30 C
Yangon
May 21, 2018
  • Home
  • General Knowledge
  • အခ်က္ျပလက္အမူအယာ (၁၀) မ်ိဳးနဲ႔ ၎တို႔ရဲ႕စိတ္၀င္စားဖြယ္ရာ ဇစ္ျမစ္
General Knowledge Unique Things

အခ်က္ျပလက္အမူအယာ (၁၀) မ်ိဳးနဲ႔ ၎တို႔ရဲ႕စိတ္၀င္စားဖြယ္ရာ ဇစ္ျမစ္

လက္နဲ႔ အခ်က္ျပျခင္းဟာ လူတိုင္းလိုလို ျပဳလုပ္တတ္ၾကေပမယ့္ ဒီလိုအဓိပၸာယ္နဲ႔ အခ်က္ျပမႈကိုဘယ္သူေတြက အရင္ဆံုးစလုပ္ခဲ့ၾကလဲ ဆိုတာကို မသိၾကပါဘူး။ ဒီလို လက္အမူအယာေတြမွာ စိတ္၀င္စားဖြယ္ရာ ဇစ္ျမစ္ေတြရွိပါတယ္။

ေအာင္ပြဲမ်ားအတြက္ V ပံုစံ
ဟိုးအရင္ အေစာပိုင္းတုန္းက ဘယ္လ္ဂ်ီယံႏိုင္ငံေရးသမားတစ္ေယာက္ဟာ ေတာ္လွန္ေရးစစ္ေအာင္ျမင္မႈ သေကၤတအျဖစ္ V ပံုသ႑န္ကိုအသံုးျပဳဖို႔ လူေထာင္ေပါင္းမ်ားစြာကို ေတာင္းဆိုခဲ့ပါတယ္။

အဂၤလိပ္လို စစ္ေအာင္ႏုိင္ျခင္း Victory ကိုအစြဲျပဳၿပီး လက္ညွိဳးနဲ႔လက္ခလယ္ကို V ပံုသ႑န္ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ၁၉၄၁ ခုႏွစ္ ဇန္န၀ါရီလက ဘီဘီစီရဲ႕ အသံလႊင့္မႈတစ္ခုမွာ Vrijheid ရဲ႕အဓိပၸာယ္ဟာ
freedom in Dutch ျဖစ္ၿပီး Victoire ရဲ႕အဓိပၸာယ္ဟာ victory in French ျဖစ္ေၾကာင္းလည္း ေဖာ္ျပခဲ့ပါတယ္။

လက္ခလယ္ေထာင္ျခင္း
လက္ခလယ္ေထာင္ျပျခင္းဟာ လူေတြကိုေစာ္ကားမႈတစ္ခု အျဖစ္အသံုးမ်ားၿပီး ေရွးေခတ္ ေရာမနဲ႔ ဂရိတြဟာ အမ်ိဳးသားေတြရဲ႕ မ်ိဳးဆက္ပြားအဂၤါ အျဖစ္သေကၤတယူၾကသလို မေကာင္းဆိုး၀ါးရဲ႕ မ်က္လံုးကို ကာကြယ္ျခင္းဟုလည္း ယံုၾကည္ၾကပါတယ္။ အဆိုပါ သေကၤတကို ေရွးေခတ္ကတည္းက လိင္ဆက္ဆံမႈရဲ႕သေကၤတအျဖစ္လည္ေကာင္း၊ တစ္ဦးႏွင့္ခ်ိန္းေျခာက္လွ်င္ေသာ္လည္ေကာင္း၊အသံုးမ်ားခဲ့တဲ့ လက္အမူအယာ သေကၤတျဖစ္ပါတယ္။

လက္ခလယ္ကို အမ်ိဳးသားရဲ႕လိင္တံအျဖစ္ သတ္မွတ္ၿပီး ဆုပ္ထားတဲ့လက္ညွိဳးနဲ႔ လက္သူၾကြယ္ကို ေ၀ွးေစ့အျဖစ္ ယူဆၿပီး တစ္သီးကိုတစ္ဦး ဆဲတဲ့အခါျပဳလုပ္ၾကသလို နတ္ဆိုး၀ိဥာဥ္ေတြကို ေမာင္းထုတ္လိုတဲ့အခါလည္း အသံုးမ်ားပါတယ္။ ေနာက္ပိုင္း အဆိုပါသေကၤတကို ပထမဆံုးျပန္သံုးသူဟာ ၁၈၈၆ ခုႏွစ္ကအေမရိကန္ ေဘ့စ္ေဘာအသင္းက အသင္း၀င္တစ္ဦးျဖစ္ၿပီး ကင္မရာမန္းကိုလက္ခလယ္ေထာင္ျပတဲ့ သေကၤတကိုျပန္သံုးသူအျဖစ္ မွတ္တမ္းဓါတ္ပံုအရ သိရပါတယ္။

လက္မနဲ႔လက္သန္းေထာင္ျပတဲ့ သေကၤတ
အဆိုပါသေကၤတကေတာ့ ဟာ၀ိုင္အီသား Hamana Kalili ဆိုသူဟာ သၾကားစက္မေတာ္တဆမႈမွာ သူ႔ရဲ႕လက္ေခ်ာင္းသံုးေခ်ာင္း ဆံုး႐ံုးခဲ့ရတဲ့ ျဖစ္စဥ္ကေန ေပၚေပါက္လာေၾကာင္း သိရပါတယ္။ သူ႕ရဲ႕လက္ေခ်ာင္းေတြ ျပတ္ခဲ့တဲ့ပံုသ႑ာန္ကို ကေလးေတြနဲ႔ လူေတြကတုပျပဳလုပ္ၾကၿပီး ေနာက္ပိုင္းကမၻာအရပ္ရပ္သို႔ ပ်ံ႕ႏွံ႕ကာ ႏႈတ္ဆက္ျခင္းဒါမွမဟုတ္ေက်းဇူးတင္ျခင္း စကားရပ္အျဖစ္ သံုးစြဲေနၾကေၾကာင္း သိရွိရပါတယ္။

လက္ဆြဲႏႈတ္ဆက္ျခင္း
လက္ဆြဲႏႈတ္ဆက္ျခင္း ယဥ္ေက်းမႈဟာ ေရွးေခတ္ဂရိေတြ စတင္သံုးစြဲခဲ့ၿပီး လႈိ႕၀ွက္လက္နက္ေတြ သယ္ေဆာင္လာလို႔မရေအာင္ ျပဳလုပ္တဲ့နည္းလမ္း ဟုသိရပါတယ္။ လက္ဆြဲၿပီး လႈပ္ယမ္းျခင္းကေတာ့ အက်ီၤလက္ေမာင္းထဲမွာ ၀ွက္လာတဲ့လက္နက္ကို ထြက္က်လာေအာင္ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရၿပီး ၅ ရာစုပန္းခ်ီကားေတြအရ စစ္သားေတြ လက္ဆြဲႏႈတ္ဆက္ဟန္ ပန္းခ်ီကားေတြကိုလည္း ေတြ႔ရပါတယ္။ ဒါေၾကာင့္ လက္နက္သံုးတဲ့ ညာဖက္လက္ကို လႈပ္ယမ္းၾကၿပီး ယံုၾကည္မႈနဲ႔ႏႈတ္ဆက္ျခင္း တည္ေဆာက္တဲ့သေကၤတကေန ျဖစ္လာေၾကာင္း သိရပါတယ္။

လက္သီးခ်င္းတိုက္ျခင္း
၁၈၀၀ ၀န္းက်င္ေလာက္က ပေရာ္ဖက္ရွင္နယ္လက္ေ၀ွ႔သမားေတြဟာလက္ေ၀ွ႔ပြဲ မက်င္းပမီအခ်ိန္မွာ ႏႈတ္ဆက္တဲ့အေနနဲ႔ လက္သီးခ်င္းတိုက္တာကို ျပဳလုပ္ခဲ့ၾကပါတယ္။ ထိုမွတဆင့္ေနာက္ပိုင္းမွာ အခမ္းအနားေတြမွာပါ အသံုးမ်ားလာခဲ့ပါတယ္။

ဦးခ်ိဳပံုစံသေကၤတ
အဆိုပါသေကၤတကို စတင္ခဲ့သူဟာ Black Sabbath ေရာ့ခ္ အဖြဲ႕ရဲ႕ လိစ့္ဂစ္တာသမား အဆိုေတာ္ Ronnie James Dio ကစတင္အသံုးျပဳခဲ့ၿပီး မေကာင္းမႈေတြကို ကာကြယ္ႏိုင္ရန္အတြက္ သူ႔ရဲ႕အီတလီအဖြားဆီက သင္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ဂီတေဖ်ာ္ေျဖပြဲေတြမွာဆို ယခုလိုလုပ္ျပတဲ့ သေကၤတကို သင္အေတာ္ေလးျမင္ႏိုင္ပါလိမ့္မယ္။

ဒါ့အျပင္ စာတန္ကိုးကြယ္သူေတြလည္း ယခုလိုဦးခ်ိဳသေကၤတကို နတ္ဆိုးရဲ႕သေကၤတအျဖစ္လည္း အသံုးျပဳၾကပါေသးတယ္။

လက္၀ါးခ်င္း႐ိုက္ျခင္း
အဆိုပါသေကၤတကို စတင္အသံုးျပဳခဲ့သူကေတာ့ Dusty Baker နဲ႔ Glen Burke ျဖစ္ၿပီး LA Dodger အဖြဲ႔သားအခ်င္းခ်င္း ၾကားမွာသံုးစြဲခဲ့တာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ေနာက္ထပ္စိတ္၀င္စားဖို႔ေကာင္းတာတစ္ခုက Burke ဆိုသူတစ္ေယာက္ဟာ သူဟာ Gay တစ္ေယာက္ျဖစ္ေၾကာင္း Public ကို၀န္ခံခဲ့ၿပီး Gay အခြင္အေရးလႈပ္ရွားမႈေတြမွာ အဆိုပါလက္၀ါးခ်င္းရိုက္တဲ့သေကၤတကို ႀကိမ္ေပါင္းမ်ားစြာသံုးစြဲခဲ့ပါတယ္။

အေလးျပဳျခင္း
အေလးျပဳျခင္း ကိုေတာ့ ျပင္သစ္ႏိုင္ငံကစတင္ခဲ့ၿပီး ယခင္က ဦးထုပ္ကိုခၽြတ္ၿပီး အ႐ိုအေသေပးျခင္းအျဖစ္ သံုးခဲ့ေပမယ့္ ေနာက္ပိုင္းဦးထုပ္အေလးေတြ သံုးစြဲတာေၾကာင့္ ယခုလိုအေလးျပဳျခင္းအျဖစ္သို႔ ေျပာင္းလဲခဲ့ဟန္တူပါတယ္။ ဒါ့အျပင္ ဦးထုပ္မွာေမးသိုင္းႀကိဳးပါတာေၾကာင့္လည္း ျဖစ္ႏိုင္ၿပီး ေလးစားသမႈကိုျပသတဲ့ သေကၤတအျဖစ္ တကမာၻလံုး သံုးစြဲေနၾကပါတယ္။

လက္မေထာင္ျခင္း
အဆိုပါသေကၤတကေတာ့ ေရွးေခတ္ေရာမေတြ သံုးစြဲခဲ့ၿပီး gladiator လို႔ေခၚတဲ့တိုက္ခိုက္ေရးသမားေတြ တိုက္ခိုက္ၿပီးတဲ့အခါ ႐ႈံးနိမ့္သူကို ခ်မ္းသာေပးမလား၊ သတ္ပစ္မလားဆိုတာကို ဆံုးျဖတ္တဲ့ သေကၤတအျဖစ္သံုးေၾကာင္း သိရပါတယ္။ ဘုရင္ကသတ္ေစခ်င္လွ်င္ေတာ့ လက္မကိုေအာက္စိုက္ျခင္းျဖင့္ အခ်က္ျပပါတယ္။ ယခုအခါမွာေတာ့ အဆင္ေျပပါတယ္လို႔ ေျပာတဲ့အခါေတြနဲ႔ စစ္ေဆးၿပီးၿပီဆိုတာကို ျပသဖို႔အတြက္ ယခုလိုလက္မေထာင္တဲ့ သေကၤတကို သံုးစြဲၾကပါတယ္။

ၾကက္ေျခခတ္ပံုသ႑ာန္လက္ေခ်ာင္း
အဆိုပါ သေကၤတကို ခရစ္ယာန္ေတြက စတင္သံုးစြဲခဲ့ၿပီး လက္၀ါးကပ္တိုင္ရဲ႕ သေကၤတအျဖစ္သံုးၾကသလို ေကာင္းခ်ီးေပးျခင္းႏွင့္ ဆုေတာင္းျခင္းတို႔မွာ သံုးစြဲျခင္းျဖင့္ ကံေကာင္းေစတယ္လို႔ ယံုၾကည္ၾကပါတယ္။ ယခုအခ်ိန္မွာေတာ့ ကံမေကာင္းျခင္းရဲ႕ သေကၤတအျဖစ္အသံုးျပဳၾကပါတယ္။


#LM_Naung_Naung
#Lifestyle_Myanmar
Ref-skipprichard

ေပ်ာ္ရြင္ေနၾကတဲ့ စံုတြဲေတြအမ်ားစုဟာ ဘာေၾကာင့္ သူတို႔ရဲ႕အခ်စ္ေရးကို ေဖ့ဘြတ္ခ္ေပၚ မတင္ၾကတာလဲ


Unicode

အချက်ပြလက်အမူအယာ (၁၀) မျိုးနဲ့ ၎င်းတို့ရဲ့စိတ်ဝင်စားဖွယ်ရာ ဇစ်မြစ်
လက်နဲ့ အချက်ပြခြင်းဟာ လူတိုင်းလိုလို ပြုလုပ်တတ်ကြပေမယ့် ဒီလိုအဓိပ္ပာယ်နဲ့ အချက်ပြမှုကိုဘယ်သူတွေက အရင်ဆုံးစလုပ်ခဲ့ကြလဲ ဆိုတာကို မသိကြပါဘူး။ ဒီလို လက်အမူအယာတွေမှာ စိတ်ဝင်စားဖွယ်ရာ ဇစ်မြစ်တွေရှိပါတယ်။

အောင်ပွဲများအတွက် V ပုံစံ
ဟိုးအရင် အစောပိုင်းတုန်းက ဘယ်လ်ဂျီယံနိုင်ငံရေးသမားတစ်ယောက်ဟာ တော်လှန်ရေးစစ်အောင်မြင်မှု သင်္ကေတအဖြစ် V ပုံသဏ္ဍန်ကိုအသုံးပြုဖို့ လူထောင်ပေါင်းများစွာကို တောင်းဆိုခဲ့ပါတယ်။ အင်္ဂလိပ်လို စစ်အောင်နိုင်ခြင်း Victory ကိုအစွဲပြုပြီး လက်ညှိုးနဲ့လက်ခလယ်ကို V ပုံသဏ္ဍန်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၁၉၄၁ ခုနှစ် ဇန်နဝါရီလက ဘီဘီစီရဲ့ အသံလွှင့်မှုတစ်ခုမှာ Vrijheid ရဲ့အဓိပ္ပာယ်ဟာ
freedom in Dutch ဖြစ်ပြီး Victoire ရဲ့အဓိပ္ပာယ်ဟာ victory in French ဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

လက်ခလယ်ထောင်ခြင်း
လက်ခလယ်ထောင်ပြခြင်းဟာ လူတွေကိုစော်ကားမှုတစ်ခု အဖြစ်အသုံးများပြီး ရှေးခေတ် ရောမနဲ့ ဂရိတွဟာ အမျိုးသားတွေရဲ့ မျိုးဆက်ပွားအင်္ဂါ အဖြစ်သင်္ကေတယူကြသလို မကောင်းဆိုးဝါးရဲ့ မျက်လုံးကို ကာကွယ်ခြင်းဟုလည်း ယုံကြည်ကြပါတယ်။ အဆိုပါ သင်္ကေတကို ရှေးခေတ်ကတည်းက လိင်ဆက်ဆံမှုရဲ့သင်္ကေတအဖြစ်လည်ကောင်း၊ တစ်ဦးနှင့်ချိန်းခြောက်လျှင်သော်လည်ကောင်း၊အသုံးများခဲ့တဲ့ လက်အမူအယာ သင်္ကေတဖြစ်ပါတယ်။ လက်ခလယ်ကို အမျိုးသားရဲ့လိင်တံအဖြစ် သတ်မှတ်ပြီး ဆုပ်ထားတဲ့လက်ညှိုးနဲ့ လက်သူကြွယ်ကို ဝှေးစေ့အဖြစ် ယူဆပြီး တစ်သီးကိုတစ်ဦး ဆဲတဲ့အခါပြုလုပ်ကြသလို နတ်ဆိုးဝိဉာဉ်တွေကို မောင်းထုတ်လိုတဲ့အခါလည်း အသုံးများပါတယ်။ နောက်ပိုင်း အဆိုပါသင်္ကေတကို ပထမဆုံးပြန်သုံးသူဟာ ၁၈၈၆ ခုနှစ်ကအမေရိကန် ဘေ့စ်ဘောအသင်းက အသင်းဝင်တစ်ဦးဖြစ်ပြီး ကင်မရာမန်းကိုလက်ခလယ်ထောင်ပြတဲ့ သင်္ကေတကိုပြန်သုံးသူအဖြစ် မှတ်တမ်းဓါတ်ပုံအရ သိရပါတယ်။

လက်မနဲ့လက်သန်းထောင်ပြတဲ့ သင်္ကေတ
အဆိုပါသင်္ကေတကတော့ ဟာဝိုင်အီသား Hamana Kalili ဆိုသူဟာ သကြားစက်မတော်တဆမှုမှာ သူ့ရဲ့လက်ချောင်းသုံးချောင်း ဆုံးရုံးခဲ့ရတဲ့ ဖြစ်စဉ်ကနေ ပေါ်ပေါက်လာကြောင်း သိရပါတယ်။ သူ့ရဲ့လက်ချောင်းတွေ ပြတ်ခဲ့တဲ့ပုံသဏ္ဍာန်ကို ကလေးတွေနဲ့ လူတွေကတုပပြုလုပ်ကြပြီး နောက်ပိုင်းကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ကာ နှုတ်ဆက်ခြင်းဒါမှမဟုတ်ကျေးဇူးတင်ခြင်း စကားရပ်အဖြစ် သုံးစွဲနေကြကြောင်း သိရှိရပါတယ်။

လက်ဆွဲနှုတ်ဆက်ခြင်း
လက်ဆွဲနှုတ်ဆက်ခြင်း ယဉ်ကျေးမှုဟာ ရှေးခေတ်ဂရိတွေ စတင်သုံးစွဲခဲ့ပြီး လှို့ဝှက်လက်နက်တွေ သယ်ဆောင်လာလို့မရအောင် ပြုလုပ်တဲ့နည်းလမ်း ဟုသိရပါတယ်။ လက်ဆွဲပြီး လှုပ်ယမ်းခြင်းကတော့ အကျီင်္လက်မောင်းထဲမှာ ၀ှက်လာတဲ့လက်နက်ကို ထွက်ကျလာအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပြီး ၅ ရာစုပန်းချီကားတွေအရ စစ်သားတွေ လက်ဆွဲနှုတ်ဆက်ဟန် ပန်းချီကားတွေကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် လက်နက်သုံးတဲ့ ညာဖက်လက်ကို လှုပ်ယမ်းကြပြီး ယုံကြည်မှုနဲ့နှုတ်ဆက်ခြင်း တည်ဆောက်တဲ့သင်္ကေတကနေ ဖြစ်လာကြောင်း သိရပါတယ်။

လက်သီးချင်းတိုက်ခြင်း
၁၈၀၀ ၀န်းကျင်လောက်က ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားတွေဟာလက်ဝှေ့ပွဲ မကျင်းပမီအချိန်မှာ နှုတ်ဆက်တဲ့အနေနဲ့ လက်သီးချင်းတိုက်တာကို ပြုလုပ်ခဲ့ကြပါတယ်။ ထိုမှတဆင့်နောက်ပိုင်းမှာ အခမ်းအနားတွေမှာပါ အသုံးများလာခဲ့ပါတယ်။

ဦးချိုပုံစံသင်္ကေတ
အဆိုပါသင်္ကေတကို စတင်ခဲ့သူဟာ Black Sabbath ရော့ခ် အဖွဲ့ရဲ့ လိစ့်ဂစ်တာသမား အဆိုတော် Ronnie James Dio ကစတင်အသုံးပြုခဲ့ပြီး မကောင်းမှုတွေကို ကာကွယ်နိုင်ရန်အတွက် သူ့ရဲ့အီတလီအဖွားဆီက သင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဂီတဖျော်ဖြေပွဲတွေမှာဆို ယခုလိုလုပ်ပြတဲ့ သင်္ကေတကို သင်အတော်လေးမြင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် စာတန်ကိုးကွယ်သူတွေလည်း ယခုလိုဦးချိုသင်္ကေတကို နတ်ဆိုးရဲ့သင်္ကေတအဖြစ်လည်း အသုံးပြုကြပါသေးတယ်။

လက်ဝါးချင်းရိုက်ခြင်း
အဆိုပါသင်္ကေတကို စတင်အသုံးပြုခဲ့သူကတော့ Dusty Baker နဲ့ Glen Burke ဖြစ်ပြီး LA Dodger အဖွဲ့သားအချင်းချင်း ကြားမှာသုံးစွဲခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက Burke ဆိုသူတစ်ယောက်ဟာ သူဟာ Gay တစ်ယောက်ဖြစ်ကြောင်း Public ကိုဝန်ခံခဲ့ပြီး Gay အခွင်အရေးလှုပ်ရှားမှုတွေမှာ အဆိုပါလက်ဝါးချင်းရိုက်တဲ့သင်္ကေတကို ကြိမ်ပေါင်းများစွာသုံးစွဲခဲ့ပါတယ်။

အလေးပြုခြင်း
အလေးပြုခြင်း ကိုတော့ ပြင်သစ်နိုင်ငံကစတင်ခဲ့ပြီး ယခင်က ဦးထုပ်ကိုချွတ်ပြီး အရိုအသေပေးခြင်းအဖြစ် သုံးခဲ့ပေမယ့် နောက်ပိုင်းဦးထုပ်အလေးတွေ သုံးစွဲတာကြောင့် ယခုလိုအလေးပြုခြင်းအဖြစ်သို့ ပြောင်းလဲခဲ့ဟန်တူပါတယ်။ ဒါ့အပြင် ဦးထုပ်မှာမေးသိုင်းကြိုးပါတာကြောင့်လည်း ဖြစ်နိုင်ပြီး လေးစားသမှုကိုပြသတဲ့ သင်္ကေတအဖြစ် တကမ္ဘာလုံး သုံးစွဲနေကြပါတယ်။

လက်မထောင်ခြင်း
အဆိုပါသင်္ကေတကတော့ ရှေးခေတ်ရောမတွေ သုံးစွဲခဲ့ပြီး gladiator လို့ခေါ်တဲ့တိုက်ခိုက်ရေးသမားတွေ တိုက်ခိုက်ပြီးတဲ့အခါ ရှုံးနိမ့်သူကို ချမ်းသာပေးမလား၊ သတ်ပစ်မလားဆိုတာကို ဆုံးဖြတ်တဲ့ သင်္ကေတအဖြစ်သုံးကြောင်း သိရပါတယ်။ ဘုရင်ကသတ်စေချင်လျှင်တော့ လက်မကိုအောက်စိုက်ခြင်းဖြင့် အချက်ပြပါတယ်။ ယခုအခါမှာတော့ အဆင်ပြေပါတယ်လို့ ပြောတဲ့အခါတွေနဲ့ စစ်ဆေးပြီးပြီဆိုတာကို ပြသဖို့အတွက် ယခုလိုလက်မထောင်တဲ့ သင်္ကေတကို သုံးစွဲကြပါတယ်။

ကြက်ခြေခတ်ပုံသဏ္ဍာန်လက်ချောင်း
အဆိုပါ သင်္ကေတကို ခရစ်ယာန်တွေက စတင်သုံးစွဲခဲ့ပြီး လက်ဝါးကပ်တိုင်ရဲ့ သင်္ကေတအဖြစ်သုံးကြသလို ကောင်းချီးပေးခြင်းနှင့် ဆုတောင်းခြင်းတို့မှာ သုံးစွဲခြင်းဖြင့် ကံကောင်းစေတယ်လို့ ယုံကြည်ကြပါတယ်။ ယခုအချိန်မှာတော့ ကံမကောင်းခြင်းရဲ့ သင်္ကေတအဖြစ်အသုံးပြုကြပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-skipprichard

Related posts

ခႏၶာကိုယ္ကို ထိန္းခ်ဳပ္ဖို႔အတြက္ ထူးျခားၿပီးအသံုး၀င္တဲ့ နည္းလမ္းေလးေတြ

Naung Naung

အသက္ရႈမွားေလာက္ေအာင္ လွပတဲ့ ကမာၻေက်ာ္ တကၠသိုလ္၊ ေကာလိပ္ေက်ာင္းမ်ား

Nandar Lwin

အမည္မသိေရေနသတၱ၀ါ ေသာင္းႏွင့္ခ်ီ ထိုင္းႏိုင္ငံ ဖူးခက္ကမ္းေျခေပၚ တက္လာ

OMCTC

Leave a Comment