31 C
Yangon
June 24, 2018
  • Home
  • News
  • မြန်မာ့ခြင်းလုံး ပါရမီရှင်များ ခြေစွမ်းပြယှဉ်ပြိုင်ခဲ့တဲ့ Tiger Streets Freestyle Chinlone ဗိုလ်လုပွဲ
News

မြန်မာ့ခြင်းလုံး ပါရမီရှင်များ ခြေစွမ်းပြယှဉ်ပြိုင်ခဲ့တဲ့ Tiger Streets Freestyle Chinlone ဗိုလ်လုပွဲ

မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး ရိုးရာအားကစားနည်း တစ်ခုဖြစ်တဲ့ ခြင်းခတ်ပြိုင်ပွဲ ကိုမြေတောင်မြှောက်ပေးတဲ့အနေနဲ့ Tiger Streets Freestyle ခြင်းလုံးပြိုင်ပွဲကြီးကို HEINEKEN Myanmar က ကျင်းပပြုလုပ်ခဲ့တာဟာ အခုဆိုရင် ဗိုလ်လုပွဲသို့ရောက်ရှိလာခဲ့ပါပြီ။ Tiger Streets Freestyle Chinlone ပြိုင်ပွဲကို မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး နောက်ဆုံးဇကာတင်ရွေးချယ်ခံရတဲ့ ၈ သင်းကို ဒီဇင်ဘာလ၂၃ ရက်က ရန်ကုန်မြို့၊ ပြည်သူဥယျာဉ်အတွင်းရှိ Myanmar Cultural Valley မှာ ဗိုလ်လုပွဲကြီး ယှဉ်ပြိုင်စေခဲ့ပါတယ်။

ဗိုလ်လုပွဲကြီးကို အများပြည်သူ အခမဲ့လာရောက်ကြည့်ရှုနိုင်အောင် စီစဉ်ထားပြီး တေးသံရှင်များ၊မျက်လှည့်ပညာရှင်များဖြင့် ပရိသတ်များကို ဖျော်ဖြေခဲ့ကြပါတယ်။ အဆိုပါပြိုင်ပွဲနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံခြင်းလုံအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌမှ ” ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို အများကြီးအကောင်အထည် ဖော်ပေးတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့ကလည်း မြန်မာရိုးရာခြင်းလုံးအားကစားကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ အချိန်မှာ ဒီလိုမျိုးကုမ္ပဏီကြီးတွေက အင်တိုက်အားတိုက် ငွေကြေးတွေ အကုန်အကျခံပြီး လုပ်ပေးတဲ့အတွက် ကျွန်တော်တို့လမ်းကြောင်းကြီးကို အားပေးရာလည်းကျတယ်။ ကျွန်တော်တို့အတွက်လည်း ပိုပြီးတိုးတက်ပါတယ်” ဟုပြောကြားသွားခဲ့ပါတယ်။

ani studio

Gepostet von Ani Studio am Dienstag, 19. Dezember 2017

ယခုဗိုလ်လုပွဲမှာ ပထမဆုကို မန္တလေးတိုင်းက မန္တလေးသစ်သီးဝလံ အသင်းက ဆွတ်ခူးခဲ့ပြီး ဒိုင်းဆုကြီးနှင့် ဆုကြေးသိန်း ၅၀ ကျပ်၊
ဒုတိယဆုကို ၉၁ မှတ်နဲ့ ရန်ကုန်တိုင်းက Simple Smile အသင်းက ဆုကြေးငွေ သိန်း ၃၀ နဲ့ဆါတ်ခူးသွားပြီး တတိယဆုကိုတော့ ရန်ကုန်တိုင်းမှ ရွှေပြည်စိုးအသင်းက ဆုကြေးငွေ သိန်း ၂၀ နဲ့အသီးသီးဆွတ်ခူးရရှိခဲ့ပါတယ်။

Samsung Quiz Show မှာ အနိုင်ရရှိခဲ့တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ကိုရီးယားနိုင်ငံ လေ့လာရေးခရီးစဉ်

ယခုပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့တဲ့ HEINEKEN Myanmar ဟာ Heineken Beer, Tiger Beer, ABC Extra Stout နဲ့ Regal Seven တို့ကိုထုတ်လုပ်ဖြန့်ချီလျက်ရှိပြီး ကုမ္ပဏီ၏ ရည်မှန်းချက်ဖြစ်သည့် ပိုမိုကောင်းမွန်သော ကမ္ဘာကိုတည်ဆောက်ရန်၊
မြန်မာနိုင်ငံနှင့် အတူတကွအလုပ်အကိုင်များ ဖန်တီးပေးနိုင်မည့် စီမံချက်များ၊ ယဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ချင့်ချိန်မျှတစွာ သောက်သုံးရေးတို့အတွက် ပံ့ပိုးကူညီသည့် အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက် ရှိပါတယ်။

#Tiger_Streets_Freestyle_Chinlone
#HEINEKEN_Myanmar
#Lifestyle_Myanmar

Related posts

ရန်ကင်းကလေးဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တောင်ဒဂုံမြို့နယ်မှ ဦးနှောက်အမြှေးရောင် သံသယရှိ ကလေးငယ်များကို ဆေးစစ်ခဲ့ရာ ရောဂါပိုး မတွေ့ရှိ၍ ကလေးအများစုကို ဆေးရုံမှ ဆင်းခွင့်ပြု

OMCTC

ပြည်သူကို စိတ်ပျက်အောင်မလုပ်ရန် ဒီချုပ်ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည်မှာကြား

OMCTC

မင်္ဂလာဈေးမီးလောင်သော်လည်း ဆေးဝါးများ ဈေးတက်နိုင်ခြေမရှိ

OMCTC

Leave a Comment