25 C
Yangon
May 25, 2018
  • Home
  • News
  • Sports News
  • မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားအသင်း ယနေ့ ခြေစမ်းပွဲယှဉ်ပြိုင်မည်
Sports News

မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားအသင်း ယနေ့ ခြေစမ်းပွဲယှဉ်ပြိုင်မည်

မြန်မာ့လက်ရွေးစင်အသင်း

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းဟာ ဒီနေ့ညနေ ၄:၀၀ နာရီ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ဒေသတွင်း ပြိုင်ဘက်အသင်းတသင်းဖြစ်တဲ့ မလေးရှားလက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကစားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ အာရှဖလားခြေစစ်ပွဲ တတိယပွဲစဉ်အဖြစ် ကာဂျစ္စတန်အသင်းနဲ့ လာမယ့် စက်တင်ဘာ ၅ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ ဒီခြေစမ်းပွဲကို ပြုလုပ်တာပါ။
ဒီခြေစမ်းပွဲကို တီဗွီရိုက်ကူးထုတ်လွှင့်မှု ရှိမှာမဟုတ်ဘဲ ကွင်းဝင်ကြေးကို အခမဲ့ ဝင်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ က ကော်တင်ဟိုကို ခေါ်ယူရန် ပေါင် ၁၃၈ သန်းဖြင့် စတုတ္ထအကြိမ် ကမ်းလှမ်း

 မြန်မာ့လက်ရွေးစင်အသင်းမှာ ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ ရန်အောင်ကျော်၊ ဇော်မင်းထွန်း၊ တင်ဝင်းအောင်၊ မင်းမင်းသူ၊ ကျော်ကိုကို၊ ဒေးဗစ်ဒန်း၊ သိန်းသန်းဝင်း၊ ကျော်ဇင်ထက်(ဂိုး) တို့အပြင် ကောင်းဆက်နိုင်၊ သီဟဇော်၊ ကျော်ဇင်လွင် စတဲ့ ကစားသမားတွေ ပါဝင်ကစားကြမှာဖြစ်ပေမယ့် ဆီးဂိမ်း တတိယလုပွဲမှာ ပါဝင်နေတဲ့ လက်ရွေးစင်ကစားသမားတချို့တော့ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

မြန်မာ့လက်ရွေးစင်အသင်းဟာ ဒီခြေစမ်းပွဲအပြီးမှာ ဆီးဂိမ်းကပြန်လာမယ့် ယူ-၂၂ အသင်းက ကစားသမားတချို့နဲ့ ပူးပေါင်းပြီး သြဂုတ် ၃၁ ရက်နေ့မှာ ကာဂျစ်စတန်နိုင်ငံ ဘီရှက်ခ်မြို့ကို ထွက်ခွာမှာ ဖြစ်ပါတယ်။

Ref-DVB

Related posts

တိုက်စစ်မှူး လူကာကူကို မန်ယူက ပေါင် ၇၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှုရ

Kyaw Htike Aung

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်နေဟု နည်းပြများ သုံးသပ်

OMCTC

ဒီဇင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံးဆုများကို ၀က်ဖို့ဒ်အသင်းသိမ်းပိုက်

OMCTC

Leave a Comment