25 C
Yangon
May 25, 2018
  • Home
  • News
  • Sports News
  • မြန်မာ ယူ၁၈ နဲ့အင်တာမီလန်ယူ၁၈ တစ်ဖက်၂ဂိုးစီ သရေကျ
Sports News

မြန်မာ ယူ၁၈ နဲ့အင်တာမီလန်ယူ၁၈ တစ်ဖက်၂ဂိုးစီ သရေကျ

မြန်မာ ယူ၁၈

မြန်မာ ယူ၁၈ နဲ့အင်တာမီလန် ယူ၁၈ တို့ရဲ့ဒုတိယမြောက် ခြေစမ်း ပွဲ ကိုသြဂတ်၁၃ရက်ကယှဉ်ပြိုင်ကစားခဲ့ရာမှာ တစ်ဖက်၂ဂိုးစီသ ရေကျခဲ့ပါတယ်။ မြန်မာယူ၁၈ အသင်းဟာ ပထမခြေစမ်းပွဲကပွဲထွက်လူ စာရင်းကို ၆ ဦးအပြောင်းအလဲပြုလုပ်ပြီး ပွဲထွက်ခဲ့တာပါ။

မြန်မာ ယူ၁၈
မြန်မာ ယူ၁၈


ပွဲချိန်၁၇ မိနစ်မှာ မြန်မာ ယူ၁၈ အသင်းတိုက်စစ်မှူး ဝင်းနိုင်ထွန်း က ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ ကန်သွင်းယူခဲ့လို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ ပထမပိုင်းပွဲချိန် ၄၁ မိနစ်နဲ့၄၅ မိနစ်တွေမှာ အင်တာမီလန်ယူ၁၈ က၂ဂိုးဆက်သွင်းပြီး ပြန်လည်ဦးဆောင်ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး တိုက်စစ်ဦးစားပေးကစားခဲ့ကြပြီး ဂိုးရမယ့်အခွင့် အရေး တွေလဲကိုယ်စီရခဲ့ပါတယ် ပွဲချိန် ၆၂ မိနစ်မှာ မြန်မာယူ၁၈ အသင်းပင်နယ်တီရခဲ့ပြီး ပြည့်စုံနိုင်က သွင်းယူခဲ့လို့ မြန်မာ အသင်းချေပဂိုးရခဲ့ပါတယ်။
နောက်ပိုင်းပွဲချိန်တွေ မှာ အင်တာမီလန်အသင်းက အနိုင်ရဖို့ ပိုမိုဖိအားပေး တိုက်စစ်ဆင်ခဲ့ပေမယ့် မြန်မာနောက်တန်းနဲ့ ဂိုးသမား တို့ အကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ ၂ဂိုးစီသရေ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့တာပါ။

ကမ္ဘာ့ချန်ပီယံလုပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ထိုးသတ်သွားမယ့် ဒေ့ဗ်လက်ဒက်

 မြန်မာ ယူ၁၈ အသင်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီးလည်း အင်တာမီလန်ယူ၁၈ နည်းပြ ကော်တီက ချီးကျူးခဲ့ပါတယ်။ မြန်မာယူ၁၈ အသင်းဟာ ပထမခြေစမ်းပွဲတုန်းက အင်တာမီလ န်အသင်းကို ၄ ဂိုး ၂ဂိုးနဲ့ရှုံးနိမ့်ထားတာပါ. ဒီခြေစမ်းပွဲ၂ပွဲဟာ လာမယ့်စက်တင်ဘာလအတွင်း မှာကျင်းပမယ့် အာဆီယံယူ၁၈ ပြိုင်ပွဲနဲ့နိုဝင်ဘာလ အတွင်းမှာကျင်းပမယ့် အာရှယူ၁၉ ခြေစစ်ပွဲ တွေအတွက် အကြိုပြင်ဆင်မူအဖြစ် ယှဉ်ပြိုင် က စားတာဖြစ်ပါ တယ်။

Ref-DVB

Related posts

ကျွန်းဆွယ်နှင့် ဆီးဂိမ်း ရွှေတံဆိပ်များဆုရှင် ဒေါ်ဂျနီဖာတင်လေး ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူရမည်

OMCTC

မိုဟာမက်​​​ဆာလက်​ကိုကလပ်​စံချိန်​တင်​​ပြောင်း​ရွေ့​ကြေးနဲ့​ခေါ်ယူနိုင်​ဖို့အလွန်​နီိးစပ်​​နေပြီဖြစ်​တဲ့လီဗာပူး

Kyaw Htike Aung

မိုနာကိုကွင်းလယ်လူ ဘာကာရိုကိုကို ချဲလ်ဆီး ၅ နှစ် စာချုပ်ချုပ် ခေါ်ယူမည်

Kyaw Htike Aung

Leave a Comment