31 C
Yangon
June 24, 2018
  • Home
  • Lifestyle
  • Fashion
  • 2018 အတြက္ လူငယ္ဆန္ၿပီး ခ်စ္စရာေကာင္းတဲ့ (Bob) ေဘာ့ဆံပင္ပံုစံ အမ်ိဳးမ်ိဳး
Fashion

2018 အတြက္ လူငယ္ဆန္ၿပီး ခ်စ္စရာေကာင္းတဲ့ (Bob) ေဘာ့ဆံပင္ပံုစံ အမ်ိဳးမ်ိဳး

(Bob) ေဘာ့ဆံပင္ပံုစံ အမ်ိဳးမ်ိဳး

ဆံပင္ညွပ္ျခင္းဟာ စိတ္ဖိစီးမႈကို သက္သာေစၿပီး ပုခံုးေပၚက ႀကီးမားတဲ့ ဖိအားကို ဖယ္ပစ္လိုက္သလို ခံစားရေစတယ္လို႔ဆိုၾကပါတယ္။ ဆံပင္ညွပ္ၿပီးရင္ လန္းဆန္းတတ္ၾကြေနသလိုခံစားရတာေၾကာင့္ တစ္ခ်ိဳ႕က ခဏခဏ ဆံပင္ပံုစံေျပာင္းတတ္ၾကပါတယ္။ ဆံပင္ပံုစံအသစ္က ကိုယ္ရည္ကိုယ္ေသြးအေပၚမွာလည္း သိသိသာသာ အက်ိဳးသက္ေရာက္မႈ ရွိႏိုင္ပါတယ္။ ဒီေတာ့ အလုပ္ေတြေၾကာင့္ စိတ္ဖိစီးမႈေတြမ်ားေနတဲ့ ပ်ိဳေမေတြနဲ႔ 2018 မွာ ဆံပင္ဘယ္ပံုစံ ေျပာင္းလဲရမလဲလို႔ စဥ္းစားေနတဲ့ ပ်ိဳေမေတြအတြက္ ေနာက္ဆံုးေပၚ ခ်စ္စရာေကာင္းတဲ့ Bob hairstyle ေလးေတြကို ေဖာ္ျပေပးလိုက္တယ္ေနာ္။

စံုတြဲဓါတ္ပံု႐ိုက္တဲ့အခါ အေနအထားလွေအာင္ ဘယ္လို Pose ေပးသင့္လဲ

ပထမဆံုး Bob ဆံပင္ပံုစံညွပ္ဖို႔ စဥ္းစားတဲ့အခါ သတိရဖို႔ အႀကံျပဳခ်က္ေလးတစ္ခ်ိဳ႕ ေပးခ်င္ပါတယ္။
– သင္ယံုၾကည္ရတဲ့ ဆံပင္ stylist တစ္ဦးဆီသြားပါ။
– Hairstyle ေရြးခ်ယ္တဲ့အခါ သင့္ဆံပင္ရဲ႕ texture ကို ထည့္စဥ္းစားပါ။
– Bob ေဘာ့ ဆံပင္အရွည္ပံုစံကို ေရြးခ်ယ္တဲ့အခါ သင့္မ်က္ႏွာပံုသ႑ာန္ႏွင့္ လုိက္မလိုက္ စဥ္းစားပါ။

၁။ Bob အရွည္ပံုစံ

Bob အရွည္ပံုစံဟာ ဘယ္မ်က္ႏွာပံုစံမဆို လိုက္ဖက္ပါတယ္။ မၾကာမီ ေႏြရာသီေရာက္ေတာ့မွာဆိုေတာ့ ပူအိုက္တာသက္သာေအာင္ ဒီဆံပင္ပံုစံေလးကို ညွပ္သင့္ပါတယ္။ Bob ဆံပင္ပံုစံကိုမွ အေျဖာင့္ဆံပင္ပံုစံႀကိဳက္တဲ့ သူေတြအတြက္နဲ႔ လိႈင္းတြန္႔ေလးေတြ ညွပ္ခ်င္တဲ့ သူေတြအတြက္ အေကာက္ပံုစံေလးႏွစ္မ်ိဳးလံုး ေဖာ္ျပေပးလိုက္ပါတယ္။

Long Straight Bob

၂။ အထပ္ထပ္ႏွင့္ Bob ဆံပင္ပံုစံ

ဗစ္တိုရီးယားဘက္ခမ္းဟာ အၿမဲတမ္း ေဘာ့ဆံပင္ပံုစံေလးေတြညွပ္ခဲ့ပါတယ္။ ဆံပင္အရွည္ အေနေတာ္ေလးညွပ္ခ်င္တဲ့ သူေတြအတြက္ ဗစ္တိုရီးယားဘက္ခမ္းညွပ္ထားတဲ့ အထပ္ပံုစံ Bob hairstyle ေလးကို ညွပ္ၾကည့္သင့္ပါတယ္။

၃။ အေရာင္

သင္ Bob ပံုစံညွပ္ၿပီးလို႔ တခါတရံမွာ ဒါကိုေျပာင္းလဲလိုက္တယ္လုိ႔ မခံစားရဘူးဆိုရင္ ဆံပင္ကာလာေလး ေျပာင္းၾကည့္ပါ။ ဒီႏွစ္အတြက္ လူႀကိဳက္အမ်ားဆံုးနဲ႔ ေရပန္းအစားဆံုးကေတာ့ လွပတဲ့ ပန္းေရာင္ကာလာေလးေတြပဲျဖစ္ပါတယ္။

၄။ လိႈင္းတြန္႔ ႏွင့္ အေျဖာင့္ Bob ပံုစံ
မိန္းကေလးအမ်ားစုက ဆံပင္ညွပ္ရင္ ေျဖာင့္ဖို႔ပဲ စဥ္းစားၾကၿပီး ေကာက္ဖို႔ အတြက္ဆို တြန္႔ဆုတ္တတ္ၾကပါတယ္။ Bob ပံုစံအတိုမွာ လိႈင္းတြန္႔ေလးေတြနဲ႔ ဒီဇိုင္းက သင့္ကို ေခတ္ဆန္ၿပီး တစ္မ်ိဳးေလးၾကည့္ေကာင္းေစတာေၾကာင့္ ႀကိဳးစားၾကည့္သင့္ပါတယ္။

၅။ အခ်ိဳးအစားမညီတဲ့ Bob ပံုစံ

သင္သည္ ေခတ္ဆန္ဆန္ ၀တ္စားတတ္သူျဖစ္လွ်င္ ဒီလုိ asymmetrical style ေလးညွပ္ၾကည့္ပါ။

၆။ ဆံၿမိတ္ထူထူႏွင့္ Bob အတုိ

နဖူးေပၚမွာ တျခမ္းအုပ္ေနေသာ ဆံၿမိတ္ထူထူေလးနဲ႔ Bob ပံုစံအတိုေလးဟာ မ်က္ႏွာ၀ိုင္းတဲ့ သူေတြအတြက္ အရမ္းၾကည့္ေကာင္းပါတယ္။

၇။ Undercut Bob

အပ်ံစားဆံပင္စတိုင္ညွပ္ခ်င္တဲ့ သူေတြအတြက္ ဒီႏွစ္မွာ undercut bob ပံုစံေလးကို ညွပ္သင့္တယ္ေနာ္။ Tomboy ေလးေတြညွပ္လို႔ရမယ့္ ဆံပင္ပံုစံအလန္းေလးေတြပါ။

၈။ angled bob (တစ္ေစာင္းပံုစံ Bob)

ဒါကေတာ့ Bob ဆံပင္ပံုစံကိုမွ ေစာင္းေနတဲ့ ဒီဇိုင္းျဖစ္ပါတယ္။ ယခုႏွစ္မွာ တစ္ေက်ာ့ျပန္ေခတ္စားလာတာျဖစ္ပါတယ္။ ဒီဆံပင္ပံုစံေလးကို ျမန္မာဆန္ဆန္ရင္ဖံုး ၀တ္စံုေလးနဲ႔ ပုတီးလည္ဆြဲေလးဆြဲဖို႔ အႀကံျပဳပါတယ္။

၉။ Inverted Bob

ဒါကေတာ့ angled bob ဗားရွင္းကို ရိုးရွင္းစြာ ဆန္းသစ္ထားတာျဖစ္ပါတယ္။

ဒါကေတာ့ အရွည္ႀကိဳက္ႏွစ္သက္သူေတြ အတြက္ပါ။

၁၀။ ပါးတဲ့ ဆံပင္အတြက္ Lob Bob

သင့္ဆံပင္က ပါးၿပီး ေပ်ာ့ေနလွ်င္ Lob Bob ကို အေကာင္းဆံုး ေရြးခ်ယ္ရပါလိမ့္မယ္။ အရမ္းတိုသြားရင္ အဆင္မေျပတဲ့ သူေတြအတြက္ မတိုလြန္း မရွည္လြန္းတဲ့ Bob ပံုစံျဖစ္ပါတယ္။

၁၁။ Blonde Long Bob

ဆယ္လီနာဂိုးမက္သည္ ၿပီးခဲ့တဲ့ႏွစ္က ဆံပင္အနက္ေရာင္ကို ေျပာင္းလဲထားတဲ့ Bob ပံုစံပါ။ ဒီႏွစ္မွာေတာ့ ေရြေရာင္ဆံပင္ Bob ေလးနဲ႔ လွေနတာကို ေတြ႕ရမွာပါ။

၁၂။ ေခတ္ေဟာင္း Faux Bob

ဒီေခတ္ေဟာင္းပံုစံေလးက 1920 ခုႏွစ္တုန္းက ေခတ္စားခဲ့ၿပီး ဘယ္ေတာ့မွေဟာင္းမသြားတဲ့ ပံုစံပါ။

၁၃။ က်စ္ဆံၿမီး ဆံပင္ပံုစံႏွင့္ Pixie Bob


#Lifestyle_Myanmar
#TB_Nandar

Unicode

2018 အတွက် လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့ (Bob) ဘော့ဆံပင်ပုံစံ အမျိုးမျိုး

ဆံပင်ညှပ်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေပြီး ပုခုံးပေါ်က ကြီးမားတဲ့ ဖိအားကို ဖယ်ပစ်လိုက်သလို ခံစားရစေတယ်လို့ဆိုကြပါတယ်။ ဆံပင်ညှပ်ပြီးရင် လန်းဆန်းတတ်ကြွနေသလိုခံစားရတာကြောင့် တစ်ချို့က ခဏခဏ ဆံပင်ပုံစံပြောင်းတတ်ကြပါတယ်။ ဆံပင်ပုံစံအသစ်က ကိုယ်ရည်ကိုယ်သွေးအပေါ်မှာလည်း သိသိသာသာ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဒီတော့ အလုပ်တွေကြောင့် စိတ်ဖိစီးမှုတွေများနေတဲ့ ပျိုမေတွေနဲ့ 2018 မှာ ဆံပင်ဘယ်ပုံစံ ပြောင်းလဲရမလဲလို့ စဉ်းစားနေတဲ့ ပျိုမေတွေအတွက် နောက်ဆုံးပေါ် ချစ်စရာကောင်းတဲ့ Bob hairstyle လေးတွေကို ဖော်ပြပေးလိုက်တယ်နော်။
ပထမဆုံး Bob ဆံပင်ပုံစံညှပ်ဖို့ စဉ်းစားတဲ့အခါ သတိရဖို့ အကြံပြုချက်လေးတစ်ချို့ ပေးချင်ပါတယ်။
– သင်ယုံကြည်ရတဲ့ ဆံပင် stylist တစ်ဦးဆီသွားပါ။
– Hairstyle ရွေးချယ်တဲ့အခါ သင့်ဆံပင်ရဲ့ texture ကို ထည့်စဉ်းစားပါ။
– Bob ဘော့ ဆံပင်အရှည်ပုံစံကို ရွေးချယ်တဲ့အခါ သင့်မျက်နှာပုံသဏ္ဍာန်နှင့် လိုက်မလိုက် စဉ်းစားပါ။

၁။ Bob အရှည်ပုံစံ

Bob အရှည်ပုံစံဟာ ဘယ်မျက်နှာပုံစံမဆို လိုက်ဖက်ပါတယ်။ မကြာမီ နွေရာသီရောက်တော့မှာဆိုတော့ ပူအိုက်တာသက်သာအောင် ဒီဆံပင်ပုံစံလေးကို ညှပ်သင့်ပါတယ်။ Bob ဆံပင်ပုံစံကိုမှ အဖြောင့်ဆံပင်ပုံစံကြိုက်တဲ့ သူတွေအတွက်နဲ့ လှိုင်းတွန့်လေးတွေ ညှပ်ချင်တဲ့ သူတွေအတွက် အကောက်ပုံစံလေးနှစ်မျိုးလုံး ဖော်ပြပေးလိုက်ပါတယ်။

၂။ အထပ်ထပ်နှင့် Bob ဆံပင်ပုံစံ

ဗစ်တိုရီးယားဘက်ခမ်းဟာ အမြဲတမ်း ဘော့ဆံပင်ပုံစံလေးတွေညှပ်ခဲ့ပါတယ်။ ဆံပင်အရှည် အနေတော်လေးညှပ်ချင်တဲ့ သူတွေအတွက် ဗစ်တိုရီးယားဘက်ခမ်းညှပ်ထားတဲ့ အထပ်ပုံစံ Bob hairstyle လေးကို ညှပ်ကြည့်သင့်ပါတယ်။

၃။ အရောင်

သင် Bob ပုံစံညှပ်ပြီးလို့ တခါတရံမှာ ဒါကိုပြောင်းလဲလိုက်တယ်လို့ မခံစားရဘူးဆိုရင် ဆံပင်ကာလာလေး ပြောင်းကြည့်ပါ။ ဒီနှစ်အတွက် လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံးကတော့ လှပတဲ့ ပန်းရောင်ကာလာလေးတွေပဲဖြစ်ပါတယ်။

၄။ လှိုင်းတွန့် နှင့် အဖြောင့် Bob ပုံစံ
မိန်းကလေးအများစုက ဆံပင်ညှပ်ရင် ဖြောင့်ဖို့ပဲ စဉ်းစားကြပြီး ကောက်ဖို့ အတွက်ဆို တွန့်ဆုတ်တတ်ကြပါတယ်။ Bob ပုံစံအတိုမှာ လှိုင်းတွန့်လေးတွေနဲ့ ဒီဇိုင်းက သင့်ကို ခေတ်ဆန်ပြီး တစ်မျိုးလေးကြည့်ကောင်းစေတာကြောင့် ကြိုးစားကြည့်သင့်ပါတယ်။

၅။ အချိုးအစားမညီတဲ့ Bob ပုံစံ

သင်သည် ခေတ်ဆန်ဆန် ၀တ်စားတတ်သူဖြစ်လျှင် ဒီလို asymmetrical style လေးညှပ်ကြည့်ပါ။

၆။ ဆံမြိတ်ထူထူနှင့် Bob အတို

နဖူးပေါ်မှာ တခြမ်းအုပ်နေသော ဆံမြိတ်ထူထူလေးနဲ့ Bob ပုံစံအတိုလေးဟာ မျက်နှာဝိုင်းတဲ့ သူတွေအတွက် အရမ်းကြည့်ကောင်းပါတယ်။

၇။ Undercut Bob

အပျံစားဆံပင်စတိုင်ညှပ်ချင်တဲ့ သူတွေအတွက် ဒီနှစ်မှာ undercut bob ပုံစံလေးကို ညှပ်သင့်တယ်နော်။ Tomboy လေးတွေညှပ်လို့ရမယ့် ဆံပင်ပုံစံအလန်းလေးတွေပါ။

၈။ angled bob (တစ်စောင်းပုံစံ Bob)

ဒါကတော့ Bob ဆံပင်ပုံစံကိုမှ စောင်းနေတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ယခုနှစ်မှာ တစ်ကျော့ပြန်ခေတ်စားလာတာဖြစ်ပါတယ်။ ဒီဆံပင်ပုံစံလေးကို မြန်မာဆန်ဆန်ရင်ဖုံး ၀တ်စုံလေးနဲ့ ပုတီးလည်ဆွဲလေးဆွဲဖို့ အကြံပြုပါတယ်။

၉။ Inverted Bob

ဒါကတော့ angled bob ဗားရှင်းကို ရိုးရှင်းစွာ ဆန်းသစ်ထားတာဖြစ်ပါတယ်။

၁၀။ ပါးတဲ့ ဆံပင်အတွက် Lob Bob

သင့်ဆံပင်က ပါးပြီး ပျော့နေလျှင် Lob Bob ကို အကောင်းဆုံး ရွေးချယ်ရပါလိမ့်မယ်။ အရမ်းတိုသွားရင် အဆင်မပြေတဲ့ သူတွေအတွက် မတိုလွန်း မရှည်လွန်းတဲ့ Bob ပုံစံဖြစ်ပါတယ်။

၁၁။ Blonde Long Bob

ဆယ်လီနာဂိုးမက်သည် ပြီးခဲ့တဲ့နှစ်က ဆံပင်အနက်ရောင်ကို ပြောင်းလဲထားတဲ့ Bob ပုံစံပါ။ ဒီနှစ်မှာတော့ ရွေရောင်ဆံပင် Bob လေးနဲ့ လှနေတာကို တွေ့ရမှာပါ။

၁၂။ ခေတ်ဟောင်း Faux Bob

ဒီခေတ်ဟောင်းပုံစံလေးက 1920 ခုနှစ်တုန်းက ခေတ်စားခဲ့ပြီး ဘယ်တော့မှဟောင်းမသွားတဲ့ ပုံစံပါ။

၁၃။ ကျစ်ဆံမြီး ဆံပင်ပုံစံနှင့် Pixie Bob

#Lifestyle_Myanmar
#TB_Nandar

Related posts

အထီးက်န္တဲဲ႔သူေလးေတြအတြက္

OMCTC

အလြယ္တကူျပဳလုပ္လို႔ရမယ့္ ခ်စ္စရာေကာင္းတဲ့ ဆံပင္ပံုစံ ၄မ်ိဳး

Nandar Lwin

ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူေတြမွာ စိတ္ဆင္းရဲမႈေတြ မရွိဘူးမထင္လုိက္ပါနဲ႕

OMCTC

Leave a Comment