29 C
Yangon
May 23, 2018
  • Home
  • News
  • Business News
  • ျပည္တြင္းေရႊေဈးႏႈန္း အျမင့္ဆံုး စံခ်ိန္တင္ျမင့္တက္
Business News

ျပည္တြင္းေရႊေဈးႏႈန္း အျမင့္ဆံုး စံခ်ိန္တင္ျမင့္တက္

ျပည္တြင္းေရႊေဈးႏႈန္း

ျပည္တြင္းေရႊေဈးႏႈန္းက အျမင့္ဆံုး အေျခအေနအထိ ထပ္မံၿပီး စံခ်ိန္တင္ ျမင့္တက္လာပါတယ္။

ျပည္တြင္းေရႊေစ်းႏႈန္းေတြက ေမလ ၁၈ ရက္ေန႔မွာ အျမင့္ဆံုး အေျခအေန အေခါက္ေရႊ ၁ က်ပ္သားကို က်ပ္ ၉သိန္း ၁ေသာင္း ၁ေထာင့္ ၅ရာအထိ စံခ်ိန္တင္ ထပ္မံ ျမင့္တက္လာပါတယ္။

ဒီလို ျပည္တြင္းေရႊေဈးႏႈန္းေတြ စံခ်ိန္တင္ ထပ္မံ ျမင့္တက္လာတာဟာ ကမာၻ႔ေရႊေစ်းႏႈန္းေတြ ျမင့္တက္လာတာနဲ႔အတူ ျမန္မာေငြတန္ဖိုးေတြ ပိုမို က်ဆင္းလာတာေၾကာင့္ပါလို႔ သံုးသပ္တာေတြလည္း ရွိေနပါတယ္။

ဒီလို ေရႊေဈးေတြ ျမင့္တက္လာတဲ့အတြက္ ျပည္တြင္းအေခါက္ေရႊ အေရာင္းအဝယ္ ေဈးကြက္ထဲမွာ ယခင္တပတ္ ေရႊေဈး ၈သိန္း ၉ေသာင္း ျဖစ္ခ်ိန္မွာ ေရႊဝယ္ယူထားသူေတြက ျပန္လည္ထုတ္ေရာင္းလာတာေတြလည္း ရွိေနပါတယ္။

“မနက္ပိုင္း တက္တာကေတာ့ ျမန္မာ့ေရႊေဈးကြက္မွာ ၁၅ ေဒၚလာေလာက္ တက္သြားလို႔ ၁ ေအာင္စကို ၁၅ ေဒၚလာေလာက္ တက္သြားတာ ျဖစ္ပါတယ္။ အခု ၁၀ နာရီခဲြ ျဖစ္တာကေတာ့ ၉သိန္း ၁ေသာင္းနဲ႔ ၁ေထာင့္ ၅ရာနဲ႔ ေဈးဖြင့္ပါတယ္။ လက္ရွိအေျခအေနကေတာ့ ေရာင္းလိုအား မ်ားၿပီးေတာ့ ဝယ္လိုအား မ်ားေနပါတယ္။ ေဈးေကာင္းတဲ့အတြက္ အရင္ ၉ သိန္းေအာက္မွာ ၈သိန္း ၉ေသာင္းမွာ ဝယ္ထားတဲ့လူေတြက ေဈးေကာင္းရတဲ့အတြက္ ျပန္ေရာင္းတဲ့အတြက္ ေဈးကြက္စည္ေနတာ ျဖစ္ပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး ေရႊလုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမႉး ဦးဝင္းျမင့္က ေျပာပါတယ္။

ဒီေန႔မွာေရႊေစ်းက အျမင္ဆံုးထပ္မံေရာက္ရွိလာတာေၾကာင့္ေရႊထည္ပစၥည္း အေရာင္းဆိုင္ ေတြမွာေတာ့ အေရာင္းအဝယ္က ပိုေအးလာတယ္လို႔ ေရႊဆိုင္ပိုင္ရွင္ေတြက ေျပာပါတယ္။

“ေဈးတက္တာက ဒီေန႔မွ တက္သြားတာ။ ႐ုတ္တရက္ႀကီး တက္သြားတာေပါ့ေနာ္။ အခုေလာေလာဆယ္ေတာ့ ေဈးတက္လို႔ဆိုၿပီး လာေရာင္းတဲ့သူေတြေတာ့ မလာေသးပါဘူး။ ပံုမွန္အေနအထားေလာက္ပဲ။ အေရာင္းအဝယ္ကေတာ့ ခပ္ေအးေအးပဲ။ ေဈးတက္လာေတာ့ နည္းနည္းပိုေအးသြားတာေပါ့ေနာ္”လို႔ ေရႊဆိုင္ပိုင္ရွင္ ဦးေဇာ္ေအာင္က ေျပာပါတယ္။

ေမလ ၁၈ ရက္ေန႔မွာေတာ့ အေခါက္ေရႊ ၁ က်ပ္သားကို က်ပ္ ၉သိန္း ၁ေသာင္း ၁ေထာင့္ ၅ရာ ေပါက္ေဈးရွိေနခ်ိန္မွာ ကမာၻ႔ေရႊေဈးကလည္း ၁ ေအာင္စကို အေမရိကန္ေဒၚလာ ၁၂၆၀ ေပါက္ေဈးရွိေနပါတယ္။

ေရႊေဈးႏႈန္းက ေမလကုန္ေလာက္အထိေတာ့ ၉သိန္း အထက္မွာပဲ အေရာင္းအဝယ္ ရွိေနမယ္လို႔ ေရႊေဈးကြက္ကြၽမ္းက်င္သူေတြက သံုးသပ္ပါတယ္။
Ref:DVB

ျပည္တြင္းေရႊေဈးႏႈန္း အျမင့္ဆံုး စံခ်ိန္တင္ျမင့္တက္


unicode

ပြည်တွင်းရွှေဈေးနှုန်း အမြင့်ဆုံး စံချိန်တင်မြင့်တက်

ပြည်တွင်းရွှေဈေးနှုန်းက အမြင့်ဆုံး အခြေအနေအထိ ထပ်မံပြီး စံချိန်တင် မြင့်တက်လာပါတယ်။

ပြည်တွင်းရွှေစျေးနှုန်းတွေက မေလ ၁၈ ရက်နေ့မှာ အမြင့်ဆုံး အခြေအနေ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၉သိန်း ၁သောင်း ၁ထောင့် ၅ရာအထိ စံချိန်တင် ထပ်မံ မြင့်တက်လာပါတယ်။

ဒီလို ပြည်တွင်းရွှေဈေးနှုန်းတွေ စံချိန်တင် ထပ်မံ မြင့်တက်လာတာဟာ ကမ္ဘာ့ရွှေစျေးနှုန်းတွေ မြင့်တက်လာတာနဲ့အတူ မြန်မာငွေတန်ဖိုးတွေ ပိုမို ကျဆင်းလာတာကြောင့်ပါလို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီလို ရွှေဈေးတွေ မြင့်တက်လာတဲ့အတွက် ပြည်တွင်းအခေါက်ရွှေ အရောင်းအဝယ် ဈေးကွက်ထဲမှာ ယခင်တပတ် ရွှေဈေး ၈သိန်း ၉သောင်း ဖြစ်ချိန်မှာ ရွှေဝယ်ယူထားသူတွေက ပြန်လည်ထုတ်ရောင်းလာတာတွေလည်း ရှိနေပါတယ်။

“မနက်ပိုင်း တက်တာကတော့ မြန်မာ့ရွှေဈေးကွက်မှာ ၁၅ ဒေါ်လာလောက် တက်သွားလို့ ၁ အောင်စကို ၁၅ ဒေါ်လာလောက် တက်သွားတာ ဖြစ်ပါတယ်။ အခု ၁၀ နာရီခွဲ ဖြစ်တာကတော့ ၉သိန်း ၁သောင်းနဲ့ ၁ထောင့် ၅ရာနဲ့ ဈေးဖွင့်ပါတယ်။ လက်ရှိအခြေအနေကတော့ ရောင်းလိုအား များပြီးတော့ ဝယ်လိုအား များနေပါတယ်။ ဈေးကောင်းတဲ့အတွက် အရင် ၉ သိန်းအောက်မှာ ၈သိန်း ၉သောင်းမှာ ဝယ်ထားတဲ့လူတွေက ဈေးကောင်းရတဲ့အတွက် ပြန်ရောင်းတဲ့အတွက် ဈေးကွက်စည်နေတာ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

ဒီနေ့မှာရွှေစျေးက အမြင်ဆုံးထပ်မံရောက်ရှိလာတာကြောင့်ရွှေထည်ပစ္စည်း အရောင်းဆိုင် တွေမှာတော့ အရောင်းအဝယ်က ပိုအေးလာတယ်လို့ ရွှေဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

“ဈေးတက်တာက ဒီနေ့မှ တက်သွားတာ။ ရုတ်တရက်ကြီး တက်သွားတာပေါ့နော်။ အခုလောလောဆယ်တော့ ဈေးတက်လို့ဆိုပြီး လာရောင်းတဲ့သူတွေတော့ မလာသေးပါဘူး။ ပုံမှန်အနေအထားလောက်ပဲ။ အရောင်းအဝယ်ကတော့ ခပ်အေးအေးပဲ။ ဈေးတက်လာတော့ နည်းနည်းပိုအေးသွားတာပေါ့နော်”လို့ ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောပါတယ်။

မေလ ၁၈ ရက်နေ့မှာတော့ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၉သိန်း ၁သောင်း ၁ထောင့် ၅ရာ ပေါက်ဈေးရှိနေချိန်မှာ ကမ္ဘာ့ရွှေဈေးကလည်း ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၂၆၀ ပေါက်ဈေးရှိနေပါတယ်။

ရွှေဈေးနှုန်းက မေလကုန်လောက်အထိတော့ ၉သိန်း အထက်မှာပဲ အရောင်းအဝယ် ရှိနေမယ်လို့ ရွှေဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
Ref:DVB

Related posts

ႏိုင္ငံတကာ စံႏႈန္းမ်ားအတိုင္း ဘဏ္မ်ား၏ ေခ်းေငြအေပၚ အတိုးႏႈန္းကို ဆံုး႐ံႈးႏိုင္ေျခအေပၚလိုက္၍ ေလွ်ာ့ခ်ျခင္းႏွင့္ ျမႇင့္တင္ျခင္းမ်ား သတ္မွတ္ရန္ စတင္လုပ္ေဆာင္

Nandar Lwin

အပန္းေျဖအနားယူခ်င္စိတ္ကိုေဖ်ာက္ဖ်ျပီး လုပ္ငန္းခြင္မွာတက္ႀကြမူရွိေစဖို႕

OMCTC

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၏ အိမ္ျခံေျမ အေရာင္းအ၀ယ္ ေအးေနေသာ္လည္း ယခုႏွစ္ေႏွာင္းပိုင္း အိမ္ျခံေျမေစ်းကြက္ အလားအလာေကာင္းမ်ား ရွိႏိုင္ေၾကာင္း ခန္႔မွန္း

Nandar Lwin

Leave a Comment