31 C
Yangon
June 24, 2018
  • Home
  • News
  • လန်ဒန်မြို့မှာကျင်းပခဲ့တဲ့  “လူအသား” ဆန္ဒပြပွဲကို တရုတ်အင်တာနက်သုံးသူတွေက ရှုံ့ချ
News

လန်ဒန်မြို့မှာကျင်းပခဲ့တဲ့  “လူအသား” ဆန္ဒပြပွဲကို တရုတ်အင်တာနက်သုံးသူတွေက ရှုံ့ချ

သတ်သတ်စားသူများလို့ အမည်ရတဲ့အဖွဲ့အစည်းတစ်ခုဟာ လန်ဒန်မြို့ Trafalger Square မှာ လူသားတွေအသားစားသုံးမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါဆန္ဒပြပွဲတွင် ယင်းအဖွဲ့ဝင်တစ်ချို့ဟာ ခန္ဓာကိုယ်ပေါ်မှာသွေးအတုများလိမ်းကျံပြီး တစ်ကိုယ်လုံးကိုပလက်စတစ်ဖုံးအုပ်ကာ စူပါမားကပ်တွေမှာအသားတွေကို ထုတ်ပိုးရောင်းချသကဲ့သို့ သရုပ်ပြပြီး ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ဟာ အသားစားသူတွေကို မျိုးစိတ်ခွဲခြားသူ (Speciesism)ဟုသတ်မှတ်ပြီး အသားစားသူတွေဟာ တိရိစ္ဆာန်အခွင့်အရေး မသိသူများအဖြစ်သတ်မှတ်ကြပြီး သတ္တဝါအချင်းချင်း လေးစားဖို့ကိုလိုလားကြောင်းဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒုတိယမြောက် ကမ္ဘာ့အချမ်းသာဆုံး Amazon သူဋ္ဌေးကြီး Bezos

ဒီဆန္ဒပြပွဲသတင်းကို တရုတ်နိုင်ငံရဲ့ မီဒီယာတွေမှာ စိတ်လှုပ်ရှားဖွယ်ရာခေါင်းစဉ်နဲ့ နေရာတိုင်းကိုပစ်မှတ်ထားခဲ့ကြောင်းသိရပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာမှာအသားစားသုံးမှုအများဆုံးနဲ့ ၀က်သားထုတ်လုပ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

အဆိုပါဆန္ဒပြဗီဒီယိုရဲ့အောက်မှာ ဝေဖန်သူများစွာရှိခဲ့ပြီး တရုတ်နိုင်ငံသားတစ်ယောက် ပေးထားတဲ့ကွန်းမန့်တစ်ခုကို လူကြိုက်များခဲ့ပါတယ်။ သူက “ကျွန်တော်ဟာ အသီးအရွက်တွေကို အကာအကွယ်ပေးသူဖြစ်ပါတယ်။ အသီးအရွက်တွေဟာလည်း အခြားမျိုးစိတ်တစ်ခုဖြစ်တာကြောင့် သတ်သတ်လွတ်စားသူတွေ အနေနဲ့အသီးအရွက်တွေကို တောင်းပန်သင့်ပါတယ်” ဟုသူ့ရဲ့ကွန်းမန့်မှရေးထားပါတယ်။

နောက်တစ်ယောက်ကလည်း ” သတ်သတ်လွတ်စားသူတွေဟာ ဘာကြောင့်တခြားလူတွေကို အပြစ်လိုက်ရှာနေလည်းဆို နားမလည်ပါဘူး၊ တစ်ခြားလူတွေက သတ်သတ်လွတ်စားသူတွေကို အသားစားဖို့ တွန်းအားပေးမှာမဟုတ်ပါဘူးလို့ ရေးထားပါတယ်။ ” သူတို့တွေဟာ ရေတောင်မသောက်သင့်ပါဘူး၊ ရေထဲမှာလည်း ဘတ်တီးရီးယားပေါင်းများစွာ နေထိုင်ပါတယ်လို့ @Blannkie
ဆိုသူကဝေဖန်ထားပါတယ်။

Source-CGTN
#TB_naung_naung

Related posts

နာရေးကူညီမှုအသင်း ပရဟိတတက္ကသိုလ်ဖွင့်ရန် စီစဉ်

OMCTC

အင်ဒိုနီးရှားနိုင်ငံတွင် ထောင်ပေါင်းများစွာသော တက္ကစီသမားများ မြို့တော် ဂျကာတာ၌ ဆန္ဒပြနေ

OMCTC

တစ်နှစ်လျှင် ငါးတန်ချိန် တစ်သိန်းခန့်သာ ဖမ်းဆီးရန် သတ်မှတ်

OMCTC

Leave a Comment