ကလေးရှိတဲ့ မိဘတိုင်းအတွက် လုံးဝအဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးတွေ

0
13

ကလေးထိန်းခြင်းအလုပ်ဟာလည်း လူတိုင်းကြုံကြရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ သင့်ကလေးတွေကို ရေချိုးပေးတဲ့အခါ အော်ဟစ်ဆူညံနေတတ်သလို၊ အိမ်နံရံမှာ ပုံတွေလျှောက်ဆွဲရင်လည်း စိတ်ညစ်ရပါလိမ့်မယ်။ ဆေးတိုက်တဲ့အခါတွေမှာ အချိန်အတော်ကြာအောင် ချော့မော့နေရတဲ့ အတွေ့အကြုံတွေကိုလည်း ကလေးမိဘတွေ ကြုံတွေ့ရမှာဖြစ်သလို သူတို့ကိုအလစ်ပေးလိုက်တဲ့အခါမှာလည်း အိမ်ကပစ္စည်းတွေ အလေအလွင့်ဖြစ်အောင် ဆော့ကစားပစ်တတ်ပါသေးတယ်။ ဒီလိုအခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် ဥာဏ်ကြီးရှင်မိဘတွေရဲ့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

၁။ ဆေးသောက်ရမှာကို မုန်းတဲ့သင့်ကလေးအတွက် စိတ်ဓာတ်မကျပါနဲ့ ယခုနည်းလေးအတိုင်းဆေးတိုက်လိုက်ပါ။

၂။ ရေချိုးရမှာကြောက်တဲ့ ညစ်ပတ်အိုးလေးတွေကိုတော့ သူတို့အလုပ်များနေအောင် အာရုံလွှဲထားပါ။ သူတို့ကိုရေဇလုံထဲမှာ ရေချိုးပေးတဲ့အခါတိုင်း သူတို့နှစ်သက်တဲ့ပလပ်စတစ် အရုပ်လေးတွေ ဇလုံထဲထည့်ထားပေးနိုင်ပါတယ်။ ဒီနည်းလမ်းနဲ့ သူတို့ကိုရေချိုးပေးနိုင်မှာပါ။

၃။ နံရံပေါ်လိုက်ဆွဲတတ်တဲ့ ပန်ချီဆရာပေါက်စလေးတွေအတွက် အော်တိုမက်တစ်ကင်းပတ်လေးတခု ဖန်တီးပေးနိုင်ပါတယ်။ အိမ်နံရံမညစ်ပတ်ဖို့နဲ့ သူတို့ရဲ့ ပုံဆွဲစကေးတွေတက်လာစေဖို့ ကတ္တူစက္ကူအကြမ်းတလိပ်က ကူညီပေးနိုင်ပါတယ်။


၎။ အဆော့မက်တဲ့ သင့်ကလေးရဲ့ရန်က အိမ်သာသုံးတစ်ရှုးတွေကိုကယ်တင်ဖို့ သားရေကွင်းက ကာကွယ်ပေးနိုင်ပါလိမ့်မယ်။


၅။ ခေါင်မိုးမှာ တန်းမရှိလို့ ပုခက်လုပ်ပေးဖို့ စိတ်ညစ်မနေပါနဲ့ စားပွဲခုံတစ်လုံးရှိရုံနဲ့ အဆင်ပြေနိုင်ပါတယ်။


၆။ တစ်ခါတစ်လေ သင်အိမ်မှာဝေယျာဝစ္စတွေ လုပ်စရာရှိတဲ့အခါတွေမှာ သင့်ကလေးကိုလည်း အလုပ်ပေးထားမှ သင်ကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။ ဒီအတွက်ကတော့ ရေပုံးတစ်ပုံးရယ် ဆေးသုတ်တဲ့စုတ်တံတစ်ချောင်းရယ် သူတို့ကိုပေးပြီး ခြံစည်းရိုးလှလှလေးဖြစ်အောင် ဆေးအမှတ်နဲ့သုတ်ခိုင်းပါ။ သူတို့လုပ်ဆောင်ချက်ကို ချီးကျူးဖို့မမေ့ပါနဲ့၊ သူတို့သဘောကျပါလိမ့်မယ်။


၇။ သူတို့ရဲ့အနုပညာဖန်တီးချက်တွေကို အားပေးတဲ့အနေနဲ့ သင့်အိမ်ကစက္ကူပုံးအလွတ်တွေကို 3D စတူရီယိုလေးတစ်ခုဖန်တီးပေးလိုက်ပါ။ ပုံးထဲမှာပဲ ပုံတွေဆွဲနေတော့ အပြင်မှာသူတို့မသောင်းကျန်းတော့ဘူးပေါ့။


၈။ အိမ်မှာ DVD အခွေကာဗာတွေရှိခဲ့ရင် သူတို့အတွက် ရောင်စုံခဲတံသိမ်းတဲ့ ဘူးလေးတစ်ခုဖန်တီးပေးလို့ရပါတယ်။ သူတို့တွေ အကြိုက်တွေ့မှာပါ။


၉။ Gamer အဖေတွေကလေးထိန်းဖို့ အကောင်းဆုံးနည်းလေးက သူတို့အတွက်ဂိမ်းခလုတ် အပိုတစ်ခုလောက် ပေးထားလိုက်ပါ။ သူတို့ကိုယ်တိုင် ဂိမ်းဆော့နေရသလိုပျော်ရွင်နေတဲ့အတွက် သင်လည်းစိတ်ချမ်းချမ်းသာသာနဲ့ ဂိမ်းဆော့နိုင်ပါလိမ့်မယ်။


၁၀။ ကားတွေကိုချစ်တဲ့ ကားခရေစီသင့်ကလေးအတွက် Multi-Level ကားပါကင်လေးတစ်ခု ပြုလုပ်ပေးလိုက်ပါ။ အိမ်သာသုံးတစ်ရှုးမှာပါတဲ့ စက္ကူအလိပ်လေးတွေကို ကားပါကင်နေရာအဖြစ်အသုံးပြုနိုင်ပါတယ်။


၁၁။ အဆော့မက်တဲ့သင့်ကလေးတွေကို ကစားကွင်းလိုက်မပို့ပေးနိုင်တဲ့အခါ ကတ္တူစက္ကူပုံးခွံတွေသုံးပြီး ယခုလို လှေကားမှာ slide လေးတစ်ခု ဖန်တီးပေးနိုင်ပါတယ်။


၁၂။ သင့်ကလေး မှန်မှန်နဲ့မြန်မြန် ခဲတံကောင်းကောင်းကိုင်နိုင်ပြီး စာရေးတတ်စေဖို့ ယခုလိုနည်းလမ်းလေးနဲ့ သင်ကြားပေးနိုင်ပါတယ်။

#LM_Naung_Naung

Source- lifehack, Pinterest, Parenting hack

#Lifestyle_Myanmar

တစ်ယောက်တည်းနေထိုင်ခြင်းရဲ့ ပျော်ရွှင်စရာအချိန်

LEAVE A REPLY

Please enter your comment!
Please enter your name here