31 C
Yangon
June 24, 2018
  • Home
  • Lifestyle
  • 2003 ခုနှစ်ဖွား အလှဆုံး ကိုရီးယား အနုပညာရှင် အမျိုးသမီး ၇ယောက်
Lifestyle
2003 ခုနှစ်ဖွား အလှဆုံး ကိုရီးယား အနုပညာရှင် အမျိုးသမီး ၇ယောက်
၁။ Buster အဖွဲ့ဝင် Jisoo
၎။ Fromis_9 ရဲ့ Jiheon
၇။ Kim Minjung
#Lifestyle_Myanmar
#TB_Nandar
Unicode
2003 ခုနှစ်ဖွား အလှဆုံး ကိုရီးယား အနုပညာရှင် အမျိုးသမီး ရယောက်
ဒီကိုရီးယား Idol ခုနှစ်ယောက်ဟာ 2003 ခုနှစ်ဖွားတွေဖြစ်ပြီး ယခုဆိုရင် အသက်၁၅နှစ်အရွယ်လေးတွေ ဖြစ်ပါတယ်။ သူတို့ဟာ အသက်ငယ်ရွယ်ပေမယ့် အရည်အချင်းတွေကတော့ တကယ်တော်တဲ့ ကလေးတွေပါ။
၁။ Buster အဖွဲ့ဝင် Jisoo
Jung Jisoo ဟာ “Dream On” ဆိုတဲ့ တေးအယ်လဘမ်နှင့် 2017 နိုဝင်ဘာမှာ Busters လူသစ်အဖွဲ့နှင့်အတူ စတင် ပွဲဦးထွက်ခဲ့တာပါ။ အင်တာနက်သုံးစွဲသူတွေက သူမရဲ့ သေးငယ်တဲ့ မျက်နှာနှင့် ထူးခြားတဲ့ အသွင်အပြင်ကို အရုပ်ကလေးတစ်ရုပ်နှင့် တူတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ သူမရဲ့အရပ်အမြင့်က 171 စင်တီမီတာရှိပြီး အကကောင်းသူတစ်ဦးဖြစ်ပါတယ်။
၂။ SM Entertainment ရဲ့ Lami
Lami ဟာ SM Entertainment ရဲ့ တတ်သစ်စတစ်ဦးဖြစ်ပြီး 2013 မှာ ဒါရိုက်တာ Lee Soo Man ရွေးချယ်ပွဲထုတ်ခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမသည် လက်တလေမှာ SMရဲ့အောက်မှာ လေ့ကျင့်နေပြီး ဒစ္စနေးချန်နယ်ရဲ့ Mickey Mouse ကလပ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ပရိတ်သတ်တွေက သူမကို fx က Sulli နှင့် အနည်းငယ်တူတယ်လို့ မှတ်ချက်ပေးကြပြီး အွန်လိုင်းသုံးသူတွေက သူမကို SM ရဲ့ Visual center နှင့် Yoona အသေးစားလေး လို့ ခေါ်ကြပါတယ်။ သူမရဲ့ သရုပ်ဆောင်အတွေ့အကြုံနှင့် ချစ်စရာကောင်းတဲ့ ကကွက်အရည်အချင်းတွေကြောင့် မိန်းကလေးအဖွဲ့သစ်မှာ ကျော်ကြားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ SM ရဲ့ SR16G အဖွဲ့သစ်မှာ ဒီနှစ်ပွဲထုတ်လိမ့်မယ်လို့ တချို့ကထင်ကြေးပေးကြပေမယ့် ဒါကို အတည်မပြုရသေးပါဘူး။
၃။ JYP Entertainment ရဲ့ Yuna
Shin Yuna ဟာ JYPရဲ့ကလေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တုန်းက ထောက်ခံမှု ရရှိခဲ့သူတစ်ဦးဖြစ်တဲ့ JYPရဲ့ နာမည်ကြီး ထရိန်နင်တစ်ဦး ဖြစ်ပါတယ်။ သူမသည် အမျိုးသမီးအဖွဲ့2ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
၄။ Fromis_9 ရဲ့ Jiheon
Baek Jiheon ဟာ fromis ပရောဂျက်အဖွဲရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ချစ်စရာကောင်းတဲ့အပြုံးနှင့် သွက်လက်တဲ့ ပုံစံတို့ကြောင့် ကိုရီးယားအွန်လိုင်းသုံးသူတွေအကြား အာရုံစိုက်မှု အများကြီး ရရှိခဲ့ပါတယ်။
၅။ Loen/FAVE Entertainmentရဲ့ Minseo
Baek Minseo ဟာ JTBCရဲ့ Mixnine က အငယ်ဆုံးပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။ သူမသည် ကလေးသရုပ်ဆောင်နှင့် မော်ဒယ်အဖြစ် ဒစ္ဒနေးဖျော်ဖြေရေး ချန်နယ်မှာ ပေါ်ထွက်ခဲ့ပြီး သူမရဲ့ promotional ဗီဒီယိုများက ထင်ရှားခဲ့ပါတယ်။ သူမရဲ့ချစ်စရာကောင်းတဲ့ ရုပ်ရည်နှင့် ပင်ကိုအရည်အချင်းတွေက ပရိတ်သတ်အနှစ်သက်ဆုံး ဖြစ်စေခဲ့ပါတယ်။ သူမသည် Mixnine မှ ဖယ်ရှားခံခဲ့ရပေမယ့် နောက်လမှာ သူမရဲ့တရားဝင်ပွဲဦးထွက် ကိုပြုလုပ်ဖို့ သတ်မှတ်ထားပါတယ်။
၆။ Cube Entertainment ရဲ့ Younseo
Lee Younseo သည် 2017ခုနှစ် MNet ရဲ့ Produce 101 ပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိမှာ CUBE Entertainment အောက်က ထရိန်နင်တစ်ဦးဖြစ်ပါတယ်။
၇။ Kim Minjung
Kim Minjung ဟာ 2016 ရဲ့ Produce 101မှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ အွန်လိုင်းသုံးစွဲသူတွေက သူမရဲ့အရည်အချင်းက လွဲချော်ခဲ့တာကို တုန်လှုပ်ခဲ့ကြပေမယ့် သူမရဲ့ hip-hop ပုံစံနှင့် စိတ်သဘောထားကို ချီးမွန်းခဲ့ပါတယ်။ Kim Minjung ဟာ 2010ခုနှစ်က ကေပေါ့စတား၂မှာ ထွက်ပေါ်လာခဲ့ပေမယ့် ဘယ်သူကမှ အသိအမှတ်မပြုခဲ့တာကြောင့် ပြောင်းလဲသွားခဲ့ပါတယ်။ သူမသည် Starship Entertainment နှင့် လက်မှတ်ရေးထိုးထားတယ်လို့ သတင်းများထွက်ပေါ်လာတာကြောင့် သူမကို ပြန်မြင်ရဖို့ သေချာနေပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Related posts
သင့်ရဲ့ချစ်ရတဲ့သူ တိတ်တခိုးချစ်နေစေဖို့အတွက် အရည်အသွေး (၁၀) ချက်
Naung Naung
မိဘတွေရဲ့ အုပ်ထိန်းမှုလွန်ကဲခြင်းဟာ ကလေးတွေကို အကူအညီပေးရာ မရောက်နိုင်
Naung Naung
မျက်ခွံပေါ်မှတွဲကျနေသည့်အကျိတ်ကြောင်း ဒုက္ခရောက်နေတဲ့အင်ဒိုနီးရှားအမျိုးသား
OMCTC
Leave a Comment