လူေတြသင့္ကို ပိုၿပီးႏွစ္သက္လာေေအာင္ ဘယ္လိုလုပ္ေဆာင္သင့္လဲ

0
16

လူတိုင္းရဲ႕ ႏွစ္သက္မႈကို ရရွိသူဆိုတာ မရွိပါဘူး၊ ဒါေပမယ့္ သင့္ရဲ႕လူမႈပတ္၀န္းက်င္နဲ႔ အလုပ္မွာေတာ့ လူတိုင္းႏွစ္သက္ေအာင္ လုပ္ေဆာင္ဖို႔ဟာအျခာသင့္အတြက္ အေရးႀကီးပါတယ္။ လူေတြဟာ သာမာန္အားျဖင့္ သူတို႔စိတ္၀င္စားတဲ့အခါ နဲ႕ သူတို႔ရဲ႕ဘ၀အတြက္ အက်ိဳးရွိမယ္ထင္တဲ့ အရာေတြကို ျပဳလုပ္ေပးသူဆို ႏွစ္သက္ၾကပါလိမ့္မယ္။ ဒါေပမယ့္ လူတိုင္းကိုဆြဲေဆာင္ႏိုင္ေစတဲ့ ႐ိုးရွင္းတဲ့အျပဳအမူေလးေတြရွိပါတယ္။

-Advertisement-

၁။ အျပံဳး
လူေတြႏွစ္သက္ေစဖို႔ အ႐ိုးရွင္းဆံုး နည္းလမ္းတစ္ခုက စစ္မွန္စြာျပံဳးျခင္း ျဖစ္ပါတယ္။ ေပ်ာ္ရြင္မႈဆိုတဲ့ အရာဟာကူးစက္တတ္တဲ့ သေဘာရွိတာေၾကာင့္ လူေတြကိုစိတ္ပါလက္ပါနဲ႔ ျပံဳးျပတဲ့အခါ အံ့ၾသဖြယ္ေကာင္းတဲ့ အရာေတြကို သင္လက္ေတြ႔ၾကံဳရပါလိမ့္မယ္။ ျပံဳးျခင္းဟာ မဂၤလာရွိတဲ့အျပဳအမူအျဖစ္ လူအားလံုးကမွတ္ယူထားၾကၿပီး ျပံဳးျပခံရသူမွာလည္း ေပ်ာ္ရြင္မႈေသးေသးေလးကို ခံစားရႏိုင္ပါတယ္။ ဒါ့အျပင္ ျပံဳးျပျခင္းေၾကာင့္ အသက္ေဘးကလြတ္ကင္းခဲ့ရတဲ့ သာဓကေတြလည္း ၾကားဖူးခဲ့ပါတယ္။ ဒါေပမယ့္ တမင္လုပ္ယူၿပီး ဟန္ေဆာင္အျပံဳးမ်ိဳးဆိုရင္ေတာ့ လူေတြကရိပ္မိတတ္ပါလိမ့္မယ္။ သင့္ရဲ႕လူမႈပတ္၀န္းက်င္နဲ႕၊ အလုပ္မွာ လူေတြကို အေကာင္းဆံုးစည္း႐ံုးႏိုင္ဖို႔အတြက္ လူတိုင္းကိုစိတ္ထဲက ႏွစ္ႏွစ္ကာကာျပံဳးျပပါ။ သင္ကိုလူေတြ ပိုမိုခင္မင္လာပါလိမ့္မယ္။

၂။ မ်က္လံုးနဲ႔ ဆက္သြယ္ျခင္း
မ်က္လံုးျခင္းဆက္သြယ္ျခင္းဟာလည္း တစ္စံုတစ္ေယာက္ရဲ႕ အာ႐ံုစူးစိုက္မႈကို သိရွိေစႏိုင္တဲ့ အလြယ္ကူဆံုးနည္း တစ္ခုျဖစ္ပါတယ္။ သင္ဇာတ္ကားကို စိတ္၀င္စားတဲ့အခါ မ်က္လံုးနဲ႔ၾကည့္ပါလိမ့္မယ္။ ဒါဟာအာ႐ံုစူးစိုက္မႈျဖစ္ၿပီးေတာ့ လူေတြနဲ႔ဆက္သြယ္တဲ့အခါမွာ သဘာ၀က်ဖို႔လည္း လိုအပ္ပါတယ္။ စကားေျပာတဲ့အခါ မ်က္လံုးျခင္းစံုမႈနည္းပါးျခင္းကို တခ်ိဳ႕က ႐ိုင္းစိုင္းျခင္းလို႔ သတ္မွတ္ၾကပါတယ္။
ဒါေၾကာင့္ စကားေျပာတဲ့အခါ သက္ေတာင့္သက္သာအေနအထားနဲ႔ မ်က္လံုးျခင္းဆံုၿပီး စကားေျပာပါ။ စကားေျပာတဲ့အခါတိုင္း မ်က္လံုးကိုမလႊဲထားပါနဲ႔။ လူေတြကသင့္ကို တမ်ိဳးထင္ေစႏိုင္ပါတယ္။ ဒါေပမယ့္ မ်က္လံုးခ်င္းအရမ္းဆံုေအာင္ ႀကိဳးစားျပန္ရင္လည္း တဖက္လူမွာ စိတ္မသက္သာျခင္းကို ခံစားရႏိုင္ပါတယ္။ ဒီလိုစိတ္မသက္သာမႈကို ခံစားရတဲ့အခါ သင့္ရဲ႕လက္အမူအယာ၊ အျခားအရာေတြကို
ၾကည့္ၿပီးအာ႐ံုလႊဲပါ။ ဒါေပမယ့္ ေခတၱခဏပဲ ျဖစ္ပါေစ။

၃။ အျခားသူရဲ႕ဖက္ကို ေခါင္းတိမ္းေပးပါ
သိပၸံပညာရဲ႕အယအဆအရ ယခုကဲ့သို႔ေခါင္းတိုးေပးျခင္းဟာ ရန္မလိုတဲ့အတြက္ ေမ့ေၾကာနဲ႔ေသြးလႊတ္ေၾကာကို အျခားသူဖက္သို႔ တိုးေပးထားျခင္း ျဖစ္စဥ္ကေန စဥ့္ကဲေျပာင္းလဲလာတဲ့ အမူအယာအျဖစ္ ယူဆၾကပါတယ္။ တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ဦးေႏွာက္က နက္နဲလွပါတယ္။ တစ္စံုတစ္ေယာက္နဲ႔ စကားေျပာတဲ့အခါ ယခုလိုသူကေခါင္းထိုးေပးၿပီး နားေထာင္ျခင္းျဖင့္ ပိုမိုစိတ္မွာ သက္ေတာင့္သက္သာ ျဖစ္သလို ခံစားရပါတယ္။ ဒါေပမယ့္ ေခါင္းတိမ္းညႊတ္တဲ့အခါ အရမ္းမမ်ားေစပဲ ညင္သာရပါမယ္။ ဒီလိုအမူအယာကို အစဥ္အျမဲျပဳလုပ္ျခင္းျဖင့္ လူေတြႏွစ္သက္တဲ့ လူတစ္ေယာက္ ျဖစ္လာလိမ့္မယ္လို႔ ယံုၾကည္မိပါတယ္။

၄။ အျခားသူေတြ စိတ္၀င္စားေစမယ့္ အေၾကာင္းအရာေတြကို ေျပာဆိုေပးပါ
တကယ္လို႔လူေတြႏွစ္သက္သူတစ္ေယာက္ ျဖစ္ခ်င္ရင္ သူတို႔ေတြရဲ႕အေၾကာင္းကို စိတ္၀င္စားရပါမယ္။ ဒါေၾကာင့္သူတို႔နဲ႔ပတ္သတ္တဲ့ အေၾကာင္းေတြ၊ ၀ါသနာ၊ ေမြးေန႔ စတဲ့အခ်က္ေလးေတြကို သင္ကေလ့လာထားပါ။ တခါတစ္ေလမွာ သူတို႔တဲ့ပတ္သတ္တဲ့ အမွတ္တရေလးတစ္ခုကို သင္ကမွတ္မိေနတဲ့အခါမ်ိဳးမွာ သူတို႔အတြက္ ႏွစ္ဆေပ်ာ္ရြင္ရပါတယ္။ လူေတြဟာ သူတို႔ရဲ႕နာမည္ေတြကို သူတို႔ျပန္ၾကားရျခင္းကိုလည္း ႏွစ္သက္တတ္ပါတယ္။ ဒါေၾကာင့္ စကားေျပာတဲ့အခါ သူတို႔ရဲ႕နာမည္ေတြကို ေခၚၿပီးေျပာေပးပါ။ သူတို႔ထင္မထားပဲနဲ႕ သူတို႔နဲ႔ပတ္သတ္တာကို သင္ကသိေနတဲ့အခါ သင္အမွတ္ေတြ အမ်ားႀကီးရပါလိမ့္မယ္။ ဥပမာ- ေမြးေန႔မွာဆုေတာင္းေပးျခင္း၊ လက္ေဆာင္ေပးျခင္း မ်ိဳးေတြက လူေတြသင့္ကိုပိုမိုႏွစ္သက္ေစပါတယ္။

၅။ သင့္ရဲ႕ဟာသဥာဏ္ကို အသံုးျပဳပါ
သင့္မွာ ကိုယ္ပိုင္အခြင့္အေရးတစ္ခု ရွိပါတယ္၊ အဲဒီ့အရာကို အသံုးခ်ပါ။ တကယ္လို႔ လူေတြရယ္ေအာင္လုပ္ႏိုင္တဲ့အခါ သင္ေအာင္ျမင္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ အျခားသူေတြရဲ႕ အားနည္းခ်က္ကို ပ်က္လံုးထုတ္ျခင္းမ်ိဳးကို ေရွာင္က်ဥ္သင့္ၿပီး သင့္ရဲ႕ပ်က္လံုးက သင့္ေလွ်ာ္ရပါမယ္။ တကယ့္လို႔ သင့္ကိုယ္သင္ ဟာသဥာဏ္မရွိသူတစ္ေယာက္အျဖစ္ထင္မွတ္ပါသလား။ ဒီအတြက္စိတ္ပူစရာ မလိုသလို အတင္းအက်ပ္ ဟာသေတြ ဖန္တီးဖို႔လည္း မလိုအပ္ပါဘူး။ တစ္ခါတစ္ေလ ဟာသဥာဏ္ရွိျခင္းဟာ ပါရမီတစ္ခုျဖစ္ၿပီးေတာ့ လူေတြကိုဆြဲေဆာင္ႏိုင္တဲ့ အေကာင္းဆံုးလက္နက္တစ္ခုျဖစ္ပါတယ္။

၆။ ကိုယ့္ကိုကိုယ္ႏွစ္သက္ပါ
သင့္ကိုယ္သင္ေတာင္မွ မႏွစ္သက္ဘူးဆိုရင္ေတာ့ အျခားသူေတြသင့္ကို ႏွစ္သက္ဖို႔ ေမွ်ာ္လင့္ေနလို႔ မရေတာ့ပါဘူး။ လူေတြရဲ႕ အတြင္းပိုင္းက အဆိုးျမင္စိတ္ထားေတြဟာ တစ္ေန႔ထက္တစ္ေန႔ အျခားသူေတြ ျမင္လာတတ္တဲ့ သေဘာရွိပါတယ္။ သင္ဟာအရမ္းကို ေကာင္းမြန္ပါတယ္။ သင့္ကိုယ္သင္ခ်စ္ဖို႔ႀကိဳးစားပါ။ တစ္စံုတစ္ေယာက္ကို သင့္ကိုယ္သင္မႏွစ္သက္ေၾကာင္း ဘယ့္ေတာ့မွသိေအာင္ မျပဳလုပ္ပါနဲ႔။
သင့္မွာဘယ္လိုအေျခအေနပဲရွိရွိ သင့္ကိုယ္သင္ႏွစ္သက္ျခင္းေၾကာင့္ သင့္ရဲ႕အေကာင္းျမင္စိတ္ထားဟာ အျခားသူေတြကိုပါ သံလိုက္လိုဆြဲငင္ၿပီး သင့္ကိုသူတို႔ေတြ ႏွစ္သက္လာပါလိမ့္မယ္။ ဘယ္သူမွသင့္ဖက္မွာ မရွိဘူးလို႔လည္း ဘယ္ေတာ့မွ မေတြးပါနဲ႔ အရာအားလံုးဟာ ထာ၀ရမဆိုးရြားႏိုင္သလို ေမွ်ာ္လင့္ခ်က္ဆိုတာဟာလည္း ေသဆံုးသြားမယ့္ အရာတစ္ခု မဟုတ္ပါဘူး။ လူေတြသင့္ကို ပိုမိုႏွစ္သက္လာပါလိမ့္မယ္။


#LM_Naung_Naung
Ref-wikiHow
#Lifestyle_Myanmar

မိဘေတြ အုပ္ထိန္းမႈလြန္ကဲျခင္း အမွားမ်ားႏွင့္ ကေလးေတြရဲ႕ အနာဂတ္


Unicode

လူတွေသင့်ကို ပိုပြီးနှစ်သက်လာေအောင် ဘယ်လိုလုပ်ဆောင်သင့်လဲ

လူတိုင်းရဲ့ နှစ်သက်မှုကို ရရှိသူဆိုတာ မရှိပါဘူး၊ ဒါပေမယ့် သင့်ရဲ့လူမှုပတ်ဝန်းကျင်နဲ့ အလုပ်မှာတော့ လူတိုင်းနှစ်သက်အောင် လုပ်ဆောင်ဖို့ဟာအခြာသင့်အတွက် အရေးကြီးပါတယ်။ လူတွေဟာ သာမာန်အားဖြင့် သူတို့စိတ်ဝင်စားတဲ့အခါ နဲ့ သူတို့ရဲ့ဘဝအတွက် အကျိုးရှိမယ်ထင်တဲ့ အရာတွေကို ပြုလုပ်ပေးသူဆို နှစ်သက်ကြပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းကိုဆွဲဆောင်နိုင်စေတဲ့ ရိုးရှင်းတဲ့အပြုအမူလေးတွေရှိပါတယ်။

၁။ အပြုံး
လူတွေနှစ်သက်စေဖို့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခုက စစ်မှန်စွာပြံုးခြင်း ဖြစ်ပါတယ်။ ပျော်ရွင်မှုဆိုတဲ့ အရာဟာကူးစက်တတ်တဲ့ သဘောရှိတာကြောင့် လူတွေကိုစိတ်ပါလက်ပါနဲ့ ပြံုးပြတဲ့အခါ အံ့သြဖွယ်ကောင်းတဲ့ အရာတွေကို သင်လက်တွေ့ကြံုရပါလိမ့်မယ်။ ပြံုးခြင်းဟာ မင်္ဂလာရှိတဲ့အပြုအမူအဖြစ် လူအားလုံးကမှတ်ယူထားကြပြီး ပြံုးပြခံရသူမှာလည်း ပျော်ရွင်မှုသေးသေးလေးကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ပြံုးပြခြင်းကြောင့် အသက်ဘေးကလွတ်ကင်းခဲ့ရတဲ့ သာဓကတွေလည်း ကြားဖူးခဲ့ပါတယ်။ ဒါပေမယ့် တမင်လုပ်ယူပြီး ဟန်ဆောင်အပြံုးမျိုးဆိုရင်တော့ လူတွေကရိပ်မိတတ်ပါလိမ့်မယ်။ သင့်ရဲ့လူမှုပတ်ဝန်းကျင်နဲ့၊ အလုပ်မှာ လူတွေကို အကောင်းဆုံးစည်းရုံးနိုင်ဖို့အတွက် လူတိုင်းကိုစိတ်ထဲက နှစ်နှစ်ကာကာပြံုးပြပါ။ သင်ကိုလူတွေ ပိုမိုခင်မင်လာပါလိမ့်မယ်။

၂။ မျက်လုံးနဲ့ ဆက်သွယ်ခြင်း
မျက်လုံးခြင်းဆက်သွယ်ခြင်းဟာလည်း တစ်စုံတစ်ယောက်ရဲ့ အာရုံစူးစိုက်မှုကို သိရှိစေနိုင်တဲ့ အလွယ်ကူဆုံးနည်း တစ်ခုဖြစ်ပါတယ်။ သင်ဇာတ်ကားကို စိတ်ဝင်စားတဲ့အခါ မျက်လုံးနဲ့ကြည့်ပါလိမ့်မယ်။ ဒါဟာအာရုံစူးစိုက်မှုဖြစ်ပြီးတော့ လူတွေနဲ့ဆက်သွယ်တဲ့အခါမှာ သဘာဝကျဖို့လည်း လိုအပ်ပါတယ်။ စကားပြောတဲ့အခါ မျက်လုံးခြင်းစုံမှုနည်းပါးခြင်းကို တချို့က ရိုင်းစိုင်းခြင်းလို့ သတ်မှတ်ကြပါတယ်။
ဒါကြောင့် စကားပြောတဲ့အခါ သက်တောင့်သက်သာအနေအထားနဲ့ မျက်လုံးခြင်းဆုံပြီး စကားပြောပါ။ စကားပြောတဲ့အခါတိုင်း မျက်လုံးကိုမလွှဲထားပါနဲ့။ လူတွေကသင့်ကို တမျိုးထင်စေနိုင်ပါတယ်။ ဒါပေမယ့် မျက်လုံးချင်းအရမ်းဆုံအောင် ကြိုးစားပြန်ရင်လည်း တဖက်လူမှာ စိတ်မသက်သာခြင်းကို ခံစားရနိုင်ပါတယ်။ ဒီလိုစိတ်မသက်သာမှုကို ခံစားရတဲ့အခါ သင့်ရဲ့လက်အမူအယာ၊ အခြားအရာတွေကို
ကြည့်ပြီးအာရုံလွှဲပါ။ ဒါပေမယ့် ခေတ္တခဏပဲ ဖြစ်ပါစေ။

၃။ အခြားသူရဲ့ဖက်ကို ခေါင်းတိမ်းပေးပါ
သိပ္ပံပညာရဲ့အယအဆအရ ယခုကဲ့သို့ခေါင်းတိုးပေးခြင်းဟာ ရန်မလိုတဲ့အတွက် မေ့ကြောနဲ့သွေးလွှတ်ကြောကို အခြားသူဖက်သို့ တိုးပေးထားခြင်း ဖြစ်စဉ်ကနေ စဉ့်ကဲပြောင်းလဲလာတဲ့ အမူအယာအဖြစ် ယူဆကြပါတယ်။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ဦးနှောက်က နက်နဲလှပါတယ်။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါ ယခုလိုသူကခေါင်းထိုးပေးပြီး နားထောင်ခြင်းဖြင့် ပိုမိုစိတ်မှာ သက်တောင့်သက်သာ ဖြစ်သလို ခံစားရပါတယ်။ ဒါပေမယ့် ခေါင်းတိမ်းညွှတ်တဲ့အခါ အရမ်းမများစေပဲ ညင်သာရပါမယ်။ ဒီလိုအမူအယာကို အစဉ်အမြဲပြုလုပ်ခြင်းဖြင့် လူတွေနှစ်သက်တဲ့ လူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

၄။ အခြားသူတွေ စိတ်ဝင်စားစေမယ့် အကြောင်းအရာတွေကို ပြောဆိုပေးပါ
တကယ်လို့လူတွေနှစ်သက်သူတစ်ယောက် ဖြစ်ချင်ရင် သူတို့တွေရဲ့အကြောင်းကို စိတ်ဝင်စားရပါမယ်။ ဒါကြောင့်သူတို့နဲ့ပတ်သတ်တဲ့ အကြောင်းတွေ၊ ၀ါသနာ၊ မွေးနေ့ စတဲ့အချက်လေးတွေကို သင်ကလေ့လာထားပါ။ တခါတစ်လေမှာ သူတို့တဲ့ပတ်သတ်တဲ့ အမှတ်တရလေးတစ်ခုကို သင်ကမှတ်မိနေတဲ့အခါမျိုးမှာ သူတို့အတွက် နှစ်ဆပျော်ရွင်ရပါတယ်။ လူတွေဟာ သူတို့ရဲ့နာမည်တွေကို သူတို့ပြန်ကြားရခြင်းကိုလည်း နှစ်သက်တတ်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ သူတို့ရဲ့နာမည်တွေကို ခေါ်ပြီးပြောပေးပါ။ သူတို့ထင်မထားပဲနဲ့ သူတို့နဲ့ပတ်သတ်တာကို သင်ကသိနေတဲ့အခါ သင်အမှတ်တွေ အများကြီးရပါလိမ့်မယ်။ ဥပမာ- မွေးနေ့မှာဆုတောင်းပေးခြင်း၊ လက်ဆောင်ပေးခြင်း မျိုးတွေက လူတွေသင့်ကိုပိုမိုနှစ်သက်စေပါတယ်။

၅။ သင့်ရဲ့ဟာသဉာဏ်ကို အသုံးပြုပါ
သင့်မှာ ကိုယ်ပိုင်အခွင့်အရေးတစ်ခု ရှိပါတယ်၊ အဲဒီ့အရာကို အသုံးချပါ။ တကယ်လို့ လူတွေရယ်အောင်လုပ်နိုင်တဲ့အခါ သင်အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခြားသူတွေရဲ့ အားနည်းချက်ကို ပျက်လုံးထုတ်ခြင်းမျိုးကို ရှောင်ကျဉ်သင့်ပြီး သင့်ရဲ့ပျက်လုံးက သင့်လျှော်ရပါမယ်။ တကယ့်လို့ သင့်ကိုယ်သင် ဟာသဉာဏ်မရှိသူတစ်ယောက်အဖြစ်ထင်မှတ်ပါသလား။ ဒီအတွက်စိတ်ပူစရာ မလိုသလို အတင်းအကျပ် ဟာသတွေ ဖန်တီးဖို့လည်း မလိုအပ်ပါဘူး။ တစ်ခါတစ်လေ ဟာသဉာဏ်ရှိခြင်းဟာ ပါရမီတစ်ခုဖြစ်ပြီးတော့ လူတွေကိုဆွဲဆောင်နိုင်တဲ့ အကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။

၆။ ကိုယ့်ကိုကိုယ်နှစ်သက်ပါ
သင့်ကိုယ်သင်တောင်မှ မနှစ်သက်ဘူးဆိုရင်တော့ အခြားသူတွေသင့်ကို နှစ်သက်ဖို့ မျှော်လင့်နေလို့ မရတော့ပါဘူး။ လူတွေရဲ့ အတွင်းပိုင်းက အဆိုးမြင်စိတ်ထားတွေဟာ တစ်နေ့ထက်တစ်နေ့ အခြားသူတွေ မြင်လာတတ်တဲ့ သဘောရှိပါတယ်။ သင်ဟာအရမ်းကို ကောင်းမွန်ပါတယ်။ သင့်ကိုယ်သင်ချစ်ဖို့ကြိုးစားပါ။ တစ်စုံတစ်ယောက်ကို သင့်ကိုယ်သင်မနှစ်သက်ကြောင်း ဘယ့်တော့မှသိအောင် မပြုလုပ်ပါနဲ့။
သင့်မှာဘယ်လိုအခြေအနေပဲရှိရှိ သင့်ကိုယ်သင်နှစ်သက်ခြင်းကြောင့် သင့်ရဲ့အကောင်းမြင်စိတ်ထားဟာ အခြားသူတွေကိုပါ သံလိုက်လိုဆွဲငင်ပြီး သင့်ကိုသူတို့တွေ နှစ်သက်လာပါလိမ့်မယ်။ ဘယ်သူမှသင့်ဖက်မှာ မရှိဘူးလို့လည်း ဘယ်တော့မှ မတွေးပါနဲ့ အရာအားလုံးဟာ ထာဝရမဆိုးရွားနိုင်သလို မျှော်လင့်ချက်ဆိုတာဟာလည်း သေဆုံးသွားမယ့် အရာတစ်ခု မဟုတ်ပါဘူး။ လူတွေသင့်ကို ပိုမိုနှစ်သက်လာပါလိမ့်မယ်။
#LM_Naung_Naung
Ref-wikiHow
#Lifestyle_Myanmar

 

LEAVE A REPLY

Please enter your comment!
Please enter your name here