25 C
Yangon
May 25, 2018
  • Home
  • Technology
  • ကမ္ဘာကျော်လျှပ်စစ်ပစ္စည်း များရဲ့ ဦးဆောင်သူဖြစ်လာတဲ့ Samsung
Technology Technology News

ကမ္ဘာကျော်လျှပ်စစ်ပစ္စည်း များရဲ့ ဦးဆောင်သူဖြစ်လာတဲ့ Samsung

ကမ္ဘာကျော် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဆမ်ဆောင်းဟာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်လာပါတယ်။ ဆမ်ဆောင်းဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းကို စမတ်ဖုန်း ပျှမ်းမျှ ၃၁၁ ဘီလီယံခန့်တင်ပို့နိုင်ခဲ့ပြီး Apple ရဲ့စမတ်ဖုန်းရောင်းချရမှုထက် ဘီလီယံ ၁၀၀ ကျော်ဈေးကွက်ကိုရောင်းချနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ Glaxy Note7 ရဲ့ မီးလောင်ပေါက်ကွဲမှုတွေကြောင့် Samsung ဟာ နစ်နာခဲ့ရပြီး ၎င်းပေါက်ကွဲမှုတွေကြောင့် ဒေါ်လာ ၅ ဘီလီယံကျော်ဆုံးရှုံးခဲ့ရပါတယ်။ ဆမ်ဆောင်းကုမ္ပဏီဟာ ၀န်ထမ်းပေါင်း ၃ သိန်းကျော်ဖြင့်ဖွဲ့စည်းထားပြီး ကိုရီးယားနိုင်ငံစီးပွားရေးရဲ့ ၁၅ ရာခိုင်နှုန်းခန့်ကို လွှမ်းမိုးထားပါတယ်။ ဒါဟာ နာမည်ကျော် Microsoft, Apple နဲ့ Alphabet (ဂူးဂဲလ်ရဲ့ မူလကုမ္ပဏီ) ထက်သာလွန်တဲ့ ၀န်ထမ်းအင်အားနဲ့ စီးပွားရေးဖွံဖြိုးမှုဖြစ်ပါတယ်။

Apple ရဲ့ ဝန်ထမ်းများ ကြိုပို့နိုင်ရန်အတွက် ဖယ်ရီကားတွင် မောင်းသူမဲ့ နည်းပညာထည့်သွင်း


ဆမ်ဆောင်းဟာ စမတ်ဖုန်းထက် TV နဲ့ အခြားလျှပ်စစ်ပစ္စည်းများကိုပိုမိုထုတ်လုပ်ခဲ့ပြီး ဆောက်လုပ်ရေးကုမ္ပဏီများ ဓါတုဗေဒလုပ်ငန်းများ၊ အပန်းဖြေပန်းခြံတွေနဲ့ အနုပညာပညာပြတိုက်လုပ်ငန်း များမှာပါ ရင်းနှီးမြှပ်နှံထားကြောင်းသိရပါတယ်။ အဆိုပါစီးပွားရေးလုပ်ငန်းများမှာ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး ၁၅% လောက်ကိုလွှမ်းမိုးထားပြီး တောင်ကိုရီးယားရဲ့ အာဏာအရှိဆုံး စီးပွားရေးလုပ်ငန်း
ရှင်ဖြစ်တဲ့ Samsung ကိုတည်ထောင်ခဲ့သူ လီကွန်ဟီးက ဥက္ကဌ ဖြစ်ကြောင်းသိရပါတယ်။

#TB_naung_naung
#Today_Bago_Technology

 

Related posts

Microsoft ၏ နောက်ဆုံးပေါ် operating system ကို အသုံးပြုသည့် ထုတ်ကုန် သန်း ၂၀၀ ခန့်ရှိလာ

OMCTC

Toyota က ၂၀၁၇ ခုနှစ်ထုတ် ကားအားလုံးနီးပါးတွင် အလိုအလျှောက် ဘရိတ်အုပ်သည့် စနစ်ကို ထည့်သွင်းမည်

OMCTC

အိုင်တီနည်းပညာနဲ့ ပေါင်းစပ်ထားပြီး အခြားခြေတု၊ လက်တုတွေထက် ၁၀ ပိုမိုမြန်ဆန်တဲ့ အီလက်ထရွန်နစ် လက်အတု

Kyaw Htike Aung

Leave a Comment