စိတ္ခ်မ္းသာမႈကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ လိုက္နာသင့္တဲ့ အ႐ိုးရွင္းဆံုး စဥ္းမ်ဥ္း (၆) ခ်က္

0
16

၁။ သင္ျဖစ္ခ်င္တာကိုပဲ လုပ္ပါ
ဘယ္လိုအလုပ္မဆို သင့္အတြက္စိတ္ခ်မ္းသာေစၿပီး ေပ်ာ္ရြင္ရသလို အရာရာအဆင္ေျပမယ့္ အလုပ္မ်ိဳးကိုသာ အသက္ေမြး၀မ္းေၾကာင္းအလုပ္အျဖစ္ ေရြးခ်ယ္သင့္ပါတယ္။ သင့္ဘ၀အတြက္ ဆံုးျဖတ္ခ်က္ေတြကို ကိုယ္တိုင္ခ်မွတ္ျခင္းေၾကာင့္ ဘယ္အရာမဆို စိတ္ပါလက္ပါလုပ္ေဆာင္ႏိုင္ၿပီး အရာအားလံုးကို ျဖတ္သန္းႏိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ သင့္ႏွလံုးသားဆီကလာတဲ့ စကားသံကိုနားေထာင္ပါ။ ငါအခုဘာလုပ္ခ်င္တာလဲ၊ ဒီေန႔ဘာစားခ်င္တာလဲ၊ ဘယ္အ၀တ္အစားကို ၀တ္မွာလဲ၊ စတဲ့ေမးခြန္းမ်ိဳးေတြကို ပထမဆံုးေျခလွမ္းအျဖစ္ ကိုယ့္ကိုကိုယ္ျပန္ေမးပါ။

-Advertisement-

၂။ သင္မလုပ္ခ်င္တဲ့ အရာကိုမလုပ္မိေအာင္ ႀကိဳးစားပါ
မလုပ္ခ်င္တဲ့အရာတစ္ခုကို အေၾကာင္းတစ္ခုခုျပၿပီး လုပ္ေဆာင္တာဟာ သင့္အတြက္ စိတ္ဆင္းရဲျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ မေအာင္ျမင္ျခင္းတို႔ကိုသာ ၾကံဳေတြ႔ႏိုင္ပါလိမ့္မယ္။ ဒါေၾကာင့္ မလုပ္ခ်င္တဲ့အရာတစ္ခုကို ႐ုန္းထြက္ႏိုင္ေအာင္ႀကိဳးစားပါ။

၃။ သင္မႏွစ္သက္တဲ့တခုခုကို ႏႈတ္ပိတ္ၿပီးမေနပါနဲ႕
သင္မႏွစ္သက္တ့ဲအရာတစ္ခုခု၊ သို႔မဟုတ္ သေဘာမတူတဲ့ အေၾကာင္းအရာတစ္ခုကို ႏႈတ္ပိတ္ၿပီးေနျခင္းဟာ မွားယြင္းတဲ့အေလ့အထျဖစ္ပါတယ္။ သင့္မွာ ျငင္းဆန္ခြင့္၊ ေတာင္းဆိုခြင့္ ရွိပါတယ္။ ကိုယ္မႏွစ္သက္ပဲ အျခားသူေတြရဲ႕ ဆႏၵအတိုင္းလိုက္လုပ္တတ္ျခင္းဟာ ကိုယ့္ကိုကိုယ္ယံုၾကည္မႈ ေပ်ာက္ဆံုးတတ္ၿပီး စိတ္ဆင္းရဲရတတ္ပါတယ္။

၄။ အေမးမခံရပဲနဲ႔ မေျဖပါနဲ႕
တခ်ိဳ႕စကားေတြမွာ လႈိ႕၀ွက္ခ်က္ေတြရွိပါတယ္။ ဥပမာ- မင္းကဆိုးပါ့ကြာ၊ ငါအရမ္းပင္ပန္းေနၿပီ၊ ငါလုပ္ၿပီးၿပီ၊ စတဲ့စကားေတြဟာ ေမးခြန္းေတြမဟုတ္ပဲ ေရရြတ္တဲ့စကားလံုးေတြ ျဖစ္ပါတယ္။ ဒီအတြက္သင္က  ေျဖၾကားေနစရာမလိုပါဘူး။ တခါတစ္ေလမွာေတာ့ စကားလံုးေတြကတဆင့္ ေျဖဖို႔ ႏႈိးေဆာ္တတ္ပါတယ္။ ဥပမာ- ” မင္းဘာေၾကာင့္ ေစာဒကတက္ေနတာလဲ၊ စတဲ့စကားေတြကို သင္က အျဖစ္အပ်က္အလံုးစံုကို ေျဖေပးဖို႔မလိုအပ္ပဲ ဒီလိုေျပာဆိုမႈေတြကို မႀကိဳက္ေၾကာင္း သူတို႔သိပါေစ။

၅။ ေမးခြန္းကိုပဲ ေျဖပါ
သင္ဟာ confident ရွိသူတစ္ေယာက္ျဖစ္ပါက သင့္ကိုေမးတဲ့ေမးခြန္းကိုပဲ ေျဖဆိုပါလိမ့္မယ္။ အျခားျဖည့္စြက္ၿပီး အျဖစ္မွန္ေတြကို အစီရင္ခံေနစရာ မလိုပါဘူး။ ေမးတဲ့သူက အေသးစိတ္သိခ်င္ရင္၊ သင့္ကိုထပ္ၿပီးေမးပါလိမ့္မယ္။

၆။ အျပစ္ဆိုတဲ့စကားေတြေျပာတဲ့အခါ သင့္ကိုယ္သင္ရည္ညႊန္းၿပီးေျပာပါ
ဒီလိုေျပာဆိုမႈမ်ိဳးဟာ ပဋိပကၡအႀကီးႀကီး ျဖစ္မယ့္အရာကိုေတာင္မွ ေသးသြားေစႏိုင္ပါတယ္။ သင့္မွဘယ္လို မေက်နပ္ခ်က္ပဲရွိရွိ သင့္ရဲ႕ခံစားခ်က္၊ ျဖစ္ခ်င္တဲ့ဆႏၵ ေမွ်ာ္လင့္ခ်က္အေပၚကိုသာ အေျခခံၿပီးေျပာပါ။ အျခားသူကို တိုက္႐ိုက္ႀကီး အျပစ္တင္တာထက္ ထိေရာက္ပါလိမ့္မယ္။


#LM_Naung_Naung
#Lifestyle_Myanmar
Source-Brightside

ခ်စ္သူနဲ႔ခ်ိန္းထားတဲ့ ပထမဆံုးေန႔မွာ အလွဆံုးျဖစ္ေနေစမယ့္ ဖက္ရွင္


Unicode

စိတ်ချမ်းသားမှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် လိုက်နာသင့်တဲ့ အရိုးရှင်းဆုံး စဉ်းမျဉ်း (၆) ချက်
၁။ သင်ဖြစ်ချင်တာကိုပဲ လုပ်ပါ
ဘယ်လိုအလုပ်မဆို သင့်အတွက်စိတ်ချမ်းသာစေပြီး ပျော်ရွင်ရသလို အရာရာအဆင်ပြေမယ့် အလုပ်မျိုးကိုသာ အသက်မွေးဝမ်းကြောင်းအလုပ်အဖြစ် ရွေးချယ်သင့်ပါတယ်။ သင့်ဘဝအတွက် ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်ခြင်းကြောင့် ဘယ်အရာမဆို စိတ်ပါလက်ပါလုပ်ဆောင်နိုင်ပြီး အရာအားလုံးကို ဖြတ်သန်းနိုင်ပါလိမ့်မယ်။ ဒါကြောင့် သင့်နှလုံးသားဆီကလာတဲ့ စကားသံကိုနားထောင်ပါ။ ငါအခုဘာလုပ်ချင်တာလဲ၊ ဒီနေ့ဘာစားချင်တာလဲ၊ ဘယ်အဝတ်အစားကို ၀တ်မှာလဲ၊ စတဲ့မေးခွန်းမျိုးတွေကို ပထမဆုံးခြေလှမ်းအဖြစ် ကိုယ့်ကိုကိုယ်ပြန်မေးပါ။

၂။ သင်မလုပ်ချင်တဲ့ အရာကိုမလုပ်မိအောင် ကြိုးစားပါ
မလုပ်ချင်တဲ့အရာတစ်ခုကို အကြောင်းတစ်ခုခုပြပြီး လုပ်ဆောင်တာဟာ သင့်အတွက် စိတ်ဆင်းရဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မအောင်မြင်ခြင်းတို့ကိုသာ ကြုံတွေ့နိုင်ပါလိမ့်မယ်။ ဒါကြောင့် မလုပ်ချင်တဲ့အရာတစ်ခုကို ရုန်းထွက်နိုင်အောင်ကြိုးစားပါ။

၃။ သင်မနှစ်သက်တဲ့တခုခုကို နှုတ်ပိတ်ပြီးမနေပါနဲ့
သင်မနှစ်သက်တဲ့အရာတစ်ခုခု၊ သို့မဟုတ် သဘောမတူတဲ့ အကြောင်းအရာတစ်ခုကို နှုတ်ပိတ်ပြီးနေခြင်းဟာ မှားယွင်းတဲ့အလေ့အထဖြစ်ပါတယ်။ သင့်မှာ ငြင်းဆန်ခွင့်၊ တောင်းဆိုခွင့် ရှိပါတယ်။ ကိုယ်မနှစ်သက်ပဲ အခြားသူတွေရဲ့ ဆန္ဒအတိုင်းလိုက်လုပ်တတ်ခြင်းဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှု ပျောက်ဆုံးတတ်ပြီး စိတ်ဆင်းရဲရတတ်ပါတယ်။

၄။ အမေးမခံရပဲနဲ့ မဖြေပါနဲ့
တချို့စကားတွေမှာ လှို့ဝှက်ချက်တွေရှိပါတယ်။ ဥပမာ- မင်းကဆိုးပါ့ကွာ၊ ငါအရမ်းပင်ပန်းနေပြီ၊ ငါလုပ်ပြီးပြီ၊ စတဲ့စကားတွေဟာ မေးခွန်းတွေမဟုတ်ပဲ ရေရွတ်တဲ့စကားလုံးတွေ ဖြစ်ပါတယ်။ ဒီအတွက်သင်က  ဖြေကြားနေစရာမလိုပါဘူး။ တခါတစ်လေမှာတော့ စကားလုံးတွေကတဆင့် ဖြေဖို့ နှိုးဆော်တတ်ပါတယ်။ ဥပမာ- ” မင်းဘာကြောင့် စောဒကတက်နေတာလဲ၊ စတဲ့စကားတွေကို သင်က အဖြစ်အပျက်အလုံးစုံကို ဖြေပေးဖို့မလိုအပ်ပဲ ဒီလိုပြောဆိုမှုတွေကို မကြိုက်ကြောင်း သူတို့သိပါစေ။

၅။ မေးခွန်းကိုပဲ ဖြေပါ
သင်ဟာ confident ရှိသူတစ်ယောက်ဖြစ်ပါက သင့်ကိုမေးတဲ့မေးခွန်းကိုပဲ ဖြေဆိုပါလိမ့်မယ်။ အခြားဖြည့်စွက်ပြီး အဖြစ်မှန်တွေကို အစီရင်ခံနေစရာ မလိုပါဘူး။ မေးတဲ့သူက အသေးစိတ်သိချင်ရင်၊ သင့်ကိုထပ်ပြီးမေးပါလိမ့်မယ်။

၆။ အပြစ်ဆိုတဲ့စကားတွေပြောတဲ့အခါ သင့်ကိုယ်သင်ရည်ညွှန်းပြီးပြောပါ
ဒီလိုပြောဆိုမှုမျိုးဟာ ပဋိပက္ခအကြီးကြီး ဖြစ်မယ့်အရာကိုတောင်မှ သေးသွားစေနိုင်ပါတယ်။ သင့်မှဘယ်လို မကျေနပ်ချက်ပဲရှိရှိ သင့်ရဲ့ခံစားချက်၊ ဖြစ်ချင်တဲ့ဆန္ဒ မျှော်လင့်ချက်အပေါ်ကိုသာ အခြေခံပြီးပြောပါ။ အခြားသူကို တိုက်ရိုက်ကြီး အပြစ်တင်တာထက် ထိရောက်ပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here