Health & Beauty

အီၾကာေကြး စားသံုးမႈ သတိျပဳ

လူအမ်ား စားသံုးလ်က္ ရွိေသာ အီၾကာေကြး ထဲ၌ ေရာင္းပန္း လွရန္ အတြက္
မိုးနီးယား (MX3) ဟုေခၚေသာ ဓာတု ေဆး၀ါး တစ္မ်ဳိးအား သံုးစြဲကာ ေၾကာ္ေလွာ္ ေရာင္းခ်မႈမ်ား ရွိေၾကာင္း စားသံုးသူ ကာကြယ္ေရး အသင္းမွ ဥကၠ႒ ဦးဗအုပ္ ခိုင္က ေျပာၾကားသည္။

ဒီလိုျဖစ္တဲ့ ေနရာကေတာ့ ေရႊျပည္သာက ထန္းေျခာက္ပင္ ေစ်းမွာ ျဖစ္တာ။ ဆရာတို႔ကို လူ ေတြက အဲဒီဆိုင္က အီၾကာေကြး ေတြက ေသးေစာ္နံလို႔ ဆိုၿပီး တိုင္တယ္။ ဆရာတို႔ သြားစစ္တဲ့ အခါ က်ေတာ့ ေသးေစာ္ နံမွာေပါ့ မိုးနီးယား (MX3) ကို ထည့္သံုးထား တာကို မိုးနီးယား ဆိုတဲ့ ဓာတုေဆး၀ါး တစ္မ်ဳိးကို အီၾကာေကြးတို႔ အျခား ေၾကာ္တဲ့ ေနရာေတြမွာ ထည့္သံုး မယ္ဆိုရင္ အဲဒီေဆးက အျခားပြ ေဆးေတြ သံုးတာထက္ ပိုပြတယ္။ အရင္တုန္းက အီၾကာေကြးေတြ ထဲမွာ ေဆာ္ဒါ ထည့္သံုး ၾကတယ္။ အဲဒါကို သံုးတာ ဆရာတို႔ဘာမွ မေျပာပါဘူး။ အခုဟာက တရား လြန္လာတယ္။ ဘယ္သူ ေသေသ ငေတမာရင္ ၿပီးေရာ စိတ္ႏွင့္ အလုပ္ လုပ္ေနၾကတယ္ ဟု ေျပာၾကားခဲ့သည္။

အဆိုပါကဲ့သို႔ ၀ိႆမေလာ ဘသမားမ်ား မေတာ္စီးပြား ရွာကာ ျပဳလုပ္ ေရာင္းခ်ျခင္းေၾကာင့္ စားဖို႔ အသက္ရွင္ ေနသည္ဟု မျဖစ္ ရေစပဲ အသက္ရွင္ဖို႔ စားရသည္ ျဖစ္ေစ လိုေသာေၾကာင့္ က်န္းမာေရး အတြက္ ဂ႐ုစိုက္ကာ စားေသာက္ ေစလိုေၾကာင္း ဦးဗအုပ္ခိုင္ ၏ မွာၾကားခ်က္ အရ သိရွိရသည္။

အဆိုပါ မိုးနီးယား (MX3) သည္ ေရခဲစက္ႏွင့္ အဲယားကြန္း မ်ားတြင္ သံုးသည္ မိုးနီးယား အမ်ဳိးအစား ျဖစ္ၿပီး ယင္းကဲ့သို႔ အသံုးျပဳထားေသာ အစားအစာ ေရာဂါ ေ၀ဒနာ ရရွိႏိုင္ၿပီး ေရရွည္ စားသံုးပါက ကင္ဆာ ေရာဂါမ်ား ရရွိႏုိင္ေၾကာင္း အဆိုပါ ပုဂ္ၢိဳလ္ ေျပာၾကားခ်က္ အရ သိရသည္။

Ref:ဗဟုသုတစာမ်က္ႏွာမ်ား

12642788_1686948508210563_3876679238233796664_nUnicode Version

လူအများ စားသုံးလျက် ရှိသော အီကြာကွေး ထဲ၌ ရောင်းပန်း လှရန် အတွက်
မိုးနီးယား (MX3) ဟုခေါ်သော ဓာတု ဆေးဝါး တစ်မျိုးအား သုံးစွဲကာ ကြော်လှော် ရောင်းချမှုများ ရှိကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ် ခိုင်က ပြောကြားသည်။

ဒီလိုဖြစ်တဲ့ နေရာကတော့ ရွှေပြည်သာက ထန်းခြောက်ပင် စျေးမှာ ဖြစ်တာ။ ဆရာတို့ကို လူ တွေက အဲဒီဆိုင်က အီကြာကွေး တွေက သေးစော်နံလို့ ဆိုပြီး တိုင်တယ်။ ဆရာတို့ သွားစစ်တဲ့ အခါ ကျတော့ သေးစော် နံမှာပေါ့ မိုးနီးယား (MX3) ကို ထည့်သုံးထား တာကို မိုးနီးယား ဆိုတဲ့ ဓာတုဆေးဝါး တစ်မျိုးကို အီကြာကွေးတို့ အခြား ကြော်တဲ့ နေရာတွေမှာ ထည့်သုံး မယ်ဆိုရင် အဲဒီဆေးက အခြားပွ ဆေးတွေ သုံးတာထက် ပိုပွတယ်။ အရင်တုန်းက အီကြာကွေးတွေ ထဲမှာ ဆော်ဒါ ထည့်သုံး ကြတယ်။ အဲဒါကို သုံးတာ ဆရာတို့ဘာမှ မပြောပါဘူး။ အခုဟာက တရား လွန်လာတယ်။ ဘယ်သူ သေသေ ငတေမာရင် ပြီးရော စိတ်နှင့် အလုပ် လုပ်နေကြတယ် ဟု ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ ၀ိဿမလော ဘသမားများ မတော်စီးပွား ရှာကာ ပြုလုပ် ရောင်းချခြင်းကြောင့် စားဖို့ အသက်ရှင် နေသည်ဟု မဖြစ် ရစေပဲ အသက်ရှင်ဖို့ စားရသည် ဖြစ်စေ လိုသောကြောင့် ကျန်းမာရေး အတွက် ဂရုစိုက်ကာ စားသောက် စေလိုကြောင်း ဦးဗအုပ်ခိုင် ၏ မှာကြားချက် အရ သိရှိရသည်။

အဆိုပါ မိုးနီးယား (MX3) သည် ရေခဲစက်နှင့် အဲယားကွန်း များတွင် သုံးသည် မိုးနီးယား အမျိုးအစား ဖြစ်ပြီး ယင်းကဲ့သို့ အသုံးပြုထားသော အစားအစာ ရောဂါ ဝေဒနာ ရရှိနိုင်ပြီး ရေရှည် စားသုံးပါက ကင်ဆာ ရောဂါများ ရရှိနိုင်ကြောင်း အဆိုပါ ပုဂ်္ဂိုလ် ပြောကြားချက် အရ သိရသည်။

Related posts

ေရေႏြးၾကမ္း အလြန္အကြ်ံေသာက္တာ အႏၱရာယ္ရိွသလား

OMCTC

ေျခေထာက္ႏွင့္ တင္ပါးက်စ္လစ္ လွပေစဖို႔ အလြယ္တကူ ျပဳလုပ္ႏိုင္မယ့္ ေလ့က်င့္ခန္း (၈)ခု

Nandar Lwin

သင့္ရဲ႕ Smart Phone က သင့္ကုိ ဘယ္လုိသက္ေရာက္ေစသလဲ

OMCTC

Leave a Comment