29 C
Yangon
May 23, 2018
  • Home
  • News
  • Politics
  • ၾကားျဖတ္ေရြးေကာက္ပြဲအႏုိင္ရ အန္အယ္လ္ဒီ ကုိယ္စားလွယ္ ၃ ဦး ကန္႔ကြက္ခံရ
Politics

ၾကားျဖတ္ေရြးေကာက္ပြဲအႏုိင္ရ အန္အယ္လ္ဒီ ကုိယ္စားလွယ္ ၃ ဦး ကန္႔ကြက္ခံရ

ၾကားျဖတ္ေရြးေကာက္ပြဲ

ဧၿပီလ ၁ ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ၾကားျဖတ္ေရြးေကာက္ပြဲမွာ အႏုိင္ရတဲ့ ကိုယ္စားလွယ္ ၃ ဦး ကန္႔ကြက္လႊာ တင္သြင္းခံခဲ့ရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ေကာ့မႉး၊ လႈိင္သာယာနဲ႔ ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္း ၿမိဳ႕နယ္ေတြက အႏိုင္ရခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (အန္အယ္လ္ဒီ) ကိုယ္စားလွယ္ ၃ ဦးကုိ ႀကံံ့ခိုင္ဖြံ႔ၿဖိဳးေရးပါတီ ကိုယ္စားလွယ္ေတြက ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ထံ ကန္႔ကြက္လႊာ တင္သြင္းခဲ့တာျဖစ္ပါတယ္။

ဒဂံုၿမိဳ႕သစ္အေရွ႕ပိုင္း ၿမိဳ႕နယ္က အႏုိင္ရတဲ့ အန္အယ္လ္ဒီအမတ္ ဦးေနေက်ာ္ကုိ ျပည္ခုိင္ၿဖိဳးပါတီက ဦးေနလင္းက ကန္႔ကြက္လႊာတင္သြင္းထားသလုိ လႈိင္သာယာမွာအႏုိင္ရတဲ့ ဦး၀င္းမင္းကုိ ဦးတင္ယုက ကန္႔ကြက္ၿပီး ေကာ့မႉးမဲဆႏၵနယ္ကအႏုိင္ရတဲ့ ဦးေက်ာ္ေဆြ၀င္းကုိ ဦးေက်ာ္ဇင္ဟိန္းက ကန္႔ကြက္လႊာတင္သြင္းတာလုိ႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉး ဦးတင္ထြန္းက ေျပာပါတယ္။

“သူတုိ႔အႏုိင္ရရွိသြားတာက တရားမဲ့ျပဳက်င့္ၿပီးေတာ့ ဆႏၵမဲကုိ အမ်ားဆုံး ရရွိသြားတယ္ဆုိၿပီေတာ့ အဲလုိမ်ဳိးနဲ႔ ကန္႔ကြက္တာပါ။ ”

ကန္႔ကြက္လႊာတင္ထားတဲ့ လႈိင္သာယာမဲဆႏၵနယ္က ျပည္ခုိင္ၿဖိဳးပါတီ ကုိယ္စားလွယ္ ဦးတင္ယုက ေရြးေကာက္္ပြဲမွာ ေရြးေကာက္ပြဲဥပေဒနဲ႔ မကုိက္ညီတဲ့ လုပ္ေဆာင္ခ်က္ေတြ ရွိခဲ့လုိ႔ ကန္႔ကြက္တာလုိ႔ ေျပာပါတယ္။

“ဒီလုိပဲ က်ေနာ္တုိ႔ ဒီေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ စည္းကမ္းခ်က္ဥေပဒေတြနဲ႔ မကုိက္ညီတဲ့ ဟာေလးေတြကုိ ကန္႔ကြက္တာပါ။ တျခားအေထြအထူးေတာ့ မရွိပါဘူး။”

ကန္႔ကြက္ခံရသူ ေကာမႉးၿမိဳ႕နယ္ အႏုိင္ရ အန္အယ္လ္ဒီကုိယ္စားလွယ္ ဦးေက်ာ္ေဆြ၀င္းကေတာ့ ေရြးေကာက္ပြဲအတြင္း အ႐ုိးသားဆုံးနဲ႔ အသန္႔ရွင္းဆုံးလုပ္ေဆာင္ခဲ့တာေၾကာင့္ ဒီလုိကန္႔ကြက္ခံရတဲ့အေပၚ ေျပာစရာမရွိေၾကာင္း ေျပာပါတယ္။

“က်ေနာ္တုိ႔က က်ေနာ္တုိ႔ေခါင္းေဆာင္ေနရာျဖစ္တဲ့အတြက္ေၾကာင့္မုိ႔ အ႐ုိးသားဆုံးနဲ႔ အသန္႔ရွင္းဆုံး စည္း႐ုံးေဟာေျပာသြားတာခ်ည္းပဲေလ။ ေရြးေကာက္ပြဲကာလအေတာအတြင္းမွာ လည္း ပဋိပကၡအသြင္ေဆာင္တဲ့ ကိစၥမ်ဳိးလည္းမရွိပါဘူး။ ထိထိမိမိကိစၥေတြဘာတခုမွ မရွိခဲ့ပါဘူး။ က်ေနာ္တုိ႔ကေတာ့ ႐ုိး႐ုိးရွင္းရွင္းပဲ ေရြးေကာက္ပြဲကုိ ယွဥ္ၿပိဳင္သြားတာေလ။ ၿပိဳင္ဘက္ေတြ အေပၚမွာလည္း က်ေနာ္တုိ႔က အကုန္လုံး တန္ဖုိးထားၿပီးေတာ့မွ ေျပာဆုိ ဆက္ဆံခဲ့တာပဲေလ။ ဆုိေတာ့ က်ေနာ္တုိ႔ဘက္ကေတာ့ ဘာမွ ေျပာစရာမရွိပါဘူး။”

ေရြးေကာက္ပြဲအႏိုင္ရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္အမည္ကို တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲက ေၾကညာၿပီး ၄၅ ရက္အတြင္းမွာ အႏိုင္ရ ကိုယ္စားလွယ္ေတြကို ယွဥ္ၿပိဳင္အေရြးခံခဲ့တဲ့ ကိုယ္စားလွယ္ေတြနဲ႔ မဲဆႏၵရွင္ျပည္သူေတြက ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ထံ ကန္႔ကြက္လႊာ တင္သြင္းခြင့္ရွိတာျဖစ္ပါတယ္။

၄၅ ရက္ျပည့္ရင္ေတာ့ အခု ကန္႔ကြက္လႊာတင္တဲ့ကိစၥေတြကုိ ခုံ႐ုံးဖြဲ႔ၿပီး စတင္စစ္ေဆး မယ္လုိ႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမႉး ဦးတင္ထြန္းက ေျပာပါတယ္။

ကန္႔ကြက္လႊာေတြြကို လာမယ့္ေမ ၁၅ ရက္ေန႔အထိ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က လက္ခံသြားမွာ ျဖစ္ပါတယ္။
Ref:DVB

ၾကားျဖတ္ေရြးေကာက္ပြဲအႏုိင္ရ အန္အယ္လ္ဒီ ကုိယ္စားလွယ္ ၃ ဦး ကန္႔ကြက္ခံရ


Unicode

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ ကိုယ်စားလှယ် ၃ ဦး ကန့်ကွက်ခံရ

ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ် ၃ ဦး ကန့်ကွက်လွှာ တင်သွင်းခံခဲ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွေက အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကိုယ်စားလှယ် ၃ ဦးကို ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်က အနိုင်ရတဲ့ အန်အယ်လ်ဒီအမတ် ဦးနေကျော်ကို ပြည်ခိုင်ဖြိုးပါတီက ဦးနေလင်းက ကန့်ကွက်လွှာတင်သွင်းထားသလို လှိုင်သာယာမှာအနိုင်ရတဲ့ ဦးဝင်းမင်းကို ဦးတင်ယုက ကန့်ကွက်ပြီး ကော့မှူးမဲဆန္ဒနယ်ကအနိုင်ရတဲ့ ဦးကျော်ဆွေဝင်းကို ဦးကျော်ဇင်ဟိန်းက ကန့်ကွက်လွှာတင်သွင်းတာလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။

“သူတို့အနိုင်ရရှိသွားတာက တရားမဲ့ပြုကျင့်ပြီးတော့ ဆန္ဒမဲကို အများဆုံး ရရှိသွားတယ်ဆိုပြီတော့ အဲလိုမျိုးနဲ့ ကန့်ကွက်တာပါ။ ”

ကန့်ကွက်လွှာတင်ထားတဲ့ လှိုင်သာယာမဲဆန္ဒနယ်က ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးတင်ယုက ရွေးကောက််ပွဲမှာ ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေ ရှိခဲ့လို့ ကန့်ကွက်တာလို့ ပြောပါတယ်။

“ဒီလိုပဲ ကျနော်တို့ ဒီရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းကမ်းချက်ဥပေဒတွေနဲ့ မကိုက်ညီတဲ့ ဟာလေးတွေကို ကန့်ကွက်တာပါ။ တခြားအထွေအထူးတော့ မရှိပါဘူး။”

ကန့်ကွက်ခံရသူ ကောမှူးမြို့နယ် အနိုင်ရ အန်အယ်လ်ဒီကိုယ်စားလှယ် ဦးကျော်ဆွေဝင်းကတော့ ရွေးကောက်ပွဲအတွင်း အရိုးသားဆုံးနဲ့ အသန့်ရှင်းဆုံးလုပ်ဆောင်ခဲ့တာကြောင့် ဒီလိုကန့်ကွက်ခံရတဲ့အပေါ် ပြောစရာမရှိကြောင်း ပြောပါတယ်။

“ကျနော်တို့က ကျနော်တို့ခေါင်းဆောင်နေရာဖြစ်တဲ့အတွက်ကြောင့်မို့ အရိုးသားဆုံးနဲ့ အသန့်ရှင်းဆုံး စည်းရုံးဟောပြောသွားတာချည်းပဲလေ။ ရွေးကောက်ပွဲကာလအတောအတွင်းမှာ လည်း ပဋိပက္ခအသွင်ဆောင်တဲ့ ကိစ္စမျိုးလည်းမရှိပါဘူး။ ထိထိမိမိကိစ္စတွေဘာတခုမှ မရှိခဲ့ပါဘူး။ ကျနော်တို့ကတော့ ရိုးရိုးရှင်းရှင်းပဲ ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားတာလေ။ ပြိုင်ဘက်တွေ အပေါ်မှာလည်း ကျနော်တို့က အကုန်လုံး တန်ဖိုးထားပြီးတော့မှ ပြောဆို ဆက်ဆံခဲ့တာပဲလေ။ ဆိုတော့ ကျနော်တို့ဘက်ကတော့ ဘာမှ ပြောစရာမရှိပါဘူး။”

ရွေးကောက်ပွဲအနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်အမည်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြေညာပြီး ၄၅ ရက်အတွင်းမှာ အနိုင်ရ ကိုယ်စားလှယ်တွေကို ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းခွင့်ရှိတာဖြစ်ပါတယ်။

၄၅ ရက်ပြည့်ရင်တော့ အခု ကန့်ကွက်လွှာတင်တဲ့ကိစ္စတွေကို ခုံရုံးဖွဲ့ပြီး စတင်စစ်ဆေး မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။

ကန့်ကွက်လွှာတွွေကို လာမယ့်မေ ၁၅ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံသွားမှာ ဖြစ်ပါတယ်။
Ref:DVB

Related posts

ေျမာက္ကိုရီးယားကို ျပင္းထန္စြာအျပစ္ေပးမည္ဟု ေတာင္ကိုရီးယားစစ္ဘက္ သတိေပး

OMCTC

ဒီခ်ဳပ္ဒုသမၼတမ်ားကို ေထာက္ခံသျဖင့္ ႏုိင္ငံေရးပါတီအသီးသီးမွ ကိုယ္စားလွယ္မ်ားအား ေဒၚေအာင္ဆန္းစုၾကည္ေက်းဇူးတင္လႊာထုတ္ျပန္

OMCTC

အေမရိကန္ႏိုင္ငံသားကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္မ်ား ခိုးယူမႈျဖင့္ ေျမာက္ကိုရီးယား ဖမ္းဆီး

OMCTC

Leave a Comment