ႏႈတ္ခမ္းေမႊးေပါက္လို႔စိတ္ညစ္ေနတဲ့ ပ်ိဳေမေတြအတြက္

0
19

ႏႈတ္ခမ္းေမႊးေပါက္ျခင္းက အမ်ိဳးသားေတြအတြက္ကေတာ့ ေယာက်္ားပီသတယ္လို႔ ဆိုေပမဲ့ မိန္းကေလးေတြ ႏႈတ္ခမ္းေမႊးေပါက္ရင္ေတာ့ ၾကည့္ရ႐ုပ္ဆိုးသလို၊ မိမိရဲ႕ပင္ကိုယ္အလွကိုလည္း ေမွးမွိန္ေစပါတယ္။ အမ်ိဳးသမီးေတြအတြက္ ႏႈတ္ခမ္းေမႊးေပါက္တာက မ်ိဳး႐ိုးဗီဇအရေသာက္လည္ေကာင္း ဒါမွမဟုတ္ေဟာ္မုန္းကြဲျပားျခားနားခ်က္ေတြေၾကာင့္ျဖစ္ေပၚေစႏိုင္ပါတယ္။
ဒီႏႈတ္ခမ္းေမႊးကို သဘာဝနည္းလမ္းနဲ႔ ဘယ္လိုဘယ္ရွားမလဲ။

-Advertisement-

ပ်ားရည္နဲ႔ သၾကား


ျပဳလုပ္ရလြယ္ကူတဲ့ နည္းလမ္းေကာင္းေလးတစ္ခုကို လမ္းညႊန္ပါရေစ။ ဒါကေတာ့ သင့္အိမ္မွာကုိယ္တိုင္အလြယ္တကူျပဳလုပ္ႏိုင္မဲ့ နည္းေလးပဲျဖစ္ပါတယ္။ ပထမဦးစြာ ပန္းကန္တစ္လုံးထဲကို သၾကား ၃ဇြန္း၊ ပ်ားရည္ ၁ဇြန္းကို ထည့္ၿပီး သၾကားအရည္ေပ်ာ္တဲ့အထိ မိုက္ခ႐ိုေဝ့/မီးဖို ထဲမွာထားပါ။ထိုသၾကာေပ်ာ္သြားတဲ့အခါ သံပုရာသီး လက္ဖက္စားဇြန္း ၁ဇြန္းထည့္ေပးပါ။ အဆိုပါ သုံးခုကို သမေအာင္ေရာေႏွာၿပီး ခဏအေအးခံလိုက္ပါ။ ၿပီးမွ ဝါဂြမ္းစ၊ တစ္႐ွဴးတစ္ခုခုျဖင့္ ႏႈတ္ခမ္းေမႊးရွိတဲ့ေနရာကို တို႔ၿပီး သုတ္လိမ္းေပးလိုက္ပါ။ အခ်ိန္အနည္းငယ္ၾကာတဲ့အခါၾကမွ ေအးျမတဲ့ ေရနဲ႔ ေဆးေၾကာေပးဖို႔
လိုအပ္ပါတယ္။

နႏြင္း


နႏြင္းကေရာဂါေပါင္းမ်ားစြာကိုေပ်ာက္ကင္းေစတဲ့အျပင္ ႏႈတ္ခမ္းေမႊးကိုလည္း ဖယ္ရွားေစဖို႔အတြက္ အေထာက္အကူျပဳပါတယ္။ ပထမဦးစြာ ပန္းကန္တစ္လုံးထဲသို႔ နႏြင္း ၁ဇြန္း၊ ႏို႔ ၁ဇြန္း၊ ဂ်ဳံအနည္းငယ္ထည့္ၿပီး သမေအာင္ ေရာေမႊေပးပါ။ၿပီးလွ်င္ အဆိုပါအေရာအေႏွာကို သင့္ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းေပးႏိုင္ပါတယ္။ ၅-၁၀မိနစ္ေလာက္ ထားထားေပးပါ။ ေျခာက္သြားတဲ့အခါ လက္ကို ေရအနည္းငယ္စြတ္ၿပီး ထိုေနရာကို ပြတ္တိုက္ေပးပါ။ ၿပီးမွ ေအးျမတဲ့ေရနဲ႔ သင့္အသားအေရကိုသန္႔စင္ႏိုင္ပါတယ္။ ဒါ့အျပင္ နႏြင္းနဲ႔ ႏို႔ ေရာထားတာကို သင့္အသားအေရေတာက္ပဖို႔အတြက္ သုတ္လိမ္းေပးႏိုင္ပါတယ္။

ကုလားပဲမႈန္႔နဲ႔ ဒိန္ခ်ဥ္


ဒိန္ခ်ဥ္နဲ႔ ကုလားပဲမႈန္႔ဟာ ႏႈတ္ခမ္းေမြးေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ေခၽြးေပါက္ထဲရွိ အညစ္အေၾကးေတြကိုပါ စုပ္ယူႏိုင္ပါတယ္။ အရင္ဦးဆုံး ပန္းကန္လုံးတစ္ခုထဲကို ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း ၁ဇြန္း၊ ကုလားပဲအစိမ္းမႈန္႔ လက္ဖက္ရည္ဇြန္း ၁ဇြန္းနဲ႔ နႏြင္းအနည္းငယ္ထည့္ၿပီး သမေအာင္ေမႊေပးပါ။ ၿပီးလွ်င္ သင့္ရဲ႕ ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းေပးၿပီး ၁၅-၂၀ မိနစ္ေလာက္ အျခာက္ခံထားေပးပါ။ ၿပီးလွ်င္ သင့္ရဲ႕လက္ျဖင့္ ထိုေနရာကို ပြတ္တိုက္ေပးၿပီး သန္႔စင္တဲ့ ေရျဖင့္ေဆးေၾကာေပးႏိုင္ပါတယ္။ တစ္ပတ္ကို ၂ႀကိမ္အထိ ထပ္မံျပဳလုပ္ႏိုင္ပါတယ္။

သင့္ခ်စ္သူကို ဝိတ္က်ေစဖို႔ ကူညီႏိုင္မယ့္ နညး္္လမ္းေလးေတြ

#Lifestyle_Myanmar

#Thar_Nage



Unicode

နှုတ်ခမ်းမွှေးပေါက်လို့စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက်
နှုတ်ခမ်းမွှေးပေါက်ခြင်းက အမျိုးသားတွေအတွက်ကတော့ ယောကျ်ားပီသတယ်လို့ ဆိုပေမဲ့ မိန်းကလေးတွေ နှုတ်ခမ်းမွှေးပေါက်ရင်တော့ ကြည့်ရရုပ်ဆိုးသလို၊ မိမိရဲ့ပင်ကိုယ်အလှကိုလည်း မှေးမှိန်စေပါတယ်။ အမျိုးသမီးတွေအတွက် နှုတ်ခမ်းမွှေးပေါက်တာက မျိုးရိုးဗီဇအရသောက်လည်ကောင်း ဒါမှမဟုတ်ဟော်မုန်းကွဲပြားခြားနားချက်တွေကြောင့်ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီနှုတ်ခမ်းမွှေးကို သဘာဝနည်းလမ်းနဲ့ ဘယ်လိုဘယ်ရှားမလဲ။
ပြုလုပ်ရလွယ်ကူတဲ့ နည်းလမ်းကောင်းလေးတစ်ခုကို လမ်းညွှန်ပါရစေ။ ဒါကတော့ သင့်အိမ်မှာကိုယ်တိုင်အလွယ်တကူပြုလုပ်နိုင်မဲ့ နည်းလေးပဲဖြစ်ပါတယ်။ ပထမဦးစွာ ပန်းကန်တစ်လုံးထဲကို သကြား ၃ဇွန်း၊ ပျားရည် ၁ဇွန်းကို ထည့်ပြီး သကြားအရည်ပျော်တဲ့အထိ မိုက်ခရိုဝေ့/မီးဖို ထဲမှာထားပါ။ထိုသကြာပျော်သွားတဲ့အခါ သံပုရာသီး လက်ဖက်စားဇွန်း ၁ဇွန်းထည့်ပေးပါ။ အဆိုပါ သုံးခုကို သမအောင်ရောနှောပြီး ခဏအအေးခံလိုက်ပါ။ ပြီးမှ ဝါဂွမ်းစ၊ တစ်ရှူးတစ်ခုခုဖြင့် နှုတ်ခမ်းမွှေးရှိတဲ့နေရာကို တို့ပြီး သုတ်လိမ်းပေးလိုက်ပါ။ အချိန်အနည်းငယ်ကြာတဲ့အခါကြမှ အေးမြတဲ့ ရေနဲ့ ဆေးကြောပေးဖို့
လိုအပ်ပါတယ်။

နနွင်း
နနွင်းကရောဂါပေါင်းများစွာကိုပျောက်ကင်းစေတဲ့အပြင် နှုတ်ခမ်းမွှေးကိုလည်း ဖယ်ရှားစေဖို့အတွက် အထောက်အကူပြုပါတယ်။ ပထမဦးစွာ ပန်းကန်တစ်လုံးထဲသို့ နနွင်း ၁ဇွန်း၊ နို့ ၁ဇွန်း၊ ဂျုံအနည်းငယ်ထည့်ပြီး သမအောင် ရောမွှေပေးပါ။ပြီးလျှင် အဆိုပါအရောအနှောကို သင့်နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။ ၅-၁၀မိနစ်လောက် ထားထားပေးပါ။ ခြောက်သွားတဲ့အခါ လက်ကို ရေအနည်းငယ်စွတ်ပြီး ထိုနေရာကို ပွတ်တိုက်ပေးပါ။ ပြီးမှ အေးမြတဲ့ရေနဲ့ သင့်အသားအရေကိုသန့်စင်နိုင်ပါတယ်။ ဒါ့အပြင် နနွင်းနဲ့ နို့ ရောထားတာကို သင့်အသားအရေတောက်ပဖို့အတွက် သုတ်လိမ်းပေးနိုင်ပါတယ်။

ကုလားပဲမှုန့်နဲ့ ဒိန်ချဉ်
ဒိန်ချဉ်နဲ့ ကုလားပဲမှုန့်ဟာ နှုတ်ခမ်းမွေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ချွေးပေါက်ထဲရှိ အညစ်အကြေးတွေကိုပါ စုပ်ယူနိုင်ပါတယ်။ အရင်ဦးဆုံး ပန်းကန်လုံးတစ်ခုထဲကို ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ကုလားပဲအစိမ်းမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်းနဲ့ နနွင်းအနည်းငယ်ထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးလျှင် သင့်ရဲ့ နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးပြီး ၁၅-၂၀ မိနစ်လောက် အခြာက်ခံထားပေးပါ။ ပြီးလျှင် သင့်ရဲ့လက်ဖြင့် ထိုနေရာကို ပွတ်တိုက်ပေးပြီး သန့်စင်တဲ့ ရေဖြင့်ဆေးကြောပေးနိုင်ပါတယ်။ တစ်ပတ်ကို ၂ကြိမ်အထိ ထပ်မံပြုလုပ်နိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here