29 C
Yangon
May 23, 2018
  • Home
  • News
  • Business News
  • ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြင္း ဖုန္းဘီလ္ခြန္ စုစုေပါင္း က်ပ္ ၈၇ ဒသမ ၁၃ ဘီလ်ံရရွိခဲ့ၿပီး လစဥ္ပ်မ္းမွ်ရရွိေသာ ပမာဏမွာ က်ပ္ ၇ ဒသမ ၂ ဘီလ်ံခန္႔ျဖစ္ေၾကာင္း သိရ
Business News

၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြင္း ဖုန္းဘီလ္ခြန္ စုစုေပါင္း က်ပ္ ၈၇ ဒသမ ၁၃ ဘီလ်ံရရွိခဲ့ၿပီး လစဥ္ပ်မ္းမွ်ရရွိေသာ ပမာဏမွာ က်ပ္ ၇ ဒသမ ၂ ဘီလ်ံခန္႔ျဖစ္ေၾကာင္း သိရ

ဖုန္းဘီလ္ခြန္

ရန္ကုန္ၿမိဳ႕တြင္းေရာင္းခ်ေနသည့္ဖုန္းကတ္မ်ားႏွင့္ ဟန္းဆက္မ်ားကို ေတြ႕ရစဥ္(ဓာတ္ပံု- ၾကည္ႏိုင္)
၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္အတြင္း ဖုန္းဘီလ္ခြန္ စုစုေပါင္း က်ပ္ ၈၇ ဒသမ ၁၃ ဘီလ်ံရရွိခဲ့ေၾကာင္း ျပည္တြင္းအခြန္မ်ား ဦးစီးဌာနမွ စံုစမ္းသိရိွရသည္။ ဖုန္းဘီလ္ခြန္ကို ၂၀၁၆ ဧၿပီ ၁ ရက္မွ စတင္ေကာက္ခံခဲ့ျခင္း ျဖစ္ၿပီး ယင္းပမာဏမွာ ၂၀၁၇ မတ္ ၃၁ ရက္အထိ ေကာက္ခံရရွိခဲ့ေသာ ပမာဏျဖစ္သည္။
၂၀၁၇ ခုႏွစ္ မတ္လအတြင္း ေကာက္ခံရရွိခဲ့ေသာ ဖုန္းဘီလ္ခြန္ပမာဏမွာ က်ပ္ ၉ ဒသမ ၉၅ ဘီလ်ံျဖစ္ေၾကာင္း သိရသည္။ ၂၀၁၆-၂၀၁၇ ဘ႑ာေရးႏွစ္အတြင္း၌ ေကာက္ခံရရွိခဲ့ေသာ ဖုန္းဘီလ္ခြန္ပမာဏအရ ျပန္အခ်ဳိးခ်ၾကည့္ပါက လစဥ္ပ်မ္းမွ်ရရွိခဲ့ေသာ ပမာဏမွာ က်ပ္ ၇ ဒသမ ၂ ဘီလ်ံခန္႔ျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္အတြင္းရရွိခဲ့ေသာ ဖုန္း ဘီလ္ခြန္ ပမာဏမွာ စုစုေပါင္း က်ပ္ ၅၉ ဒသမ ၉၅ ဘီလ်ံရရွိခဲ့ေၾကာင္း သိရသည္။ ယင္းအခြန္ေငြမွာ ၂၀၁၆ ဧၿပီမွ ဒီဇင္ဘာအထိ ကိုးလတာ ကာလအတြင္း ေကာက္ခံရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ၂၀၁၆ ခုႏွစ္အတြင္း လစဥ္ပ်မ္းမွ်ရရွိခဲ့ေသာ ဖုန္းဘီလ္ခြန္ပမာဏမွာ တစ္လလွ်င္ ၆ ဒသမ ၆ ဘီလ်ံခန္႔ ႏႈန္းရွိခဲ့ေၾကာင္း ျပန္လည္တြက္ခ်က္မႈအရ သိရသည္။
၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလအတြင္း ဆက္သြယ္ေရး ေအာ္ပေရတာသံုးခုထံမွ ေကာက္ခံရရွိခဲ့ေသာ ဖုန္းဘီလ္ခြန္မွာ က်ပ္ ၇ ဒသမ ၇ ဘီလ်ံျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့ေသာ ႏို၀င္ဘာလအတြင္းက ရရွိခဲ့ေသာ ဖုန္းဘီလ္ခြန္ ပမာဏမွာ က်ပ္ ၆ ဒသမ ၇ ဘီလ်ံျဖစ္သည္။

ဧၿပီလအတြက္ စတင္ရရွိခဲ့ေသာ ဖုန္း ဘီလ္ခြန္ျဖစ္သည့္ က်ပ္သန္း ၇၅၀၀ ကို ပညာေရး က႑အတြက္ စတင္သံုးစြဲခဲ့ၿပီး ေနာက္လမ်ားတြ င္ရရွိခဲ့သည့္ ဖုန္းဘီလ္ခြန္မ်ားကိုမူ ႏိုင္ငံေတာ္ဘတ္ဂ်က္အျဖစ္သာ ေပးသြင္းခဲ့ေၾကာင္း သိရသည္။

၂၀၁၆ ေမလအတြက္ ရရွိေသာ ဖုန္းဘီလ္ခြန္ က်ပ္ ၈ ဒသမ ၃၇ ဘီလ်ံတြင္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက ၄ ဒသမ ၅ဘီလ်ံေက်ာ္၊ တယ္လီေနာက က်ပ္သံုးဘီလ်ံနီးပါး၊ အူရီဒူးက က်ပ္သန္း ၈၀၀ ေက်ာ္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ဇြန္လအတြက္ ရရွိခဲ့သည့္ ဖုန္း ဘီလ္ခြန္မွာ က်ပ္ရွစ္ဘီလ်ံျဖစ္ၿပီး ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းက ၄ ဒသမ ၁ ဘီလ်ံ၊ တယ္လီေနာက ၂ ဒသမ ၆ ဘီလ်ံႏွင့္ အူရီဒူးက ၁ ဒသမ ၁ ဘီလ်ံတို႔ျဖစ္သည္။

ရရွိလာေသာ ဖုန္းဘီလ္ခြန္မ်ားကို ျပည္သူလူထုအတြက္ တိုက္႐ိုက္အက်ဳိးျပဳေစမည့္ က႑မ်ားတြင္ သံုးစြဲမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ့ ဘ႑ာေငြသည္ ျပည္သူ႔ဘ႑ာေငြျဖစ္ေၾကာင္း ႏုိင္ငံေတာ္သမၼတက ေျပာၾကားထားသည္။

၂၀၁၆ ခုႏွစ္ ျပည္ေထာင္စုအခြန္ဥပေဒအရ မိုဘိုင္း၀န္ေဆာင္မႈ သံုးစြဲသူမ်ားသည္ ကုန္သြယ္လုပ္ငန္းခြန္ ၅ ရာခိုင္ႏႈန္းကို ၂၀၁၆ ခုႏွစ္ ဧၿပီ ၁ ရက္မွစတင္ကာ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳၿပီးေနာက္ ဧၿပီ ၁ ရက္မွစ၍ ဖုန္းဘီလ္ခြန္မ်ားကို စတင္ေကာက္ခံခဲ့ျခင္း ျဖစ္သည္။ ထုိသို႔ေကာက္ခံရာတြင္ သံုးစြဲၿပီးေနာက္ က်သင့္ေငြထဲမွ ငါးရာခိုင္ႏႈန္းကို ျဖတ္ေတာက္ ေကာက္ခံျခင္းျဖစ္သည္။
Ref:Eleven Media

၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြင္း ဖုန္းဘီလ္ခြန္ စုစုေပါင္း က်ပ္ ၈၇ ဒသမ ၁၃ ဘီလ်ံရရွိခဲ့ၿပီး လစဥ္ပ်မ္းမွ်ရရွိေသာ ပမာဏမွာ က်ပ္ ၇ ဒသမ ၂ ဘီလ်ံခန္႔ျဖစ္ေၾကာင္း သိရ


Unicode

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဖုန်းဘီလ်ခွန် စုစုပေါင်း ကျပ် ၈၇ ဒသမ ၁၃ ဘီလျံရရှိခဲ့ပြီး လစဉ်ပျမ်းမျှရရှိသော ပမာဏမှာ ကျပ် ရ ဒသမ ၂ ဘီလျံခန့်ဖြစ်ကြောင်း သိရ

ရန်ကုန်မြို့တွင်းရောင်းချနေသည့်ဖုန်းကတ်များနှင့် ဟန်းဆက်များကို တွေ့ရစဉ်(ဓာတ်ပုံ- ကြည်နိုင်)
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဖုန်းဘီလ်ခွန် စုစုပေါင်း ကျပ် ၈၇ ဒသမ ၁၃ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။ ဖုန်းဘီလ်ခွန်ကို ၂၀၁၆ ဧပြီ ၁ ရက်မှ စတင်ကောက်ခံခဲ့ခြင်း ဖြစ်ပြီး ယင်းပမာဏမှာ ၂၀၁၇ မတ် ၃၁ ရက်အထိ ကောက်ခံရရှိခဲ့သော ပမာဏဖြစ်သည်။
၂၀၁၇ ခုနှစ် မတ်လအတွင်း ကောက်ခံရရှိခဲ့သော ဖုန်းဘီလ်ခွန်ပမာဏမှာ ကျပ် ၉ ဒသမ ၉၅ ဘီလျံဖြစ်ကြောင်း သိရသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း၌ ကောက်ခံရရှိခဲ့သော ဖုန်းဘီလ်ခွန်ပမာဏအရ ပြန်အချိုးချကြည့်ပါက လစဉ်ပျမ်းမျှရရှိခဲ့သော ပမာဏမှာ ကျပ် ရ ဒသမ ၂ ဘီလျံခန့်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်းရရှိခဲ့သော ဖုန်း ဘီလ်ခွန် ပမာဏမှာ စုစုပေါင်း ကျပ် ၅၉ ဒသမ ၉၅ ဘီလျံရရှိခဲ့ကြောင်း သိရသည်။ ယင်းအခွန်ငွေမှာ ၂၀၁၆ ဧပြီမှ ဒီဇင်ဘာအထိ ကိုးလတာ ကာလအတွင်း ကောက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်အတွင်း လစဉ်ပျမ်းမျှရရှိခဲ့သော ဖုန်းဘီလ်ခွန်ပမာဏမှာ တစ်လလျှင် ၆ ဒသမ ၆ ဘီလျံခန့် နှုန်းရှိခဲ့ကြောင်း ပြန်လည်တွက်ချက်မှုအရ သိရသည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ဆက်သွယ်ရေး အော်ပရေတာသုံးခုထံမှ ကောက်ခံရရှိခဲ့သော ဖုန်းဘီလ်ခွန်မှာ ကျပ် ရ ဒသမ ရ ဘီလျံဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော နိုဝင်ဘာလအတွင်းက ရရှိခဲ့သော ဖုန်းဘီလ်ခွန် ပမာဏမှာ ကျပ် ၆ ဒသမ ရ ဘီလျံဖြစ်သည်။

ဧပြီလအတွက် စတင်ရရှိခဲ့သော ဖုန်း ဘီလ်ခွန်ဖြစ်သည့် ကျပ်သန်း ရ၅၀၀ ကို ပညာရေး ကဏ္ဍအတွက် စတင်သုံးစွဲခဲ့ပြီး နောက်လများတွ င်ရရှိခဲ့သည့် ဖုန်းဘီလ်ခွန်များကိုမူ နိုင်ငံတော်ဘတ်ဂျက်အဖြစ်သာ ပေးသွင်းခဲ့ကြောင်း သိရသည်။

၂၀၁၆ မေလအတွက် ရရှိသော ဖုန်းဘီလ်ခွန် ကျပ် ၈ ဒသမ ၃၇ ဘီလျံတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၄ ဒသမ ၅ဘီလျံကျော်၊ တယ်လီနောက ကျပ်သုံးဘီလျံနီးပါး၊ အူရီဒူးက ကျပ်သန်း ၈၀၀ ကျော်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ဇွန်လအတွက် ရရှိခဲ့သည့် ဖုန်း ဘီလ်ခွန်မှာ ကျပ်ရှစ်ဘီလျံဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၄ ဒသမ ၁ ဘီလျံ၊ တယ်လီနောက ၂ ဒသမ ၆ ဘီလျံနှင့် အူရီဒူးက ၁ ဒသမ ၁ ဘီလျံတို့ဖြစ်သည်။

ရရှိလာသော ဖုန်းဘီလ်ခွန်များကို ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးပြုစေမည့် ကဏ္ဍများတွင် သုံးစွဲမည်ဖြစ်ကြောင်း၊ နိုင်ငံ့ ဘဏ္ဍာငွေသည် ပြည်သူ့ဘဏ္ဍာငွေဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားထားသည်။

၂၀၁၆ ခုနှစ် ပြည်ထောင်စုအခွန်ဥပဒေအရ မိုဘိုင်းဝန်ဆောင်မှု သုံးစွဲသူများသည် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက် ဧပြီ ၁ ရက်မှစ၍ ဖုန်းဘီလ်ခွန်များကို စတင်ကောက်ခံခဲ့ခြင်း ဖြစ်သည်။ ထိုသို့ကောက်ခံရာတွင် သုံးစွဲပြီးနောက် ကျသင့်ငွေထဲမှ ငါးရာခိုင်နှုန်းကို ဖြတ်တောက် ကောက်ခံခြင်းဖြစ်သည်။
Ref:Eleven Media

Related posts

"အေကာင္းဆံုး အဖြဲ႕အစည္း Team တခု တည္ေဆာက္ဖို႔ အတြက္ လစဥ္ လတိုင္း ကိုယ့္ Team ကို ကိုယ္ ေမးျမန္းစူးစမ္းရမယ့္ အခ်က္မ်ား"

OMCTC

အစီရင္ခံစာတစ္ခုအဆိုအရ ကမၻၻာ႔စီးပြားေရးတိုးတက္မႈ အျမန္ဆံုးႏုိင္ငံမ်ားစာရင္းတြင္ ျမန္မာအဆင့္(၉)ရပ္တည္

Nandar Lwin

ကုမၼဏီေတြမွာ အမ်ိဳးသမီးေခါင္းေဆာင္ေတြ ပိုျပီးရွိတာဟာ လုပ္ငန္းအက်ိဳးအျမတ္ ပိုရေစဟု ေတြ႔ရွိ

OMCTC

Leave a Comment