31 C
Yangon
June 24, 2018
  • Home
  • Uncategorized
  • ၂၁ ရာစုပင္လံုညီလာခံ တြင္ ေဆြးေႏြးသည့္အခ်က္ ၄၅ ခ်က္အနက္ ၃၇ ခ်က္ သေဘာတူညီမႈရ
Uncategorized

၂၁ ရာစုပင္လံုညီလာခံ တြင္ ေဆြးေႏြးသည့္အခ်က္ ၄၅ ခ်က္အနက္ ၃၇ ခ်က္ သေဘာတူညီမႈရ

၂၁ ရာစုပင္လံုညီလာခံ

သေဘာတူညီခ်က္မ်ားကို ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္းအျဖစ္ ယေန႔ လက္မွတ္ထိုးမည္

ေနျပည္ေတာ္တြင္ျပဳလုပ္ေနေသာ ၂၁ရာစု ပင္လုံညီလာခံ၌ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (UPDJC)အစည္းအေ၀းကုိ ေမလ၂၈ရက္က က်င္းပေနစဥ္ -ဓာတ္ပုံ−ေဂ်ေမာင္ေမာင္(အမရပူရ)
ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-၂၁ ရာစုပင္လံုဒုတိယအစည္းအေ၀းတြင္ ေဆြးေႏြးသည့္အခ်က္ ၄၅ ခ်က္အနက္ ႏုိင္ငံေရးက႑ရွစ္ခ်က္ကလဲြ၍ ႏုိင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ေျမယာႏွင့္ သဘာ၀ပတ္၀န္းက်င္ဆုိင္ရာ မူ၀ါဒမ်ား စသည့္က႑ေလးရပ္မွ အခ်က္၃၇ ခ်က္ကို သေဘာတူညီမႈရရွိခဲ့သည္။
က႑ႀကီးငါးခုတြင္ ႏုိင္ငံေရးက႑မွ ၁၂ ခ်က္၊ စီးပြားေရး က႑မွ၁၁ ခ်က္၊ လူမႈေရးမွ ေလးခ်က္၊ ေျမယာႏွင့္ သဘာ၀ ပတ္၀န္းက်င္အတြက္ အခ်က္ ၁၀ ခ်က္တုိ႔ကို အၿပီးသတ္သေဘာတူညီမႈရရွိခဲ့ေၾကာင္း UPDJCအတြင္းေရးမွဴးအဖဲြ႕၀င္ ဦးလွေမာင္ေရႊကေျပာသည္။

သေဘာတူညီခ်က္ ၃၇ ခ်က္ကို ျပည္ေထာင္စုသေဘာတူ စာခ်ဳပ္ အစိတ္အပိုင္းအျဖစ္ ေမလ ၂၉ ရက္ (ယေန႔)တြင္ က်င္းပမည့္ ညီလာခံေနာက္ဆံုးရက္၌ အစုအဖဲြ႕ေခါင္းေဆာင္မ်ားက လက္မွတ္ေရးထိုးမည္ျဖစ္ေၾကာင္း UPDJC အတြင္းေရးမွဴးမ်ားက သတင္းစာရွင္းလင္းပဲြ၌ ေျပာ ၾကားသည္။

မူလကညီလာခံတြင္ ေဆြး ေႏြးသည့္ အေၾကာင္းအရာကို ၄​၁ ခ်က္သာ သတ္မွတ္ထားေသာ္ လည္း ေျမယာကိုယ္စားလွယ္မ်ား က အဓိပၸာယ္ဖြင့္ဆိုခ်က္ ေလးခု ကိုမူဝါဒအျဖစ္ သတ္မွတ္ရန္ တင္ျပခ်က္အရ ေလးခ်က္တိုးခဲ့ျခင္း ျဖစ္ေၾကာင္း အစိုးရကိုယ္စား လွယ္ ဦးေဇာ္ေဌးက ေမလ ၂၈ ရက္ ည ၁၁ နာရီ ၂၀ မိနစ္ေက်ာ္တြင္ ၎၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာ၌ျပန္လည္ရွင္းလင္းခဲ့သည္။ ထို႔ ေၾကာင့္ ေျမယာက႑တြင္ မူလက အခ်က္ေျခာက္ခ်က္ရွိရာ ေလးခ်က္တိုး၍ စုစုေပါင္းသေဘာတူ သည့္အခ်က္ ၁၀ ခ်က္ ျဖစ္သြား သည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဥကၠ႒အျဖစ္ တာ၀န္ယူထားသည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြး ေႏြးမႈပူးတဲြေကာ္မတီ (UPDJC) အစည္းအေ၀းကို ေမလ ၂၈ ရက္တြင္ ေနျပည္ေတာ္၌ က်င္းပခဲ့ သည္။

‘‘မနက္ျဖန္(ေမလ ၂၉ ရက္) ညီလာခံ ေနာက္ဆံုးရက္မွာ သ ေဘာတူညီခ်က္ေတြကို UPDJC အတြင္းေရးမွဴးအဖဲြ႕က တင္သြင္း မွာျဖစ္ပါတယ္။ ၿပီးရင္ က႑အ လိုက္ေလးခုတင္သြင္းၿပီးသြားရင္ အစုအဖဲြ႕ကိုယ္စားလွယ္ေတြက ေထာက္ခံေဆြးေႏြးမွာ ျဖစ္ပါ တယ္။ ၿပီးရင္ ျပည္ေထာင္စုသ ေဘာတူညီခ်က္ အစိတ္အပိုင္းအ ျဖစ္ လက္မွတ္ေရးထိုးစာခ်ဳပ္ခ်ဳပ္ ဆုိမွာျဖစ္ပါတယ္’’ဟု အစိုးရကိုယ္ စားလွယ္ ဦးေဇာ္ေဌးကေျပာ သည္။

ညီလာခံရလဒ္မ်ားကို ျပည္ ေထာင္စုသေဘာတူစာခ်ဳပ္ အ စိတ္အပိုင္းအျဖစ္ လက္မွတ္ထိုး ရာတြင္ အစိုးရ အစုအဖဲြ႕ကုိယ္ စားလွယ္အျဖစ္ ေဒါက္တာတင္ မ်ိဳး၀င္း၊ တိုင္းရင္းသားလက္နက္ ကိုင္အစုအဖဲြ႕ ကိုယ္စားလွယ္အ ျဖစ္ ပဒုိေစာကြယ္ထူး၀င္း၊ ႏုိင္ငံ ေရးပါတီ အစုအဖဲြ႕ ကိုယ္စား လွယ္အျဖစ္ ဦးသုေ၀၊ တပ္မေတာ္ အစုအဖဲြ႕ ကိုယ္စားလွယ္အျဖစ္ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးတို႔ လက္မွတ္ ထိုးရန္ စီစဥ္ထားေၾကာင္းႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္အစုအ ဖဲြ႕အတြက္ ေရြးခ်ယ္ရျခင္းမရွိ ေသးေၾကာင္း သတင္းရရွိသည္။

ႏုိင္ငံေရးက႑

ႏုိင္ငံေရးက႑၌ သေဘာ တူညီခ်က္ ၁၂ ခ်က္ သေဘာတူ ညီခဲ့ေသာ္လည္း ျပည္ေထာင္စုမွ ခဲြမထြက္ရကိစၥႏွင့္ ျပည္နယ္ဖဲြ႕ စည္းပံုအေျခခံဥပေဒေရးဆဲြေရး ကိစၥ စသည္တုိ႔အပါအ၀င္ အခ်က္ရွစ္ခ်က္ သေဘာတူညီမႈမရ၍ လာမည့္ ညီလာခံမ်ားတြင္ ဆက္လက္ ေဆြးေႏြးမည္ျဖစ္သည္။

ညီလာခံ၌ ေဆြးေႏြးဆံုးျဖတ္ ရန္ တင္သြင္းခဲ့သည့္ ႏုိင္ငံေရး က႑တြင္ ဖက္ဒရယ္စနစ္ကို အေျခခံရမည့္မူမ်ား၌ အခ်ဳပ္အျခာအာဏာ၊ အခ်ဳပ္အျခာအာဏာ က်င့္သံုးမႈ၊ တန္းတူေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ဖက္ဒရယ္ျပည္ ေထာင္စုမူ (စုဖဲြ႕မႈႏွင့္ အာဏာခဲြ ေ၀မႈ)၊ ပါတီစံုဒီမိုကေရစီႏွင့္ဆိုင္ သည့္ အခ်က္မ်ား ပါ၀င္သည္။

ႏုိင္ငံေရးက႑ ညိႇႏိႈင္းမႈကို ေမလ ၂၈ ရက္ နံနက္ ၉ နာရီမွေန႔လယ္ ၁ နာရီအထိ ျပဳလုပ္ခဲ့ သည္။ မြန္းလဲြ ၂ နာရီတြင္ စီးပြားေရးက႑ကို စတင္ေဆြးေႏြးခဲ့ၿပီး ညေန ၄ နာရီ၌ၿပီးဆံုးခဲ့သည္။ ႏုိင္ငံေရးက႑ႏွင့္ စီးပြားေရးက႑ ေဆြးေႏြးမႈမ်ားတြင္ ေဒၚေအာင္ ဆန္းစုၾကည္ တက္ေရာက္ခဲ့ သည္။ ထုိိ႔ေနာက္ လူမႈေရး၊ ေျမ ယာႏွင့္ သဘာ၀ပတ္၀န္းက်င္ ဆုိင္ရာ မူ၀ါဒမ်ား၊ က႑မ်ားကို ည ၇ နာရီေက်ာ္အထိ ေဆြးေႏြး ညိႇႏိႈင္းခဲ့သည္။

စီးပြားေရးက႑

စီးပြားေရးက႑၌ သေဘာ တူညီခဲ့သည့္ အေၾကာင္းအရာ မ်ားတြင္ ေစ်းကြက္စီးပြားေရး စနစ္ကို ပီျပင္စြာေဖာ္ေဆာင္ေရး၊ စီးပြားေရးလက္၀ါးႀကီးအုပ္မႈမ်ား မျဖစ္ေပၚေစေရး တားဆီးကာ ကြယ္ရန္၊ ျပည္ေထာင္စုႏွင့္ ျပည္ နယ္၊တိုင္းေဒသႀကီးမ်ား၊ကိုယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ ေဒသအသီး သီးတို႔တြင္ တန္းတူညီမွ်ေသာ စီး ပြားေရးဖံြ႕ၿဖိဳးတုိးတက္မႈ အခြင့္ အလမ္းမ်ားရရွိေရး ထိေရာက္စြာ ေဆာင္ရြက္ရန္ အခ်က္မ်ားအပါ အ၀င္ ညီလာခံ၌ ေဆြးေႏြးခဲ့သည့္ အခ်က္ ၁၁ ခ်က္စလံုးကို သေဘာ တူညီခဲ့သည္။

လူမႈေရးက႑

လူမႈေရးက႑တြင္ သေဘာ တူညီခဲ့သည့္အခ်က္မ်ားသည္ ျပန္ လည္ေနရာခ်ထားေရး၊ ျပန္လည္ ထူေထာင္ေရး၊ လူမႈဖံြ႕ၿဖိဳးေရး ဆုိင္ရာကိစၥရပ္မ်ား၌ လက္ နက္ကိုင္ ပဋိပကၡမ်ားေၾကာင့္ လည္းေကာင္း၊ လူလုပ္ႏွင့္သဘာ ၀ေဘးအႏၲရာယ္မ်ားေၾကာင့္ လည္းေကာင္း ဒုကၡသည္မ်ားႏွင့္ ျပည္တြင္းေနရပ္စြန္႔ခြာရသူမ်ား ကို ခဲြျခားဆက္ဆံမႈမရွိေစဘဲ ႏုိင္ငံတကာစံခ်ိန္စံၫႊန္းမ်ားႏွင့္ အညီ လူ႔အခြင့္အေရးကို ေလး စားလိုက္နာၿပီး ေရရွည္ရွင္သန္ ရပ္တည္ႏုိင္ေရး (Durable Solution) ကို ဦးတည္၍ စနစ္တ က် အစီအစဥ္မ်ားခ်မွတ္လုပ္ ေဆာင္ရန္အပါအ၀င္ ညီလာခံ၌ ေဆြးေႏြးခဲ့သည့္အခ်က္ေလးခ်က္စလံုးကို သေဘာတူညီခဲ့သည္။

ေျမယာႏွင့္ သဘာ၀ပတ္၀န္းက်င္ ဆုိင္ရာ မူ၀ါဒမ်ားက႑

အဆုိပါက႑တြင္ သေဘာ တူညီခဲ့သည့္အခ်က္မ်ားသည္ ႏုိင္ငံလံုးဆုိင္ရာ ဘက္ညီမွ်တသည့္ ေရရွည္စဥ္ဆက္္မျပတ္ ဖံြ႕ၿဖိဳးမႈကို အေထာက္အကူျဖစ္ေစသည့္ ျပည္သူဗဟိုျပဳ ေျမယာမူ၀ါဒျဖစ္ေစရန္ အပါအ၀င္ အခ်က္ ၁၀ခ်က္စလံုးကို သေဘာတူညီခဲ့ သည္။

လံုၿခံဳေရးက႑၌ ပါရွိေသာ ႏုိင္ငံေတာ္ကာကြယ္ေရးဆုိင္ရာ ကိစၥရပ္မ်ားကို ႏုိင္ငံေရးက႑ ေဆြးေႏြးမႈမွ ထြက္ေပၚလာေသာ ရလဒ္မ်ားအေပၚ အေျခခံစဥ္းစား ရမည္ျဖစ္ေသာေၾကာင့္ သေဘာ တူညီခ်က္မ်ား ခ်မွတ္ခဲ့ျခင္းမရွိ ေသးဘဲ ‘တစ္ခုတည္းေသာ တပ္ မေတာ္ထားရွိေရး မူ၀ါဒ’ အခ်က္ တစ္ခ်က္တည္းသာ ယခုညီလာခံ တြင္ ေဆြးေႏြးခဲ့သည္။ ထိုသို႔ ေဆြးေႏြးရာ၌ သေဘာထားစု စည္းခ်က္ သံုးရပ္ရရွိၿပီး လာမည့္ ညီလာခံတြင္ ဆက္လက္ေဆြးေႏြး မည္ျဖစ္သည္။

တစ္ႏုိင္ငံလံုးပစ္ခတ္တိုက္ ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)အရ က်င္းပသည့္ ၂၁ ရာ စုပင္လံုညီလာခံကို ေျခာက္လ တစ္ႀကိမ္ က်င္းပရန္ သတ္မွတ္ ထားၿပီး ယခုညီလာခံ၌ သေဘာ တူညီမႈမရရွိသည့္ အခ်က္အ လက္မ်ားကို လာမည့္ညီလာခံ မ်ား၌ ဆက္လက္ေဆြးေႏြးမည္ ျဖစ္သည္။

ႏုိင္ငံေရးေဆြးေႏြးမႈဆိုင္ရာ မူေဘာင္အရ ျပည္ေထာင္စုၿငိမ္း ခ်မ္းေရးညီလာခံ-၂၁ ရာစုပင္လံု အစည္းအေ၀းသေဘာတူညီခ်က္ မ်ားကို ျပည္ေထာင္စုသေဘာတူ စာခ်ဳပ္အျဖစ္ ခ်ဳပ္ဆုိၿပီး ျပည္ ေထာင္စုလႊတ္ေတာ္သို႔ တင္သြင္း အတည္ျပဳခ်က္ ရယူရမည္ျဖစ္ သည္။ လႊတ္ေတာ္တြင္ အတည္ ျပဳခ်က္ရယူၿပီးပါက ျပည္ေထာင္ စုသေဘာတူစာခ်ဳပ္ပါ သေဘာ တူညီခ်က္မ်ား အေကာင္အထည္ ေဖာ္မည္ျဖစ္သည္။
Ref:7day

၂၁ ရာစုပင္လံုညီလာခံတြင္ ေဆြးေႏြးသည့္အခ်က္ ၄၅ ခ်က္အနက္ ၃၇ ခ်က္ သေဘာတူညီမႈရ


Unicode

၂၁ ရာစုပင်လုံညီလာခံတွင် ဆွေးနွေးသည့်အချက် ၄၅ ချက်အနက် ၃၇ ချက် သဘောတူညီမှုရ

သဘောတူညီချက်များကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် ယနေ့ လက်မှတ်ထိုးမည်

နေပြည်တော်တွင်ပြုလုပ်နေသော ၂၁ရာစု ပင်လုံညီလာခံ၌ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)အစည်းအဝေးကို မေလ၂၈ရက်က ကျင်းပနေစဉ် -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတွင် ဆွေးနွေးသည့်အချက် ၄၅ ချက်အနက် နိုင်ငံရေးကဏ္ဍရှစ်ချက်ကလွဲ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ စသည့်ကဏ္ဍလေးရပ်မှ အချက်၃၇ ချက်ကို သဘောတူညီမှုရရှိခဲ့သည်။
ကဏ္ဍကြီးငါးခုတွင် နိုင်ငံရေးကဏ္ဍမှ ၁၂ ချက်၊ စီးပွားရေး ကဏ္ဍမှ၁၁ ချက်၊ လူမှုရေးမှ လေးချက်၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်အတွက် အချက် ၁၀ ချက်တို့ကို အပြီးသတ်သဘောတူညီမှုရရှိခဲ့ကြောင်း UPDJCအတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေကပြောသည်။

သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်းအဖြစ် မေလ ၂၉ ရက် (ယနေ့)တွင် ကျင်းပမည့် ညီလာခံနောက်ဆုံးရက်၌ အစုအဖွဲ့ခေါင်းဆောင်များက လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးများက သတင်းစာရှင်းလင်းပွဲ၌ ပြော ကြားသည်။

မူလကညီလာခံတွင် ဆွေး နွေးသည့် အကြောင်းအရာကို ၄​၁ ချက်သာ သတ်မှတ်ထားသော် လည်း မြေယာကိုယ်စားလှယ်များ က အဓိပ္ပာယ်ဖွင့်ဆိုချက် လေးခု ကိုမူဝါဒအဖြစ် သတ်မှတ်ရန် တင်ပြချက်အရ လေးချက်တိုးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရကိုယ်စား လှယ် ဦးဇော်ဌေးက မေလ ၂၈ ရက် ည ၁၁ နာရီ ၂၀ မိနစ်ကျော်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ပြန်လည်ရှင်းလင်းခဲ့သည်။ ထို့ ကြောင့် မြေယာကဏ္ဍတွင် မူလက အချက်ခြောက်ချက်ရှိရာ လေးချက်တိုး၍ စုစုပေါင်းသဘောတူ သည့်အချက် ၁၀ ချက် ဖြစ်သွား သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို မေလ ၂၈ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ သည်။

‘‘မနက်ဖြန်(မေလ ၂၉ ရက်) ညီလာခံ နောက်ဆုံးရက်မှာ သ ဘောတူညီချက်တွေကို UPDJC အတွင်းရေးမှူးအဖွဲ့က တင်သွင်း မှာဖြစ်ပါတယ်။ ပြီးရင် ကဏ္ဍအ လိုက်လေးခုတင်သွင်းပြီးသွားရင် အစုအဖွဲ့ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးမှာ ဖြစ်ပါ တယ်။ ပြီးရင် ပြည်ထောင်စုသ ဘောတူညီချက် အစိတ်အပိုင်းအ ဖြစ် လက်မှတ်ရေးထိုးစာချုပ်ချုပ် ဆိုမှာဖြစ်ပါတယ်’’ဟု အစိုးရကိုယ် စားလှယ် ဦးဇော်ဌေးကပြော သည်။

ညီလာခံရလဒ်များကို ပြည် ထောင်စုသဘောတူစာချုပ် အ စိတ်အပိုင်းအဖြစ် လက်မှတ်ထိုး ရာတွင် အစိုးရ အစုအဖွဲ့ကိုယ် စားလှယ်အဖြစ် ဒေါက်တာတင် မျိုးဝင်း၊ တိုင်းရင်းသားလက်နက် ကိုင်အစုအဖွဲ့ ကိုယ်စားလှယ်အ ဖြစ် ပဒိုစောကွယ်ထူးဝင်း၊ နိုင်ငံ ရေးပါတီ အစုအဖွဲ့ ကိုယ်စား လှယ်အဖြစ် ဦးသုဝေ၊ တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ်အဖြစ် ဗိုလ်ချုပ်ကြီးတစ်ဦးတို့ လက်မှတ် ထိုးရန် စီစဉ်ထားကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်အစုအ ဖွဲ့အတွက် ရွေးချယ်ရခြင်းမရှိ သေးကြောင်း သတင်းရရှိသည်။

နိုင်ငံရေးကဏ္ဍ

နိုင်ငံရေးကဏ္ဍ၌ သဘော တူညီချက် ၁၂ ချက် သဘောတူ ညီခဲ့သော်လည်း ပြည်ထောင်စုမှ ခွဲမထွက်ရကိစ္စနှင့် ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကိစ္စ စသည်တို့အပါအဝင် အချက်ရှစ်ချက် သဘောတူညီမှုမရ၍ လာမည့် ညီလာခံများတွင် ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။

ညီလာခံ၌ ဆွေးနွေးဆုံးဖြတ် ရန် တင်သွင်းခဲ့သည့် နိုင်ငံရေး ကဏ္ဍတွင် ဖက်ဒရယ်စနစ်ကို အခြေခံရမည့်မူများ၌ အချုပ်အခြာအာဏာ၊ အချုပ်အခြာအာဏာ ကျင့်သုံးမှု၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်ပြည် ထောင်စုမူ (စုဖွဲ့မှုနှင့် အာဏာခွဲ ဝေမှု)၊ ပါတီစုံဒီမိုကရေစီနှင့်ဆိုင် သည့် အချက်များ ပါ၀င်သည်။

နိုင်ငံရေးကဏ္ဍ ညှိနှိုင်းမှုကို မေလ ၂၈ ရက် နံနက် ၉ နာရီမှနေ့လယ် ၁ နာရီအထိ ပြုလုပ်ခဲ့ သည်။ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးကဏ္ဍကို စတင်ဆွေးနွေးခဲ့ပြီး ညနေ ၄ နာရီ၌ပြီးဆုံးခဲ့သည်။ နိုင်ငံရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍ ဆွေးနွေးမှုများတွင် ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ခဲ့ သည်။ ထိုိ့နောက် လူမှုရေး၊ မြေ ယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒများ၊ ကဏ္ဍများကို ည ရ နာရီကျော်အထိ ဆွေးနွေး ညှိနှိုင်းခဲ့သည်။

စီးပွားရေးကဏ္ဍ

စီးပွားရေးကဏ္ဍ၌ သဘော တူညီခဲ့သည့် အကြောင်းအရာ များတွင် စျေးကွက်စီးပွားရေး စနစ်ကို ပီပြင်စွာဖော်ဆောင်ရေး၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုများ မဖြစ်ပေါ်စေရေး တားဆီးကာ ကွယ်ရန်၊ ပြည်ထောင်စုနှင့် ပြည် နယ်၊တိုင်းဒေသကြီးများ၊ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသအသီး သီးတို့တွင် တန်းတူညီမျှသော စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှု အခွင့် အလမ်းများရရှိရေး ထိရောက်စွာ ဆောင်ရွက်ရန် အချက်များအပါ အဝင် ညီလာခံ၌ ဆွေးနွေးခဲ့သည့် အချက် ၁၁ ချက်စလုံးကို သဘော တူညီခဲ့သည်။

လူမှုရေးကဏ္ဍ

လူမှုရေးကဏ္ဍတွင် သဘော တူညီခဲ့သည့်အချက်များသည် ပြန် လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ၌ လက် နက်ကိုင် ပဋိပက္ခများကြောင့် လည်းကောင်း၊ လူလုပ်နှင့်သဘာ ၀ဘေးအန္တရာယ်များကြောင့် လည်းကောင်း ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာရသူများ ကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီ လူ့အခွင့်အရေးကို လေး စားလိုက်နာပြီး ရေရှည်ရှင်သန် ရပ်တည်နိုင်ရေး (Durable Solution) ကို ဦးတည်၍ စနစ်တ ကျ အစီအစဉ်များချမှတ်လုပ် ဆောင်ရန်အပါအဝင် ညီလာခံ၌ ဆွေးနွေးခဲ့သည့်အချက်လေးချက်စလုံးကို သဘောတူညီခဲ့သည်။

မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒများကဏ္ဍ

အဆိုပါကဏ္ဍတွင် သဘော တူညီခဲ့သည့်အချက်များသည် နိုင်ငံလုံးဆိုင်ရာ ဘက်ညီမျှတသည့် ရေရှည်စဉ်ဆက််မပြတ် ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေသည့် ပြည်သူဗဟိုပြု မြေယာမူဝါဒဖြစ်စေရန် အပါအဝင် အချက် ၁၀ချက်စလုံးကို သဘောတူညီခဲ့ သည်။

လုံခြုံရေးကဏ္ဍ၌ ပါရှိသော နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှုမှ ထွက်ပေါ်လာသော ရလဒ်များအပေါ် အခြေခံစဉ်းစား ရမည်ဖြစ်သောကြောင့် သဘော တူညီချက်များ ချမှတ်ခဲ့ခြင်းမရှိ သေးဘဲ ‘တစ်ခုတည်းသော တပ် မတော်ထားရှိရေး မူဝါဒ’ အချက် တစ်ချက်တည်းသာ ယခုညီလာခံ တွင် ဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးရာ၌ သဘောထားစု စည်းချက် သုံးရပ်ရရှိပြီး လာမည့် ညီလာခံတွင် ဆက်လက်ဆွေးနွေး မည်ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အရ ကျင်းပသည့် ၂၁ ရာ စုပင်လုံညီလာခံကို ခြောက်လ တစ်ကြိမ် ကျင်းပရန် သတ်မှတ် ထားပြီး ယခုညီလာခံ၌ သဘော တူညီမှုမရရှိသည့် အချက်အ လက်များကို လာမည့်ညီလာခံ များ၌ ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အရ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးသဘောတူညီချက် များကို ပြည်ထောင်စုသဘောတူ စာချုပ်အဖြစ် ချုပ်ဆိုပြီး ပြည် ထောင်စုလွှတ်တော်သို့ တင်သွင်း အတည်ပြုချက် ရယူရမည်ဖြစ် သည်။ လွှတ်တော်တွင် အတည် ပြုချက်ရယူပြီးပါက ပြည်ထောင် စုသဘောတူစာချုပ်ပါ သဘော တူညီချက်များ အကောင်အထည် ဖော်မည်ဖြစ်သည်။
Ref:7day

Related posts

တင့္ကားတစ္စီးလို အားျပင္းတဲ့ ေရးအားကို ထုတ္လႊတ္ေပးမဲ့ Thermite 3.0 မီးသတ္ စက္႐ုပ္ကား (Video)

Kyaw Htike Aung

ထိုင္းႏိုင္ငံမွာ အေကာင္းဆုံးအစားအစာျဖင့္ မိေက်ာင္းအသားမ်ား ေရာင္းခ်

Kyaw Htike Aung

အလုပ္သမား ဥပေဒသစ္ေၾကာင့္ နစ္နာမႈမ်ားရွိသျဖင့္ ထိုင္းဝန္ႀကီးခ်ဳပ္ ျပန္ေျဖေလ်ာ့

Nandar Lwin

Leave a Comment