30 C
Yangon
May 21, 2018
  • Home
  • News
  • Breaking News
  • သင္တန္းဆင္းလက္မွတ္ရွိ သူနာျပဳမ်ားကို ျပည္ပႏိုင္ငံမ်ားကို ျပန္လည္ေစလႊတ္ရန္ ေဆာင္ရြက္
Breaking News

သင္တန္းဆင္းလက္မွတ္ရွိ သူနာျပဳမ်ားကို ျပည္ပႏိုင္ငံမ်ားကို ျပန္လည္ေစလႊတ္ရန္ ေဆာင္ရြက္

သူနာျပဳေတြကို

အလုပ္သမားဝန္ႀကီးဌာနနဲ႔ က်န္းမာေရးဝန္ႀကီးဌာနတို႔ အတူပူးေပါင္းၿပီး သင္တန္းဆင္းလက္မွတ္ ရွိတဲ့ သူနာျပဳေတြကို ျပည္ပႏိုင္ငံေတြ ျပန္လည္ေစလႊတ္ဖို႔ ေဆာင္ရြက္ေနတယ္လို႔ အလုပ္သမား ဝန္ႀကီးဌာနက တာဝန္ရွိသူတဦးက ေျပာပါတယ္။

အခုလိုမ်ိဳး သင္တန္းဆင္းလက္မွတ္နဲ႔ ျပန္လည္ေစလြတ္တာဟာ သာမာန္အလုပ္သြားလုပ္မယ့္ အလုပ္သမားထက္စာရင္ ျမန္မာႏိုင္ငံမွာ ကတည္းက စနစ္တက်နဲ႔ သင္တန္းေပးၿပီးသား အလုပ္သမားေတြကို ေစလႊတ္တာက ပိုၿပီးေကာင္းမြန္တာေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနနဲ႔အတူ ပူးေပါင္းကာ သူနာျပဳလက္မွတ္ရၿပီးသား ဝန္ထမ္းေတြကို ေစလႊတ္ဖို႔ စီစဥ္ေနတာပါ။

အလုပ္သမားဝန္ႀကီးဌာနက အျမဲတန္းအတြင္းဝန္ ဦးမ်ိဳးေအာင္က “အဓိကျပည္ပႏိုင္ငံေတြမွာရွိတဲ့ သက္ႀကီးရြယ္အိုေတြကို ျပဳစုေစာင့္ေရွာက္ရမွာျဖစ္ၿပီး သူနာျပဳ သင္တန္းေက်ာင္းဆင္းေတြျဖစ္ရင္ ပိုေကာင္းတယ္လို႔ေျပာပါတယ္။ ျပည္ပကိုမပို႔ခင္လည္း ျမန္မာႏိုင္ငံတြင္းမွာလည္း စနစ္တက် သင္တန္းေတြ ေပးသြားမွာျဖစ္ၿပီး ကၽြမ္းက်င္ဝန္ထမ္းေတြအတြက္ အလုပ္အကိုင္အခြင့္အေရး ေတြနဲ႔ ပိုမိုေကာင္းမြန္လာဖို႔ ရည္ရြယ္ထားတယ္”လို႔ ေျပာပါတယ္။

ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီ လုပ္ကိုင္ေနသူတဦးက “ျပည္ပကိုအမ်ားဆံုးသြားေရာက္ အလုပ္လုပ္ကိုင္တဲ့သူေတြထဲမွာ ျပင္ပသူနာျပဳ သင္တန္းေက်ာင္းေတြကေန အသိအမွတ္ျပဳ လက္မွတ္ေတြနဲ႔ သြားေရာက္အလုပ္လုပ္ကိုင္တဲ့ အမ်ိဳးသမီး အလုပ္သမားေတြလည္း အမ်ားဆံုးျဖစ္တယ္”လို႔ ေျပာပါတယ္။

၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ျပည္ပကို တရားဝင္အလုပ္သြားေရာက္လုပ္ကိုင္သူ ၄၁၈၄ ေက်ာ္နဲ႔ ျပည္တြင္းအလုပ္ေနရာ ၁၆၅၁၁ ေက်ာ္ကို အလုပ္သမားဝန္ႀကီးဌာနက အလုပ္အကိုင္ ခန္႔အပ္ေပးခဲ့ႏိုင္တယ္လို႔ သိရပါတယ္။
Ref:DVB

သင္တန္းဆင္းလက္မွတ္ရွိ သူနာျပဳမ်ားကို ျပည္ပႏိုင္ငံမ်ားကို ျပန္လည္ေစလႊတ္ရန္ ေဆာင္ရြက္


Unicode

သင်တန်းဆင်းလက်မှတ်ရှိ သူနာပြုများကို ပြည်ပနိုင်ငံများကို ပြန်လည်စေလွှတ်ရန် ဆောင်ရွက်

အလုပ်သမားဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ အတူပူးပေါင်းပြီး သင်တန်းဆင်းလက်မှတ် ရှိတဲ့ သူနာပြုတွေကို ပြည်ပနိုင်ငံတွေ ပြန်လည်စေလွှတ်ဖို့ ဆောင်ရွက်နေတယ်လို့ အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုလိုမျိုး သင်တန်းဆင်းလက်မှတ်နဲ့ ပြန်လည်စေလွတ်တာဟာ သာမာန်အလုပ်သွားလုပ်မယ့် အလုပ်သမားထက်စာရင် မြန်မာနိုင်ငံမှာ ကတည်းက စနစ်တကျနဲ့ သင်တန်းပေးပြီးသား အလုပ်သမားတွေကို စေလွှတ်တာက ပိုပြီးကောင်းမွန်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနနဲ့အတူ ပူးပေါင်းကာ သူနာပြုလက်မှတ်ရပြီးသား ဝန်ထမ်းတွေကို စေလွှတ်ဖို့ စီစဉ်နေတာပါ။

အလုပ်သမားဝန်ကြီးဌာနက အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က “အဓိကပြည်ပနိုင်ငံတွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရမှာဖြစ်ပြီး သူနာပြု သင်တန်းကျောင်းဆင်းတွေဖြစ်ရင် ပိုကောင်းတယ်လို့ပြောပါတယ်။ ပြည်ပကိုမပို့ခင်လည်း မြန်မာနိုင်ငံတွင်းမှာလည်း စနစ်တကျ သင်တန်းတွေ ပေးသွားမှာဖြစ်ပြီး ကျွမ်းကျင်ဝန်ထမ်းတွေအတွက် အလုပ်အကိုင်အခွင့်အရေး တွေနဲ့ ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်ထားတယ်”လို့ ပြောပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ကိုင်နေသူတဦးက “ပြည်ပကိုအများဆုံးသွားရောက် အလုပ်လုပ်ကိုင်တဲ့သူတွေထဲမှာ ပြင်ပသူနာပြု သင်တန်းကျောင်းတွေကနေ အသိအမှတ်ပြု လက်မှတ်တွေနဲ့ သွားရောက်အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီး အလုပ်သမားတွေလည်း အများဆုံးဖြစ်တယ်”လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်ပကို တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ ၄၁၈၄ ကျော်နဲ့ ပြည်တွင်းအလုပ်နေရာ ၁၆၅၁၁ ကျော်ကို အလုပ်သမားဝန်ကြီးဌာနက အလုပ်အကိုင် ခန့်အပ်ပေးခဲ့နိုင်တယ်လို့ သိရပါတယ်။
Ref:DVB

Related posts

မဂၤလာေတာင္ၫြန္႔ပဋိပကၡတြင္ ပါဝင္ၿပီး ဖမ္းဝရမ္းထုတ္ခံရသူႏွစ္ဦး လာေရာက္အဖမ္းခံ

OMCTC

မဲေဆာက္-ဘန္ေကာက္လမ္းရွိ ေဟြးလွ်ားဥ စစ္ေဆးေရးဂိတ္တြင္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား ထိုင္းလ၀က၏ ၿခိမ္းေျခာက္ေငြညႇစ္ျခင္း ခံေနရ

Nandar Lwin

ေျမာက္ဦးတြင္ ေရွးေဟာင္းဘုရား ၄ ဆူ ေတြ႔ရွိ

Nandar Lwin

Leave a Comment