30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Health & Beauty
Health & Beauty
နှုတ်ခမ်းနီဆိုးနည်း
နှုတ်ခမ်းပါးတဲ့ ပျိုမေတွေအတွက် ဆွဲဆောင်မှုရှိသော နှုတ်ခမ်းဖူးဖူးလေး ဖြစ်နေစေဖို့ နှုတ်ခမ်းနီဆိုးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
နှုတ်ခမ်းနီဆိုးတဲ့အခါ တနေ့လုံးမပျက်ဘဲ ကြာရှည်ခံစေမယ့် လှို့ဝှက်ချက်
၁။ Gloss အကြည်လေးဆိုးပါ
#Lifestyle_Myanmar
#TB_Nandar
Unicode
နှုတ်ခမ်းပါးတဲ့သူတွေ နှုတ်ခမ်းဖူးဖူးလေးဖြစ်စေမယ့် နှုတ်ခမ်းနီဆိုးနည်း
နှုတ်ခမ်းပါးတဲ့ ပျိုမေတွေအတွက် ဆွဲဆောင်မှုရှိသော နှုတ်ခမး်ဖူးဖူးလေး ဖြစ်နေစေဖို့ နှုတ်ခမ်းနီဆိုးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ Gloss အကြည်လေးဆိုးပါ
အချိန်မရလို့ပဲဖြစ်ဖြစ်၊ ရိုးရိုးလေးနဲ့ ကြည့်ကောင်းနေစေဖို့ပဲဖြစ်ဖြစ် ဒါက သင့်အတွက်ဖြစ်ပါတယ်။ သင့်နှုတ်ခမ်းလေးကို ဖူးဖူးအိအိလေးဖြစ်နေစေဖို့ Gloss အကြည်လေးဆိုးပေးပါ။
၂။ နှုတ်ခမ်းကို Exfoliate လုပ်ပေးပါ
နှုတ်ခမ်းသားကို နှုးညံ့တောက်ပြောင်ပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားဖို့ သင့်နှုတ်ခမ်းကို Exfoliation ပြုလုပ်ပေးပါ။ Exfoliation ပြုလုပ်ဖို့ ခွက်အသေးတစ်ခုထဲကို သကြားထည့်ပါ။ သဘာဝအုန်းဆီစစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပေးပါ။ (lemon essential oil) သံပုရာရန့ံမွှေးဆီ ၁စက်ထည့်ပြီး ရောမွှေပါ။ ပြီးနောက် နှုတ်ခမ်းအရေပြားကို ညင်သာစွာပွတ်တိုက်ပေးပါ။ ရေဆေးပြီးနောက်မှာ နှုတ်ခမ်းသားမခြောက်သွေ့စေဖို့ နှုတ်ခမ်းလိမ်းဆေးအဆီကို လိမ်းပေးပါ။
၃။ နှုတ်ခမ်းနီမဆိုးခင် သင့်နှုတ်ခမ်းတွေပေါ်မှာ ဖောင်ဒေးရှင်းလိမ်းပေးပါ
နှုတ်ခမ်းနီမဆိုးခင် ကွန်ဆီလာလိမ်းခြင်းက နှုတ်ခမ်းနီကို တာရှည်ခံစေပြီး ခြောက်သွေ့ခြင်းမှ တားဆီးပေးပါတယ်။ နှုတ်ခမ်းကိုလည်း ပိုကြီးတဲ့ပုံပေါ်စေပါတယ်။
၄။ နှုတ်ခမ်းအရောင်တင်ပါ
ဒီeffectက သင့်နှုှတ်ခမ်းကို ပိုကြီးသယောင် ဖန်တီးပေးပါတယ်။ သင်ကြိုက်နှစ်သက်တဲ့ နှုတ်ခမ်းဆိုးဆေးအရောင်ကို သင့်နှုတ်ခမ်းရဲ့အတွင်းသားမှာ ဆိုးပေးပါ။ ပြီးမှ Lip Gloss ပြောင်လေး ဆိုးပေးပါ။ ကိုရီးယား မင်းသမီးလေးလို နှုတ်ခမ်းဖူးဖူးလေးနဲ့ လှနေပါလိမ့်မယ်။
၅။ သင့်နှုတ်ခမ်းအပေါ်ကို Highlighter တချို့တင်ပေးပါ
ကွန်ဆီလာ သို့မဟုတ် Highlighter တစ်ခုခုဖြင့် သင့်အပေါ်နှုတ်ခမ်းအချိုင့်နေရာ (သို့)နှုတ်ခမ်းတစ်ဝိုက်မှာ Highligh လုပ်ပေးခြင်းဖြင့် သင့်နှုတ်ခမ်းကို ပိုပြီးပေါ်လွင်စေမှာပါ။
၆။ နှုတ်ခမ်းဘောင်ကျော်ပြီး ဆိုးပေးပါ
နှုတ်ခမ်းပါးတဲ့သူတွေက နှုတ်ခမ်းထူထူလေးဖြစ်နေစေဖို့ နှုတ်ခမ်းဘောင်ကို မသိမသာလေး ကျော်ပြီးဆိုးပေးနိုင်ပါတယ်။ အရင်ဆုံး Lip Liner ဖြင့် နှုတ်ခမ်းလိုင်းကို ပုံဖော်ပေးပါ။ ပြီးမှ Lip Gloss လေးထပ်ဆိုးပေးပါ။
၇။ သင့်နှုတ်ခမ်းအလယ်ကို ဟိုက်လိုက်လုပ်ပေးပါ။
၈။ နှုတ်ခမ်းရဲ့အလယ်ကို X ပုံစံဆွဲပေးပါ။
နှုတ်ခမ်းပုံဖော်တဲ့အခါ နှုတ်ခမ်းရဲ့အလယ်မှာ Xပုံစံ အရင်ပုံဖော်ပြီးမှ နှုတ်ခမ်းနီဆိုးခြင်းဖြင့် သင့်နှုတ်ခမ်းကို ပုံကျလှပစေမှာပါ။
၉။ ဒါမှမဟုတ် ဒီ ဒီဇိုင်းလေးဆွဲပါ
သင့်နှုတ်ခမ်းပါးလေးကို ပုံစံတကျနဲ့ ထူထူလေးဖြစ်နေစေဖို့ ဒီလိုနည်းလမ်းနဲ့လည်း ဆိုးလို့ရပါတယ်။
၁၀။ နှုတ်ခမ်းနီ ဘရပ်ဖြင့် နှုတ်ခမ်းနီဆိုးပါ
ဒါနည်းလမ်းက နှုတ်ခမ်းနီကို နှုတ်ခမ်းလိုင်းအပြင်ဘက်ကို ရောက်သွားခြင်းမှ တားဆီးပေးတာကြောင့် နှုတ်ခမ်းနီကို တိကျစွာဆိုးနိုင်မှာပါ။
#Lifestyle_Myanmar
#TB_Nandar
Related posts
သင့်ရဲ့ကျောက်ကပ် အလုပ်မလုပ်တော့တဲ့ လက္ခဏာ (၁၀) ခု
Nandar Lwin
သင့်နှုတ်ခမ်းလေးပန်းရောင်ဖြစ်စေမည့်နည်းလမ်းကောင်း
OMCTC
အုန်းရည်၏ ကျန်းမာရေး ကောင်းကျိုးများ။
OMCTC
Leave a Comment