ သင့္ရဲ႕ဘ၀ထဲက ဒီလိုအရာေတြ စတင္ေျပာင္းလဲေနၿပီ ဆိုရင္ေတာ့ ေသခ်ာပါတယ္ သင္ဟာ သင့္ရဲ႕ စိတ္တူကိုယ္မွ်အေဖာ္ (Soulmate) ကိုရွာေတြ႕ေနပါၿပီ။

၁။ သင္ကိုယ္တိုင္ အေကာင္းဆံုးပံုစံျဖစ္လာတယ္
ကိုယ္အမွန္တကယ္ခ်စ္တဲ့သူကို ရွာေဖြေတြ႔ရွိတဲ့အခါ ကိုယ့္ကိုကိုယ္အေကာင္းဆံုး ပံုစံျဖစ္ေအာင္ ျပဳျပင္လာတတ္ၿပီး ခ်စ္တဲ့သူကို မိမိတို႔ဘ၀ထဲ၀င္လာတဲ့အခ်ိန္ထိေစာင့္တတ္ပါတယ္။

၂။ သင့္ရဲ႕ soulmate ကိုေတြ႔တဲ့အခါ သင္ဟာအေျခခံအားျဖင့္ အေကာင္းျမင္သူတစ္ဦး ျဖစ္လာတယ္
သင့္ရဲ႕ စိတ္တူကိုယ္တူခ်စ္သူက သင့္ကိုအေကာင္းျမင္သူတစ္ဦး ျဖစ္ေအာင္ေျပာင္းလဲေပးႏိုင္ပါတယ္။ ဒါေၾကာင့္ သူနဲ႔ဆံုၿပီးတဲ့ေနာက္ပိုင္း သင္ဟာအေကာင္းျမင္သူတစ္ေယာက္ျဖစ္လာယံုသာမက ဘ၀ရဲ႕မေကာင္းတဲ့ အစိတ္အပိုင္းေတြကို လ်စ္လ်ဴ႐ႈတတ္လာပါမယ္။ အရာရာကို အေကာင္းဖက္ကေန အာ႐ံုစိုက္ျမင္တတ္လာတာေၾကာင့္ ကမာၻႀကီးရဲ႕စစ္မွန္တဲ့အလွကို ျမင္ရတဲ့အခ်ိန္ေတြပါပဲ။

၃။ အလုပ္မွာ အေကာင္းဆံုးစြမ္းေဆာင္လာမယ္
စိတ္တူကိုယ္တူခ်စ္သူနဲ႔ ဆံုဆည္းျခင္းဟာ သင့္ကိုအမ်ားႀကီးေျပာင္းလဲေပးႏိုင္ပါတယ္။ ဒါေၾကာင့္လည္း သင့္ရဲ႕အလုပ္မွာ 100% ႀကိဳးစားတတ္လာၿပီး ကိစၥေတြကို ကြဲျပာျခားနားတဲ့ ႐ႈေထာင့္ကေန ျမင္တတ္လာပါတယ္။ ဘယ္လိုျပႆနာမ်ိဳးကမွ သင့္ကိုစိတ္ဖိစီးမႈေပးႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ အျခားတစ္ဖက္မွ သင္နဲ႔အတူရွိေနမယ့္ စိတ္တူကိုယ္တူခ်စ္သူတစ္ေယာက္ သင့္မွာရွိေနလို႔ပါပဲ။

၄။ သင့္ဘ၀ကိုခ်စ္လာၿပီး ဘ၀ရဲ႕လွပမႈေတြကို ျမင္ေတြ႔လာမယ္
သင့္ကို နာလည္ေပးတတ္တဲ့ခ်စ္သူရဲ႕ အခ်စ္စစ္က အရာအားလံုးကို ထြန္းလင္းေစၿပီး သင့္ဘ၀ကိုပိုမိုေတာက္ပလာေစပါတယ္။ ဒါေၾကာင့္လည္း သင့္ဘ၀ရဲ႕ ေကာင္းတဲ့အရာေတြအေပၚသာ အာ႐ံုစိုက္လာႏိုင္တာေပါ့။

၅။ ေမွ်ာ္လင့္ခ်က္ေတြ တဖန္ျပန္ရွင္သန္လာတယ္
သင့္ရဲ႕ အထူးခ်စ္သူကို မေတြ႔ခင္အခ်ိန္က သင္ဟာ သင့္ရဲ႕ဘ၀ အရာရာနိမ့္က်ေနတယ္လို႔ခံစားေနရၿပီး လုပ္သမွ်အဆင္မေျပရင္ေတာင္မွ သူနဲ႔ဆံုၿပီးတဲ့ေနာက္ပိုင္း အဆိုပါခံစားခ်က္ေတြအေပၚ စိတ္အားထက္သန္လာၿပီး အေကာင္းဆံုျဖစ္လာလိမ့္မယ္ဆိုတဲ့ ယံုၾကည္ခ်က္ေတြနဲ႔ သင့္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြ တဖန္ျပန္လည္ရွင္သန္လာပါလိမ့္မယ္။

၆။ သင့္ရဲ႕အိမ္မက္ေတြ ေအာင္ျမင္စြာဆြတ္ခူးႏိုင္မယ္လို႔ ခံစားရတယ္
သင့္ရဲ႕ဘ၀အေပၚကို ေမွ်ာ္လင့္ခ်က္ေတြ ရွိလာၿပီးတာနဲ႔ သင့္ရဲ႕အိမ္မက္ေတြဟာလည္း တကယ္ျဖစ္လာပါတယ္။ ဒီလိုအခ်ိန္မွာ သင္အရင္က ဆံုး႐ႈံးခဲ့ရတဲ့ ေမွ်ာ္လင့္ခ်က္ေတြကို သတိရၿပီး ေနာက္ထပ္ဘယ္ေလာက္ပဲ ဆံုး႐ႈံးရပါေစ အားမေလ်ာ့ေတာ့တဲ့ စိတ္ဓါတ္ေတြေၾကာင့္ ေအာင္ျမင္မႈေတြရရွိလာပါလိမ့္မယ္။

၇။ ဘ၀ရဲ႕ျပႆနာေတြဟာ ေျဖရွင္းရတာလြယ္ကူလာတယ္
ဘ၀ဟာ အခ်ိန္မေရြးျပႆနာေတြ ေပၚလာတတ္တဲ့ လမ္းခရီးတစ္ခုျဖစ္ပါတယ္။သင့္ေဘးမွာ သင့့္ရဲ႕စိတ္တူကိုယ္တူခ်စ္သူ ရွိေနရင္ေတာင္မွ ဘ၀ျပႆနာေတြကို ေရွာင္လႊဲလို႔မရႏိုင္ပါဘူး။ ဒါေပမယ့္ ဘယ္လိုျပႆနာေတြကိုပဲျဖစ္ျဖစ္ မွ်ေ၀ေပးႏိုင္တဲ့ ခ်စ္သူရွိတာေၾကာင့္ အရာရာတိုင္းကို ရင္ဆိုင္ႏိုင္ဖို႔သင့္မွာ အဆင္သင့္ျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္လည္း ျပႆနာတိုင္းဟာ ေျဖရွင္းရတာလြယ္ကူပံုေပါက္ေနတာျဖစ္ပါတယ္။

၈။ လူေတြရဲ႕ဆက္သြယ္တဲ့အခါ ပိုေကာင္းေအာင္ေဆာင္ရြက္လာႏိုင္တယ္
သင့္ရဲ႕ဘ၀ထဲမွာ စိတ္တူကိုယ္မွ်ခ်စ္သူ ရွိလာတာနဲ႔အမွ် သက္ေရာက္မႈအေနနဲ႔ သင့္ရဲ႕မိသားစု၊ သူငယ္ခ်င္းေတြအေပၚ ပိုမိုရင္ႏွီးလာသလို ခံစားရေစပါတယ္။ ဒါေၾကာင့္ သူတို႔အတြက္ ေပ်ာ္ရြင္စြာအခ်ိန္ေပးႏိုင္တာေၾကာင့္ လူအေပါင္းဟာ သင့္ကိုေက်းဇူးတင္ၿပီး သင့္ေဘးမွာရွိေနတတ္ပါတယ္။

၉။ အေျဖမရခဲ့တဲ့ ေမးခြန္းေတြကို သင္အေျဖထုတ္လာႏိုင္တယ္
သင့္ရဲ႕ဘ၀ထဲက မ်ားျပားလွတဲ့ သံသယေတြကို သူနဲ႔ဆံုၿပီးတဲ့ေနာက္ပိုင္း ေကာင္းစြာရွင္းလင္းလာႏိုင္ပါတယ္။ သင္အရင္က ေျဖရွင္းမရခဲ့တဲ့ သံသယေတြကို ဘာေၾကာင့္အခုခ်ိန္မွာ ရွင္လင္းခ်င္ရတာလဲ။ အေျဖကရွင္းပါတယ္။ သင့္ရဲ႕စိတ္တူကိုယ္တူခ်စ္သူနဲ႔ဆံုဆည္းၿပီး သူကသင့္ေရွ႕မွာရွိေနလို႔ပါပဲ။

၁၀။ သင့္ႏွလံုးသားထဲက အျပံဳးေတြေပၚထြက္လာတယ္
ဘ၀ဟာ စိတ္ခ်မ္းသာစရာေတြ ရွိလာတာနဲ႔အမွ် အရင္ကထက္ ပိုေပ်ာ္ရြင္မႈေတြ ရွိလာၿပီး ပိုျပံဳးတတ္လာပါတယ္။ အျပံဳးေတြအားလံုးကေတာ့မ်က္ႏွာေပၚမွတင္မဟုတ္ပဲ သင့္ႏွလံုးသားဆီက လာတဲ့အရာေတြျဖစ္ေနပါတယ္။


#LM_Naung_Naung
#Lifestyle_Myanmar
Source-troab

ဓမၼတာလာစဥ္ ဗိုက္ေအာင့္ျခင္းကို ဖယ္ရွားပစ္ဖို႔ အိမ္တြင္းေဆးနညး္မ်ား


Unicode

စိတ်တူကိုယ်မျှ လက်တွဲဖော်ကို သင်တွေ့ရှိတဲ့အခါ သင့်ဘဝထဲက အရာတွေဘယ်လိုပြောင်းလဲကုန်ပြီလဲ
အချစ်ဟာ ဆန်းကြယ်တဲ့အရာဖြစ်ပါတယ်။ အချစ်ကို လူတိုင်းဘဝမှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ တွေ့မှာ သေချာပါတယ်။ ဒါပေမယ့် ကိုယ်နဲ့စိတ်တူကိုယ်တူ လက်တွဲဖော်ကို မတွေ့ကြုံခင်အထိတော့ ဘဝမှာထူးခြားတဲ့ အပြောင်းအလဲတွေ အတွေ့အကြံုတွေကို ရှာတွေ့ဦးမှာ မဟုတ်ပါဘူး။ တကယ်လို့ သင် တစ်စုံတစ်ယောက်နဲ့ ဆုံဆည်းတဲ့အခါ သင့်ရဲ့ဘဝထဲက ဒီလိုအရာတွေ စတင်ပြောင်းလဲနေပြီ ဆိုရင်တော့ သေချာပါတယ် သင်ဟာ သင့်ရဲ့ စိတ်တူကိုယ်မျှအဖော် (Soulmate) ကိုရှာတွေ့နေပါပြီ။

၁။ သင်ကိုယ်တိုင် အကောင်းဆုံးပုံစံဖြစ်လာတယ်
ကိုယ်အမှန်တကယ်ချစ်တဲ့သူကို ရှာဖွေတွေ့ရှိတဲ့အခါ ကိုယ့်ကိုကိုယ်အကောင်းဆုံး ပုံစံဖြစ်အောင် ပြုပြင်လာတတ်ပြီး ချစ်တဲ့သူကို မိမိတို့ဘဝထဲဝင်လာတဲ့အချိန်ထိစောင့်တတ်ပါတယ်။

၂။ သင့်ရဲ့ soulmate ကိုတွေ့တဲ့အခါ သင်ဟာအခြေခံအားဖြင့် အကောင်းမြင်သူတစ်ဦး ဖြစ်လာတယ်
သင့်ရဲ့ စိတ်တူကိုယ်တူချစ်သူက သင့်ကိုအကောင်းမြင်သူတစ်ဦး ဖြစ်အောင်ပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ဆုံပြီးတဲ့နောက်ပိုင်း သင်ဟာအကောင်းမြင်သူတစ်ယောက်ဖြစ်လာယုံသာမက ဘဝရဲ့မကောင်းတဲ့ အစိတ်အပိုင်းတွေကို လျစ်လျူရှုတတ်လာပါမယ်။ အရာရာကို အကောင်းဖက်ကနေ အာရုံစိုက်မြင်တတ်လာတာကြောင့် ကမ္ဘာကြီးရဲ့စစ်မှန်တဲ့အလှကို မြင်ရတဲ့အချိန်တွေပါပဲ။

၃။ အလုပ်မှာ အကောင်းဆုံးစွမ်းဆောင်လာမယ်
စိတ်တူကိုယ်တူချစ်သူနဲ့ ဆုံဆည်းခြင်းဟာ သင့်ကိုအများကြီးပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့်လည်း သင့်ရဲ့အလုပ်မှာ 100% ကြိုးစားတတ်လာပြီး ကိစ္စတွေကို ကွဲပြာခြားနားတဲ့ ရှုထောင့်ကနေ မြင်တတ်လာပါတယ်။ ဘယ်လိုပြဿနာမျိုးကမှ သင့်ကိုစိတ်ဖိစီးမှုပေးနိုင်မှာ မဟုတ်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အခြားတစ်ဖက်မှ သင်နဲ့အတူရှိနေမယ့် စိတ်တူကိုယ်တူချစ်သူတစ်ယောက် သင့်မှာရှိနေလို့ပါပဲ။

၄။ သင့်ဘဝကိုချစ်လာပြီး ဘဝရဲ့လှပမှုတွေကို မြင်တွေ့လာမယ်
သင့်ကို နာလည်ပေးတတ်တဲ့ချစ်သူရဲ့ အချစ်စစ်က အရာအားလုံးကို ထွန်းလင်းစေပြီး သင့်ဘဝကိုပိုမိုတောက်ပလာစေပါတယ်။ ဒါကြောင့်လည်း သင့်ဘဝရဲ့ ကောင်းတဲ့အရာတွေအပေါ်သာ အာရုံစိုက်လာနိုင်တာပေါ့။

၅။ မျှော်လင့်ချက်တွေ တဖန်ပြန်ရှင်သန်လာတယ်
သင့်ရဲ့ အထူးချစ်သူကို မတွေ့ခင်အချိန်က သင်ဟာ သင့်ရဲ့ဘဝ အရာရာနိမ့်ကျနေတယ်လို့ခံစားနေရပြီး လုပ်သမျှအဆင်မပြေရင်တောင်မှ သူနဲ့ဆုံပြီးတဲ့နောက်ပိုင်း အဆိုပါခံစားချက်တွေအပေါ် စိတ်အားထက်သန်လာပြီး အကောင်းဆုံဖြစ်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ သင့်ရဲ့မျှော်လင့်ချက်တွေ တဖန်ပြန်လည်ရှင်သန်လာပါလိမ့်မယ်။

၆။ သင့်ရဲ့အိမ်မက်တွေ အောင်မြင်စွာဆွတ်ခူးနိုင်မယ်လို့ ခံစားရတယ်
သင့်ရဲ့ဘဝအပေါ်ကို မျှော်လင့်ချက်တွေ ရှိလာပြီးတာနဲ့ သင့်ရဲ့အိမ်မက်တွေဟာလည်း တကယ်ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ သင်အရင်က ဆုံးရှုံးခဲ့ရတဲ့ မျှော်လင့်ချက်တွေကို သတိရပြီး နောက်ထပ်ဘယ်လောက်ပဲ ဆုံးရှုံးရပါစေ အားမလျော့တော့တဲ့ စိတ်ဓါတ်တွေကြောင့် အောင်မြင်မှုတွေရရှိလာပါလိမ့်မယ်။

၇။ ဘဝရဲ့ပြဿနာတွေဟာ ဖြေရှင်းရတာလွယ်ကူလာတယ်
ဘဝဟာ အချိန်မရွေးပြဿနာတွေ ပေါ်လာတတ်တဲ့ လမ်းခရီးတစ်ခုဖြစ်ပါတယ်။သင့်ဘေးမှာ သင့့်ရဲ့စိတ်တူကိုယ်တူချစ်သူ ရှိနေရင်တောင်မှ ဘဝပြဿနာတွေကို ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုပြဿနာတွေကိုပဲဖြစ်ဖြစ် မျှဝေပေးနိုင်တဲ့ ချစ်သူရှိတာကြောင့် အရာရာတိုင်းကို ရင်ဆိုင်နိုင်ဖို့သင့်မှာ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်လည်း ပြဿနာတိုင်းဟာ ဖြေရှင်းရတာလွယ်ကူပုံပေါက်နေတာဖြစ်ပါတယ်။

၈။ လူတွေရဲ့ဆက်သွယ်တဲ့အခါ ပိုကောင်းအောင်ဆောင်ရွက်လာနိုင်တယ်
သင့်ရဲ့ဘဝထဲမှာ စိတ်တူကိုယ်မျှချစ်သူ ရှိလာတာနဲ့အမျှ သက်ရောက်မှုအနေနဲ့ သင့်ရဲ့မိသားစု၊ သူငယ်ချင်းတွေအပေါ် ပိုမိုရင်နှီးလာသလို ခံစားရစေပါတယ်။ ဒါကြောင့် သူတို့အတွက် ပျော်ရွင်စွာအချိန်ပေးနိုင်တာကြောင့် လူအပေါင်းဟာ သင့်ကိုကျေးဇူးတင်ပြီး သင့်ဘေးမှာရှိနေတတ်ပါတယ်။

၉။ အဖြေမရခဲ့တဲ့ မေးခွန်းတွေကို သင်အဖြေထုတ်လာနိုင်တယ်
သင့်ရဲ့ဘဝထဲက များပြားလှတဲ့ သံသယတွေကို သူနဲ့ဆုံပြီးတဲ့နောက်ပိုင်း ကောင်းစွာရှင်းလင်းလာနိုင်ပါတယ်။ သင်အရင်က ဖြေရှင်းမရခဲ့တဲ့ သံသယတွေကို ဘာကြောင့်အခုချိန်မှာ ရှင်လင်းချင်ရတာလဲ။ အဖြေကရှင်းပါတယ်။ သင့်ရဲ့စိတ်တူကိုယ်တူချစ်သူနဲ့ဆုံဆည်းပြီး သူကသင့်ရှေ့မှာရှိနေလို့ပါပဲ။

၁၀။ သင့်နှလုံးသားထဲက အပြံုးတွေပေါ်ထွက်လာတယ်
ဘဝဟာ စိတ်ချမ်းသာစရာတွေ ရှိလာတာနဲ့အမျှ အရင်ကထက် ပိုပျော်ရွင်မှုတွေ ရှိလာပြီး ပိုပြံုးတတ်လာပါတယ်။ အပြံုးတွေအားလုံးကတော့မျက်နှာပေါ်မှတင်မဟုတ်ပဲ သင့်နှလုံးသားဆီက လာတဲ့အရာတွေဖြစ်နေပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-troab

Related posts

ႏွစ္သစ္မွာ သင္အခ်စ္ေရး ပိုမိုလန္းဆန္းသစ္လြင္လာေစဖုိ႕ လုပ္ေဆာင္ၾကည့္သင့္တဲ့ အခ်က္မ်ား

OMCTC

ကမာၻ႕အရွည္ဆံုးေၾကာင္

OMCTC

ပက္ခ္ရွင္ေဟး ေျပာတဲ့ သူမရဲ႕ဘ၀မွာ နံပါတ္တစ္ ဦးစားေပး

Nandar Lwin

Leave a Comment