ေရွာင္ၾကဥ္ရမယ့္ အဆိပ္သင့္မီးဖိုေခ်ာင္သံုးပစၥည္း ၄မ်ိဳးႏွင့္ အႏၱရာယ္ကင္းတဲ့ အစားထိုး ၄မ်ိဳး

0
11

လူအမ်ားစုက က်န္းမာတဲ့ အစားအေသာက္ကို စားသံုးျခင္းက အေရးႀကီးတယ္ဆိုတာကို သိၾကပါတယ္။ သို႔ေသာ္ အစားအစာေတြခ်က္ျပဳတ္တဲ့အခါ အသံုးျပဳတဲ့ မီးဖိုေခ်ာင္သံုးပစၥည္းတစ္ခ်ိဳ႕က အႏၱရာယ္မကင္းဘူးဆိုတာ လူတိုင္းမသိၾကပါဘူး။ သင့္ရဲ႕မီးဖိုေခ်ာင္သံုးပစၥည္း အဆိပ္သင့္လွ်င္ က်န္းမာတဲ့အစားအစာကိုေတာင္ က်န္းမာေရးျပႆနာေတြ ျဖစ္ေပၚႏိုင္ပါတယ္။
ဒါ့ေၾကာင့္ Bright Sideက သုေတသနျပဳထားတဲ့ အႏၱရာယ္အရွိဆံုး ဒယ္အိုးေတြႏွင့္ အစားထိုးသံုးစြဲဖို႔ ေဘးကင္းတဲ့ေရြးခ်ယ္စရာေတြကို မွ်ေဝေပးလိုက္ပါတယ္။
၁။ Teflon မီးဖိုေခ်ာင္သံုးပစၥည္း
လူအမ်ားစုက ဒီ (non-stick) မကပ္တဲ့အိုးကို အဆင္ေျပေျပနဲ႔ ေနရာတိုင္းမွာ ျမင္ေတြ႕ေနရတာေၾကာင့္ ေရြးခ်ယ္ျဖစ္ၾကပါတယ္။ ဒါက အႏၱရာယ္အရွိဆံုးပါပဲ။
Teflon ဒယ္အိုးရဲ႕ non-stick ဂုဏ္သတိၱမ်ားကေတာ့ ပလတ္စတစ္ေပၚလီမာတစ္ခုျဖစ္တဲ့ (polytetrafluoroethylene) PTFE သုတ္ထားတဲ့အလႊာ ပါရွိပါတယ္။ ဒယ္အိုးမွာ မကပ္ေအာင္စီမံထားတဲ့ PTFE က 572 ဒီဂရီဖာရင္ဟုိက္အထက္ ပူလာတဲ့အခါ အဆိပ္ေငြ႕ထြက္လာပါတယ္။ ဒီအဆိပ္အေတာက္အေငြ႕ေတြက polymer fume fever လို႔ေခၚတဲ့ တုပ္ေကြးကဲ့သို႔ ေရာဂါလကၡဏာမ်ားကို ဦးတည္ေနပါတယ္။ သူတို႔က လူေတြကို အႏၱရာယ္ျဖစ္ေစယံုသာမဟုတ္ဘဲ ၾကက္တူေရြးကဲ့သို႔ ငွက္တိရိစာၦန္ေတြကိုလည္း ေသေစႏိုင္ပါတယ္။


Teflon မီးဖိုေခ်ာင္သံုးပစၥည္းမွာ ေနာက္ထပ္ေတြ႕ရတဲ့ ဓါတုျဒပ္ေပါင္းက သားအိမ္ကင္ဆာ၊ ရင္သားကင္ဆာ၊ ဆီးႀကိတ္ကင္ဆာအပါအဝင္ ကာဆာအမ်ိဳးအစားအေတာ္မ်ားမ်ားႏွင့္ ဆက္စပ္လ်က္ရွိတဲ့ PFOA (perfluorooctanoic acid) ျဖစ္ပါတယ္။Teflon products ေတြထဲမွာ PFOA ဟာ လူသားေတြကို အႏၱရာယ္မျဖစ္ေစႏိုင္ေလာက္တဲ့ ေသးငယ္တဲ့ ပမာဏသာ ရွိေနတယ္လုိ႔ ယံုၾကည္ရပါတယ္။ ဒါေပမယ့္ ဘယ္အရာမဆို တတ္ႏိုင္သမွွ် ထိေတြ႕မႈကို ကန္႔သတ္ႏိုင္တာက အေကာင္းဆံုးပါပဲ။
တျခား non-stick သုတ္ထားၿပီး graniteနဲ႔ ျပဳလုပ္ထားတဲ့ မီးဖိုေခ်ာင္သံုးပစၥည္းကေတာ့ PTFE ႏွင့္ PFOA ကင္းပါလိမ့္မယ္။ ဒါေပမယ့္ အေပၚယံသုတ္ထားတဲ့အလႊာကို မပ်က္စီးခင္သံုးတာကသာ အႏၱရာယ္ကင္းပါတယ္။ အေပၚယံသုတ္ထားတာက ပါးလႊာတာေၾကာင့္ အေပၚယံကြာၿပီး အစအနေတြ ထြက္ေစပါတယ္။ အစအနေတြ ထြက္လာရင္ေတာ့ မသံုးသင့္ေတာ့ပါဘူး။
သံစစ္စစ္နဲ႔ လုပ္ထားတဲ့ မီးဖိုေခ်ာင္သံုးပစၥညး္(cast iron cookware)ေတြက အႏၱရာယ္ကင္းပါတယ္။ အစားအစာထဲကို ဘယ္အဆိပ္အေတာက္မွလည္း မဝင္ေစပါဘူး။


၂။ အလူမီနီယံဒယ္အိုးေတြ
အလူမီနီယမ္ေတြကို က်ယ္က်ယ္ျပန္႔ျပန္႔ အသံုးျပဳလာၾကတာဟာ အံ့ၾသစရာေတာ့မရွိပါဘူး။ အေပါမ်ားဆံုး သတၱဳလည္းျဖစ္ၿပီး အလြန္ခိုင္ခံၿပီး ေပါ့ပါးတာေၾကာင့္ စြယ္စံုအသံုးျပဳႏိုင္ၿပီး ျပန္လည္အသံုးျပဳႏိုင္တဲ့ ပစၥည္းျဖစ္ပါတယ္။ ဒါေပမယ့္ အႏၱရာယ္မရွိတဲ့ အထဲမွာ မပါပါဘူး။
အလူမီနီယမ္က neurotoxic metal တစ္မ်ိဳးျဖစ္ပါတယ္။ ျမင့္မားတဲ့ အလူမီနီယမ္ပါဝင္ႏႈန္းသည္ အယ္လ္ဇိုင္းမားႏွင့္ ALS အပါအဝင္ ဗဟုိအာရံုေၾကာစနစ္ေရာဂါအမ်ားအျပားႏွင့္ ဆက္စပ္ေနပါတယ္။
အႏၱရာယ္ကင္းတဲ့ တျခားအစားထိုးပစၥည္းကေတာ့ Glass cookware ေတြပဲျဖစ္ပါတယ္။ ဖန္နဲ႔ျပဳလုပ္ထားတဲ့ Glass cookware ေတြက လံုၿခံဳစိတ္ခ်ရတဲ့ ေရြးခ်ယ္စရာပစၥည္းတစ္ခုျဖစ္ပါတယ္။ ဒီဟာက ပူလာတဲ့အခါ ဘယ္အဆိပ္အေတာက္မွ မထြက္ပါဘူး။ သဘာဝပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြရွိၿပီး တာရွည္ခံပါတယ္။ အနံ႔၊ အရသာေဟာင္းစြဲေနတာေတြ မျဖစ္ေစပါဘူး။ ဒါေတြက non-stick ေတာ့ မဟုတ္ပါဘူး။


၃။ Copper cookware
စတိုးဆိုင္ေတြမွာ ေၾကးနီဒယ္အိုးေတြ သင္ျမင္ရပါလိမ့္မယ္။ copper cookware ေတြဟာ အပူကူးျမန္တဲ့ ဂုဏ္သတိၱေတြ ရွိပါတယ္။ ေၾကးနီက မီးဖိုေခ်ာင္သံုးပစၥည္းေတြမွာ အသံုးျပဳတဲ့အခါ အႏၱရာယ္ရွိနိုင္တယ္ဆိုတာ သင္သိပါသလား?
တျခားသတၱဳတစ္ခ်ိဳ႕လိုပဲ ေၾကးနီပမာဏအနည္းငယ္ဟာ လူသားေတြက်န္းမာေရးအတြက္ အလြန္အေထာက္အကူျပဳပါတယ္။။ ဒါေပမယ့္ ခႏၶာကိုယ္ထဲမွာ ေၾကးနီပမာဏပိုလွ်ံျခင္းက heavy metal အဆိပ္သင့္ျခင္း ကိုျဖစ္ေပၚေစႏိုင္ပါတယ္။ copper cookware ေတြမွာ အေပၚယံအလႊာမသုတ္ထားရင္ ခ်ဥ္တဲ့အစားအစာေတြ ခ်က္ျပဳတ္တဲ့အခါ Copperကို ထုတ္လႊင့္နိုင္ပါတယ္။ ၿပီးေတာ့ အေပၚယံသုတ္ထားတဲ့အခါမွာလည္း အေပၚယံအလႊာက မၾကာခဏဆိုသလို တျခားအဆိပ္ျဒပ္စင္ျဖစ္တဲ့ နီကယ္ပါဝင္ပါတယ္။
အႏၱရာယ္ကင္းတဲ့ တျခားအစားထိုးပစၥည္းကေတာ့ သံမဏိမီးဖိုေခ်ာင္သံုးပစၥည္းျဖစ္ပါတယ္။ ဒါက အျခစ္ရာေတြကို ခံႏိုင္ရည္ရွိၿပီး ေပါ့ပါးတဲ့အေလးခ်ိန္ရွိပါတယ္။ အိုးမကပ္ပဲ တာရွည္သံုးစြဲႏိုင္ပါတယ္။ ဘယ္အစားအစာမေရြး ခ်က္ျပဳတ္ႏိုင္ၿပီး ဒီအမ်ိဳးအစားမွာ ခရိုမီယမ္ သို႔ ဘာနီကယ္မွ မပါပါဘူး။


၄။ Ceramic-coated cookware
ေၾကြသုတ္မီးဖိုေခ်ာင္သံုးပစၥည္းေတြက ၾကည့္ေကာင္းၿပီး ေဘးကင္းလံုၿခံဳတယ္လုိ႔ ထင္ရပါတယ္။ ၁၀၀%ေၾကြစစ္စစ္ေတြက ခ်က္ျပဳတ္တဲ့အခါ လံုးဝ အႏၱရာယ္ကင္းပါတယ္။ သို႔ေသာ္လည္း ေၾကြရည္သုတ္ေတြမွာ အမ်ားအားျဖင့္ မေကာင္းတဲ့ ကုန္ၾကမ္းပစၥည္းေတြ ပုန္းေအာင္းေနပါတယ္။
ေၾကြပါးပါးသုတ္ထားတဲ့ အိုးေတြက အၾကမ္းမခံဆံုးျဖစ္ၿပီး ေန႔စဥ္အသံုးျပဳတာေၾကာင့္ လေပါင္းမ်ားစြာ ၾကာလာတဲ့အခါ အေပၚယံကြာၿပီး အစအနေလးေတြ ထြက္လာပါတယ္။ ဒီလိုျဖစ္တဲ့အခါ တခါတရံ အေပၚယံသုတ္ထားတဲ့ထဲမွာ ေတြ႕ရွိရတဲ့ ခဲ ႏွင့္ cadmium ေတြဟာ သင့္ခႏၶာကိုယ္ႏွင့္ သင့္အစားအစာထဲမွာ အဆံုးသတ္သြားပါလိမ့္မယ္။ ခဲအဆိပ္သင့္ျခင္းက Metal အဆိပ္သင့္ျခင္းရဲ႕ အႏၱရာယ္အမ်ားဆံုးအမ်ိဳးအစား တစ္ခုျဖစ္ပါတယ္။ ဝမ္းဗုိက္နာက်င္ျခင္း၊ ေခါင္းကိုက္ျခင္း၊ မ်ိဳးမပြားႏိုင္ျခင္းႏွင့္ တျခားက်န္းမာေရးျပႆနာမ်ားကိုပါ ျဖစ္ေပၚႏိုင္ပါတယ္။ ခဲမပါဘဲ ေၾကြသုတ္ထားတာေတာင္ ဒယ္အိုးက ပဲ့ေနတာေတြက အႏၱရာယ္ျဖစ္ႏိုင္ဆဲပါ။ ဘာလို႔လဲဆိုေတာ့ ေၾကြရည္သုတ္ရဲ႕ေအာက္မွာ အမ်ားအားျဖင့္ neurotoxic aluminum ျဖစ္လို႔ပါ။
အႏၱရာယ္ကင္းတဲ့ တျခားအစားထိုးပစၥည္းကေတာ့ ၁၀၀%ေၾကြစစ္စစ္ ဒယ္အိုးေတြပါ။ သဘာဝကုန္ၾကမ္းမ်ားႏွင့္သာ ျပဳလုပ္ထားတာေၾကာင့္ စိတ္ခ်ရၿပီး အေကာင္းဆံုးျဖစ္ပါတယ္။ အဆိပ္အေတာက္မျဖစ္ေစပဲ အမႈန္ထြက္တာ၊ အေပၚယံအလႊာကြာတာ မရွိပါဘူး။ အိုးလည္းမကပ္သလို ပန္းကန္ေဆးစက္နဲ႔လည္း ေဆးႏိုင္ပါတယ္။ ေၾကြစစ္စစ္ေတြက ေစ်းလည္းႀကီးသလို တာရွည္လည္းခံပါတယ္။


#Lifestyle_Myanmar
#TB_Nandar
Source-brightside

Unicode

ရှောင်ကြဉ်ရမယ့် အဆိပ်သင့်မီးဖိုချောင်သုံးပစ္စည်း ၄မျိုးနှင့် အန္တရာယ်ကင်းတဲ့ အစားထိုး ၄မျိုး
လူအများစုက ကျန်းမာတဲ့ အစားအသောက်ကို စားသုံးခြင်းက အရေးကြီးတယ်ဆိုတာကို သိကြပါတယ်။ သို့သော် အစားအစာတွေချက်ပြုတ်တဲ့အခါ အသုံးပြုတဲ့ မီးဖိုချောင်သုံးပစ္စည်းတစ်ချို့က အန္တရာယ်မကင်းဘူးဆိုတာ လူတိုင်းမသိကြပါဘူး။ သင့်ရဲ့မီးဖိုချောင်သုံးပစ္စည်း အဆိပ်သင့်လျှင် ကျန်းမာတဲ့အစားအစာကိုတောင် ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဒါ့ကြောင့် Bright Sideက သုတေသနပြုထားတဲ့ အန္တရာယ်အရှိဆုံး ဒယ်အိုးတွေနှင့် အစားထိုးသုံးစွဲဖို့ ဘေးကင်းတဲ့ရွေးချယ်စရာတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ Teflon မီးဖိုချောင်သုံးပစ္စည်း
လူအများစုက ဒီ (non-stick) မကပ်တဲ့အိုးကို အဆင်ပြေပြေနဲ့ နေရာတိုင်းမှာ မြင်တွေ့နေရတာကြောင့် ရွေးချယ်ဖြစ်ကြပါတယ်။ ဒါက အန္တရာယ်အရှိဆုံးပါပဲ။
Teflon ဒယ်အိုးရဲ့ non-stick ဂုဏ်သတ္တိများကတော့ ပလတ်စတစ်ပေါ်လီမာတစ်ခုဖြစ်တဲ့ (polytetrafluoroethylene) PTFE သုတ်ထားတဲ့အလွှာ ပါရှိပါတယ်။ ဒယ်အိုးမှာ မကပ်အောင်စီမံထားတဲ့ PTFE က 572 ဒီဂရီဖာရင်ဟိုက်အထက် ပူလာတဲ့အခါ အဆိပ်ငွေ့ထွက်လာပါတယ်။ ဒီအဆိပ်အတောက်အငွေ့တွေက polymer fume fever လို့ခေါ်တဲ့ တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများကို ဦးတည်နေပါတယ်။ သူတို့က လူတွေကို အန္တရာယ်ဖြစ်စေယုံသာမဟုတ်ဘဲ ကြက်တူရွေးကဲ့သို့ ငှက်တိရိစ္ဆာန်တွေကိုလည်း သေစေနိုင်ပါတယ်။
Teflon မီးဖိုချောင်သုံးပစ္စည်းမှာ နောက်ထပ်တွေ့ရတဲ့ ဓါတုဒြပ်ပေါင်းက သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကြိတ်ကင်ဆာအပါအဝင် ကာဆာအမျိုးအစားအတော်များများနှင့် ဆက်စပ်လျက်ရှိတဲ့ PFOA (perfluorooctanoic acid) ဖြစ်ပါတယ်။Teflon products တွေထဲမှာ PFOA ဟာ လူသားတွေကို အန္တရာယ်မဖြစ်စေနိုင်လောက်တဲ့ သေးငယ်တဲ့ ပမာဏသာ ရှိနေတယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို တတ်နိုင်သမျှှ ထိတွေ့မှုကို ကန့်သတ်နိုင်တာက အကောင်းဆုံးပါပဲ။
တခြား non-stick သုတ်ထားပြီး graniteနဲ့ ပြုလုပ်ထားတဲ့ မီးဖိုချောင်သုံးပစ္စည်းကတော့ PTFE နှင့် PFOA ကင်းပါလိမ့်မယ်။ ဒါပေမယ့် အပေါ်ယံသုတ်ထားတဲ့အလွှာကို မပျက်စီးခင်သုံးတာကသာ အန္တရာယ်ကင်းပါတယ်။ အပေါ်ယံသုတ်ထားတာက ပါးလွှာတာကြောင့် အပေါ်ယံကွာပြီး အစအနတွေ ထွက်စေပါတယ်။ အစအနတွေ ထွက်လာရင်တော့ မသုံးသင့်တော့ပါဘူး။
သံစစ်စစ်နဲ့ လုပ်ထားတဲ့ မီးဖိုချောင်သုံးပစ္စညး်(cast iron cookware)တွေက အန္တရာယ်ကင်းပါတယ်။ အစားအစာထဲကို ဘယ်အဆိပ်အတောက်မှလည်း မဝင်စေပါဘူး။
၂။ အလူမီနီယံဒယ်အိုးတွေ
အလူမီနီယမ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာဟာ အံ့သြစရာတော့မရှိပါဘူး။ အပေါများဆုံး သတ္တုလည်းဖြစ်ပြီး အလွန်ခိုင်ခံပြီး ပေါ့ပါးတာကြောင့် စွယ်စုံအသုံးပြုနိုင်ပြီး ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒါပေမယ့် အန္တရာယ်မရှိတဲ့ အထဲမှာ မပါပါဘူး။
အလူမီနီယမ်က neurotoxic metal တစ်မျိုးဖြစ်ပါတယ်။ မြင့်မားတဲ့ အလူမီနီယမ်ပါဝင်နှုန်းသည် အယ်လ်ဇိုင်းမားနှင့် ALS အပါအဝင် ဗဟိုအာရုံကြောစနစ်ရောဂါအများအပြားနှင့် ဆက်စပ်နေပါတယ်။
အန္တရာယ်ကင်းတဲ့ တခြားအစားထိုးပစ္စည်းကတော့ Glass cookware တွေပဲဖြစ်ပါတယ်။ ဖန်နဲ့ပြုလုပ်ထားတဲ့ Glass cookware တွေက လုံခြုံစိတ်ချရတဲ့ ရွေးချယ်စရာပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီဟာက ပူလာတဲ့အခါ ဘယ်အဆိပ်အတောက်မှ မထွက်ပါဘူး။ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး တာရှည်ခံပါတယ်။ အနံ့၊ အရသာဟောင်းစွဲနေတာတွေ မဖြစ်စေပါဘူး။ ဒါတွေက non-stick တော့ မဟုတ်ပါဘူး။
၃။ Copper cookware
စတိုးဆိုင်တွေမှာ ကြေးနီဒယ်အိုးတွေ သင်မြင်ရပါလိမ့်မယ်။ copper cookware တွေဟာ အပူကူးမြန်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ ကြေးနီက မီးဖိုချောင်သုံးပစ္စည်းတွေမှာ အသုံးပြုတဲ့အခါ အန္တရာယ်ရှိနိုင်တယ်ဆိုတာ သင်သိပါသလား?
တခြားသတ္တုတစ်ချို့လိုပဲ ကြေးနီပမာဏအနည်းငယ်ဟာ လူသားတွေကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ်။။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ ကြေးနီပမာဏပိုလျှံခြင်းက heavy metal အဆိပ်သင့်ခြင်း ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ copper cookware တွေမှာ အပေါ်ယံအလွှာမသုတ်ထားရင် ချဉ်တဲ့အစားအစာတွေ ချက်ပြုတ်တဲ့အခါ Copperကို ထုတ်လွှင့်နိုင်ပါတယ်။ ပြီးတော့ အပေါ်ယံသုတ်ထားတဲ့အခါမှာလည်း အပေါ်ယံအလွှာက မကြာခဏဆိုသလို တခြားအဆိပ်ဒြပ်စင်ဖြစ်တဲ့ နီကယ်ပါဝင်ပါတယ်။
အန္တရာယ်ကင်းတဲ့ တခြားအစားထိုးပစ္စည်းကတော့ သံမဏိမီးဖိုချောင်သုံးပစ္စည်းဖြစ်ပါတယ်။ ဒါက အခြစ်ရာတွေကို ခံနိုင်ရည်ရှိပြီး ပေါ့ပါးတဲ့အလေးချိန်ရှိပါတယ်။ အိုးမကပ်ပဲ တာရှည်သုံးစွဲနိုင်ပါတယ်။ ဘယ်အစားအစာမရွေး ချက်ပြုတ်နိုင်ပြီး ဒီအမျိုးအစားမှာ ခရိုမီယမ် သို့ ဘာနီကယ်မှ မပါပါဘူး။
၄။ Ceramic-coated cookware
ကြွေသုတ်မီးဖိုချောင်သုံးပစ္စည်းတွေက ကြည့်ကောင်းပြီး ဘေးကင်းလုံခြုံတယ်လို့ ထင်ရပါတယ်။ ၁၀၀%ကြွေစစ်စစ်တွေက ချက်ပြုတ်တဲ့အခါ လုံးဝ အန္တရာယ်ကင်းပါတယ်။ သို့သော်လည်း ကြွေရည်သုတ်တွေမှာ အများအားဖြင့် မကောင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေ ပုန်းအောင်းနေပါတယ်။
ကြွေပါးပါးသုတ်ထားတဲ့ အိုးတွေက အကြမ်းမခံဆုံးဖြစ်ပြီး နေ့စဉ်အသုံးပြုတာကြောင့် လပေါင်းများစွာ ကြာလာတဲ့အခါ အပေါ်ယံကွာပြီး အစအနလေးတွေ ထွက်လာပါတယ်။ ဒီလိုဖြစ်တဲ့အခါ တခါတရံ အပေါ်ယံသုတ်ထားတဲ့ထဲမှာ တွေ့ရှိရတဲ့ ခဲ နှင့် cadmium တွေဟာ သင့်ခန္ဓာကိုယ်နှင့် သင့်အစားအစာထဲမှာ အဆုံးသတ်သွားပါလိမ့်မယ်။ ခဲအဆိပ်သင့်ခြင်းက Metal အဆိပ်သင့်ခြင်းရဲ့ အန္တရာယ်အများဆုံးအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဝမ်းဗိုက်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျိုးမပွားနိုင်ခြင်းနှင့် တခြားကျန်းမာရေးပြဿနာများကိုပါ ဖြစ်ပေါ်နိုင်ပါတယ်။ ခဲမပါဘဲ ကြွေသုတ်ထားတာတောင် ဒယ်အိုးက ပဲ့နေတာတွေက အန္တရာယ်ဖြစ်နိုင်ဆဲပါ။ ဘာလို့လဲဆိုတော့ ကြွေရည်သုတ်ရဲ့အောက်မှာ အများအားဖြင့် neurotoxic aluminum ဖြစ်လို့ပါ။
အန္တရာယ်ကင်းတဲ့ တခြားအစားထိုးပစ္စည်းကတော့ ၁၀၀%ကြွေစစ်စစ် ဒယ်အိုးတွေပါ။ သဘာဝကုန်ကြမ်းများနှင့်သာ ပြုလုပ်ထားတာကြောင့် စိတ်ချရပြီး အကောင်းဆုံးဖြစ်ပါတယ်။ အဆိပ်အတောက်မဖြစ်စေပဲ အမှုန်ထွက်တာ၊ အပေါ်ယံအလွှာကွာတာ မရှိပါဘူး။ အိုးလည်းမကပ်သလို ပန်းကန်ဆေးစက်နဲ့လည်း ဆေးနိုင်ပါတယ်။ ကြွေစစ်စစ်တွေက စျေးလည်းကြီးသလို တာရှည်လည်းခံပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here