ကြုံတွေနေရတဲ့ မျက်နှာပေါ်က အလှအပပြဿနာ တစ်ခုခြင်းစီကို ဘယ်လိုဖြေရှင်းမလဲ?
0
44
-Advertisement-
အရေးအကြောင်းပြဿနာ
ဝက်ခြံပြဿနာ
အဆီပြန်တဲ့ ပြဿနာ
မျက်ခုံးပါးတဲ့ ပြဿနာ
မေးနှစ်ထပ်ပြဿနာ
#Lifestyle_Myanmar
#TB_Nandar
Unicode
လူတစ်ယောက်ရဲ့ ရုပ်ဆင်းသဏ္ဍာန်က အလွန်အရေးပါပါတယ်။ ဒါက တစ်စုံတစ်ဦးနှင့် တွေ့ဆုံရတဲ့အခါ အာရုံစိုက်မိစေမယ့် ပထမဆုံးသော အရာဖြစ်လို့ပါပဲ။ ဒါပေမယ့် လူတိုင်းက ပြစ်မျိုးမဲ့မထင်အလှပိုင်ရှင်တွေ မဟုတ်ပါဘူး။ ကျွန်မတို့မျက်နှာမှာ အပြစ်အနာအဆာတွေ အများကြီးရှိပါတယ်။ ဥပမာ- လူဦးရေ သန်း ၆ဝဟာ ဝက်ခြံပြဿနာကို ခံစားရတယ်လို့ အမေရိကန် စာရင်းများအရ သိရပါတယ်။ လူအတော်များများက မျက်နှာပေါ်က အရေပြားနှင့်ဆက်စပ်နေတဲ့ ပြဿနာအမျိုးမျိုး ခံစားရပါတယ်။ တခါတရံ ဒါက အာဟာရနှင့် လူနေမှုပုံစံကို ပြောင်းလဲယုံနဲ့ လုံလောက်ပါတယ်။ ဒါပေမယ့် ဘာတွေက အလုပ်မဖြစ်ဘူးလဲ?
မျက်နှာပြဿနာအားလုံးကို ဖြေရှင်းဖို့ အထူးသီးသန့်ဖြေရှင်းနည်း မရှိတာကြောင့် ပြဿနာတစ်ချင်းစီအတွက် အသုံးဝင်မယ့်အကြံပေးချက်များကို စုဆောင်းပေးလိုက်ပါတယ်။
အရေးအကြောင်းပြဿနာ
Exhausted Young Woman With Dark Circles And Bags, Bruises Under Eyes And Long Brittle Hair. High Resolution.
ငှက်ပျောသီးတွေမှာ ကျန်းမာရေးဂုဏ်သတ္တိတွေရှိတယ်ဆိုတာ သိကြပါတယ်။ ဒီအသီးကို အရေးအကြောင်းတွေ ချောမွေ့စေဖို့ သုံးနိုင်ပါတယ်။ ငှက်ပျောသီးကို ပျားရည် လက်ဖက်စားဇွန်း ၁ဇွန်းနှင့် ရောပါ။ ဒိန်ချဉ် သို့မဟုတ် လိမ္မော်ရည်ကိုလည်း သုံးနိုင်ပါတယ်။ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅-၂ဝမိနစ်လောက်ထားပါ။ ရေနှင့်အတူ သန့်စင်ပေးပြီး moisturizing cream ကို သုံးပါ။
ယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းပြဿနာ
သွားသန့်ရှင်းရေးအပြင် သွားတိုက်ဆေးကို ယားယံပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေကို သက်သာစေဖို့အတွက် သင့်လျော်ပါတယ်။ အသားအရေပေါ်မှာ လိမ်းပေးဖို့ လိုအပ်ပါတယ်။ သွားတိုက်ဆေးကို မသုံးခင်မှာ ၎င်းရဲ့တုံ့ပြန်မှုကို စစ်ဆေးတာက ပိုကောင်းပါတယ်။ ကောင်းနေတဲ့ အရေပြားပေါ်မှာ အနည်းငယ်လိမ်းကြည့်ပြီး ခဏစောင့်ပါ။ negative တုံ့ပြန်မှု မရှိဘူးဆိုရင် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။
ဝက်ခြံပြဿနာ
ဝက်ခြံတွေကို ဖယ်ရှားဖို့ အာလူးကိုသုံးပါ။ ဝက်ခြံတွေပေါ်မှာ အာလူးရည်ကို လိမ်းပြီး ခြောက်သွားတဲ့အထိ ထားပါ။ ပြီးမှ မျက်နှာကို ရေဖြင့် သန့်စင်ပေးပါ။ ဒါက ဝက်ခြံတွေ ခြောက်သွားဖို့ ကူညီပါလိမ့်မယ်။
အသားအရေခြောက်တဲ့ ပြဿနာ
Exhausted Young Woman With Dark Circles And Bags, Bruises Under Eyes And Long Brittle Hair. High Resolution.
ထောပတ်သီးမှာ အသားအရေခြောက်သွေ့ခြင်းကို လျော့နည်းသက်သာစေပြီး အစိုဓါတ်ထိနး်သိမ်းပေးတဲ့ သက်ရောက်မှုရှိုပါတယ်။ ထောပတ်သီးအသားကို ခရမ်ဖြစ်တဲ့အထိ မွှေပေးပါ။ အသားအရေပေါ်မှာ လိမ်းပြီး ၁၅မိနစ်- မိနစ်၂ဝလောက်ထားပါ။ ပြီးမှ ရေနှင့် သန့်စင်ပေးပါ။
အဆီပြန်တဲ့ ပြဿနာ
အဆီပြန်တဲ့ အသားအရေရှိလျှင် ခရမ်းချဉ်သီးတစ်လုံးက ၎င်းအခြေအနေကို တိုးတတ်လာဖို့ ကူညီပါလိမ့်မယ်။ ခရမ်းချဉ်သီးကို သကြား ၁ဇွန်းနဲ့ ရောဖို့လိုပါတယ်။ ပြီးမှ အသားအရေပေါ်ကို လိမ်းပေးပြီး ၅မိနစ်လောက်ထားပေးပါ။ ဒါက သင့်အသားအရေကို အဆီလျော့နည်းတဲ့ ခံစားမှုရစေပါလိမ့်မယ်။
မျက်ခုံးပါးတဲ့ ပြဿနာ
မျက်ခုံးထူထူလေးဖြစ်အောင် နို့ကိုသုံးနိုင်ပါတယ်။ ဝါဂွမ်းစကို နို့ထဲမှာ နှစ်ပြီး မျက်ခုံးပေါ်မှာ ပွတ်ပေးပါ။ ၁၅မိနစ်နေမှ ရေဖြင့် သန့်စင်ပေးပါ။
ချွေးပေါက်ကျယ်တဲ့ ပြဿနာ
Exhausted Young Woman With Dark Circles And Bags, Bruises Under Eyes And Long Brittle Hair. High Resolution.
ပန်းသီးရှာလကာရည်ကို မျက်နှာပေါ်က ချွေးပေါက်ကျယ်တာကို လျှော့ချဖို့ သုံးနိုင်ပါတယ်။ ရေနှင့် ပန်းသီးရှာလကာရည်ကို ဆတူရောပါ။ အသားအရေပေါ်မှာ လိမ်းပေးပါ။ ၅မိနစ်လောက်နေမှ မျက်နှာကို သန့်စင်ပြီး အသားအရေခြောက်သွေ့မှုကို တားဆီးဖို့ Moisturizing cream ကို သုံးပါ။
မေးနှစ်ထပ်ပြဿနာ
မေးနှစ်ထပ်ဖြစ်တာကို လျော့ချကူညီဖို့ လေ့ကျင့်ခန်းအများကြီး ရှိပါတယ်။ အရိုးရှင်းဆုံးး နညး်တစ်ခုက ပီကေဝါးခြင်းပါပဲ။ ပီကေဝါးခြင်းက မေးစေ့ကြွက်သားများကို သန်မာစေပါတယ်။
မျက်ကွင်းညိုတဲ့ ပြဿနာ
ဗာဒံဆီက မျက်လုံးအောက်က မည်းနေတဲ့ နေရာတွေကို ဖယ်ရှားဖို့အတွက် ကောင်းပါတယ်။ ညပိုင်းမှာ ဗာဒံဆီအစက်အနညး်ငယ်ကို ညင်သာစွာလိမ်းပြီး မျက်ခမ်းတွေကို နှိပ်နယ်ပေးပါ။ နောက်နေ့မနက်မှ မျက်နှာကို သန့်စင်ပေးပါ။
မျက်နှာပေါ်က အမွှေးအမျှင် ပြဿနာ
မျက်နှာပေါ်က အမွှေးအမျှင်များကို ဖယ်ရှားဖို့ နည်းလမ်းကောင်းလေးရှိပါတယ်။ ကြက်ဥအကာနှင့် ပြောင်းမှုန့် ထမင်းစားဇွန်း တစ်ဝက်လောက်ရောပါ။ သကြား ထမင်းစားဇွန်း ၁ဇွန်းထည့်ပြီး တစ်သားတည်းဖြစ်သွားအောင် မွှေပါ။ ထိုအရောအနှောကို မလိုချင်တဲ့ အမွှေးအမျှင်တွေပေါ်မှာ လိမ်းပြီး ၅မိနစ်လောက်ထားပေးပါ။ လုံးဝခြောက်သွားရင် ညင်ညင်သာသာနဲ့ အမြန်ခွာပေးပါ။ အမွှေးတွေအားလုံး ကပ်ပါလာပါလိမ့်မယ်။
#Lifestyle_Myanmar
#TB_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here