• Home
  • Lifestyle
  • Fashion
  • ပုရိသေတြပထမဆံုး သတိထားမိတဲ့အခ်က္(၉)ခ်က္
Fashion

ပုရိသေတြပထမဆံုး သတိထားမိတဲ့အခ်က္(၉)ခ်က္

(၁) အၿပံဳး

လွပတဲ့အၿပံဳးေလးေတြကို ေယာက္ကၤ်ားေလးေတြက အလြယ္တကူသတိၿပဳမိတတ္ပါတယ္။ ၿပံဳးေနတဲ့
မိန္းကေလးေတြကိုလည္း ပိုၿပီးဆြဲေဆာင္မႈရွိတယ္လို႔ ယူဆေလ့ရွိၾကပါတယ္။ ၿပံဳးေနတဲ့ေကာင္မေလးေတြကို
လည္း ေယာကၤ်ားေလးေတြက စကားေၿပာဖို႔ ပိုမိုရဲတင္းၾကပါတယ္။ အၿပံဳးဆိုတာ ကူးစက္လြယ္ပါတယ္။
သင္ကအၿခားတစ္ေယာက္ကို ၿပံဳးၿပရင္ မ်ားေသာအားၿဖင့္ သင့္ကိုလည္း ၿပန္ၿပံဳးၿပေလ့ရွိၾကပါတယ္။
သုေတသနေပါင္းမ်ားစြာကလည္း အၿပံဳးတစ္ပြင့္ဟာ ေကာင္းသေဘာေဆာင္တဲ့အရာေတြကိုၿဖစ္ေပၚေစ
တယ္ လို႔ဆိုပါတယ္။ ေယာကၤ်ားေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကိုစေတြ႔တဲ့အခ်ိန္မွာ
သူမရဲ့စစ္မွန္တဲ့ အၿပံဳးကိုသတိထားမိတတ္ၾကပါတယ္။ ဒါေပမယ့္ အတုအေယာင္အၿပံဳးဆိုရင္လည္း
ေယာကၤ်ားေလးေတြက အလိုေလ်ာက္သိၾကပါတယ္။ သင့္ခ်စ္သူဘယ္သူၿဖစ္မယ္ဆိုတာမေၿပာနိုင္ေသး
ဘူးဆိုရင္ေတာ့ လွလွေလး ၿပံဳးတတ္ေအာင္ ေလ့က်င့္ထားသင့္ပါတယ္။

(၂) မ်က္လံုး

ေယာကၤ်ားေလးေတြ မိန္းကေလးေတြကို ေတြ႔ရင္ေနာက္ထပ္သတိထားမိတဲ့အရာတစ္ခုကေတာ့
မ်က္လံုးပဲၿဖစ္ပါတယ္။ မ်က္လံုးဆိုတာ စိတ္ရဲ့ၿပတင္းေပါက္လို႔ေတာင္ တင္စားတတ္ၾကပါတယ္။ သုေတသန
ေတြရဲ့အဆိုအရေတာ့ ေယာကၤ်ားေလး ၇၀%ဟာ မိန္းကေလးေတြရဲ့ မ်က္လံုးကိုအရင္ၾကည့္ၾကပါတယ္တဲ့။
ေနာက္မွသာအၿခားေနရာေတြကို ၾကည့္ခ်င္ၾကည့္ၾကတာပါတဲ့။

(၃) ဆံပင္

ေယာကၤ်ားေလးေတြသတိထားမိတတ္တာေနာက္တစ္ခုက ဆံပင္ပါ။ မိန္းကေလးတစ္ေယာက္ရဲ့ဆံပင္ပံုစံု
သူနဲ႔ လုိက္မလို္က္ကိုလည္း ခ်က္ခ်င္းအကဲခတ္တတ္ၾကပါတယ္။ ေယာကၤ်ားေလးေတြက ဆံပင္ရဲ့ရနံ႔ကိုလည္း
စြဲလမ္းတတ္ၾကပါေသးတယ္။ သင့္ဘယ္အေရာင္ပဲ၀တ္၀တ္၊ ဘယ္ေလာက္တိုတဲ့အ၀တ္အစားပဲ၀တ္၀တ္
အေရးၾကီးတာ ကသင့္ရဲ့ဆံပင္ပံုစံက သင္၀တ္စားထားတာနဲ႔ လိုက္ဖက္ဖို႔ပါပဲ။

(၄) ခႏၶာကိုယ္အရြယ္အစား

ခႏၶာကိုယ္အရြယ္အစား (သို႔မဟုတ္) ခႏၶာကိုယ္အေလးခ်ိန္ဟာ ေယာကၤ်ားေလးေတြ သတိအထားမိဆံုးအရာ
ေတြထဲကတစ္ခုပါ။ ေယာကၤ်ားေလးေတြက အခ်ိဳးက်တဲ့ခႏၶာကိုယ္ပိုင္ဆိုင္တဲ့မိန္းကေလးေတြကို သေဘာက်
လြယ္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္ ပိန္ေနတဲ့မိန္းကေလးမ်ိဳးကိုေၿပာတာေတာ့မဟုတ္ပါဘူး။ သုေတသနၿပဳ
လုပ္မႈေတြအရ ေယာကၤ်ားေလးတိုင္းက ပိန္တဲ့မိန္းကေလးကိုမၾကိဳက္ပါဘူး။ ဒါေၾကာင့္ အစားေလ်ာ့စားတာ
ေတြဘာေတြလည္းလုပ္ဖို႔မလုိပါဘူး။ က်န္းမာေရးအတြက္ေကာင္းမြန္တဲ့အစားအစာေတြကိုစားၿပီး ေလ့က်င့္
ခန္း ပံုမွန္လုပ္မယ္ဆိုရင္ က်န္းမာၿပီး က်စ္လစ္လွပတဲ့ခႏၶာကိုယ္ကို သင္ပိုင္ဆိုင္နိုင္မွာပါ။ အကယ္၍
သင္ၾကိဳက္ေနတဲ့ေကာင္ေလးက သင့္ရဲ့ခႏၶာကိုယ္အခ်ိဳးအစားကိုမၾကိဳက္ပဲ သင့္ကိုလည္းေ၀ဖန္တယ္ဆို
သင့္အခ်ိန္ေတြသူ႔အတြက္မၿဖဳန္းသင့္ပါဘူး။ ခႏၶာကိုယ္အရြယ္အစားဆိုတာ ေယာကၤ်ားေလးေတြ သတိထား
မိတဲ့အရာတစ္ခုသာၿဖစ္ၿပီး အခ်စ္ၿဖစ္ေပၚလာဖို႔အတြက္ ကူညီေပးတဲ့အရာတစ္ခုေတာ့မဟုတ္ပါဘူး။

(၅) ရင္သား

ေယာကၤ်ားေလးေတြအရင္ဆံုးၾကည့္တာ ရင္သားလို႔ သင္ထင္ေနရင္ေတာ့မွားပါတယ္။ သုေတသနေတြရဲ့အဆို
အရ အၿပံဳးနဲမ်က္လံုးတို႔ကိုၾကည့္ၿပီးမွာသာ ရင္သားကိုသတိထားမိတာပါတဲ့။ သင့္ရင္သားမလွလည္း စိတ္ေတာ့
မပူပါနဲ႔။ ေယာကၤ်ားေလးေတြက တစ္ေယာက္နဲ႔တစ္ေယာက္လည္း အၾကိဳက္မတူတတ္ၾကပါဘူး။

(၆) သင့္ရဲ့အလွစစ္

ေယာကၤ်ားေလးေတြက ဘယ္ေလာက္ပဲမႈန္ေနေအာင္ၿပင္ထားၿပင္ထား သင့္ရဲ့အလွဟာ အစစ္အမွန္လား
ၿပင္ဆင္ထားတာလား ခြဲၿခားတတ္ၾကပါတယ္။ သင့္ရဲ့မ်က္ေတာင္တုေတြက သူ႔ရဲ့မ်က္လံုးကိုေတာ့ ဖမ္းစား
ေကာင္းဖမ္းစားနုိင္ပါလိမ့္မယ္။ ဒါေပမယ့္ သူ႔မ်က္လံုးထဲထင္ရွားေနလို႔ သာၾကည့္တာၿဖစ္ၿပီး ေတာ္ေတာ္မ်ား
မ်ားၾကိဳက္နွစ္သက္ေလ့မရွိပါဘူး။ ဒါေၾကာင့္ သင့္ဘ၀အတြက္ သင္တကယ္သေဘာက်မယ့္ေယာကၤ်ားေလး
မ်ိဳးရွာခ်င္ရင္ေတာ့ အတတ္နိုင္ဆံုး သဘာ၀တရားနဲ႔နီးကပ္ေအာင္ေနသင့္ပါတယ္။ အရမ္းၾကီးအလြန္အကြ်ံ
မၿပင္ဆင္ပါနဲ႔။သင့္မွာရွိတဲ့အလွတရားကိုသာ ေပၚလြင္ေအာင္ေနသင့္ပါတယ္။

(၇) ေၿခတံေၿခသလံုး

ေယာကၤ်ားေလးေတြက သြယ္သြယ္လ်လ်ေၿခသလံုးေလးေတြကို ၾကိဳက္နွစ္သက္တာေတာ့ အထူးေတာင္
ေၿပာစရာလိုမယ္မထင္ပါဘူး။ အထူးသၿဖင့္ေႏြရာသီမွာဆို ေၿခသလံုးလွတဲ့ ေကာင္မေလးေတြအတြက္
အခြင့္အေရးေကာင္းပါပဲ။ သင့္မွာေၿခတံသြယ္သြယ္လ်လ်ေလးေတြ မပိုင္ဆိုင္ဘူးဆိုရင္လည္းအားေတာ့
ငယ္စရာမလိုပါဘူး။ ဘာလို႔လည္းဆိုေတာ့ ေယာကၤ်ားေလးေတြလည္း တစ္ေယာက္နဲ႔တစ္ေယာက္
အၾကိဳက္မတူၾကလို႔ပါပဲ။

(၈) အသားအေရ

ေနာက္တစ္ခုကေတာ့ အသားအေရပါ။ မိန္းကေလးတစ္ေယာက္ရဲ့အသားအေရ ကိုေယာကၤ်ားေလးေတြက
ဂရုၿပဳမိေလ့ရွိပါတယ္။ သုေတသနမ်ားစြာရဲ့အဆိုအရေတာ့ အသားအေရလွတဲ့မိန္းကေလးေတြကိုေယာကၤ်ား
ေလးေတြကက်န္းမာေရးေကာင္းတဲ့အမ်ိဳးသမီးအၿဖစ္သတ္မွတ္ေလ့ရွိပါတယ္။ ေယာကၤ်ားေလးတစ္ေယာက္
ရဲ့စိတ္၀င္စားမႈကိုအရနုိင္ဆံုးအသားအေရကေတာ့ ႏူးညံ့ၿပီးေၿပၿပစ္တဲ့ အသားအေရမ်ိဳးပါပဲ။ ဒါေၾကာင့္
သင့္ရဲ့အသားအေရကိုဂရုစိုက္ဖို႔လိုၿပီး စိတ္ဖိစီးမႈေတြကိုလည္း ေလ်ာ့ခ်ဖို႔လိုပါတယ္။ စိတ္ဖိစီးမႈေတြက
လူတစ္ေယာက္ရဲ့အသားအေရကုိ ဆိုးရြားစြာပ်က္စီးေစနိုင္ပါတယ္။

(၉) ဝတ္စားဆင္ယင္မႈပံုစံ

ေယာကၤ်ားေလးေတြက အတိုအၿပတ္ေတြ ၀တ္မွၾကိဳက္တာမဟုတ္ပါဘူး။ ၀တ္စားဆင္ယင္မႈမွာ ယံုၾကည္မႈ
ရွိရွိနဲ႔လိုက္ဖက္တဲ့အ၀တ္အစား၀တ္တတ္မႈကို သေဘာက်ၾကတာပါ။ သင့္ရဲ့၀တ္စား ဆင္ယင္ပံုက သင့္
အေၾကာင္းကိုအမ်ားၾကီးေဖာ္ၿပေနပါတယ္။ အတိုပဲ၀တ္၀တ္၊ အရွည္ပဲ၀တ္၀တ္ ယံုၾကည္မႈရွိရွိနဲ႔ စတိုင္က်
က်သာ၀တ္ပါ။ေယာကၤ်ားေလးေတြသေဘာက်မွာအေသအခ်ာပါပဲ။

တကယ္ေတာ့ေယာကၤ်ားေလးေတြ မိန္းကေလးေတြဆီမွာသတိထားမိတဲ့ အခ်က္ေတြကအမ်ားၾကီးပါပဲ။
အထက္ပါ(၉)ခ်က္ကေတာ့ ေယာကၤ်ားေလးေတာ္ေတာ္မ်ားမ်ားသတိထားမိတဲ့အခ်က္ေတြၿဖစ္ ပါတယ္။
အကယ္၍ ဒီစာကိုဖတ္ေနသူက ေယာကၤ်ားေလးဆိုရင္ သင္ေရာမိန္းကေလးေတြဆီက ဘယ္လိုအခ်က္ေတြ
သတိထားမိပါသလဲ?ေအာက္က Comment Box ထဲမွာေ၀မွ်နိုင္ပါတယ္။

စာဖတ္ေနသူက မိန္းကေလးၿဖစ္ၿပီး အထက္ပါအခ်က္ေတြထဲကေတာ္ေတာ္မ်ားမ်ားပိုင္ဆိုင္ထားတယ္ဆို
ရင္ေတာ့သင္ဟာေတာ္ေတာ္ကိုစြဲေဆာင္မႈရွိတဲ့မိန္းကေလးၿဖစ္ၿပီး သင့္ကိုၾကိဳက္ေနတဲ့ေယာကၤ်ားေလး
ေတြ အမ်ားၾကီးရွိမွာအေသအခ်ာပါပဲ။

Ref: en.amerikanki.com

DqC9lUnicode Version

(၁) အပြုံး

လှပတဲ့အပြံုးလေးတွေကို ယောက်င်္ကျားလေးတွေက အလွယ်တကူသတိပြုမိတတ်ပါတယ်။ ပြံုးနေတဲ့
မိန်းကလေးတွေကိုလည်း ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ယူဆလေ့ရှိကြပါတယ်။ ပြံုးနေတဲ့ကောင်မလေးတွေကို
လည်း ယောင်္ကျားလေးတွေက စကားပြောဖို့ ပိုမိုရဲတင်းကြပါတယ်။ အပြံုးဆိုတာ ကူးစက်လွယ်ပါတယ်။
သင်ကအခြားတစ်ယောက်ကို ပြံုးပြရင် များသောအားဖြင့် သင့်ကိုလည်း ပြန်ပြံုးပြလေ့ရှိကြပါတယ်။
သုတေသနပေါင်းများစွာကလည်း အပြံုးတစ်ပွင့်ဟာ ကောင်းသဘောဆောင်တဲ့အရာတွေကိုဖြစ်ပေါ်စေ
တယ် လို့ဆိုပါတယ်။ ယောင်္ကျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကိုစတွေ့တဲ့အချိန်မှာ
သူမရဲ့စစ်မှန်တဲ့ အပြံုးကိုသတိထားမိတတ်ကြပါတယ်။ ဒါပေမယ့် အတုအယောင်အပြံုးဆိုရင်လည်း
ယောင်္ကျားလေးတွေက အလိုလျောက်သိကြပါတယ်။ သင့်ချစ်သူဘယ်သူဖြစ်မယ်ဆိုတာမပြောနိုင်သေး
ဘူးဆိုရင်တော့ လှလှလေး ပြံုးတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။

(၂) မျက်လုံး

ယောင်္ကျားလေးတွေ မိန်းကလေးတွေကို တွေ့ရင်နောက်ထပ်သတိထားမိတဲ့အရာတစ်ခုကတော့
မျက်လုံးပဲဖြစ်ပါတယ်။ မျက်လုံးဆိုတာ စိတ်ရဲ့ပြတင်းပေါက်လို့တောင် တင်စားတတ်ကြပါတယ်။ သုတေသန
တွေရဲ့အဆိုအရတော့ ယောင်္ကျားလေး ရ၀%ဟာ မိန်းကလေးတွေရဲ့ မျက်လုံးကိုအရင်ကြည့်ကြပါတယ်တဲ့။
နောက်မှသာအခြားနေရာတွေကို ကြည့်ချင်ကြည့်ကြတာပါတဲ့။

(၃) ဆံပင်

ယောင်္ကျားလေးတွေသတိထားမိတတ်တာနောက်တစ်ခုက ဆံပင်ပါ။ မိန်းကလေးတစ်ယောက်ရဲ့ဆံပင်ပုံစုံ
သူနဲ့ လိုက်မလို်က်ကိုလည်း ချက်ချင်းအကဲခတ်တတ်ကြပါတယ်။ ယောင်္ကျားလေးတွေက ဆံပင်ရဲ့ရနံ့ကိုလည်း
စွဲလမ်းတတ်ကြပါသေးတယ်။ သင့်ဘယ်အရောင်ပဲဝတ်ဝတ်၊ ဘယ်လောက်တိုတဲ့အဝတ်အစားပဲဝတ်ဝတ်
အရေးကြီးတာ ကသင့်ရဲ့ဆံပင်ပုံစံက သင်ဝတ်စားထားတာနဲ့ လိုက်ဖက်ဖို့ပါပဲ။

(၄) ခန္ဓာကိုယ်အရွယ်အစား

ခန္ဓာကိုယ်အရွယ်အစား (သို့မဟုတ်) ခန္ဓာကိုယ်အလေးချိန်ဟာ ယောင်္ကျားလေးတွေ သတိအထားမိဆုံးအရာ
တွေထဲကတစ်ခုပါ။ ယောင်္ကျားလေးတွေက အချိုးကျတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်တဲ့မိန်းကလေးတွေကို သဘောကျ
လွယ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ပိန်နေတဲ့မိန်းကလေးမျိုးကိုပြောတာတော့မဟုတ်ပါဘူး။ သုတေသနပြု
လုပ်မှုတွေအရ ယောင်္ကျားလေးတိုင်းက ပိန်တဲ့မိန်းကလေးကိုမကြိုက်ပါဘူး။ ဒါကြောင့် အစားလျော့စားတာ
တွေဘာတွေလည်းလုပ်ဖို့မလိုပါဘူး။ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အစားအစာတွေကိုစားပြီး လေ့ကျင့်
ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းမာပြီး ကျစ်လစ်လှပတဲ့ခန္ဓာကိုယ်ကို သင်ပိုင်ဆိုင်နိုင်မှာပါ။ အကယ်၍
သင်ကြိုက်နေတဲ့ကောင်လေးက သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားကိုမကြိုက်ပဲ သင့်ကိုလည်းဝေဖန်တယ်ဆို
သင့်အချိန်တွေသူ့အတွက်မဖြုန်းသင့်ပါဘူး။ ခန္ဓာကိုယ်အရွယ်အစားဆိုတာ ယောင်္ကျားလေးတွေ သတိထား
မိတဲ့အရာတစ်ခုသာဖြစ်ပြီး အချစ်ဖြစ်ပေါ်လာဖို့အတွက် ကူညီပေးတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။

(၅) ရင်သား

ယောင်္ကျားလေးတွေအရင်ဆုံးကြည့်တာ ရင်သားလို့ သင်ထင်နေရင်တော့မှားပါတယ်။ သုတေသနတွေရဲ့အဆို
အရ အပြံုးနဲမျက်လုံးတို့ကိုကြည့်ပြီးမှာသာ ရင်သားကိုသတိထားမိတာပါတဲ့။ သင့်ရင်သားမလှလည်း စိတ်တော့
မပူပါနဲ့။ ယောင်္ကျားလေးတွေက တစ်ယောက်နဲ့တစ်ယောက်လည်း အကြိုက်မတူတတ်ကြပါဘူး။

(၆) သင့်ရဲ့အလှစစ်

ယောင်္ကျားလေးတွေက ဘယ်လောက်ပဲမှုန်နေအောင်ပြင်ထားပြင်ထား သင့်ရဲ့အလှဟာ အစစ်အမှန်လား
ပြင်ဆင်ထားတာလား ခွဲခြားတတ်ကြပါတယ်။ သင့်ရဲ့မျက်တောင်တုတွေက သူ့ရဲ့မျက်လုံးကိုတော့ ဖမ်းစား
ကောင်းဖမ်းစားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူ့မျက်လုံးထဲထင်ရှားနေလို့ သာကြည့်တာဖြစ်ပြီး တော်တော်များ
များကြိုက်နှစ်သက်လေ့မရှိပါဘူး။ ဒါကြောင့် သင့်ဘဝအတွက် သင်တကယ်သဘောကျမယ့်ယောင်္ကျားလေး
မျိုးရှာချင်ရင်တော့ အတတ်နိုင်ဆုံး သဘာဝတရားနဲ့နီးကပ်အောင်နေသင့်ပါတယ်။ အရမ်းကြီးအလွန်အကျွံ
မပြင်ဆင်ပါနဲ့။သင့်မှာရှိတဲ့အလှတရားကိုသာ ပေါ်လွင်အောင်နေသင့်ပါတယ်။

(၇) ခြေတံခြေသလုံး

ယောင်္ကျားလေးတွေက သွယ်သွယ်လျလျခြေသလုံးလေးတွေကို ကြိုက်နှစ်သက်တာတော့ အထူးတောင်
ပြောစရာလိုမယ်မထင်ပါဘူး။ အထူးသဖြင့်နွေရာသီမှာဆို ခြေသလုံးလှတဲ့ ကောင်မလေးတွေအတွက်
အခွင့်အရေးကောင်းပါပဲ။ သင့်မှာခြေတံသွယ်သွယ်လျလျလေးတွေ မပိုင်ဆိုင်ဘူးဆိုရင်လည်းအားတော့
ငယ်စရာမလိုပါဘူး။ ဘာလို့လည်းဆိုတော့ ယောင်္ကျားလေးတွေလည်း တစ်ယောက်နဲ့တစ်ယောက်
အကြိုက်မတူကြလို့ပါပဲ။

(၈) အသားအရေ

နောက်တစ်ခုကတော့ အသားအရေပါ။ မိန်းကလေးတစ်ယောက်ရဲ့အသားအရေ ကိုယောင်္ကျားလေးတွေက
ဂရုပြုမိလေ့ရှိပါတယ်။ သုတေသနများစွာရဲ့အဆိုအရတော့ အသားအရေလှတဲ့မိန်းကလေးတွေကိုယောင်္ကျား
လေးတွေကကျန်းမာရေးကောင်းတဲ့အမျိုးသမီးအဖြစ်သတ်မှတ်လေ့ရှိပါတယ်။ ယောင်္ကျားလေးတစ်ယောက်
ရဲ့စိတ်ဝင်စားမှုကိုအရနိုင်ဆုံးအသားအရေကတော့ နူးညံ့ပြီးပြေပြစ်တဲ့ အသားအရေမျိုးပါပဲ။ ဒါကြောင့်
သင့်ရဲ့အသားအရေကိုဂရုစိုက်ဖို့လိုပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ချဖို့လိုပါတယ်။ စိတ်ဖိစီးမှုတွေက
လူတစ်ယောက်ရဲ့အသားအရေကို ဆိုးရွားစွာပျက်စီးစေနိုင်ပါတယ်။

(၉) ဝတ်စားဆင်ယင်မှုပုံစံ

ယောင်္ကျားလေးတွေက အတိုအပြတ်တွေ ၀တ်မှကြိုက်တာမဟုတ်ပါဘူး။ ၀တ်စားဆင်ယင်မှုမှာ ယုံကြည်မှု
ရှိရှိနဲ့လိုက်ဖက်တဲ့အဝတ်အစားဝတ်တတ်မှုကို သဘောကျကြတာပါ။ သင့်ရဲ့ဝတ်စား ဆင်ယင်ပုံက သင့်
အကြောင်းကိုအများကြီးဖော်ပြနေပါတယ်။ အတိုပဲဝတ်ဝတ်၊ အရှည်ပဲဝတ်ဝတ် ယုံကြည်မှုရှိရှိနဲ့ စတိုင်ကျ
ကျသာဝတ်ပါ။ယောင်္ကျားလေးတွေသဘောကျမှာအသေအချာပါပဲ။

တကယ်တော့ယောင်္ကျားလေးတွေ မိန်းကလေးတွေဆီမှာသတိထားမိတဲ့ အချက်တွေကအများကြီးပါပဲ။
အထက်ပါ(၉)ချက်ကတော့ ယောင်္ကျားလေးတော်တော်များများသတိထားမိတဲ့အချက်တွေဖြစ် ပါတယ်။
အကယ်၍ ဒီစာကိုဖတ်နေသူက ယောင်္ကျားလေးဆိုရင် သင်ရောမိန်းကလေးတွေဆီက ဘယ်လိုအချက်တွေ
သတိထားမိပါသလဲ?အောက်က Comment Box ထဲမှာဝေမျှနိုင်ပါတယ်။

စာဖတ်နေသူက မိန်းကလေးဖြစ်ပြီး အထက်ပါအချက်တွေထဲကတော်တော်များများပိုင်ဆိုင်ထားတယ်ဆို
ရင်တော့သင်ဟာတော်တော်ကိုစွဲဆောင်မှုရှိတဲ့မိန်းကလေးဖြစ်ပြီး သင့်ကိုကြိုက်နေတဲ့ယောင်္ကျားလေး
တွေ အများကြီးရှိမှာအသေအချာပါပဲ။

Related posts

အ၀တ္အစား၊ ဖက္ရွင္နဲ႔ ပတ္သက္ၿပီး အေရးေပၚ အေျခအေန ျဖစ္လာတဲ့အခါ ဒီလိုနည္းလမ္းေတြ အသံုးျပဳႏိုင္

Nandar Lwin

အေမရိကမွာ အမ်ဳိးသမီးေတြၾကား ေသနတ္ဝွက္ပိုက္ဆံအိတ္ ေခတ္စားေန

OMCTC

အနီေရာင္ အက်ီၤကိုု ဘာေၾကာင့္ေရြးခ်ယ္သင့္လဲ ‪

OMCTC

Leave a Comment