လေ့လာမှုတွေအရ အသံမြည်အောင်အစားစားခြင်းကို မနှစ်မြိုသူတွေဟာ ဥာဏ်ရည်မြင့်သူတွေဖြစ်ကြောင်းတွေ့ရှိ
0
30
သင့်ရဲ့ မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတွေထဲမှာ အစာစားရင် အသံမြည်အောင်စားတတ်သူတွေ ရှိလား။ အဲဒီလိုအသံမြည်ခြင်းက သင့်ကိုစိတ်အနှာက်အယှက် ဖြစ်စေသလား၊ တချို့လူတွေမှာ အစားဝါးစားနေရင် ထွက်လာတဲ့အသံကို လုံးဝသည်းမခံနိုင်အောင် ဖြစ်တတ်ကြပါတယ်။ဒီလိုအသံကြားတဲ့အခါတိုင်း သူတို့စိတ်ထဲမှာ သည်းမခံနိုင်တာကြောင့် မြည်နေတဲ့အသံ ရပ်သွားပါစေလို့ ကျိတ်ပြီးဆုတောင်းတတ်ကြပါတယ်။
-Advertisement-
Northwestern တက္ကသိုလ်ရဲ့ အဆိုအရလည်း misophobia ရှိသူတွေဟာ ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ ဥာဏ်ကြီးရှင်တွေဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
မျက်ခုံးလှလှလေး ပိုင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေကို လိုက်နာသင့်
Unicode
လေ့လာမှုတွေအရ အသံမည်အောင်အစားစားခြင်းကို မနှစ်မြိုသူတွေဟာ ဉာဏ်ရည်မြင့်သူတွေဖြစ်ကြောင်းတွေ့ရှိ
သင့်ရဲ့ မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတွေထဲမှာ အစာစားရင် အသံမည်အောင်စားတတ်သူတွေ ရှိလား။ အဲဒီလိုအသံမည်ခြင်းက သင့်ကိုစိတ်အနှာက်အယှက် ဖြစ်စေသလား၊ တချို့လူတွေမှာ အစားဝါးစားနေရင် ထွက်လာတဲ့အသံကို လုံးဝသည်းမခံနိုင်အောင် ဖြစ်တတ်ကြပါတယ်။ဒီလိုအသံကြားတဲ့အခါတိုင်း သူတို့စိတ်ထဲမှာ သည်းမခံနိုင်တာကြောင့် မည်နေတဲ့အသံ ရပ်သွားပါစေလို့ ကျိတ်ပြီးဆုတောင်းတတ်ကြပါတယ်။
တချို့က ကလေးငိုသံကို သည်းမခံနိုင်ကြ၊ တချို့က လေချဉ်တက်တဲ့အသံ၊ သလိပ်ကပ်နေတဲ့အသံ၊ နှာခေါင်း တရှုံ့ရှုံ့လုပ်နေတဲ့ အသံတွေကို မုန်းတီးကြပါတယ်။ ဒီလိုအသံတွေကို စိတ်အနှောက်အယှက် ဖြစ်သူတွေနဲ့ ဘယ်လိုမှမခံစားရတဲ့သူတွေကို နှိုင်းယှဉ်ပြီးသုတေသနပြုတဲ့အခါ အဆိုပါအသံတွေကို မုန်းတီးသူတွေက ပိုပြီးဉာဏ်ရည်ထက်မြက်ကြကြောင်း သိရှိရပါတယ်။ ဒီလိုလက္ခဏာရှိသူတွေကို Misophonia လို့အမည်ပေးထားပြီး စိတ်ပိုင်းဆိုင်ရာခံစားမှု မြင့်ခြင်း၊ အာရုံတုံ့ပြန်မှုမြင့်မားခြင်း စတဲ့ရောဂါအခြေအနေ တစ်ရပ်အဖြစ် သတ်မှတ်ထားပါတယ်။ အဆိုပါ Misophonia ရှိသူတွေဟာ လူထူထပ်တဲ့ စားသောက်ပွဲတွေကို ရှောင်တတ်ကြပြီး အိမ်ကမိသားစုနဲ့အတူတူ မစားတတ်ပဲ သီးခြားစီစားသောက် တတ်ကြပါတယ်။
လေ့လာမှုတွေအရ လူဦးရေ ၂၀% လောက်ဟာ misophonia ဖြစ်နေကြပြီး ၈၀% လောက်လူတွေ သတိမထားမိတဲ့ အဆိုပါအသံကို သူတို့တွေက အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမဲ့ အဆိုပါလက္ခဏာရှိသူတွေအတွက် သတင်းကောင်းအနေနဲ့ သူတို့တွေဟာ ပိုမိုစမတ်ကျသူတွေဖြစ်ကြပြီး၊ ဖန်တီးနိုင်စွမ်းရှိသူတွေ ဖြစ်ကြောင်းသိရပါတယ်။
Northwestern တက္ကသိုလ်ရဲ့ အဆိုအရလည်း misophobia ရှိသူတွေဟာ ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ ဉာဏ်ကြီးရှင်တွေဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-gottadotherightthing
LEAVE A REPLY
Please enter your comment!
Please enter your name here