34 C
Yangon
May 22, 2018
  • Home
  • News
  • ဒုတိယမြောက် ကမ္ဘာ့အချမ်းသာဆုံး Amazon သူဋ္ဌေးကြီး Bezos
Business News News

ဒုတိယမြောက် ကမ္ဘာ့အချမ်းသာဆုံး Amazon သူဋ္ဌေးကြီး Bezos

Amazon

ကမ္ဘာ့အကြီးဆုံး Amazon အွန်လိုင်းဈေးကွက်ကြီးကို တည်ထောင်သူ၊ CEO ဖြစ်သူ သူဋ္ဌေးကြီး Jeff Bezos ဟာပိုင်ဆိုင်မှု ဒေါ်လာ82 ဘီယံနာနဲ့ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးဖြစ်လာခဲ့ပါတယ်။ယနေ့သူ့ရဲ့ Amazon ဟာတစ်နှစ်ကို ဒေါ်လာ ၁၃၆ ဘီလီယံအထိစံချိန်တင်ရောင်းချနေရပါတယ်။ လွန်ခဲ့တဲ့ဇူလိုင်လကုန်လောက်က သူ့ရဲ့ Amazon ဝက်ဆိုဒ်ရှယ်ယာဈေးတွေတက်တာကြောင့်ကမ္ဘာ့အချမ်းသာဆုံးဖြစ်တဲ့ မိုက်ခရိုဆော့ဖ် သူဋ္ဌေးကြီး ဘေလ်ဂိတ်ကို ကျော်တက်ပြီး ကမ္ဘာအချမ်းသာဆုံးနေရာကို ၆ နာရီကြာရရှိခဲ့သူလည်းဖြစ်ပါတယ်။


Bezos ကို၁၉၆၄ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးမက်ဆီကိုမှာမွေးဖွားခဲ့ပါတယ်။ သူရဲ့ဇနီးဖြစ်သူ စာရေးဆရာမ Mac Kenzie Tuttle နဲ့ ၁၉၉၃ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။ Bezos ဟာ အသက်၎ နှစ်ကနေ ၁၆ နှစ်အထိနွေရာသီကျောင်းပတ်ရက်တွေမှာ သူရဲ့အဘိုးအဘွားတွေရဲ့လယ်ထဲမှာ နေထိုင်ခဲ့ပါတယ်။ လယ်ထဲမှာ လိုအပ်တာတွေလုပ်ကိုင်ပေးရင်း အပျက်အစီးတွေကို ပြင်တာနဲ့ နွားတွေကို သင်းကွပ်တာတွေကို လုပ်ခဲ့ရပါတယ်။ အားတဲ့အချိန်တွေမှာလည်း McDonald စားသောက်ဆိုင်မှာ အလုပ်လုပ်ခဲ့ပါတယ်။

Bezosဟာ  အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ရုံသာမက ကွန်ပြူတာ နှင့်လျှပ်စစ်အင်ဂျင်နီယာတစ်ယောက် လည်းဖြစ်ပါတယ်။ Bezos ဟာ ၂၀၀၈ ခုနှစ်မှာ Carnegie Mellon တက္ကသိုလ်ကပေးတဲ့ သိပ္ပံနှင့်နည်းပညာ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါတယ်။ ထို့နောက် US.News& World Report က အမေရိကရဲ့ အကောင်းဆုံးခေါင်းဆောင်တသ်ယောက်အဖြစ်ရွေးချယ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ ၂၀၁၁ခုနှစ်မှာ The Economist က Amazon Kindle အတွက် ဆန်းသစ်တီထွင်မှုဆုကို Bezos ကိုပေးခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ Fortune ရဲ့ စီးပွားရေးပညာရှင်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ National Retail အဖွဲ့ချုပ်က Bezos နှင့် သူ၏လုပ်ငန်းများ တာဝန်ထမ်းဆောင်ခဲ့သူများအား ရွှေတံဆိပ်ဆု ချီးမြင့်ခဲ့ပြီး Amazon ကို ရောင်းအားအကောင်းဆုပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၂ နှစ်က အွန်လိုင်းကတဆင့် စာအုပ်တွေ ရောင်းချခဲ့တဲ့ Bezos အနေနဲ့ ၇ နှစ်အတွင်း ဘေလ်ဂိတ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး သရဖူကို လုယူနိုင်တဲ့ ပထမဆုံးသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ကမ္ဘာ့အချမ်းသာဆုံး နံပါတ်တစ် စာရင်းမှာ လူခြောက်ဦးသာ ရပ်တည်နိုင်ခဲ့တယ်လို့ ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်း Forbes က ဆိုထားပါတယ်။


ဘီလျံနာ ဖြစ်လာခဲ့တာ နှစ် ၂၀ နီးပါး ရှိပြီဖြစ်တဲ့ Bezos ဟာ ၁၉၉၈ ခုနှစ်ထဲက သူ့ကုမ္ပဏီကို အများပြည်သူသို့ ရှယ်ယာများစတင်ရောင်းချခဲ့ပြီးနောက်မှာတော့ Forbes က ပြုစုတဲ့ ဘီလျံနာစာရင်းမှာ အသားတင်ကြွယ်ဝမှု ဒေါ်လာ ၁.၆ ဘီလီယံနဲ့ ပထမဆုံး စတင်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းနှစ်များမှာ ကြွယ်ဝမှုတွေ တိုးလာတဲ့သူဟာ ၂၀၀၇ ခုနှစ်မှာတော့ ဒေါ်လာ ၄.၄ ဘီလီယံထိ ကြွယ်ဝလာခဲ့ပါတယ်။ တဖြည်းဖြည်း ကြွယ်ဝမှုတွေ ဆက်တိုက်တက်လာခဲ့တဲ့သူဟာ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၁၈.၄ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၂၆ ကို ရောက်လာခဲ့ပါတယ်။Amazon ရဲ့ ရှယ်ယာ ၁၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ သူရဲ့ ကြွယ်ဝမှုဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာတင် ဒေါ်လာ ဘီလီယံ ၇၀ ထိ တဟုန်ထိုး တက်လာခဲ့ပြီး လက်တလော ၂ နှစ်အတွင်းမှာတင် ဒေါ်လာ ၄၅ ဘီလီယံ တိုးလာခဲ့တာဖြစ်ပါတယ်။


ယခုလို ကမ္ဘာ့အချမ်းသာဆုံးနံပါတတစ် ဖြစ်လာတဲ့ Bezos အနေနဲ့ သူ့ရဲ့ကြွယ်ဝချမ်းသာမှုနဲ့ ပတ်သတ်ပြီး လူသိရှင်ကြား ပြောဆိုမှုတွေတော့ သိပ်မရှိပါဘူး။ အခြား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလိုပဲ သူ့အနေနဲ့ ငွေကြေးချမ်းသာဖို့ထက် သူ့ရဲ့ ကမ္ဘာကြီးကို တစ်မျိုးတစ်ဖုံပြောင်းလဲလိုတဲ့ ဆန္ဒအပေါ်မှာသာ တစိုက်မတ်မတ် ကြိုးစားလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ အင်တာနက်ကဆင့် စာအုပ်တွေရောင်းချဖို့ဆိုတဲ့ အတွေးစိတ်ကူးကို နယူးယောက်က ငွေကြေးရန်ပုံငွေအဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေစဉ်မှာ ရရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီအချိန်တွင်းသူဟာ လစာမြင့်တဲ့ အလုပ်ကို စွန့်ပြီး ဆုံးရှုံးနိုင်ခြေများတဲ့ ကုမ္ပသစ်တစ်ခု တည်ထောင်ဖို့ကြား ရွေးချယ်ခဲ့ပါတယ်။


“ကျွန်တော့်အာသီသ နောက်ကိုလိုက်ဖို့ စိတ်ချရမှုနည်းတဲ့ (ဆုံးရှုံးနိုင်ခြေများတဲ့) လမ်းကြောင်းကို ကျွန်တော်ရွေးခဲ့ပါတယ်၊ အဲဒီရွေးချယ်မှုအတွက်လည်း ကျွန်တော် ဂုဏ်ယူပါတယ်”ဟုသူကပြောခဲ့ပါတယ်။

Source- Business Insider, The Famous People

#TB_naung_naung

ကမ္ဘာကျော် Apple headphones တွေရဲ့ သင်မသိသေးတဲ့ လုပ်ဆောင်ချက် (၂၃) ချက်

 

Related posts

ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ကြပ်မတ်လိုက်၍ အနုပညာရှင်များ နစ်နာဟုပြောဆို

OMCTC

အင်ဒိုနီးရှားနိုင်ငံတွင် ထောင်ပေါင်းများစွာသော တက္ကစီသမားများ မြို့တော် ဂျကာတာ၌ ဆန္ဒပြနေ

OMCTC

ငွေစာရင်းကွာခြားချက် အနည်းဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံစံချိန်ချိုး

OMCTC

Leave a Comment