30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Relationship
  • ေအာင္ျမင္ဖို႔နဲ႔ ေရရွည္ေကာင္းမြန္တဲ့ဆက္ဆံေရးရရွိဖို႔ လိုက္နာသင့္တဲ့ အခ်က္မာ်း
Relationship

ေအာင္ျမင္ဖို႔နဲ႔ ေရရွည္ေကာင္းမြန္တဲ့ဆက္ဆံေရးရရွိဖို႔ လိုက္နာသင့္တဲ့ အခ်က္မာ်း

ေအာင္ျမင္ဖို႔နဲ႔ ေရရွည္ေကာင္းမြန္တဲ့ဆက္ဆံေရးရရွိဖို႔ လိုက္နာသင့္တဲ့ အခ်က္မာ်း

၁။ ေဝဖန္မႈေတြအေပၚ ျငင္းခုံေနရမဲ့အခ်ိန္ေတြကို ဘဝအတြက္ေကာင္းေကာင္းအသုံးခ်လိုက္ပါ။


သင့္ဘဝအတြက္ ႀကိဳးစားဆဲကာလတစ္ခုမွာ သင္ေအာင္ျမင္ျခင္း၊ မေအာင္ျမင္ျခင္းကို လက္ဆုပ္လက္ကိုင္ျပစရာလည္းမရွိေသးတာေၾကာင့္တစ္ခါတစ္ေလမွာ သင့္ကိုေဝဖန္သူေတြရွိလာပါလိမ့္မယ္။ သင့္ရဲ႕ လုပ္ရက္ကို နားလည္ေပးႏိုင္သူေတြရွိသလို၊ နားလည္မေပးခ်င္တဲ့သူေတြလည္းရွိေကာင္းရွိပါလိမ့္မယ္။ ဒါ့ေၾကာင့္ သူတို႔ရဲ႕ေဝဖန္မႈေတြကို သင့္အေနနဲ႔ ခံစားျခင္း၊ ျငင္းခုံျခင္း၊ နားလည္ေအာင္ရွင္းျပျခင္းထက္ ထိုအခ်ိန္ေတြကို သင္သြားေနတဲ့ပန္းတိုင္ကို ေရာက္ရွိဖို႔အတြက္သာအသုံးခ်လိုက္ပါ။ ထိုေဝဖန္မႈေတြကို ျငင္းခုံေနျခင္း၊ ခံစားေနျခင္းက သင့္ဘဝေအာင္ျမင္ဖို႔အတြက္ေနာက္ေႏွးမႈေတြျဖစ္ေပၚေစႏိုင္ပါတယ္။

၂။အတိတ္ကအေၾကာင္းကို ရွက္ေၾကာက္ေနခ်င္းထက္ လက္ရွိပစၥဳပၸန္ဘဝကို အေကာင္းဆုံးျဖစ္ေအာင္တည္ေဆာက္ပါ။


အတိတ္က အမွားတစ္ခုခုကို တစ္စုံတစ္ေယာက္က သတိလာေပးတဲ့အခါမွာ သင့္အေနနဲ႔ဒီအမွားအေပၚမွာရွက္ေၾကာက္ခံစားေနစရာမလိုပါဘူူး။ တကယ္ေတာ့အတိတ္မွာ ျဖစ္ပ်က္ခဲ့တဲ့ အမွားေတြက အနာဂတ္အတြက္ ဆုတ္ယုတ္ေစတယ္လို႔
ထင္ေကာင္းထင္ေပမဲ့ ဒီအမွားေတြက ပစၥဳပၸန္နဲ႔ အနာဂတ္မွာ သင့္အတြက္ သင္ခန္းစားရစရာေတြ၊ အေတြ႕ႀကံဳေကာင္းေတြ၊ ခံႏိုင္ရည္ရွိမႈေတြကို သင္ၾကားေပးလိုက္တာပဲျဖစ္ပါတယ္။

၃။ ကိုယ့္ကိုကိုယ္ လွည့္ျဖားျခင္း


Relationship တစ္ခုမွာျဖစ္ျဖစ္၊ အိမ္ေထာင္စုတစ္ခုမွာျဖစ္ျဖစ္ ကိုယ့္အေပၚ လိမ္ညာလွည့္ျဖားေနတာသိတာကို သင့္အေနနဲ႔ သိေနေပမဲ့ သည္းခံဟန္ေဆာင္ၿပီးေနေနတာက သင့္အတြက္ပိုၿပီး ဆိုးရြားေစပါတယ္။ သူ႔ရဲ႕ လွည့္ျဖားမႈကို သင့္အေနနဲ႔ လႊတ္ထားေပးတဲ့အခါ မွားယြင္းတဲ့လုပ္ရက္ေတြ ပိုပိုက်ဴးလြန္လာမွာျဖစ္ၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် သင့္အတြက္လည္း ပိုပိုၿပီး နာက်င္မႈကိုျဖစ္ေပၚေစပါတယ္။

၄။ အေျပာင္းအလဲအေပၚမွာ မယုံၾကည္ျခင္း


ဒီထက္ေကာင္းမြန္ဖို႔အတြက္ တခ်ိဳ႕ေသာအရာေတြကို ေျပာင္းလဲသင့္လွ်င္ေျပာင္းလဲရမယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕ေသာသူေတြက ဒီအတိုင္းေလးလည္းအဆင္ေျပေနတာပဲဆိုၿပီး ဒီေနရာနဲ႔တင္ ေက်နပ္ကာ ဒီထက္ေကာင္းမြန္တဲ့အခြင့္အလမ္းေတြ မေျပာင္းလဲၾကေတာ့ပါဘူး။ ေကာင္းမြန္တဲ့အခြင့္အလမ္းေတြ အမ်ားႀကီးရရွိေပမဲ့ ေျပာင္းလဲဖို႔တိုက္တြန္းတဲ့ အခါမွာလည္း ေၾကာက္ရြဲ႕တတ္ၾကပါတယ္။ ဒီအခ်က္ဟာ သင့္အတြက္ ပိုမိုေကာင္းမြန္တဲ့ဘဝကိုရရွိဖို႔အတြက္ ေနာက္ေႏွးေစတဲ့အခ်က္ပဲျဖစ္ပါတယ္။

၅။ ဝါသနာအေပၚ အေကာင္းမျမင္ျခင္း


တခါတေလ ဝါသနာပါတဲ့ အလုပ္တစ္ခုကို လုပ္လိုက္ရလွ်င္ အရမ္းကို ေပ်ာ္ရႊင္တယ္၊ ပီတိျဖစ္တယ္၊ စိတ္ကိုလည္း သက္သာမႈရရွိေစပါတယ္။ ဒါေၾကာင့္ စီးပြားေရးအလုပ္ကိစၥေၾကာင့္၊ အျခားအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စိတ္ဖိစီးမႈမ်ားေနတဲ့အခါမ်ိဳးမွာ သူ႔ရဲ႕ ဝါသနာပါတဲ့အလုပ္တစ္ခုခုကိုလုပ္ေနလွ်င္ သင့္အေနနဲ႔ ခြင့္လႊတ္နားလည္ေပးသင့္ပါတယ္။

၆။ လက္တေလာအေရးမႀကီးတဲ့ အရာမ်ားအေပၚအပူတပင္ တိုက္တြန္းျခင္း


ဒါလိုကိစၥရပ္မ်ားကေတာ့ အခ်ိဳ႕ေသာအမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတတ္ၾကပါတယ္။ လက္ရွိအေျခအေနမွာတကယ္လိုအပ္ေနတဲ့အရာထက္သူတို႔ရဲ႕စိတ္ဆႏၵအရ သူတို႔လိုခ်င္တဲ့အရာကို မရမက ပူဆာတတ္ၾကပါတယ္။ ဒါလိုအေျခအေနဟာ ျပည့္စုံေနတဲ့ သူ႔အဖို႔ေတာ့ ေျပာပစရာမရွိေပမဲ့မျပည့္စုံတဲ့သူအတြက္ေတာ့ တကယ္ကို အၾကပ္အတည္းအေျခအေနတစ္ခုကို ရင္ဆိုင္ရတာျဖစ္ပါတယ္။ ဒီလိုအေျခအေနေတြ ခဏခဏႀကံဳေတြ႕လာရင္ေတာ့ သင္တို႔ရဲ႕ ဆက္ဆံေရးဟာလည္း ပ်က္စီးမွန္းမသိပ်က္စီးလာပါလိမ့္မယ္။

၇။ ျဖတ္လမ္းနည္းကို အသုံးျပဳဖို႔တိုက္တြန္းျခင္း


ေအာင္ျမင္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ဆိုတာ အခ်ိန္နဲ႔ ႀကိဳးစားအားထုတ္မႈရွိမွ ထိုက္တန္တဲ့ ေအာင္ျမင္တဲ့ေနရာကိုေရာက္ရွိမွာျဖစ္ပါတယ္။ ဒါမွမဟုတ္ပဲ ျဖတ္လမ္းနည္းကို အသုံးျပဳၿပီး လိုက္ရင္ေတာ့ ရရွိတဲ့ ေအာင္ျမင္မႈကလည္း တည္ၿမဲမႈမရွိတဲ့အျပင္ အဆင္းသာရွိၿပီးအခ်င္းမရွိတဲ့သူလိုပဲျဖစ္ေနမွာပါ။ ကိစၥတိုင္းမွာလည္း မွားယြင္းမႈမ်ားတဲ့အျပင္ အခ်ိန္ၾကာလာတဲ့တာနဲ႔အမွ်ကိုယ့္ကိုကိုယ္ ယုံၾကည္မႈေလ်ာ့နည္းလာပါလိမ့္မယ္။ ဒါ့ေၾကာင့္ လက္တေလာအဆင္ေျပေစဖို႔အတြက္ သင့္ရဲ႕ အခ်ိန္ေတြကို မွားယြင္းတဲ့ေနရာေတြမွာအသုံးမခ်မိဖို႔အေရးႀကီးပါတယ္။

၈။ ရည္းမွန္းခ်က္အတြက္ အားမပ်က္မိပါေစနဲ႔။


ကၽြန္ေတာ္တို႔လိုခ်င္တဲ့ေနရာ၊ လိုခ်င္တဲ့ ပန္းတိုင္ေရာက္ဖို႔အတြက္ တခါတေလမွာ အခက္ခဲအမ်ိဳးမ်ိဳးကို ရင္ဆိုင္ၾကရပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕အေၾကာင္းကို ျပည့္ျပည့္ဝဝမသိတဲ့ ေဝဖန္သူေတြရဲ႕ေရွ႕မွာ စိတ္ပ်က္အားငယ္တဲ့အေၾကာင္းေျပာတဲ့အခါ သူတို႔ရဲ႕ တုန္႔ျပန္မႈကလည္း သင့္အတြက္ခြန္အားျဖစ္ေစမွာမဟုတ္တဲ့အျပင္ သူတို႔ရဲ႕ ထင္ျမင္ခ်က္အေပၚမွာ နားေယာင္သြားတတ္ၾကပါတယ္။ အခက္အခဲ တစ္ခုကိုေက်ာ္လႊားတိုင္း ေက်ာ္လႊားတိုင္း သင့္အတြက္လည္း ခြန္အားေတြ တိုးသထက္တိုးလာမွာမို႔ ဘယ္အရာမဆို ဇြဲရွိရွိနဲ႔ လုပ္ေဆာင္သင့္ပါတယ္။

၉။ မိတ္ေဆြသူငယ္ခ်င္းေကာင္းမ်ားကို လက္လႊတ္ဆုံး႐ႈံးမခံပါနဲ႔။


တခါတေလမွာ မေကာင္းတဲ့အေပါင္းအသင္းေတြေၾကာင့္ ေကာင္းမြန္တဲ့ သူငယ္ခ်င္းေတြကို လက္လြတ္ဆုံး႐ႈံးလိုက္ရတတ္ပါတယ္။ဒါ့ေၾကာင့္ ကိုယ့္အေပၚ ေကာင္းမြန္တဲ့ သူငယ္ခ်င္းအခ်ိဳ႕ကို သင့္အေနနဲ႔ မ်က္ကြယ္မျပဳသင့္ပါဘူး။ ဘယ္သူက သင့္အေပၚေကာင္းလဲ၊ အနစ္နားခံလည္းဆိုတာ သင္ကိုယ္တိုင္သာအသိဆုံးျဖစ္တာမို႔ သင့္ရဲ႕ေရြးခ်ယ္မကိုမမွားယြင္းမိပါေစနဲ႔။

သင့္ရဲ႕ခ်စ္ရတဲ့သူ တိတ္တခိုးခ်စ္ေနေစဖို႔အတြက္ အရည္အေသြး (၁၀) ခ်က္

#Lifestyle_Myanmar

#Thar_Nage


Unicode

၁။ ဝေဖန်မှုတွေအပေါ် ငြင်းခုံနေရမဲ့အချိန်တွေကို ဘဝအတွက်ကောင်းကောင်းအသုံးချလိုက်ပါ။
သင့်ဘဝအတွက် ကြိုးစားဆဲကာလတစ်ခုမှာ သင်အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို လက်ဆုပ်လက်ကိုင်ပြစရာလည်းမရှိသေးတာကြောင့်တစ်ခါတစ်လေမှာ သင့်ကိုဝေဖန်သူတွေရှိလာပါလိမ့်မယ်။ သင့်ရဲ့ လုပ်ရက်ကို နားလည်ပေးနိုင်သူတွေရှိသလို၊ နားလည်မပေးချင်တဲ့သူတွေလည်းရှိကောင်းရှိပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့ရဲ့ဝေဖန်မှုတွေကို သင့်အနေနဲ့ ခံစားခြင်း၊ ငြင်းခုံခြင်း၊ နားလည်အောင်ရှင်းပြခြင်းထက် ထိုအချိန်တွေကို သင်သွားနေတဲ့ပန်းတိုင်ကို ရောက်ရှိဖို့အတွက်သာအသုံးချလိုက်ပါ။ ထိုဝေဖန်မှုတွေကို ငြင်းခုံနေခြင်း၊ ခံစားနေခြင်းက သင့်ဘဝအောင်မြင်ဖို့အတွက်နောက်နှေးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။

၂။အတိတ်ကအကြောင်းကို ရှက်ကြောက်နေချင်းထက် လက်ရှိပစ္စုပ္ပန်ဘဝကို အကောင်းဆုံးဖြစ်အောင်တည်ဆောက်ပါ။
အတိတ်က အမှားတစ်ခုခုကို တစ်စုံတစ်ယောက်က သတိလာပေးတဲ့အခါမှာ သင့်အနေနဲ့ဒီအမှားအပေါ်မှာရှက်ကြောက်ခံစားနေစရာမလိုပါဘူူး။ တကယ်တော့အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အမှားတွေက အနာဂတ်အတွက် ဆုတ်ယုတ်စေတယ်လို့
ထင်ကောင်းထင်ပေမဲ့ ဒီအမှားတွေက ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ သင့်အတွက် သင်ခန်းစားရစရာတွေ၊ အတွေ့ကြုံကောင်းတွေ၊ ခံနိုင်ရည်ရှိမှုတွေကို သင်ကြားပေးလိုက်တာပဲဖြစ်ပါတယ်။

၃။ ကိုယ့်ကိုကိုယ် လှည့်ဖြားခြင်း
Relationship တစ်ခုမှာဖြစ်ဖြစ်၊ အိမ်ထောင်စုတစ်ခုမှာဖြစ်ဖြစ် ကိုယ့်အပေါ် လိမ်ညာလှည့်ဖြားနေတာသိတာကို သင့်အနေနဲ့ သိနေပေမဲ့ သည်းခံဟန်ဆောင်ပြီးနေနေတာက သင့်အတွက်ပိုပြီး ဆိုးရွားစေပါတယ်။ သူ့ရဲ့ လှည့်ဖြားမှုကို သင့်အနေနဲ့ လွှတ်ထားပေးတဲ့အခါ မှားယွင်းတဲ့လုပ်ရက်တွေ ပိုပိုကျူးလွန်လာမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ သင့်အတွက်လည်း ပိုပိုပြီး နာကျင်မှုကိုဖြစ်ပေါ်စေပါတယ်။

၄။ အပြောင်းအလဲအပေါ်မှာ မယုံကြည်ခြင်း
ဒီထက်ကောင်းမွန်ဖို့အတွက် တချို့သောအရာတွေကို ပြောင်းလဲသင့်လျှင်ပြောင်းလဲရမယ်။ ဒါပေမဲ့ တစ်ချို့သောသူတွေက ဒီအတိုင်းလေးလည်းအဆင်ပြေနေတာပဲဆိုပြီး ဒီနေရာနဲ့တင် ကျေနပ်ကာ ဒီထက်ကောင်းမွန်တဲ့အခွင့်အလမ်းတွေ မပြောင်းလဲကြတော့ပါဘူး။ ကောင်းမွန်တဲ့အခွင့်အလမ်းတွေ အများကြီးရရှိပေမဲ့ ပြောင်းလဲဖို့တိုက်တွန်းတဲ့ အခါမှာလည်း ကြောက်ရွဲ့တတ်ကြပါတယ်။ ဒီအချက်ဟာ သင့်အတွက် ပိုမိုကောင်းမွန်တဲ့ဘဝကိုရရှိဖို့အတွက် နောက်နှေးစေတဲ့အချက်ပဲဖြစ်ပါတယ်။

၅။ ကိုယ့်ရဲ့ ဝါသနာအပေါ် အကောင်းမမြင်ခြင်း
တခါတလေ ဝါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်လိုက်ရလျှင် အရမ်းကို ပျော်ရွှင်တယ်၊ ပီတိဖြစ်တယ်၊ စိတ်ကိုလည်း သက်သာမှုရရှိစေပါတယ်။ ဒါကြောင့် စီးပွားရေးအလုပ်ကိစ္စကြောင့်၊ အခြားအကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများနေတဲ့အခါမျိုးမှာ သူ့ရဲ့ ဝါသနာပါတဲ့အလုပ်တစ်ခုခုကိုလုပ်နေလျှင် သင့်အနေနဲ့ ခွင့်လွှတ်နားလည်ပေးသင့်ပါတယ်။

၆။ လက်တလောအရေးမကြီးတဲ့ အရာများအပေါ်အပူတပင် တိုက်တွန်းခြင်း
ဒါလိုကိစ္စရပ်များကတော့ အချို့သောအမျိုးသမီးတွေမှာ အဖြစ်များတတ်ကြပါတယ်။ လက်ရှိအခြေအနေမှာတကယ်လိုအပ်နေတဲ့အရာထက်သူတို့ရဲ့စိတ်ဆန္ဒအရ သူတို့လိုချင်တဲ့အရာကို မရမက ပူဆာတတ်ကြပါတယ်။ ဒါလိုအခြေအနေဟာ ပြည့်စုံနေတဲ့ သူ့အဖို့တော့ ပြောပစရာမရှိပေမဲ့မပြည့်စုံတဲ့သူအတွက်တော့ တကယ်ကို အကြပ်အတည်းအခြေအနေတစ်ခုကို ရင်ဆိုင်ရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ခဏခဏကြံုတွေ့လာရင်တော့ သင်တို့ရဲ့ ဆက်ဆံရေးဟာလည်း ပျက်စီးမှန်းမသိပျက်စီးလာပါလိမ့်မယ်။

၇။ ဖြတ်လမ်းနည်းကို အသုံးပြုဖို့တိုက်တွန်းခြင်း
အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာ အချိန်နဲ့ ကြိုးစားအားထုတ်မှုရှိမှ ထိုက်တန်တဲ့ အောင်မြင်တဲ့နေရာကိုရောက်ရှိမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ပဲ ဖြတ်လမ်းနည်းကို အသုံးပြုပြီး လိုက်ရင်တော့ ရရှိတဲ့ အောင်မြင်မှုကလည်း တည်မြဲမှုမရှိတဲ့အပြင် အဆင်းသာရှိပြီးအချင်းမရှိတဲ့သူလိုပဲဖြစ်နေမှာပါ။ ကိစ္စတိုင်းမှာလည်း မှားယွင်းမှုများတဲ့အပြင် အချိန်ကြာလာတဲ့တာနဲ့အမျှကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့နည်းလာပါလိမ့်မယ်။ ဒါ့ကြောင့် လက်တလောအဆင်ပြေစေဖို့အတွက် သင့်ရဲ့ အချိန်တွေကို မှားယွင်းတဲ့နေရာတွေမှာအသုံးမချမိဖို့အရေးကြီးပါတယ်။

၈။ ရည်းမှန်းချက်အတွက် အားမပျက်မိပါစေနဲ့။
ကျွန်တော်တို့လိုချင်တဲ့နေရာ၊ လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက် တခါတလေမှာ အခက်ခဲအမျိုးမျိုးကို ရင်ဆိုင်ကြရပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အကြောင်းကို ပြည့်ပြည့်ဝဝမသိတဲ့ ဝေဖန်သူတွေရဲ့ရှေ့မှာ စိတ်ပျက်အားငယ်တဲ့အကြောင်းပြောတဲ့အခါ သူတို့ရဲ့ တုန့်ပြန်မှုကလည်း သင့်အတွက်ခွန်အားဖြစ်စေမှာမဟုတ်တဲ့အပြင် သူတို့ရဲ့ ထင်မြင်ချက်အပေါ်မှာ နားယောင်သွားတတ်ကြပါတယ်။ အခက်အခဲ တစ်ခုကိုကျော်လွှားတိုင်း ကျော်လွှားတိုင်း သင့်အတွက်လည်း ခွန်အားတွေ တိုးသထက်တိုးလာမှာမို့ ဘယ်အရာမဆို ဇွဲရှိရှိနဲ့ လုပ်ဆောင်သင့်ပါတယ်။

၉။ မိတ်ဆွေသူငယ်ချင်းကောင်းများကို လက်လွှတ်ဆုံးရှုံးမခံပါနဲ့။
တခါတလေမှာ မကောင်းတဲ့အပေါင်းအသင်းတွေကြောင့် ကောင်းမွန်တဲ့ သူငယ်ချင်းတွေကို လက်လွတ်ဆုံးရှုံးလိုက်ရတတ်ပါတယ်။ဒါ့ကြောင့် ကိုယ့်အပေါ် ကောင်းမွန်တဲ့ သူငယ်ချင်းအချို့ကို သင့်အနေနဲ့ မျက်ကွယ်မပြုသင့်ပါဘူး။ ဘယ်သူက သင့်အပေါ်ကောင်းလဲ၊ အနစ်နားခံလည်းဆိုတာ သင်ကိုယ်တိုင်သာအသိဆုံးဖြစ်တာမို့ သင့်ရဲ့ရွေးချယ်မကိုမမှားယွင်းမိပါစေနဲ့။

Related posts

ကိုယ့္ ေမတၱာကို အေစာ္ကား မခံရေအာင္ ကာကြယ္နည္း

OMCTC

အမ်ိဳးသားေတြသိဖို႔ အမ်ိဳးသမီးေတြအေၾကာင္း

OMCTC

သူငယ္ခ်င္းကေန ခ်စ္သူရည္းစား ျဖစ္သြားၾကတဲ့ စံုတြဲေတြမွာ ရိုးရိုးစံုတြဲေတြနဲ႕ မတူညီထူးျခားတဲ့ ဆက္ဆံေရးပံုစံေလးေတြ ရွိေန

OMCTC

Leave a Comment