• Home
  • Lifestyle
  • Health & Beauty
  • ရက်၃၀အတွင်းမှာ မျက်တောင်ရှည်ရှည်လေးတွေ ပိုင်ဆိုင်စေဖို့ နည်းလမ်းလေးတွေ
Health & Beauty

ရက်၃၀အတွင်းမှာ မျက်တောင်ရှည်ရှည်လေးတွေ ပိုင်ဆိုင်စေဖို့ နည်းလမ်းလေးတွေ

မျက်တောင်ရှည်ရှည်လေးတွေ

မျက်ဝန်းအလှမှာ မျက်တောင်ရှည်ရှည်လေးတွေ ရှိမှလည်း ပြီးပြည့်စုံမှာပါ။ တချို့မျက်တောင်ပါးလို့ မျက်တောင်အတုတပ်တာ ၊ မျက်တောင်ကော့ဆေးသုံးတာ ပြုလုပ်ပေမယ့် ထိန်းသိမ်းမှုမမှန်ကန်ရင် နဂိုမျက်တောင်တွေကိုပါ ပျက်စီးစေပါတယ်။ မျက်တောင်မွှေးသန်စွမ်းဖို့အတွက် မျက်တောင်မပျက်စီးစေတဲ့ နည်းလမ်းကောင်းလေးတွေ ရှာတွေ့ထားပါတယ်။ ဒါ့ကြောင့် မျက်တောင် ရှည်ရှည်လေး ပိုင်ဆိုင်ချင်တဲ့ Lifestyle Myanmar ပရိတ်သတ်ကြီးအတွက် ဈေးကြီးတဲ့ အလှပြင်ဆိုင်က လုပ်ထုံးလုပ်နည်းတွေ မသုံးဘဲ မျက်တောင်သန်စွမ်းစေဖို့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

၁။ မျက်တောင်တွေကို ဖြီးပေးခြင်း
မျက်တောင်ဖြီးခြင်းက မျက်တောင်မွှေးတွေ သန်စွမ်းမှုကို လှုံ့ဆော်ပေးပြီး သွေးစီးဆင်းမှုကို တိုးတတ်ကောင်းမွန်စေပါတယ်။
အထူးဘရပ် သို့မဟုတ် မျက်တောင်ကော့ဆေးဘူးအဟောင်းက ဘရပ်တစ်ခုကို သေချာဆေးကြောပြီး အသုံးပြုပါ။ ဗီတာမင်E အစက်အနည်းငယ်ကိုအသုံးပြုပြီး တစ်နေ့ကို နှစ်ကြိမ် ၅မိနစ်ခန့် ဒီနည်းလမ်းနဲ့ သင့်မျက်တောင်တွေကို ဖြီးပေးပါ။


၂။ ဆီများ
Castor၊ အုန်းဆီ၊ သံလွင်ဆီတွေမှာ ဖက်တီးအက်ဆစ်များ ပါဝင်တာကြောင့် မျက်တောင်များကို ကျန်းမာစွာ ထိန်းသိမ်းပေးပြီး folliclesကို အာဟာရထောက်ပံ့ပေးပါတယ်။

သန့်ရှင်းတဲ့ ဘရပ် သို့မဟုတ် သင့်လက်ချောင်းထိပ်ပေါ်မှာ ဆီအစက်တင်ပြီး အိပ်ရာမ၀င်ခင် သင့်မျက်တောင်တွေကို လိမ်းပေးပါ။ ဆီတစ်မျိုးတည်းကို အသုံးပြုလို့ရသလို ပေါင်းစပ်ပြီးလည်း သုံးနိုင်ပါတယ်။

၃။ Petroleum jelly
Petroleum jelly သည် ခြောက်သွေ့နေတဲ့ မျက်တောင်တွေကို အစိုဓါတ်နှင့် နူးညံ့မှုကို ပေးပါတယ်။
အိပ်ရာမ၀င်ခင် မျက်တောင်တွေကို လက်ချောင်းထိပ်နှင့် ဒါမှမဟုတ် ဘရပ်တစ်ခုနှင့်အတူ Petroleum jellyအနည်းငယ်ကိုယူပြီး ဂရုတစိုက်လိမ်းပေးပါ။ မျက်လုံးထဲမ၀င်အောင် ဂရုစိုက်ပါ။ မနက်ခင်းမှ သင့်မျက်နှာကို ဆေးကြောပေးပါ။


၎။ ကောင်းမွန်တဲ့ အာဟာရ
ဗီတာမင်ချို့တဲ့ခြင်းက ဆံပင်နှင့် မျက်တောင်တွေကို ကျွတ်စေပါတယ်။
ဗီတာမင်၊ ပရိုတင်းဓါတ်နှင့် ဖက်တီးအက်ဆစ်ကြွယ်ဝသော အခွံမာသီး ၊ အသားများ၊ငါး၊ ဥများ၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ စတဲ့အစားအစာများကို စားပါ။


၅။ လက်ဖက်စိမ်း
လက်ဖက်စိမ်းမှာ ဗီတာမင်နှင့် အင်တီအောက်ဆီဒင့်များ ပါဝင်ပြီး ဆံပင်ကျွတ်ခြင်း ကုသမှုနှင့် အလှကုန်တွေမှာ အသုံးပြုကြတာကြောင့် ဖြစ်ပါတယ်။
Green Tea တစ်ခွက်ကို အအေးခံပြီး တစ်နေ့ကို နှစ်ကြိမ် သင့်မျက်တောင်တွေကို ၀ါဂွမ်း Padတစ်ခုနှင့် လိမ်းပေးပါ။


၆။ ရှားစောင်းလပ်ပတ်
ရှားစောင်းဖျော်ရည်နှင့် ရှားစောင်းလပ်ပတ်အနှစ်က ဆံပင်တွေကို အားကောင်းစေပြီး အာဟာရတွေ ရရှိစေပါတယ်။
လတ်ဆတ်တဲ့ ရှားစောင်းအရွက်တစ်ခုကို ယူပြီး အရည်အနည်းငယ်ညှစ်ပါ။ သင့်မျက်တောင်တွေကို လိမ်းပေးပါ။ တစ်ညလောက်ထားပြီး မနက်ခင်းမှ မျက်နှာသစ်ပေးပါ။ အကျိုးသက်ရောက်မှုကောင်းစေဖို့ သံလွင်ဆီ တစ်ခုခုကို ရှားစောင်းအရည်နှင့် ရောလိမ်းလို့ရပါတယ်။ ကျွန်မကတော့ ထောလပတ်ရွက်ကို အရည်ညှစ်ပြီး လိမ်းဘူးပါတယ်။ ဒါကလည်း နည်းလမ်းကောင်းတစ်ခုပါ။


၇။ နှိပ်နယ်ပေးပါ
နှိပ်ခြင်းက သူတို့သန်စွမ်းမှုကို လှုံ့ဆော်ပေးပြီး မျက်တောင်အာဟာရကို တိုးတတ်ကောင်းမွန်စေပါတယ်
သင့်လက်ကို ပထမဆုံးဆေးကြောပါ။ သင့်လက်ချောင်းများနဲ့ အုန်းဆီ သို့မဟုတ် သံလွင်ဆီ အစက်အနည်းငယ်တို့ပြီး လိမ်ပေးပါ။ သင့်မျက်ခမ်းများနှင့် မျက်တောင်တွေကို ၅မိနစ်လောက် နှိပ်ပေးပါ။ တစ်ပတ်ကို အကြိမ်များစွာ ဒီနည်းလမ်းအတိုင်း ပြုလုပ်ပေးပါ။


၈။ ကြက်ဥ Mask
ကြက်ဥမှာ ဗီတာမင် ဘီအုပ်စုနှင့် ဓါတ်တွေ ပါဝင်တာကြောင့် မျက်တောင်ကျွတ်ခြင်းကို တားဆီးပေးပြီး မျက်တောင်မွှေးတွေကို အားကောင်းလာစေပါတယ်။
ကြက်ဥတစ်လုံးနှင့် ဂရစ်ဆလင်း စားပွဲတင်ဇွန်း ၁ဇွန်းကို ရောပါ။ သင့်မျက်တောင်တွေကို လိမ်းပေးပါ။ တစ်ပတ်ကို သုံးကြိမ် လပေါင်းများစွာ ပြုလုပ်ပေးပါ။


၉။ သန့်ရှင်းခြင်း
မအိပ်ခင်မှာ မျက်တောင်တွေပေါ်က မျက်တောင်ကော့ဆေးတွေကို သန့်ရှင်းပါ။ သင့်မျက်တောင်တွေက ခေါင်းအုန်းနဲ့ထိလျှင် ပျက်စီးနိုင်ပါတယ်။
မိတ်ကပ်တွေကို သေချာစွာ ဖယ်ရှားပါ။ Cleanser ကောင်းကောင်း၊ ဒါမှမဟုတ် သံလွင်ဆီသုံးပြီး ဖယ်ရှားပါ။


၁၀။ မိတ်ကပ်မလိမ်းချိန်
ရေစိုခံလိုမျိုး မျက်တောင်ကော့ဆေးအချို့မှာ ပါဝင်တဲ့အစိတ်အပိုင်းများက မျက်တောင်ကို ခြောက်သွေ့ပျက်စီးလွယ်စေပါတယ်။
အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ် သင့်မျက်လုံးတွေကို နည်းနည်းအနားပေးပါ။ မျက်စိရောဂါ ကူးစက်မှုေ၇ှာင်ရှားနိုင်အောင် ၃လ- ၆လတိုင်း မျက်တောင်ကော့ဆေးအဟောင်းကို စွန့်ပစ်ပါ။


အကြံပေးချက်အနည်းငယ်
သင့်မျက်တောင်တွေပေါ်မှာ မဆွဲပါနဲ့။ မိန်းကလေးများစွာက မျက်တောင်ကော့ကိရိယာနဲ့ ညှပ်နေစဉ်အတွင်း မရည်ရွယ်ဘဲ ဆွဲတတ်ကြပါတယ်။ မျက်တောင်အမြစ်များက မသန်မာတာကြောင့် အလွယ်တကူ ကျွတ်လွယ်တာကို သတိရပါ။
မျက်တောင်တွေ ပျက်စီးမှုကို ကာကွယ်ဖို့နေ့စဉ်ဂရူစိုက်ပါ။ တစ်နေ့ကို မျက်တောင်၎ခုထက်ဆုံးရှုံးလျှင် ဆရာဝန်နှင့်တိုင်ပင်ပြီး သိုင်းရွိုက်ဂလင်း ကိုစစ်ဆေးပါ။


#TB_Nandar
#Lifestyle_Myanmar
Source-trendingcube

Related posts

ခြေထောက်အနံဆိုးထွက်ခြင်းကို ပျောက်ကင်းစေမယ့် ရိုးရှင်းသော ကုစားမှု (၉) ခု

Nandar Lwin

သင့်အသားအရောင်ပေါ်မှုတည်ပြီး လိုက်ဖက်တဲ့ အောက်ခံမိတ်ကပ်ကို ရွေးချယ်တတ်စေဖို့

Nandar Lwin

လေထုညစ်ညမ်းမှုက အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ အန္တရာယ် မြင့်တက်စေနိုင်ဟု လေ့လာမှုဆို

OMCTC

Leave a Comment