31 C
Yangon
June 24, 2018
  • Home
  • Lifestyle
  • Health & Beauty
  • ဘေးထွက်ဆိုးကျိုးမရှိဘဲ စက္ကန့် ၃၀အတွင်း မလိုချင်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်း
Health & Beauty

ဘေးထွက်ဆိုးကျိုးမရှိဘဲ စက္ကန့် ၃၀အတွင်း မလိုချင်တဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်း

မလိုချင်တဲ့ အမွှေးအမျှင်တွေကို

အကျီ င်္လက်ပြတ်ဝတ်တဲ့အခါ ချိုင်းမွှေးတွေ ရှိနေရင် အဆင်မပြေပါဘူး ။ ဒါ့ကြောင့် မလိုချင်တဲ့ ချိုင်းကြားကအမွှေးတွေကို သဘာဝအတိုင်း အလွယ်တကူ ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ်။ ဒီနည်းလမ်းက လွယ်ကူပြီး ငွေကုန်ကြေးကျနည်းပါတယ်။ သဘာဝအတိုင်း ဖြစ်တာကြောင့် Side effect မရှိဘဲ အိမ်မှာ မိမိဘာသာ ပြုလုပ်နိုင်ပါတယ်။ ခြေသလုံးက အမွှေးအမျှင်တွေကိုလည်း ဒီနည်းအတိုင်း ဖယ်ရှားလို့ ရပါတယ်။ လိုအပ်တဲ့ ပါဝင်ပစ္စည်းများကတော့ သကြား လက်ဖက်ရည်ဇွန်း၂ဇွန်း၊ ရေ လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ သဘာဝပျားရည် လက်ဖက်ရည်ဇွန်း၁ဇွန်း လိုအပ်ပါတယ်။

အလှအပနှင့် ပတ်သတ်တဲ့ နည်းလမ်းလေးတွေ

၁။ ပန်းကန်ထဲကို သကြား ၂ဇွန်းကိုထည့်ပြီး ပျားရည် ၁ဇွန်းနှင့် ရေ၁ဇွန်းကို ထည့်ပါ။ ကောင်းစွာ ရောမွှေပေးပါ။

၂။ ဒီသကြားနဲ့ပျားရည်ရောထားတာကို စက္ကန့် ၃၀၊ ၄၀လောက် မီးနည်းနည်းနှင့် အပူပေးပါ။ အညိုရောင်ဘက် ပြောင်းလာလျှင် အပူပေးတာကို ရပ်တန့်ပြီး အအေးခံထားပါ။

Woman holding sugar hair removing paste

၃။ အေးသွားပြီဆိုရင် သကြားကပျစ်သွားတာကြောင့် သစ်သားပြားတစ်ခုနဲ့ သင်မလိုချင်တဲ့ အမွှေးအမျှင်တွေပေါ်မှာ သုတ်လိမ်းပေးပါ။


၎။ အ၀တ်ဖြူစတစ်ခုကို ခုနက သုတ်လိမ်းပေးထားတဲ့ အပေါ်မှာ ကပ်ပြီး အမွှေးပေါက်ရာ ဆန့်ကျင်ဘက်ကို ဦးတည်ပြီး ဆတ်ခနဲ ဆွဲခွာပေးပါ။ အ၀တ်စနှင့်အတူ အမွှေးအမျှင်တွေ ပါသွားပါလိမ့်မယ်။


ပျားရည်မှာ antiseptic နှင့် ဘက်တီးရီးယားဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိများ ပါဝင်ပါတယ်။ ပျားရည်က အရေပြားမျက်နှာပြင်ကို ထိန်းသိမ်းခြင်းမှာ ကူညီပေးတဲ့ ဓါတ်သတ္တုများ၊ ဂလူးကို့စ် ၊ fructose အမြင့်ဆုံးအဆင့် ရှိပါတယ်။
#Lifestyle_Myanmar
#TB_Nandar

Related posts

တစ်နေ့ကိုငှက်ပျောသီး(၂)လုံးစားပေးခြင်း သင့်ခန္ဓာကိုယ်အတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများ။

OMCTC

သင့်ကလေးရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ကင်းစေမယ့် ကစားစရာအရုပ်

Naung Naung

ကိုရီးယားမလေးတွေရဲ့ အသားအရေက ဘာလို့ တောက်ပဝင်းလက်နေရတာလဲ။ ဒီလျှို့ဝှက်ချက်ကို အဖြေရှာကြည့်ရအောင်နော်။

Kyaw Htike Aung

Leave a Comment