25 C
Yangon
May 25, 2018
  • Home
  • News
  • စတာလင်ပေါင် ၂.၅ သန်းတန်ဖိုးရှိ အိန္ဒိယနိုင်ငံက အကြီးဆုံးနွားထီးကြီး
International News News

စတာလင်ပေါင် ၂.၅ သန်းတန်ဖိုးရှိ အိန္ဒိယနိုင်ငံက အကြီးဆုံးနွားထီးကြီး

အိန္ဒိယနိုင်ငံမှာရှိတဲ့ အကြီးဆုံးနွားတစ်ကောင် ဟာအလေးချိန် တစ်တန်ခွဲကျော်ရှိပြီး ပေါင် ၂.၅ သန်းတန်ဖိုးရှိတယ်လို့သိရပါတယ်။ သူ့ရဲ့နာမည်မှာ စူလတန်လို့အမည်ရပြီး ညတိုင်း ဝီစကီတစ်ပုလင်း သောက်တယ်လို့သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း ခြောက်ရုံအား FDA က ရက်အကန့်အသတ်မရှိ ပိတ်သိမ်း

စူလတန်ရဲ့သခင်ဖြစ်သူ နာရဏ်ကူးမားက စူလတန်ကိုမနက်တိုင်း ၅ကီလိုမီတာခန့်လမ်းလျှောက်စေပြီး ညနေခင်းရောက်တိုင်း ဝီစကီတစ်လုံး တိုက်ပါတယ်လို့သူကပြောပါတယ်။ စူလတန်ဟာ ဒေါ်လာသုံးသန်းကျော်တန်ဖိုးရှိ ပြီး ပြိုင်ပွဲ ၇ ခုမှာပထမဆုရထားပါတယ်လို့ သူကဆက်ပြောပါတယ်။


စူလတန်ဟာနေ့စဉ်နေ့တိုင်း ပန်းသီး ၃၃ပေါင်၊ မုန်လာဥ ၄၄ပေါင်၊ အစေ့စိမ်း ၂၂ပေါင်၊နဲ့ နို့ဂါလံပေါင်းများစွာ ကျွေးရတယ်လို့သိရပါတယ်။ စူလတန်အတွက်ကုန်ကျစားရိတ်ဟာ သူ့ရဲ့သုတ်ရည်ကိုရောင်းရငွေနဲ့ ထေမိပါတယ်လို့ သူ့သခင်ကပြောပါတယ်။ စူလတန်ကိုထိန်းကြောင်းသူဖြစ်တဲ့ Lakhvir Singh ကတော့ စူလတန်ရဲ့သုတ်ရည်ကိုလိုချင်လို့ အနယ်နယ်အရပ်ရပ်ကလူတွေလာဝယ်ကြပြီး တစ်နှစ်ကိုပျှမ်းမျှ ဒေါ်လာ၁သန်းကျော်လောက်ရရှိတယ်လို့သိရပါတယ်။ စူလတန်ဟာနေ့တိုင်းဝီစကီသောက်သော်လည်း  သူကလေးတွေကတော့ မသောက်ကြပါဘူး သူတို့လည်းကျန်းမာကြပါတယ်လို့ သူကဆက်ပြောပါတယ်။

Source-NDT
#TB_naung_naung

Related posts

 ဖောက်သည်တွေကို ရောင်စုံရေသူမအမြီး ၀တဆင်စေတဲ့ ရေသူမကော်ဖီဆိုင်

Nandar Lwin

နေတိုး၏ ဆုံးဖြတ်ချက်ကြောင့် တူရကီက ဒုက္ခသည်များကို ဥရောပသို့ စေလွှတ်မည်ဟု ခြိမ်းခြောက်

OMCTC

ဆန်စပါးဝယ်ယူရေး မူဝါဒအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ကို စတင်စစ်ဆေး

OMCTC

Leave a Comment