30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • ေပ်ာ္ရြင္ေနၾကတဲ့ စံုတြဲေတြအမ်ားစုဟာ ဘာေၾကာင့္ သူတို႔ရဲ႕အခ်စ္ေရးကို ေဖ့ဘြတ္ခ္ေပၚ မတင္ၾကတာလဲ
Lifestyle Relationship

ေပ်ာ္ရြင္ေနၾကတဲ့ စံုတြဲေတြအမ်ားစုဟာ ဘာေၾကာင့္ သူတို႔ရဲ႕အခ်စ္ေရးကို ေဖ့ဘြတ္ခ္ေပၚ မတင္ၾကတာလဲ

အင္တာနက္ သံုးစြဲသူေတြ တစ္ေန႔တျခားမ်ားျပားလာတာနဲ႔အမွ် လူမႈကြန္ယက္ျဖစ္တဲ့ ေဖ့ဘြတ္ကိုသံုးစြဲၾကသူေတြလည္း တစ္ေန႔တစ္ျခားတိုးပြားလာပါတယ္။ တခ်ိဳ႕စိတ္ပညာရွင္ေတြရဲ႕ သံုးသပ္ခ်က္ေတြအရ ေဖ့ဘြတ္ကိုဘ၀တစ္ခုလို စြဲစြဲလမ္းလမ္း အသံုးျပဳျခင္းဟာ စိတ္ေ၀ဒနာတစ္ခုလို႔ သံုးသပ္ခဲ့ၾကၿပီး ကိုယ္တိုင္ၾကံဳေတြ႔ေနတဲ့ ေလာကႀကီးမွာ မေပ်ာ္ရြင္ၾကသူေတြျဖစ္ေၾကာင္း မွတ္ခ်က္ေပးၾကပါတယ္။ သူတို႔ေတြတင္တဲ့ဓါတ္ပံုေတြ၊ သူတုိ႔ေတြရဲ႕အေၾကာင္းကို ေရးထားတဲ့စေတးတပ္ေတြကိုၾကည့္ၿပီး ကၽြန္ေတာ္တို႔အကဲျဖတ္တဲ့အခါ အစဥ္အျမဲမွားယြင္းေနပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ထိုသူေတြဟာ ကိုယ္ပိုင္ဘ၀မဟုတ္တဲ့ ဘ၀အသစ္တစ္ခုကို ဖန္တီးေနၾကတာေၾကာင့္ ျဖစ္ပါတယ္လို႔ စိတ္ပညာရွင္ေတြက သံုးသပ္ၾကပါတယ္။

လက္ရွိဘ၀ရဲ႕ ေပ်ာ္ရြင္မႈဆီမွာပဲ ေနထိုင္ၾကတယ္
လူတစ္ေယာက္ရဲ႕ ဘ၀နဲ႕ သူ႕ရဲ႕Relationship ဟာ ေပ်ာ္ရြင္ေနတယ္ဆိုရင္ ဒီအေၾကာင္းကို အျခားသူေတြကို သက္ေသျပေနမွာမဟုတ္တဲ့အျပင္ ဒါနဲ႔ပတ္သတ္ၿပီး အခ်ိန္ကုန္ခံေရးေနမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ပဲ သူတို႔ရဲ႕ couple ပံုေတြကို ေဖ့ဘြတ္မွာမတင္ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ေနထိုင္မႈကေတာ့ ေပ်ာ္ရြင္ၿပီးသာားျဖစ္ေနၿပီး အျခားသူေတြ ဖ်က္ဆီးမွာကိုလည္း မလိုလားၾကပါဘူး။

သူတို႔ရဲ႕ျပသနာေတြကို အျခားသူေတြအား ေဖ့ဘတ္ခ္မွာ ထုတ္ေဖာ္ျပသတာဟာ ဘာအက်ိဳးမွမရွိဘူးဆိုတာ နားလည္ၾကတယ္
လူတိုင္းမွာျပႆနာေတြ ကိုယ္စီရွိၾကပါတယ္။ ဒါေပမယ့္ ကိုယ္ရဲ႕ျပႆနာတိုင္းကို လူတကာျမင္ေစတဲ့့ ဆိုရွယ္မီဒီယာမွာ ေဖာ္ျပျခင္းဟာ ျပႆေတြကိုေျဖရွင္ႏိုင္ဖို႔ ထိေရာက္မႈအနည္းဆံုး နည္းလမ္းျဖစ္ၿပီး ကိုယ္ရဲ႕ relationship အေျခအေနကိုသာ ပိုမိုဆိုးေစႏိုင္ပါတယ္။
ေပ်ာ္ရြင္မႈအစစ္ဆိုတာ သင္ခ်စ္တဲ့သူနဲ႔အတူ ျဖစ္ေပၚလာတာပါ သင္ဘယ္ေလာက္ ေပ်ာ္ရြင္ေနရေၾကာင္းကို ပို႔စ္တင္ေန႐ံုနဲ႔ ဘာမွရရွိလာမွာမဟုတ္ပါဘူး။ ဒီလိုေပ်ာ္ရြင္မႈဟာလည္း သင္တို႔ႏွစ္ေယာက္ ကိုယ္တိုင္ရွာေဖြခဲ့လို႔သာျဖစ္ပါတယ္။ သင္တို႔ႏွစ္ေယာက္ ပိုစ့္တင္ခဲ့လို႔ ရရွိတာမဟုတ္ပါဘူး။ ဒီလိုအခ်က္ကို နားလည္တဲ့လူေတြဟာ ဆိုရွယ္မီဒီယာေပၚကို အဆက္မျပတ္ပို႔စ္တင္လိုတဲ့ ခံယူခ်က္နည္းပါးလာပါတယ္။

အျခားသူေတြကို သက္ေသျပစရာ မလိုတာေၾကာင့္
ေပ်ာ္ရြင္ေနၾကတဲ့ စံုတြဲေတြအမ်ားစုဟာ သူတို႔ေပ်ာ္ရြင္ေနေၾကာင္း အျခားသူေတြကို သက္ေသျပဖို႔အတြက္ စိတ္မ၀င္စားၾကပါဘူး။ ဒါေၾကာင့္ သူတို႔ရဲ႕ အေကာင့္မွာ “in a relationship” ဆိုတာေတြေတာင္ မေဖာ္ျပတတ္ၾကပါဘူး။ တစ္ေယာက္ကိုတစ္ေယာက္ ယံုၾကည္ၾကပါတယ္။

တကယ္အေရးႀကီးဆံုးအရာက
အျခားသူေတြရဲ႕ ဘ၀နဲ႔ကိုယ့္ကိုကိုယ္ ႏႈိင္းယွဥ္ေနတတ္တဲ့ သူေတြဟာ ေဖ့ဘြတ္ကိုဘ၀တစ္ခုလို သံုးေနတတ္ၾကၿပီး လံုး၀အသံုးမျပဳသူေတြကေတာ့ ေပ်ာ္ရြင္မႈေတြကို သူတို႔ေတြထက္ ပိုမိုၾကံဳေတြ႔ၾကရေၾကာင္း သုေတသနျပဳသူေတြက ဆိုပါတယ္။ ကၽြန္ေတာ္တို႔ကိုယ္တိုင္လည္း ကိုယ့္ရဲ႕အေတြ႔အၾကံဳေတြ၊ ေနထိုင္မႈအမွန္ေတြ၊ ခံစားခ်က္ေတြကို မၾကာခဏေမ့ေလ်ာ့တတ္ၾကၿပီး လူၾကိဳက္မ်ားဖို႔အတြက္ အဆံုးမရွိတဲ့ အြန္လိုင္းမွာ ရွာေဖြမႈေတြ လုပ္တတ္ၾကတာကို သတိျပဳသင့္ပါတယ္။


#LM_Naung_Naung
#Lifestyle_Myanmar
Ref-Brightside

စိတ္ခ်မ္းသာမႈကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ လိုက္နာသင့္တဲ့ အ႐ိုးရွင္းဆံုး စဥ္းမ်ဥ္း (၆) ခ်က္


Unicode

ပျော်ရွင်နေကြတဲ့ စုံတွဲတွေအများစုဟာ ဘာကြောင့် သူတို့ရဲ့အချစ်ရေးကို ဖေ့ဘွတ်ခ်ပေါ် မတင်ကြတာလဲ
အင်တာနက် သုံးစွဲသူတွေ တစ်နေ့တခြားများပြားလာတာနဲ့အမျှ လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘွတ်ကိုသုံးစွဲကြသူတွေလည်း တစ်နေ့တစ်ခြားတိုးပွားလာပါတယ်။ တချို့စိတ်ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေအရ ဖေ့ဘွတ်ကိုဘဝတစ်ခုလို စွဲစွဲလမ်းလမ်း အသုံးပြုခြင်းဟာ စိတ်ဝေဒနာတစ်ခုလို့ သုံးသပ်ခဲ့ကြပြီး ကိုယ်တိုင်ကြုံတွေ့နေတဲ့ လောကကြီးမှာ မပျော်ရွင်ကြသူတွေဖြစ်ကြောင်း မှတ်ချက်ပေးကြပါတယ်။ သူတို့တွေတင်တဲ့ဓါတ်ပုံတွေ၊ သူတို့တွေရဲ့အကြောင်းကို ရေးထားတဲ့စတေးတပ်တွေကိုကြည့်ပြီး ကျွန်တော်တို့အကဲဖြတ်တဲ့အခါ အစဉ်အမြဲမှားယွင်းနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ထိုသူတွေဟာ ကိုယ်ပိုင်ဘဝမဟုတ်တဲ့ ဘဝအသစ်တစ်ခုကို ဖန်တီးနေကြတာကြောင့် ဖြစ်ပါတယ်လို့ စိတ်ပညာရှင်တွေက သုံးသပ်ကြပါတယ်။

လက်ရှိဘဝရဲ့ ပျော်ရွင်မှုဆီမှာပဲ နေထိုင်ကြတယ်
လူတစ်ယောက်ရဲ့ ဘဝနဲ့ သူ့ရဲ့Relationship ဟာ ပျော်ရွင်နေတယ်ဆိုရင် ဒီအကြောင်းကို အခြားသူတွေကို သက်သေပြနေမှာမဟုတ်တဲ့အပြင် ဒါနဲ့ပတ်သတ်ပြီး အချိန်ကုန်ခံရေးနေမှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ သူတို့ရဲ့ couple ပုံတွေကို ဖေ့ဘွတ်မှာမတင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့နေထိုင်မှုကတော့ ပျော်ရွင်ပြီးသာားဖြစ်နေပြီး အခြားသူတွေ ဖျက်ဆီးမှာကိုလည်း မလိုလားကြပါဘူး။

သူတို့ရဲ့ပြသနာတွေကို အခြားသူတွေအား ဖေ့ဘတ်ခ်မှာ ထုတ်ဖော်ပြသတာဟာ ဘာအကျိုးမှမရှိဘူးဆိုတာ နားလည်ကြတယ်
လူတိုင်းမှာပြဿနာတွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ပြဿနာတိုင်းကို လူတကာမြင်စေတဲ့့ ဆိုရှယ်မီဒီယာမှာ ဖော်ပြခြင်းဟာ ပြဿတွေကိုဖြေရှင်နိုင်ဖို့ ထိရောက်မှုအနည်းဆုံး နည်းလမ်းဖြစ်ပြီး ကိုယ်ရဲ့ relationship အခြေအနေကိုသာ ပိုမိုဆိုးစေနိုင်ပါတယ်။
ပျော်ရွင်မှုအစစ်ဆိုတာ သင်ချစ်တဲ့သူနဲ့အတူ ဖြစ်ပေါ်လာတာပါ သင်ဘယ်လောက် ပျော်ရွင်နေရကြောင်းကို ပို့စ်တင်နေရုံနဲ့ ဘာမှရရှိလာမှာမဟုတ်ပါဘူး။ ဒီလိုပျော်ရွင်မှုဟာလည်း သင်တို့နှစ်ယောက် ကိုယ်တိုင်ရှာဖွေခဲ့လို့သာဖြစ်ပါတယ်။ သင်တို့နှစ်ယောက် ပိုစ့်တင်ခဲ့လို့ ရရှိတာမဟုတ်ပါဘူး။ ဒီလိုအချက်ကို နားလည်တဲ့လူတွေဟာ ဆိုရှယ်မီဒီယာပေါ်ကို အဆက်မပြတ်ပို့စ်တင်လိုတဲ့ ခံယူချက်နည်းပါးလာပါတယ်။

အခြားသူတွေကို သက်သေပြစရာ မလိုတာကြောင့်
ပျော်ရွင်နေကြတဲ့ စုံတွဲတွေအများစုဟာ သူတို့ပျော်ရွင်နေကြောင်း အခြားသူတွေကို သက်သေပြဖို့အတွက် စိတ်မဝင်စားကြပါဘူး။ ဒါကြောင့် သူတို့ရဲ့ အကောင့်မှာ “in a relationship” ဆိုတာတွေတောင် မဖော်ပြတတ်ကြပါဘူး။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြပါတယ်။

တကယ်အရေးကြီးဆုံးအရာက
အခြားသူတွေရဲ့ ဘဝနဲ့ကိုယ့်ကိုကိုယ် နှိုင်းယှဉ်နေတတ်တဲ့ သူတွေဟာ ဖေ့ဘွတ်ကိုဘဝတစ်ခုလို သုံးနေတတ်ကြပြီး လုံးဝအသုံးမပြုသူတွေကတော့ ပျော်ရွင်မှုတွေကို သူတို့တွေထက် ပိုမိုကြံုတွေ့ကြရကြောင်း သုတေသနပြုသူတွေက ဆိုပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ့်ရဲ့အတွေ့အကြံုတွေ၊ နေထိုင်မှုအမှန်တွေ၊ ခံစားချက်တွေကို မကြာခဏမေ့လျော့တတ်ကြပြီး လူကြိုက်များဖို့အတွက် အဆုံးမရှိတဲ့ အွန်လိုင်းမှာ ရှာဖွေမှုတွေ လုပ်တတ်ကြတာကို သတိပြုသင့်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Ref-Brightside

Related posts

သန္႔ရွင္းေရးအတြက္ ရွာလကာရည္ကို ဘယ္အရာေတြမွာ အသံုးမျပဳသင့္သလဲ?

Nandar Lwin

အေကာင္းျမင္တတ္သူနဲ႕ အဆိုးျမင္တတ္သူရဲ႕ စိတ္ထားကြာျခားပံု

Naung Naung

 ေႏြရာသီမွာ သဘာ၀ပစၥည္းမ်ားနဲ႔ အထူးမ်က္ႏွာသန္႔စင္နညး္

Nandar Lwin

Leave a Comment