25 C
Yangon
June 22, 2018
  • Home
  • General Knowledge
  • Unique Things
Unique Things
Credit: SHWE MOM
944857_981240268595994_4216604539065533010_n 1915730_981240288595992_4809068654304095783_n 12523830_981240305262657_2071979359100870986_n 12832557_981240265262661_1618817625460370074_n
————————————————————Unicode Version
မွေးရာပါလက်မပါပေမယ့် ခြေနှစ်ချောင်းကို အားပြုပြီးစီးပွားရေး မှာအောင်မြင်လာသူ
မွေးရာပါ လက်မပါတဲ့ တရုတ်အမျိုးသားဟာ အွန်လိုင်းပေါ်မှာ အောင်မြင်တဲ့ကုန်သည်တစ်ယောက် အဖြစ် ရပ်တည်နေတာကို အားကျဖွယ် တွေ့ရှိရပါတယ်။ သူဟာ မွေးရာပါ မသန်စွမ်းရောဂါသည်ဆိုပေမယ့် ဘဝကို အရှုံးမပေးဘဲ မိမိမှာရှိတဲ့ ခြေနှစ်ချောင်းနဲ့ဘဝကို မရရအောင် ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။
သူ့ရဲ့ အလေ့အကျင့်ကြောင့်လည်း သူဟာ ခြေထောက်နှစ်ဘက်နဲ့ပုဆိန်ကို ညှပ်ပြီး ထင်းခွဲနိုင်သလို၊ အိမ်သာစသည်ကို သွားတဲ့အခါ မှာလည်း အဖော်မလိုပဲ သူ့ဘာသာ သန့်ရှင်းရေး လုပ်နိုင်တဲ့ အံ့မခန်း
လူတစ်ယောက် ဖြစ်ပါတယ်။ သူ့အမည်ကတော့ Chen Zifang ဖြစ်ပြီး အသက်ကတော့ 27 နှစ်အ ရွယ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ မိဘတွေနဲ့အတူ တရုတ်ပြည်အလယ်ပိုင်း၊ ဟူဘိုင်းစီရင်စုဒေသ၊ ဘဒေါင်း ပြည်နယ် မှာ နေထိုင်ပါတယ်။
သူ့မိဘတွေဟာ မွေးစကတည်းက လက်မပါခဲ့တဲ့ သူတို့ရဲ့ သားလေးဟာ လူ့လောကမှာ မျက်နှာငယ် ရရှာမှာပဲလို့ တွေးခဲ့ကြပေမယ့် တကယ်တမ်းကြတော့ Chen ဟာ အွန်လိုင်းမှာ အောင်မြင်တဲ့ ကုန်
သည် တစ်ယောက် ဖြစ်နေသလို ဘဝကို အနိုင်မခံအရှုံးမပေးဘဲ ကိုယ့်ဒူးကိုယ်ချွန် ရုန်းကန်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ သူ့ခြေထောက်နဲ့ စားနိုင်တယ်၊ အဝတ်လျှော်နိုင်တယ်၊ စာရေးနိုင်တယ်၊ အဝတ်အစား ၀တ်ဆင်နိုုင်ပါသေးတယ်။
မော်တာလွှနဲ့ ထင်းဖြတ်လောက်တာကတော့ အပျော့ပါလို့တောင်ပြောပါသေးတယ်။ Chen ရဲ့ နောက် ထပ် အံ့သြစရာအလုပ်က အင်တာနက် စီးပွားရေးလို့ ခေါ်တဲ့ သူရဲ့ e-commerce ၀က်ဘ်ဆိုဒ်မှာ
ဆယ်ရက်လျှင် ယူရို (1000) ခန့်(မြန်မာငွေ 15 သိန်းခန့်) ရှာနိုင်ခြင်းဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ Chen ရဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်နဲ့ သန့်ရှင်းစွာရပ်တည်နေတဲ့ ဘဝရဲ့ရပ်တည်ချက်ကို
တော့ လေးစားဂုဏ်ပြုရမှာ ဖြစ်ပါတယ်။
Credit: SHWE MOM
Related posts
တက်တူးနဲ့ Body art တို့ရဲ့ စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်း
Naung Naung
ကမ္ဘာပေါ်က ဈေးကြီးတဲ့ သာမန်အသုံးအဆောင်လေးတွေ
Nandar Lwin
အားကျအတုယူစရာကောင်းတဲ့ ဂျပန်နိုင်ငံသူ/သားတို့ရဲ့စိတ်ဓာတ် နဲ့ သူတို့ရဲ့ နည်းပညာ
Kyaw Htike Aung
Leave a Comment