29 C
Yangon
May 23, 2018
  • Home
  • News
  • Business News
  • ႏိုင္ငံတကာ စံႏႈန္းမ်ားအတိုင္း ဘဏ္မ်ား၏ ေခ်းေငြအေပၚ အတိုးႏႈန္းကို ဆံုး႐ံႈးႏိုင္ေျခအေပၚလိုက္၍ ေလွ်ာ့ခ်ျခင္းႏွင့္ ျမႇင့္တင္ျခင္းမ်ား သတ္မွတ္ရန္ စတင္လုပ္ေဆာင္
Business News

ႏိုင္ငံတကာ စံႏႈန္းမ်ားအတိုင္း ဘဏ္မ်ား၏ ေခ်းေငြအေပၚ အတိုးႏႈန္းကို ဆံုး႐ံႈးႏိုင္ေျခအေပၚလိုက္၍ ေလွ်ာ့ခ်ျခင္းႏွင့္ ျမႇင့္တင္ျခင္းမ်ား သတ္မွတ္ရန္ စတင္လုပ္ေဆာင္

ႏိုင္ငံတကာ စံႏႈန္းမ်ားအတိုင္း

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ရန္ကုန္ဘဏ္ခြဲကို ေတြ႕ရစဥ္
ႏိုင္ငံတကာ စံႏႈန္းမ်ားအတုိင္း ဘဏ္မ်ား၏ အတုိးႏႈန္းကို ဆံုး႐ံႈးႏုိင္ေျခ အမ်ဳိးအစားေပၚ မူတည္၍ အတုိးႏႈန္း ေျဖေလွ်ာ့ရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ေဒါက္တာဆက္ေအာင္က ေျပာၾကားသည္။

“ဆံုး႐ႈံးႏိုင္ေျခ အမ်ဳိးအစားေပၚ မူတည္ၿပီး အတိုးႏႈန္းကို ေျဖေလွ်ာ့ေပးတာမ်ဳိး။ ဥပမာ- ႏိုင္ငံတကာမွာဆိုရင္ ဆံုး႐ႈံးႏိုင္ေျခနည္းတဲ့ ေခ်းေငြဆိုရင္ အတုိးႏႈန္းကို ေတာ္ေတာ္ေလးကို ေလွ်ာ့ၿပီးေခ်းတာ ျဖစ္ပါတယ္။ ဆံုး႐ံႈးႏိုင္ေျခမ်ားတယ္ ဆိုရင္ေတာ့ ေခ်းေငြအေပၚ အတုိးကိုတင္တာမ်ဳိး ရွိပါတယ္။ ဒီဥစၥာကို ကြၽန္ေတာ္တို႔စၿပီး လုပ္ေဆာင္ေနပါတယ္” ဟု ေဒါက္တာဆက္ေအာင္က ေျပာၾကားသည္။
လက္ရွိဘဏ္တိုးႏႈန္း ၁၃ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္ရန္ နည္းလမ္း ရွာေဖြသြားမည္ဟု စီမံကိန္းႏွင့္ ဘ႑ာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္၀င္းက ပုဂၢလိကက႑ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီႏွင့္ ျမန္မာ့စီးပြားေရး လုပ္ငန္းရွင္မ်ား ပံုမွန္ေတြ႕ဆံု ေဆြးေႏြးပြဲ (တတိယအႀကိမ္) တြင္ ေျပာၾကားသည္။

“ဘဏ္တုိးႏႈန္း ၁၃ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ႏုိင္ဖို႔ ဘယ္ေနရာမွာ ေျဖရွင္းႏုိင္ဖို႔ Solution ရွိမလဲဆိုတာ ကြၽန္ေတာ္တို႔စတင္ၿပီး စဥ္းစားေနပါၿပီ။ ဒီ ၁၃ ရာခိုင္ႏႈန္း ေလွ်ာ့ခ်မယ္ဆိုရင္ အသီးသီးေသာ လုပ္ငန္းေတြမွာ သက္ေရာက္မႈေတြ အမ်ားႀကီး ရွိလာပါမယ္” ဟု ဦးေက်ာ္၀င္းက ဆိုသည္။

ထို႔ျပင္ ဘဏ္တိုးႏႈန္း ၁၃ ရာခုိင္ႏႈန္းဆိုသည့္ ၀န္ထုပ္၀န္ပိုးႀကီးကို ေျဖရွင္းႏိုင္ရန္ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အစိုးရအဖြဲ႕အတြင္း ေဆြးေႏြးေနသည့္အျပင္ လိုအပ္သည့္ အၾကံျပဳမႈမ်ားလည္း ေပးအပ္ႏိုင္သည္ဟု ဦးေက်ာ္၀င္းက ဆက္လက္ေျပာၾကားသည္။

ျမန္မာႏိုင္ငံတြင္ ယခင္က ဘဏ္တိုးႏႈန္းႏွင့္ ပတ္သက္သည့္ ေျပာင္းလဲမႈ ရွစ္ႀကိမ္ျပဳလုပ္ခဲ့ဖူးၿပီး ဦးသိန္းစိန္အစိုးရလက္ထက္တြင္ အပ္ေငြအေပၚ အတိုးႏႈန္းႏွင့္ ေခ်းေငြအေပၚ အတိုးႏႈန္းအား ၂၀၁၁ ခုႏွစ္ စက္တင္ဘာ တစ္ရက္တြင္တစ္ႀကိမ္ႏွင့္ ၂၀၁၂ ခုႏွစ္ ဇန္န၀ါရီ ၁ ရက္တြင္ တစ္ႀကိမ္၊ ႏွစ္ႀကိမ္အထိ ေလွ်ာ့ခ်ေပးခဲ့သည္။

ဘဏ္တိုးႏႈန္းအား ေျပာင္းလဲျခင္း ျပဳလုပ္ေလ့ရွိသည့္ ကာလမ်ားမွာ ေငြေဖာင္းပြမႈ ေလ်ာ့က်ခ်ိန္ႏွင့္ စီးပြားေရး က်ဆင္းေနခ်ိန္တြင္ စီးပြားေရး ျပန္လည္ျမႇင့္တင္ႏိုင္ရန္ အတိုးႏႈန္း ေလွ်ာ့ခ်ေလ့ရိွၿပီး၊ စီးပြားေရး အရွိန္ျမင့္ေနခ်ိန္ႏွင့္ ေငြေၾကးေဖာင္းပြမႈ ျမင့္မားေနခ်ိန္တြင္ အတိုးႏႈန္း ျမႇင့္တင္ေလ့ရွိသည္။ ထိုသို႔ အတိုးႏႈန္း ေျပာင္းလဲမႈသည္ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ အလုပ္အကိုင္ရရွိမႈ စသည့္ အက်ဳိးသက္ေရာက္မႈမ်ား ရွိႏိုင္မည္ျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ လက္ရွိေငြေဖာင္းပြမႈႏႈန္းမွာ လက္ရွိ အစိုးရလက္ထက္ ၂၀၁၆ ခုႏွစ္ ဇူလိုင္တြင္၊ ၁၂ ဒသမ ၁၂ ရာခိုင္ႏႈန္းအထိ ျမင့္တက္ကာ လက္ရွိတြင္လည္း ေငြေဖာင္းပြႏႈန္း ျမင့္မားသည့္ အေျခအေနတြင္ ရွိေနသည္။

ေငြေဖာင္းပြမႈႏႈန္း ျမင့္မားေနသည္ ဆိုေသာ္လည္း ျမန္မာႏိုင္ငံတြင္ ဘဏ္တုိးႏႈန္း ျမင့္မားေနမႈႏွင့္ အိမ္နီးခ်င္းႏုိင္ငံမ်ားတြင္ ဘဏ္တိုးႏႈန္းနည္းပါးမႈစသည့္ အေျခအေနမ်ားေၾကာင့္ ၂၀၁၈ ခုႏွစ္တြင္ ျမန္မာႏိုင္ငံအေပၚ သက္ေရာက္လာမည့္ အာဆီယံစီးပြားေရး အသိုက္အ၀န္းတြင္ ဘဏ္တိုးႏႈန္းျမင့္မားသည့္ ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္မ်ား အေနႏွင့္ ယွဥ္ၿပိဳင္ရခက္ခဲသည့္ အေျခအေန ျဖစ္ေပၚလာမည္ျဖစ္၍ ဘဏ္တိုးႏႈန္း ေလွ်ာ့ခ်ႏိုင္ရန္ လိုအပ္ေနေၾကာင္း သိရသည္။ ထို႔ျပင္ ဘဏ္တိုးႏႈန္း ျမင့္မားေနသည့္ ျမန္မာႏိုင္ငံသို႔ စင္ကာပူ၊ ထိုင္းစသည့္ ဘဏ္တိုးႏႈန္း နိမ့္သည့္ႏိုင္ငံမ်ားမွ လုပ္ငန္းရွင္မ်ားက ယင္းတို႔၏သက္ဆိုင္ရာႏိုင္ငံမွ ေငြမ်ားေခ်းယူ၍ ျမန္မာႏိုင္ငံဘဏ္မ်ားတြင္ အပ္ႏွံကာ ဘဏ္တိုးႏႈန္းအား အျမတ္အစြန္းယူ ေစ်းကစားမႈမ်ား ျပဳလုပ္မႈမ်ားလည္း ရွိခဲ့သည္။

“ဘဏ္တိုးႏႈန္း ေလွ်ာ့သင့္တယ္။ ဒါေပမဲ့ ခ်က္ခ်င္းႀကီး ျဗဳန္းစားႀကီး ေလွ်ာ့တာမ်ဳိးမဟုတ္ဘဲ ျဖည္းျဖည္းခ်င္း ေလွ်ာ့သင့္တယ္။ ေလွ်ာ့တဲ့အခါမွာ ျပင္ပက ရင္းႏွီးျမႇဳပ္ႏွံမႈ ေစ်းကြက္ေတြ ဖြံ႕ၿဖိဳးေအာင္လုပ္ရမယ္။ ပုဂၢလိကက႑ ဖြံ႔ၿဖိဳးအားေကာင္းလာေအာင္ လုပ္ရမယ္။ ဘဏ္တိုးႏႈန္း ေလွ်ာ့ခ်တာနဲ႔ မလံုေလာက္ဘူး။ အဲဒါမွ ဘဏ္တိုးႏႈန္းေလွ်ာ့တဲ့အခါမွာ Investment Market ထဲကို၀င္မယ္။ ဘဏ္တိုးႏႈန္းမွာဆိုရင္ ကြၽန္ေတာ္တို႔က အိမ္နီးခ်င္းႏိုင္ငံေတြထက္ ျမင့္ေနတယ္။ ျမင့္တဲ့အခါက်ေတာ့ လုပ္ငန္းရွင္ေတြကို ေငြထုတ္ေခ်းရာမွာလည္း အတုိးႏႈန္းက ျမင့္လာတယ္။ အဲဒါေတြေၾကာင့္မို႔ ေလွ်ာ့ကိုေလွ်ာ့သင့္တယ္။ ဒီလိုေလွ်ာ့တဲ့ အခါမွာ ေငြေဖာင္းပြမႈႏႈန္းကိုလည္း မျမင့္ေအာင္လုပ္ရမယ္။ ဒါေပမဲ့ ဘဏ္တိုးႏႈန္းေလွ်ာ့ခ်တာနဲ႔ တစ္ၿပိဳင္နက္ ေငြေဖာင္းပြမႈႏႈန္းကလည္း ေလ်ာ့က်သြားမယ္လို႔ ထင္တယ္။ တကယ္ ေလ်ာ့ မေလ်ာ့ကေတာ့ လက္ေတြ႕မွာ ေျပာဖို႔ခက္ေသးတယ္။ ဒါေပမဲ့ အဲဒီလို ေလ်ာ့သြားမယ္လို႔ ယူဆရႏိုင္တယ္” ဟု မူ၀ါဒဆိုင္ရာ စီးပြားေရးပညာရွင္ ေဒါက္တာ ေအာင္ကိုကိုက ေျပာၾကားသည္။
Ref:Eleven Media

ႏိုင္ငံတကာ စံႏႈန္းမ်ားအတိုင္း ဘဏ္မ်ား၏ ေခ်းေငြအေပၚ အတိုးႏႈန္းကို ဆံုး႐ံႈးႏိုင္ေျခအေပၚလိုက္၍ ေလွ်ာ့ခ်ျခင္းႏွင့္ ျမႇင့္တင္ျခင္းမ်ား သတ္မွတ္ရန္ စတင္လုပ္ေဆာင္


Unicode

နိုင်ငံတကာ စံနှုန်းများအတိုင်း ဘဏ်များ၏ ချေးငွေအပေါ် အတိုးနှုန်းကို ဆုံးရှုံးနိုင်ခြေအပေါ်လိုက်၍ လျှော့ချခြင်းနှင့် မြှင့်တင်ခြင်းများ သတ်မှတ်ရန် စတင်လုပ်ဆောင်

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲကို တွေ့ရစဉ်
နိုင်ငံတကာ စံနှုန်းများအတိုင်း ဘဏ်များ၏ အတိုးနှုန်းကို ဆုံးရှုံးနိုင်ခြေ အမျိုးအစားပေါ် မူတည်၍ အတိုးနှုန်း ဖြေလျှော့ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြောကြားသည်။

“ဆုံးရှုံးနိုင်ခြေ အမျိုးအစားပေါ် မူတည်ပြီး အတိုးနှုန်းကို ဖြေလျှော့ပေးတာမျိုး။ ဥပမာ- နိုင်ငံတကာမှာဆိုရင် ဆုံးရှုံးနိုင်ခြေနည်းတဲ့ ချေးငွေဆိုရင် အတိုးနှုန်းကို တော်တော်လေးကို လျှော့ပြီးချေးတာ ဖြစ်ပါတယ်။ ဆုံးရှုံးနိုင်ခြေများတယ် ဆိုရင်တော့ ချေးငွေအပေါ် အတိုးကိုတင်တာမျိုး ရှိပါတယ်။ ဒီဥစ္စာကို ကျွန်တော်တို့စပြီး လုပ်ဆောင်နေပါတယ်” ဟု ဒေါက်တာဆက်အောင်က ပြောကြားသည်။
လက်ရှိဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းကို လျှော့ချနိုင်ရန် နည်းလမ်း ရှာဖွေသွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ (တတိယအကြိမ်) တွင် ပြောကြားသည်။

“ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းကို လျှော့ချနိုင်ဖို့ ဘယ်နေရာမှာ ဖြေရှင်းနိုင်ဖို့ Solution ရှိမလဲဆိုတာ ကျွန်တော်တို့စတင်ပြီး စဉ်းစားနေပါပြီ။ ဒီ ၁၃ ရာခိုင်နှုန်း လျှော့ချမယ်ဆိုရင် အသီးသီးသော လုပ်ငန်းတွေမှာ သက်ရောက်မှုတွေ အများကြီး ရှိလာပါမယ်” ဟု ဦးကျော်ဝင်းက ဆိုသည်။

ထို့ပြင် ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းဆိုသည့် ၀န်ထုပ်ဝန်ပိုးကြီးကို ဖြေရှင်းနိုင်ရန် ပြည်သူ့လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်း ဆွေးနွေးနေသည့်အပြင် လိုအပ်သည့် အကြံပြုမှုများလည်း ပေးအပ်နိုင်သည်ဟု ဦးကျော်ဝင်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယခင်က ဘဏ်တိုးနှုန်းနှင့် ပတ်သက်သည့် ပြောင်းလဲမှု ရှစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် အပ်ငွေအပေါ် အတိုးနှုန်းနှင့် ချေးငွေအပေါ် အတိုးနှုန်းအား ၂၀၁၁ ခုနှစ် စက်တင်ဘာ တစ်ရက်တွင်တစ်ကြိမ်နှင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တစ်ကြိမ်၊ နှစ်ကြိမ်အထိ လျှော့ချပေးခဲ့သည်။

ဘဏ်တိုးနှုန်းအား ပြောင်းလဲခြင်း ပြုလုပ်လေ့ရှိသည့် ကာလများမှာ ငွေဖောင်းပွမှု လျော့ကျချိန်နှင့် စီးပွားရေး ကျဆင်းနေချိန်တွင် စီးပွားရေး ပြန်လည်မြှင့်တင်နိုင်ရန် အတိုးနှုန်း လျှော့ချလေ့ရှိပြီး၊ စီးပွားရေး အရှိန်မြင့်နေချိန်နှင့် ငွေကြေးဖောင်းပွမှု မြင့်မားနေချိန်တွင် အတိုးနှုန်း မြှင့်တင်လေ့ရှိသည်။ ထိုသို့ အတိုးနှုန်း ပြောင်းလဲမှုသည် ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်ရရှိမှု စသည့် အကျိုးသက်ရောက်မှုများ ရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိငွေဖောင်းပွမှုနှုန်းမှာ လက်ရှိ အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇူလိုင်တွင်၊ ၁၂ ဒသမ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်ကာ လက်ရှိတွင်လည်း ငွေဖောင်းပွနှုန်း မြင့်မားသည့် အခြေအနေတွင် ရှိနေသည်။

ငွေဖောင်းပွမှုနှုန်း မြင့်မားနေသည် ဆိုသော်လည်း မြန်မာနိုင်ငံတွင် ဘဏ်တိုးနှုန်း မြင့်မားနေမှုနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဘဏ်တိုးနှုန်းနည်းပါးမှုစသည့် အခြေအနေများကြောင့် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် သက်ရောက်လာမည့် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် ဘဏ်တိုးနှုန်းမြင့်မားသည့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ အနေနှင့် ယှဉ်ပြိုင်ရခက်ခဲသည့် အခြေအနေ ဖြစ်ပေါ်လာမည်ဖြစ်၍ ဘဏ်တိုးနှုန်း လျှော့ချနိုင်ရန် လိုအပ်နေကြောင်း သိရသည်။ ထို့ပြင် ဘဏ်တိုးနှုန်း မြင့်မားနေသည့် မြန်မာနိုင်ငံသို့ စင်ကာပူ၊ ထိုင်းစသည့် ဘဏ်တိုးနှုန်း နိမ့်သည့်နိုင်ငံများမှ လုပ်ငန်းရှင်များက ယင်းတို့၏သက်ဆိုင်ရာနိုင်ငံမှ ငွေများချေးယူ၍ မြန်မာနိုင်ငံဘဏ်များတွင် အပ်နှံကာ ဘဏ်တိုးနှုန်းအား အမြတ်အစွန်းယူ စျေးကစားမှုများ ပြုလုပ်မှုများလည်း ရှိခဲ့သည်။

“ဘဏ်တိုးနှုန်း လျှော့သင့်တယ်။ ဒါပေမဲ့ ချက်ချင်းကြီး ဗြုန်းစားကြီး လျှော့တာမျိုးမဟုတ်ဘဲ ဖြည်းဖြည်းချင်း လျှော့သင့်တယ်။ လျှော့တဲ့အခါမှာ ပြင်ပက ရင်းနှီးမြှုပ်နှံမှု စျေးကွက်တွေ ဖွံ့ဖြိုးအောင်လုပ်ရမယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးအားကောင်းလာအောင် လုပ်ရမယ်။ ဘဏ်တိုးနှုန်း လျှော့ချတာနဲ့ မလုံလောက်ဘူး။ အဲဒါမှ ဘဏ်တိုးနှုန်းလျှော့တဲ့အခါမှာ Investment Market ထဲကိုဝင်မယ်။ ဘဏ်တိုးနှုန်းမှာဆိုရင် ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံတွေထက် မြင့်နေတယ်။ မြင့်တဲ့အခါကျတော့ လုပ်ငန်းရှင်တွေကို ငွေထုတ်ချေးရာမှာလည်း အတိုးနှုန်းက မြင့်လာတယ်။ အဲဒါတွေကြောင့်မို့ လျှော့ကိုလျှော့သင့်တယ်။ ဒီလိုလျှော့တဲ့ အခါမှာ ငွေဖောင်းပွမှုနှုန်းကိုလည်း မမြင့်အောင်လုပ်ရမယ်။ ဒါပေမဲ့ ဘဏ်တိုးနှုန်းလျှော့ချတာနဲ့ တစ်ပြိုင်နက် ငွေဖောင်းပွမှုနှုန်းကလည်း လျော့ကျသွားမယ်လို့ ထင်တယ်။ တကယ် လျော့ မလျော့ကတော့ လက်တွေ့မှာ ပြောဖို့ခက်သေးတယ်။ ဒါပေမဲ့ အဲဒီလို လျော့သွားမယ်လို့ ယူဆရနိုင်တယ်” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောကြားသည်။
Ref:Eleven Media

Related posts

မွန္ကန္တဲ့ မန္ေနဂ်ာကို ရွာေဖြပါ

OMCTC

ဧၿပီလ (၄) ရက္ေန႔ ေငြလဲႏႈန္း နွင့္ ေရႊေစ်း

Nandar Lwin

အင္တာဗ်ဴးေမးခြန္းေတြကို ပါးပါးနပ္နပ္ ဘယ္လိုေၿဖမလဲ

OMCTC

Leave a Comment