ေလ့လာမႈေတြအရ ဥာဏ္ရည္ထက္ျမက္တဲ့ အမ်ိဳးသမီးေတြအမ်ားစု Single ျဖစ္ေနရတဲ့အေၾကာင္းရင္း

0
9

Single ျဖစ္ေနၾကတဲ့အပ်ိဳႀကီးေတြအားလံုးဟာ ဥာဏ္ရည္ထက္ျမက္သူေတြ မဟုတ္ေသာ္လည္း ဥာဏ္ရည္ထက္ျမက္တဲ့ အမ်ိဳးသမီးေတြအမ်ားစုဟာ Single ဘ၀နဲ႕သာေနထိုင္ခ်င္ၾကေၾကာင္း ေလ့လာသိရွိရပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔နဲ႕ကိုက္ညီမယ့္ လက္တြဲေဖာ္ကို ရွာေဖြရတာဟာအျမဲလိုလို ခက္ခဲၾကတယ္လို႔ သိရွိရပါတယ္။ စိတ္ပညာရွင္ေတြရဲ႕ ေျမာက္ျမားစြာေသာ သံုးသပ္ခ်က္ေတြအရ ေယာက်္ားေလးေတြဟာ သူတို႔နဲ႔ၿပိဳင္ဖက္ကဲ့သို႔ ထူးခၽြန္တဲ့အမ်ိဳးသမီး၊ သူတို႔ထက္သာလြန္တဲ့အမ်ိဳးသမီးေတြကို လက္တြဲေဖာ္အျဖစ္မေရြးခ်ယ္ခ်င္ၾကေၾကာင္းကို ေယဘုယ်ဆန္ဆန္ သံုးသပ္ျပၾကပါတယ္။ ဒါတင္မကပဲ သူတို႔ေတြဟာ ျမင့္မားတဲ့ေမွ်ာ္လင့္ခ်က္ေတြ၊ ေတာင္းဆိုမႈေတြ၊ နဲ႕တခါတေလလက္ေတြ႔မက်တဲ့စဥ္းစားပံုေတြေၾကာင့္လည္း Single ျဖစ္ၾကၿပီး သူတို႔ရဲ႕ရင့္က်က္မႈေတြ၊ သတိရွိမႈေတြနဲ႕ Relationship တစ္ခုကိုစိတ္ရွည္ရွည္နဲ႕ ေရြးခ်ယ္တတ္ၾကတာေၾကာင့္လည္း ျဖစ္ပံုရပါတယ္။ ဒါေၾကာင့္ ဥာဏ္ရည္ျမင့္တဲ့အမ်ိဳးသမီးေတြဟာ အထီးက်န္မႈကိုေက်ာ္လႊားဖို႔ တစ္ခုတည္းနဲ႕ေတာ့ လက္တြဲေဖာ္ကိုေရႊးခ်ယ္မွာမဟုတ္ပဲ သူတို႔နဲ႕ကိုက္ညီမယ္ လူေတာ္လူေကာင္းအမ်ိဳးသားကိုသာ ေစာင့္ေမွ်ာ္တတ္ၾကပါတယ္။ ဒီလိုဥာဏ္ရည္ထက္ျမက္တဲ့ အပ်ိဳႀကီးမမေတြဟာ လက္တြဲေဖာ္ကိုရွာေဖြတဲ့အခါမွာ ေတြးေတာပံုေတြနဲ႔ ဘာေၾကာင့္အပ်ိဳႀကီးေတြျဖစ္ရတယ္ဆိုတဲ့ ေနာက္ကြယ္ကလွိဳ႕၀ွက္ခ်က္ေတြကို Lifestyle Myanmar ပရိသတ္ေတြအတြက္ ေဖာ္ထုတ္ေပးခ်င္ပါတယ္။

၁။ အမ်ိဳးသားေတြဟာ သူတို႔ထက္သာလြန္မႈကို မလိုခ်င္ၾကဘူး
ေရွး႐ိုးအစဥ္အလာေတြနဲ႔ သဘာ၀အရအမ်ိဳးသားေတြဟာ အိမ္ေထာင္ဦးစီးအျဖစ္ေရွ႕ကေနဦးေဆာင္ရမယ္လို႔ယံုၾကည္ၾကၿပီး သူတို႔ေတြထက္ပိုမိုေအာင္ျမင္ၿပီး ထက္ျမက္တဲ့အမ်ိဳးသမီးေတြကို မလိုခ်င္ၾကပါဘူး။ ဒါေၾကာင့္ ထက္ျမက္တဲ့အမ်ိဳးသမီးေတြ Single ျဖစ္ေနၾကတာဟာ အမ်ိဳးသားအမ်ားစုက စိန္ေခၚမႈေတြကို မႏွစ္သက္ၾကလို႔ပဲ ျဖစ္ပါတယ္။

၂။ ျပင္ပမွာအလုပ္လုပ္ခ်င္စိတ္မ်ားတာေၾကာင့္
Financial သတင္းေထာက္ John Carney ရဲ႕ေျပာဆိုမႈအရ ၿပီးျပည့္စံုတဲ့အမ်ိဳးသမီးဆိုတာ အိမ္မႈကိစၥေတြနဲ႕ မိသားစုအေရးကို အသက္ေမြး၀မ္းေၾကာင္းအလုပ္လို လုပ္ကိုင္ခ်င္တဲ့အမ်ိဳးသမီးအျဖစ္ အမ်ိဳးသားေတြက မွတ္ယူၾကေၾကာင္း ေျပာၾကားခဲ့ပါတယ္။ စမတ္က်တဲ့အမ်ိဳးသမီးေတြအမ်ားစုဟာလည္း ယခုလိုအတင္းမီးဖိုေခ်ာင္တဲ့ သြတ္သြင္းလိုတဲ့အယူအဆမ်ိဳးကို လက္မခံခ်င္ၾကတာေၾကာင့္လည္း Single ျဖစ္ေနၾကတာျဖစ္ႏိုင္ပါတယ္။

၃။ အျခားစံုတြဲေတြရဲ႕ ျပႆနာအရပ္ရပ္ကို ျမင္ရၿပီးေနာက္ စိတ္ကုန္တာေၾကာင့္
အပ်ိဳႀကီးေတြအေတာ္မ်ားမ်ား ဒီအခ်က္ကိုသေဘာတူႏိုင္ပါတယ္။ အျခားအိမ္ေထာင္ေရးေတြ၊ အခ်စ္ေရးေတြကို ျမင္ရတာမ်ားလာၿပီး အဆင္မေျပမႈေတြကို စိုးရိမ္တာေၾကာင့္လည္း တေယာက္တည္းေနတာ ေကာင္းပါတယ္ ဆိုတဲ့အေတြးမ်ိဳး ေတြးေကာင္းေတြးၾကပါလိမ့္မယ္။

ခ်စ္သူနဲ႔သက္ဆံုးတိုင္ လက္တြဲႏိုင္ဖို႔အတြက္ စံုတြဲတိုင္းေရွာင္ရွားသင့္တဲ့ အမွား(၁၀) ခ်က္

၄။ ဇီဇာေၾကာင္တတ္တာေၾကာင့္
အပ်ိဳႀကီးေတြအရမ္းကို ထက္ျမက္လာတာနဲ႔အမွ် ဆံုးျဖတ္ခ်က္တစ္ခုကိုခ်မွတ္ဖို႔အတြက္ အရာရာကိုစဥ္းစားခ်င့္ခ်ိန္ၿပီးမွ သူတို႔နဲ႔ထိုက္တန္တဲ့အရာကို ေရြးခ်ယ္ၾကပါတယ္။ သူတို႔လိုခ်င္တဲ့ပံုစံခ်စ္သူမရမခ်င္း တစ္ေယာက္ၿပီးတစ္ေယာက္ တြဲၾကည့္ၿပီး ရွာေဖြတာဟာအခ်ိန္ျဖဳန္းတာျဖစ္တယ္လို႔ အပ်ိဳႀကီးေတြက ယူဆၾကပါတယ္။ ဒါေၾကာင့္လည္းအားလံုးျပည့္စံုသူကိုေစာင့္ရင္းနဲ႔ Single ျဖစ္သြားတတ္ၾကသူေတြလည္း အမ်ားအျပားပါပဲ။

၅။ ေယာက်္ားေလးေတြ လိုက္ဖို႔ခက္တယ္
ထက္ျမက္တဲ့အပ်ိဳႀကီးေတြ ရင့္က်က္လာတာနဲ႔အမွ် သူတို႔ကိုရရွိဖို႔ ပိုမိုခက္ခဲလာပါတယ္။ သင္ဘယ္ေလာက္ပဲ ေတာ္ကီေကာင္းၿပီး ေၾကြေလာက္တဲ့စကားလံုးေတြနဲ႔ ခၽြဲေနဦးေတာ့ ဒီနည္းလမ္းဟာ ထက္ျမက္တဲ့အပ်ိဳႀကီးေတြက ျဖံဳမွာမဟုတ္ပါဘူး။

၆။ လြတ္လပ္ျခင္းကို ႏွစ္သက္လို႔
ဒီလိုအမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕ကိုယ္ပိုင္လြတ္လပ္ခြင့္ေတြကို တန္ဖိုးထားပါတယ္။ တျခားသူေတြ စြက္ဖက္မႈကိုလည္း မႏွစ္ၿမိဳသလို မသာယာတဲ့ relationship တစ္ခုကိုစြန္႔ခြာဖို႔အတြက္ သူတို႔ကႏွစ္ႀကိမ္စဥ္းစားမွာ မဟုတ္ပါဘူး။ သူတို႔အထီးမက်န္ဖို႔အတြက္ အခ်ိန္ကုန္ခံၿပီးတြဲေနမယ့္အစား အျခားအေရးႀကီးတဲ့လုပ္စရာကိစၥေတြကိုပဲ လုပ္ေဆာင္မယ့္ သူမ်ိဳးေတြပါ။ ဒါေၾကာင့္လည္း အမ်ိဳးသားေတြအမ်ားစုဟာ ထက္ျမက္တဲ့အမ်ိဳးသမီးေတြကို အိမ္ေထာင္ဖက္အျဖစ္မေရြးခ်ယ္ခ်င္ၾကေပမယ့္ အပ်ိဳႀကီးေတြကေတာ့ ဆြဲေဆာင္မႈအျပည့္နဲ႔ အမ်ိဳးသားေတြမ်က္စိက်ေလာက္ေအာင္ တည္ၿငိမ္ေနတတ္ပါတယ္။
#LM_Naung_Naung
Ref-gottadotherightthing
#Lifestyle_Myanmar

Unicode Version

လေ့လာမှုတွေအရ ဉာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးတွေအများစု Single ဖြစ်နေရတဲ့အကြောင်းရင်း

Single ဖြစ်နေကြတဲ့အပျိုကြီးတွေအားလုံးဟာ ဉာဏ်ရည်ထက်မြက်သူတွေ မဟုတ်သော်လည်း ဉာဏ်ရည်ထက်မြက်တဲ့ အမျိုးသမီးတွေအများစုဟာ Single ဘဝနဲ့သာနေထိုင်ချင်ကြကြောင်း လေ့လာသိရှိရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့နဲ့ကိုက်ညီမယ့် လက်တွဲဖော်ကို ရှာဖွေရတာဟာအမြဲလိုလို ခက်ခဲကြတယ်လို့ သိရှိရပါတယ်။ စိတ်ပညာရှင်တွေရဲ့ မြောက်မြားစွာသော သုံးသပ်ချက်တွေအရ ယောကျ်ားလေးတွေဟာ သူတို့နဲ့ပြိုင်ဖက်ကဲ့သို့ ထူးချွန်တဲ့အမျိုးသမီး၊ သူတို့ထက်သာလွန်တဲ့အမျိုးသမီးတွေကို လက်တွဲဖော်အဖြစ်မရွေးချယ်ချင်ကြကြောင်းကို ယေဘုယျဆန်ဆန် သုံးသပ်ပြကြပါတယ်။ ဒါတင်မကပဲ သူတို့တွေဟာ မြင့်မားတဲ့မျှော်လင့်ချက်တွေ၊ တောင်းဆိုမှုတွေ၊ နဲ့တခါတလေလက်တွေ့မကျတဲ့စဉ်းစားပုံတွေကြောင့်လည်း Single ဖြစ်ကြပြီး သူတို့ရဲ့ရင့်ကျက်မှုတွေ၊ သတိရှိမှုတွေနဲ့ Relationship တစ်ခုကိုစိတ်ရှည်ရှည်နဲ့ ရွေးချယ်တတ်ကြတာကြောင့်လည်း ဖြစ်ပုံရပါတယ်။ ဒါကြောင့် ဉာဏ်ရည်မြင့်တဲ့အမျိုးသမီးတွေဟာ အထီးကျန်မှုကိုကျော်လွှားဖို့ တစ်ခုတည်းနဲ့တော့ လက်တွဲဖော်ကိုရွှေးချယ်မှာမဟုတ်ပဲ သူတို့နဲ့ကိုက်ညီမယ် လူတော်လူကောင်းအမျိုးသားကိုသာ စောင့်မျှော်တတ်ကြပါတယ်။ ဒီလိုဉာဏ်ရည်ထက်မြက်တဲ့ အပျိုကြီးမမတွေဟာ လက်တွဲဖော်ကိုရှာဖွေတဲ့အခါမှာ တွေးတောပုံတွေနဲ့ ဘာကြောင့်အပျိုကြီးတွေဖြစ်ရတယ်ဆိုတဲ့ နောက်ကွယ်ကလှို့ဝှက်ချက်တွေကို Lifestyle Myanmar ပရိသတ်တွေအတွက် ဖော်ထုတ်ပေးချင်ပါတယ်။

၁။ အမျိုးသားတွေဟာ သူတို့ထက်သာလွန်မှုကို မလိုချင်ကြဘူး
ရှေးရိုးအစဉ်အလာတွေနဲ့ သဘာဝအရအမျိုးသားတွေဟာ အိမ်ထောင်ဦးစီးအဖြစ်ရှေ့ကနေဦးဆောင်ရမယ်လို့ယုံကြည်ကြပြီး သူတို့တွေထက်ပိုမိုအောင်မြင်ပြီး ထက်မြက်တဲ့အမျိုးသမီးတွေကို မလိုချင်ကြပါဘူး။ ဒါကြောင့် ထက်မြက်တဲ့အမျိုးသမီးတွေ Single ဖြစ်နေကြတာဟာ အမျိုးသားအများစုက စိန်ခေါ်မှုတွေကို မနှစ်သက်ကြလို့ပဲ ဖြစ်ပါတယ်။

၂။ ပြင်ပမှာအလုပ်လုပ်ချင်စိတ်များတာကြောင့်
Financial သတင်းထောက် John Carney ရဲ့ပြောဆိုမှုအရ ပြီးပြည့်စုံတဲ့အမျိုးသမီးဆိုတာ အိမ်မှုကိစ္စတွေနဲ့ မိသားစုအရေးကို အသက်မွေးဝမ်းကြောင်းအလုပ်လို လုပ်ကိုင်ချင်တဲ့အမျိုးသမီးအဖြစ် အမျိုးသားတွေက မှတ်ယူကြကြောင်း ပြောကြားခဲ့ပါတယ်။ စမတ်ကျတဲ့အမျိုးသမီးတွေအများစုဟာလည်း ယခုလိုအတင်းမီးဖိုချောင်တဲ့ သွတ်သွင်းလိုတဲ့အယူအဆမျိုးကို လက်မခံချင်ကြတာကြောင့်လည်း Single ဖြစ်နေကြတာဖြစ်နိုင်ပါတယ်။

၃။ အခြားစုံတွဲတွေရဲ့ ပြဿနာအရပ်ရပ်ကို မြင်ရပြီးနောက် စိတ်ကုန်တာကြောင့်
အပျိုကြီးတွေအတော်များများ ဒီအချက်ကိုသဘောတူနိုင်ပါတယ်။ အခြားအိမ်ထောင်ရေးတွေ၊ အချစ်ရေးတွေကို မြင်ရတာများလာပြီး အဆင်မပြေမှုတွေကို စိုးရိမ်တာကြောင့်လည်း တယောက်တည်းနေတာ ကောင်းပါတယ် ဆိုတဲ့အတွေးမျိုး တွေးကောင်းတွေးကြပါလိမ့်မယ်။

၄။ ဇီဇာကြောင်တတ်တာကြောင့်
အပျိုကြီးတွေအရမ်းကို ထက်မြက်လာတာနဲ့အမျှ ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ဖို့အတွက် အရာရာကိုစဉ်းစားချင့်ချိန်ပြီးမှ သူတို့နဲ့ထိုက်တန်တဲ့အရာကို ရွေးချယ်ကြပါတယ်။ သူတို့လိုချင်တဲ့ပုံစံချစ်သူမရမချင်း တစ်ယောက်ပြီးတစ်ယောက် တွဲကြည့်ပြီး ရှာဖွေတာဟာအချိန်ဖြုန်းတာဖြစ်တယ်လို့ အပျိုကြီးတွေက ယူဆကြပါတယ်။ ဒါကြောင့်လည်းအားလုံးပြည့်စုံသူကိုစောင့်ရင်းနဲ့ Single ဖြစ်သွားတတ်ကြသူတွေလည်း အများအပြားပါပဲ။

၅။ ယောကျ်ားလေးတွေ လိုက်ဖို့ခက်တယ်
ထက်မြက်တဲ့အပျိုကြီးတွေ ရင့်ကျက်လာတာနဲ့အမျှ သူတို့ကိုရရှိဖို့ ပိုမိုခက်ခဲလာပါတယ်။ သင်ဘယ်လောက်ပဲ တော်ကီကောင်းပြီး ကြွေလောက်တဲ့စကားလုံးတွေနဲ့ ချွဲနေဦးတော့ ဒီနည်းလမ်းဟာ ထက်မြက်တဲ့အပျိုကြီးတွေက ဖြုံမှာမဟုတ်ပါဘူး။

၆။ လွတ်လပ်ခြင်းကို နှစ်သက်လို့
ဒီလိုအမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို တန်ဖိုးထားပါတယ်။ တခြားသူတွေ စွက်ဖက်မှုကိုလည်း မနှစ်မြိုသလို မသာယာတဲ့ relationship တစ်ခုကိုစွန့်ခွာဖို့အတွက် သူတို့ကနှစ်ကြိမ်စဉ်းစားမှာ မဟုတ်ပါဘူး။ သူတို့အထီးမကျန်ဖို့အတွက် အချိန်ကုန်ခံပြီးတွဲနေမယ့်အစား အခြားအရေးကြီးတဲ့လုပ်စရာကိစ္စတွေကိုပဲ လုပ်ဆောင်မယ့် သူမျိုးတွေပါ။ ဒါကြောင့်လည်း အမျိုးသားတွေအများစုဟာ ထက်မြက်တဲ့အမျိုးသမီးတွေကို အိမ်ထောင်ဖက်အဖြစ်မရွေးချယ်ချင်ကြပေမယ့် အပျိုကြီးတွေကတော့ ဆွဲဆောင်မှုအပြည့်နဲ့ အမျိုးသားတွေမျက်စိကျလောက်အောင် တည်ငြိမ်နေတတ်ပါတယ်။
#LM_Naung_Naung
Ref-gottadotherightthing
#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here