31 C
Yangon
June 24, 2018
  • Home
  • Uncategorized
  • NCA အရ ႏုိင္ငံေရးေဆြးေႏြးမႈရလဒ္မ်ားကို ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္းအျဖစ္ ပထမဆံုးခ်ဳပ္ဆို
Uncategorized

NCA အရ ႏုိင္ငံေရးေဆြးေႏြးမႈရလဒ္မ်ားကို ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္းအျဖစ္ ပထမဆံုးခ်ဳပ္ဆို

ျပည္ေထာင္စုသေဘာတူစာခ်ဳပ္

၂၁ ရာစု ပင္လံုညီလာခံ ေအာင္ျမင္ေၾကာင္း ညီလာခံကိုယ္စားလွယ္မ်ားေျပာၾကား

(၂၁)ရာစုပင္လုံ ဒုတိယအစည္းအေ၀း ေနာက္ဆုံးေန႔တြင္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္၌ လက္မွတ္ေရးထုိးေနၾကစဥ္-ဓာတ္ပုံ−ေဂ်ေမာင္ေမာင္(အမရပူရ)
တစ္ႏုိင္ငံလံုးပစ္ ခတ္တုိက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)အရ ႏုိင္ငံေရး ေဆြးေႏြးမႈ ရလဒ္မ်ားကို ျပည္ ေထာင္စုသေဘာတူစာခ်ဳပ္ အ စိတ္အပိုင္းတစ္ရပ္အျဖစ္ ပထမ ဆံုးအႀကိမ္ ေမလ ၂၉ ရက္က ခ်ဳပ္ဆုိခဲ့သည္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ-၂၁ ရာစု ပင္လံုဒုတိယ အစည္းအေဝးကို ေမလ ၂၄ ရက္ မွ ၂၉ ရက္အထိ ေနျပည္ေတာ္၌ က်င္းပခဲ့ၿပီး ညီလာခံတြင္ ေဆြး ေႏြးအတည္ျပဳသေဘာတူခဲ့သည့္ ႏုိင္ငံေရးဆုိင္ရာမူဝါဒ အဆုိျပဳ ခ်က္ ၁၂ ခ်က္၊ စီးပြားေရးဆုိင္ရာ မူဝါဒ ၁၁ ခ်က္၊ လူမႈေရးဆုိင္ရာ မူဝါဒေလးခ်က္၊ ေျမယာႏွင့္ သဘာဝပတ္ဝန္းက်င္ဆုိင္ရာ မူဝါဒ ၁၀ ခ်က္ စုစုေပါင္း ၃၇ ခ်က္ကို ျပည္ေထာင္စုသေဘာတူ စာခ်ဳပ္ အစိတ္အပိုင္း (၁)အျဖစ္ သတ္မွတ္ခ်ဳပ္ဆိုခဲ့သည္။

ျပည္ေထာင္စု သေဘာတူစာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုရာတြင္ အစိုးရ အစုအဖြဲ႕ကိုယ္စားလွယ္ ေဒါက္ တာတင္မ်ိဳးဝင္း၊ လႊတ္ေတာ္အစု အဖြဲ႕ကိုယ္စားလွယ္ ဦးထြန္းထြန္း ဟိန္၊ တပ္မေတာ္အစုအဖြဲ႕ကိုယ္ စားလွယ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တင္ေမာင္ဝင္း၊ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ား အစုအဖြဲ႕ကိုယ္စားလွယ္ ပဒိုေစာ ကြယ္ထူးဝင္းႏွင့္ ႏုိင္ငံေရးပါတီ အစုအဖြဲ႕ကိုယ္စားလွယ္ ဦးသုေဝ တုိ႔က လက္မွတ္ေရးထိုးခဲ့သည္။

ပါဝင္သင့္ ပါဝင္ထိုက္သူ မ်ား ကိုယ္စားလွယ္မ်ားျဖစ္သည့္ ဦးေက်ာ္ဝင္း၊ သိကၡာေတာ္ရ ဆရာေတာ္ တလြန္က်ဲအို၊ မိုင္းထြန္း ၿမိဳင္၊ တုိင္းရင္းသားကိုယ္စား လွယ္မ်ားျဖစ္သည့္ ဦးထံုဖူးဒဂုဏ္၊ခြန္သန္းျမင့္၊ ဦးထြန္းေအာင္ေက်ာ္ တုိ႔က အသိသက္ေသမ်ားအျဖစ္ လက္မွတ္ေရးထိုးခဲ့သည္။

ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္ အစိတ္အပိုင္း (၁) အပါ အဝင္ ဆက္လက္ေဆြးေႏြးၿပီး အ ဆင့္ဆင့္ရရွိလာမည့္ သေဘာတူ ညီခ်က္ အစိတ္အပိုင္းအားလံုးကို စုစည္း၍ ျပည္ေထာင္စုသေဘာ တူစာခ်ဳပ္အျဖစ္ လက္မွတ္ထိုး မည္ျဖစ္ေၾကာင္း ယင္းစာခ်ဳပ္တြင္ ေဖာ္ျပထားသည္။

‘‘ပထမဆံုးအေနနဲ႔ ေျပာခ်င္ တာကေတာ့ ဒီကေန႔ လက္မွတ္ ေရးထိုးႏုိင္ခဲ့တဲ့ သေဘာတူညီ ခ်က္ေတြဟာ အမ်ိဳးသားရင္ၾကား ေစ့ေရး၊ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုေပၚထြန္း ေရး လမ္းႀကီးအေပၚ ေလွ်ာက္ လွမ္းလိုက္တဲ့ အေရးႀကီးတဲ့ ေျခ လွမ္းႀကီးျဖစ္ပါတယ္။ ဒီေျခလွမ္းလွမ္းႏုိင္ဖို႔။ သေဘာတူညီခ်က္ ေတြကို လြယ္လြယ္ကူကူ ရရွိခဲ့ တာေတာ့ မဟုတ္ပါဘူး။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ စိတ္ဓာတ္က်စရာ ေတြ၊ စိတ္ဓာတ္တက္ႂကြစရာ ေတြ ေက်ာ္ျဖတ္ၿပီးမွ အခုလိုရရွိ လာခဲ့တာ ျဖစ္ပါတယ္’’ဟု ႏုိင္ငံ ေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လက္ မွတ္ေရးထိုးပြဲအခမ္းအနားတြင္ ေျပာသည္။

ဖက္ဒရယ္ဆုိသည့္ စကား ရပ္ကို ေျပာဆုိရန္ခက္သည့္ အ ေျခအေနမွ ၂၁ ရာစု ပင္လံုညီလာ ခံတြင္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကို ဦးတည္သည့္ အေျခခံမူ မ်ား စတင္ေဆြးေႏြးအတည္ျပဳ သေဘာတူညီႏုိင္ျခင္းသည္ ႏုိင္ငံ အတြက္ ႀကီးမားသည့္ တိုးတက္ မႈျဖစ္ၿပီး တုိင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ားအၾကား အတုိင္းအ တာတစ္ခုအထိ ယံုၾကည္မႈတည္ ေဆာက္ႏိုင္ခဲ့ျခင္းျဖစ္သည္ဟု တပ္မေတာ္ကိုယ္စားလွယ္ ဒုတိ ယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ေျပာ ၾကားသည္။

ညီလာခံတြင္ တုိင္းရင္းသား မ်ားလိုလားသည့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ဆုိင္ရာ အခ်က္မ်ားအပါအ ဝင္ အေရးႀကီးသည့္အခ်က္မ်ား ေဆြးေႏြးသေဘာတူညီမႈ မရရွိ ေသးေသာ္လည္း ၿခံဳၾကည့္မည္ဆို ပါက ႀကီးမားသည့္ ေအာင္ျမင္မႈ ျဖစ္မည္ဟု တုိင္းရင္းသားလက္ နက္ကိုင္အစုအဖြဲ႕ကိုယ္စားလွယ္ တစ္ဦးျဖစ္သူ ခ်င္းအမ်ိဳးသားတပ္ ဦး (CNF) ဒုဥကၠ႒ ေဒါက္တာလ်န္ မႈန္းဆာေခါင္းက ေျပာသည္။

‘‘ဒါက အင္မတန္မွ ႀကီးမား တဲ့ ေအာင္ျမင္မႈလုိ႔ ေျပာခ်င္ပါ တယ္။ ဘာျဖစ္လုိ႔လဲဆုိရင္ ကြၽန္ ေတာ္တုိ႔ NCA စာခ်ဳပ္ခ်ဳပ္တယ္။ NCA စာခ်ဳပ္အရ ႏုိင္ငံေရးလမ္းျပ ေျမပံုဆြဲတယ္။ အဲဒီႏုိင္ငံေရးလမ္း ျပေျမပံုအရဆုိရင္ အဆင့္ (၅) ကို ေရာက္ေနတာျဖစ္တယ္။ NCA စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ။ ႏုိင္ငံေရးေဆြး ေႏြးမႈဆုိင္ရာ မူေဘာင္ေရးၿပီးၿပီ။ အမ်ိဳးသားအဆင့္ ႏုိင္ငံေရးေဆြး ေႏြးပြဲ က်င္းပၿပီးၿပီ။ ၿပီးေတာ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ က်င္းပၿပီးၿပီ။ ၿပီးေတာ့ ညီလာခံ ရလဒ္အေနနဲ႔ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ခ်ဳပ္ႏုိင္တာ ႏုိင္ငံေရးေဆြးေႏြးမႈ တစ္ဆင့္ၿပီး တစ္ဆင့္သြားတာ။ အဲဒီျဖစ္စဥ္ ဒီေလာက္အထိ စြမ္းေဆာင္ႏုိင္ တယ္ဆုိတာကိုက အင္မတန္မွ ႀကီးမားတဲ့ ေအာင္ျမင္မႈျဖစ္ တယ္။ ရလဒ္ကလည္း ေကာင္းပါ တယ္’’ဟု ေဒါက္တာလ်န္မႈန္းဆာ ေခါင္းက ေျပာသည္။

ယခု ညီလာခံသို႔ အမ်ိဳးသား အဆင့္ ႏုိင္ငံေရးေဆြးေႏြးပြဲရလဒ္ မ်ားကို စုစည္းထားသည့္ အခ်က္ ၄၅ ခ်က္ကို တင္သြင္းေဆြးေႏြး ရာ ၃၇ ခ်က္ သေဘာတူၿပီး က်န္ အခ်က္မ်ား မေျပလည္ခဲ့ေသာ္ လည္း ညီလာခံေအာင္ျမင္မႈရ ေၾကာင္း ႏုိင္ငံေရးပါတီ ကိုယ္စား လွယ္မ်ားက ေျပာသည္။

‘‘အရင္ညီလာခံေတြတုန္း က ဆံုးျဖတ္ခ်က္မရွိဘူး။ အခု ညီလာခံမွာ ဆံုးျဖတ္ခ်က္ရွိတယ္။ ျပည္ေထာင္စုအတြက္ စာခ်ဳပ္ခ်ဳပ္ဆုိတဲ့ ပဋိညာဥ္ေတြလည္းရတယ္ ဆုိေတာ့ ဒါဟာ တုိးတက္တယ္၊ ေအာင္ျမင္တယ္လို႔ ေျပာႏုိင္ တယ္။ သေဘာမတူတာေတြထဲ မွာ အမ်ားအားျဖင့္ ျပန္လည္ညႇိ ႏိႈင္းေဆြးေႏြးဖို႔ဆုိတဲ့ မွတ္ခ်က္ရွိ တယ္။ ဒီညီလာခံၿပီးသြားရင္ ေနာက္ညီလာခံေတြမွာ ဆက္ၿပီး ေတာ့ ညႇိႏိႈင္းရမွာ’’ဟု ႏုိင္ငံေရး ပါတီ အစုအဖြဲ႕ကိုယ္စားလွယ္ ဦးသုေဝက ေျပာသည္။

‘‘ညီလာခံ ရလဒ္ဆိုတာထက္ ဒီညီလာခံေအာင္ျမင္စြာ ၿပီးသြား တာ အဓိက အေရးႀကီးဆံုး။ ဘာ ျဖစ္လို႔လဲဆုိရင္ ၿငိမ္းခ်မ္းေရးက အဆင့္ဆင့္သြားေနတာ။ ဒါကို မေက်ာ္ႏုိင္လုိ႔ရွိရင္ ေရွ႕မွာ သြား လုိ႔မရဘူး။ ဒါေၾကာင့္ ဒါေအာင္ ျမင္မႈလုိ႔ ၿခံဳၿပီးေျပာလို႔ရတယ္’’ဟု လက္ရွိအာဏာရပါတီ NLD ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးဉာဏ္ဝင္းက ဆုိသည္။

NCA အရ က်င္းပသည့္ ၂၁ ရာစု ပင္လံုညီလာခံကုိ ေျခာက္ လတစ္ႀကိမ္ က်င္းပရန္ သတ္ မွတ္ထားသည္။ ႏုိင္ငံေရးေဆြး ေႏြးမႈဆုိင္ရာ မူေဘာင္အရ ၂၁ ရာစု ပင္လံုအစည္းအေဝး သေဘာတူညီခ်က္မ်ားကို ျပည္ ေထာင္စုသေဘာတူစာခ်ဳပ္အျဖစ္ ခ်ဳပ္ဆုိၿပီး ျပည္ေထာင္စုလႊတ္ ေတာ္သို႔ တင္သြင္းအတည္ျပဳခ်က္ ရယူရမည္ျဖစ္သည္။ လႊတ္ေတာ္ တြင္ အတည္ျပဳခ်က္ရယူၿပီးပါက ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ ပါ သေဘာတူညီခ်က္မ်ား အ ေကာင္အထည္ေဖာ္ျခင္းလုပ္ငန္း မ်ား ေဆာင္ရြက္မည္ျဖစ္သည္။
Ref:7day

NCA အရ ႏုိင္ငံေရးေဆြးေႏြးမႈရလဒ္မ်ားကို ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္းအျဖစ္ ပထမဆံုးခ်ဳပ္ဆို


Unicode

NCA အရ နိုင်ငံရေးဆွေးနွေးမှုရလဒ်များကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် ပထမဆုံးချုပ်ဆို

၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ကြောင်း ညီလာခံကိုယ်စားလှယ်များပြောကြား

(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံးနေ့တွင် ပြည်ထောင်စုသဘောတူစာချုပ်၌ လက်မှတ်ရေးထိုးနေကြစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အရ နိုင်ငံရေး ဆွေးနွေးမှု ရလဒ်များကို ပြည် ထောင်စုသဘောတူစာချုပ် အ စိတ်အပိုင်းတစ်ရပ်အဖြစ် ပထမ ဆုံးအကြိမ် မေလ ၂၉ ရက်က ချုပ်ဆိုခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးကို မေလ ၂၄ ရက် မှ ၂၉ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ပြီး ညီလာခံတွင် ဆွေး နွေးအတည်ပြုသဘောတူခဲ့သည့် နိုင်ငံရေးဆိုင်ရာမူဝါဒ အဆိုပြု ချက် ၁၂ ချက်၊ စီးပွားရေးဆိုင်ရာ မူဝါဒ ၁၁ ချက်၊ လူမှုရေးဆိုင်ရာ မူဝါဒလေးချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ၁၀ ချက် စုစုပေါင်း ၃၇ ချက်ကို ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၁)အဖြစ် သတ်မှတ်ချုပ်ဆိုခဲ့သည်။

ပြည်ထောင်စု သဘောတူစာချုပ်အဖြစ် ချုပ်ဆိုရာတွင် အစိုးရ အစုအဖွဲ့ကိုယ်စားလှယ် ဒေါက် တာတင်မျိုးဝင်း၊ လွှတ်တော်အစု အဖွဲ့ကိုယ်စားလှယ် ဦးထွန်းထွန်း ဟိန်၊ တပ်မတော်အစုအဖွဲ့ကိုယ် စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် ပဒိုစော ကွယ်ထူးဝင်းနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ် ဦးသုဝေ တို့က လက်မှတ်ရေးထိုးခဲ့သည်။

ပါဝင်သင့် ပါဝင်ထိုက်သူ များ ကိုယ်စားလှယ်များဖြစ်သည့် ဦးကျော်ဝင်း၊ သိက္ခာတော်ရ ဆရာတော် တလွန်ကျဲအို၊ မိုင်းထွန်း မြိုင်၊ တိုင်းရင်းသားကိုယ်စား လှယ်များဖြစ်သည့် ဦးထုံဖူးဒဂုဏ်၊ခွန်သန်းမြင့်၊ ဦးထွန်းအောင်ကျော် တို့က အသိသက်သေများအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။

ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၁) အပါ အဝင် ဆက်လက်ဆွေးနွေးပြီး အ ဆင့်ဆင့်ရရှိလာမည့် သဘောတူ ညီချက် အစိတ်အပိုင်းအားလုံးကို စုစည်း၍ ပြည်ထောင်စုသဘော တူစာချုပ်အဖြစ် လက်မှတ်ထိုး မည်ဖြစ်ကြောင်း ယင်းစာချုပ်တွင် ဖော်ပြထားသည်။

‘‘ပထမဆုံးအနေနဲ့ ပြောချင် တာကတော့ ဒီကနေ့ လက်မှတ် ရေးထိုးနိုင်ခဲ့တဲ့ သဘောတူညီ ချက်တွေဟာ အမျိုးသားရင်ကြား စေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်း ရေး လမ်းကြီးအပေါ် လျှောက် လှမ်းလိုက်တဲ့ အရေးကြီးတဲ့ ခြေ လှမ်းကြီးဖြစ်ပါတယ်။ ဒီခြေလှမ်းလှမ်းနိုင်ဖို့။ သဘောတူညီချက် တွေကို လွယ်လွယ်ကူကူ ရရှိခဲ့ တာတော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဓာတ်ကျစရာ တွေ၊ စိတ်ဓာတ်တက်ကြွစရာ တွေ ကျော်ဖြတ်ပြီးမှ အခုလိုရရှိ လာခဲ့တာ ဖြစ်ပါတယ်’’ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက် မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပြောသည်။

ဖက်ဒရယ်ဆိုသည့် စကား ရပ်ကို ပြောဆိုရန်ခက်သည့် အ ခြေအနေမှ ၂၁ ရာစု ပင်လုံညီလာ ခံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို ဦးတည်သည့် အခြေခံမူ များ စတင်ဆွေးနွေးအတည်ပြု သဘောတူညီနိုင်ခြင်းသည် နိုင်ငံ အတွက် ကြီးမားသည့် တိုးတက် မှုဖြစ်ပြီး တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား အတိုင်းအ တာတစ်ခုအထိ ယုံကြည်မှုတည် ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ကိုယ်စားလှယ် ဒုတိ ယဗိုလ်ချုပ်ကြီး ရာပြည့်က ပြော ကြားသည်။

ညီလာခံတွင် တိုင်းရင်းသား များလိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အချက်များအပါအ ဝင် အရေးကြီးသည့်အချက်များ ဆွေးနွေးသဘောတူညီမှု မရရှိ သေးသော်လည်း ခြုံကြည့်မည်ဆို ပါက ကြီးမားသည့် အောင်မြင်မှု ဖြစ်မည်ဟု တိုင်းရင်းသားလက် နက်ကိုင်အစုအဖွဲ့ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ချင်းအမျိုးသားတပ် ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာလျန် မှုန်းဆာခေါင်းက ပြောသည်။

‘‘ဒါက အင်မတန်မှ ကြီးမား တဲ့ အောင်မြင်မှုလို့ ပြောချင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန် တော်တို့ NCA စာချုပ်ချုပ်တယ်။ NCA စာချုပ်အရ နိုင်ငံရေးလမ်းပြ မြေပုံဆွဲတယ်။ အဲဒီနိုင်ငံရေးလမ်း ပြမြေပုံအရဆိုရင် အဆင့် (၅) ကို ရောက်နေတာဖြစ်တယ်။ NCA စာချုပ်ချုပ်ပြီးပြီ။ နိုင်ငံရေးဆွေး နွေးမှုဆိုင်ရာ မူဘောင်ရေးပြီးပြီ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲ ကျင်းပပြီးပြီ။ ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးပြီ။ ပြီးတော့ ညီလာခံ ရလဒ်အနေနဲ့ ပြည်ထောင်စု သဘောတူစာချုပ်ချုပ်နိုင်တာ နိုင်ငံရေးဆွေးနွေးမှု တစ်ဆင့်ပြီး တစ်ဆင့်သွားတာ။ အဲဒီဖြစ်စဉ် ဒီလောက်အထိ စွမ်းဆောင်နိုင် တယ်ဆိုတာကိုက အင်မတန်မှ ကြီးမားတဲ့ အောင်မြင်မှုဖြစ် တယ်။ ရလဒ်ကလည်း ကောင်းပါ တယ်’’ဟု ဒေါက်တာလျန်မှုန်းဆာ ခေါင်းက ပြောသည်။

ယခု ညီလာခံသို့ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲရလဒ် များကို စုစည်းထားသည့် အချက် ၄၅ ချက်ကို တင်သွင်းဆွေးနွေး ရာ ၃၇ ချက် သဘောတူပြီး ကျန် အချက်များ မပြေလည်ခဲ့သော် လည်း ညီလာခံအောင်မြင်မှုရ ကြောင်း နိုင်ငံရေးပါတီ ကိုယ်စား လှယ်များက ပြောသည်။

‘‘အရင်ညီလာခံတွေတုန်း က ဆုံးဖြတ်ချက်မရှိဘူး။ အခု ညီလာခံမှာ ဆုံးဖြတ်ချက်ရှိတယ်။ ပြည်ထောင်စုအတွက် စာချုပ်ချုပ်ဆိုတဲ့ ပဋိညာဉ်တွေလည်းရတယ် ဆိုတော့ ဒါဟာ တိုးတက်တယ်၊ အောင်မြင်တယ်လို့ ပြောနိုင် တယ်။ သဘောမတူတာတွေထဲ မှာ အများအားဖြင့် ပြန်လည်ညှိ နှိုင်းဆွေးနွေးဖို့ဆိုတဲ့ မှတ်ချက်ရှိ တယ်။ ဒီညီလာခံပြီးသွားရင် နောက်ညီလာခံတွေမှာ ဆက်ပြီး တော့ ညှိနှိုင်းရမှာ’’ဟု နိုင်ငံရေး ပါတီ အစုအဖွဲ့ကိုယ်စားလှယ် ဦးသုဝေက ပြောသည်။

‘‘ညီလာခံ ရလဒ်ဆိုတာထက် ဒီညီလာခံအောင်မြင်စွာ ပြီးသွား တာ အဓိက အရေးကြီးဆုံး။ ဘာ ဖြစ်လို့လဲဆိုရင် ငြိမ်းချမ်းရေးက အဆင့်ဆင့်သွားနေတာ။ ဒါကို မကျော်နိုင်လို့ရှိရင် ရှေ့မှာ သွား လို့မရဘူး။ ဒါကြောင့် ဒါအောင် မြင်မှုလို့ ခြံုပြီးပြောလို့ရတယ်’’ဟု လက်ရှိအာဏာရပါတီ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆိုသည်။

NCA အရ ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံကို ခြောက် လတစ်ကြိမ် ကျင်းပရန် သတ် မှတ်ထားသည်။ နိုင်ငံရေးဆွေး နွေးမှုဆိုင်ရာ မူဘောင်အရ ၂၁ ရာစု ပင်လုံအစည်းအဝေး သဘောတူညီချက်များကို ပြည် ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆိုပြီး ပြည်ထောင်စုလွှတ် တော်သို့ တင်သွင်းအတည်ပြုချက် ရယူရမည်ဖြစ်သည်။ လွှတ်တော် တွင် အတည်ပြုချက်ရယူပြီးပါက ပြည်ထောင်စုသဘောတူစာချုပ် ပါ သဘောတူညီချက်များ အ ကောင်အထည်ဖော်ခြင်းလုပ်ငန်း များ ဆောင်ရွက်မည်ဖြစ်သည်။
Ref:7day

Related posts

ကိုယ့္ထူးကိုယ္ခြ်န္ မီလ်ံနာတုိ႔၏ အရည္အေသြး

OMCTC

Bill Gate ေျပာတဲ့ စြန္႔ဦးတီထြင္မႈ သင္ခန္းစာ

OMCTC

မန္ေနဂ်ာမ်ားႏွင္႔ ေအာင္ျမင္ေသာ ေခါင္းေဆာင္မွဳ

OMCTC

Leave a Comment