30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Fashion
  • ေနခ်င္စဖြယ္ ေခတ္မွီတိုက္ခန္းေလး ဖန္တီးဖို႔ ဒီဇိုင္းအႀကံျပဳခ်က္မ်ား
Fashion Lifestyle

ေနခ်င္စဖြယ္ ေခတ္မွီတိုက္ခန္းေလး ဖန္တီးဖို႔ ဒီဇိုင္းအႀကံျပဳခ်က္မ်ား

ေနခ်င္စဖြယ္ ေခတ္မွီတိုက္ခန္းေလး

ယေန႔ေခတ္မွာ ေရာင္စံုမ်က္ႏွာက်က္ေတြ ဗီဒိုအကန္႔ေတြကဲ့သို႔ ရႈပ္ေထြးေသာ တည္ေဆာက္မႈေတြက ေခတ္မမွီေတာ့ပါဘူး။ ရိုးရိုးရွင္းရွင္းႏွင့္ ေဂဟစနစ္ဆိုင္ရာ လိုက္ေလ်ာညီေထြျဖစ္တဲ့ ပစၥည္းမ်ားကသာ တကယ္ေခတ္မွီတဲ့ အရာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တိုက္ခန္းေဆာက္လုပ္ေတာ့မယ္ဆိုလွ်င္ ဘယ္လုိဒီဇိုင္းအျပင္အဆင္ေတြက ေခတ္မွီၿပီး ဘယ္လိုဒီဇိုင္းေတြက ေခတ္ေနာက္က်ေနၿပီလဲဆိုတာကို ေရြးခ်ယ္ႏိုင္ေစဖို႔ ေဖာ္ျပေပးလုိက္ပါတယ္။

သင္ေမြးဖြားတဲ့ ရာသီခြင္နိမိတ္အေပၚ အေျခခံၿပီး ဖန္တီးထားတဲ့ ၀တ္ဆင္မႈဒီဇိုင္းမ်ား

၁။ Multilevel ceilings
ေနအိမ္တစ္အိမ္ရဲ႕ အမုိးမ်က္ႏွာက်က္ဆုိတာ သိပ္ကုိအေရးႀကီးတဲ့ အစိတ္အပုိင္းတစ္ခု ျဖစ္ပါတယ္။ ဒီဇိုင္နာအမ်ားစု၏အဆိုအရ ၂၀၀၀ျပည့္ႏွစ္မ်ားမွာ လူႀကိဳက္မ်ားခဲ့တဲ့ မီးေရာင္စံုေတြနဲ႔ မ်က္ႏွာက်က္မ်ိဳးစံုဟာ ယေန႔မွာ အလြန္ေခတ္ေနာက္က်ေနပါၿပီ။ ယေန႔မွာ ရႈပ္ေထြးတဲ့ တည္ေဆာက္ပံုေတြ၊ အလင္းေရာင္ေတြအစား တတ္ႏိုင္သမွ် ရိုးရွင္းတဲ့ မ်က္ႏွာက်က္ေတြက ဖက္ရွင္က်ၿပီး ေခတ္စားလာပါတယ္။ ေရာင္စံုမီးလံုးေတြဟာ တစ္ခ်ိန္က ဒီဇိုင္းက႑မွာ ေသာ့ခ်က္ျဖစ္ခဲ့ၾကေသာ္လည္း ယေန႔မွာ ေခတ္မမွီေတာ့ပါဘူး။


၂။ အကန္႔မ်ားႏွင့္ မုခ္အခံုးမ်ား
က်ဥ္းေျမာင္းေသာ စႀကၤန္မ်ားမွာ မုခ္အခံုးမ်ား၊ Plasterboard ေတြနဲ႔ ျပဳလုပ္ထားတဲ့ နံရံအတုမ်ားသည္ ေခတ္မမွီေတာ့တဲ့ အတြင္းပိုင္းဒီဇိုင္းမ်ားျဖစ္ပါတယ္။ သူတို႔က ေနရာလြတ္ေတြ အမ်ားႀကီးယူၿပီး တကယ္တမ္းအသံုးမ၀င္တဲအရာေတြျဖစ္ပါတယ္။ဒါက အထူးသျဖင့္ ေသးငယ္တဲ့ တိုက္ခန္းေတြအတြက္ မေကာင္းပါဘူး။ ဥပမာ ပါးလႊာတဲ့ သတၱဳျပားမ်ားႏွင့္ ေနရာလြတ္မ်ားကို ပိုင္းျခားဖို႔ အထူးတည္ေဆာက္မႈမ်ားအျဖစ္ သံုးႏိုင္ပါတယ္။


၃။ နံရံတစ္ေလွ်ာက္ ပရိေဘာဂမ်ား
ႀကီးမားတဲ့ အ၀တ္အစားဗီဒိုမ်ားႏွင့္ တျခားႀကီးမားေသာ ပရိေဘာဂ အပိုင္းအစမ်ားကို ဆင္ယင္မယ့္အစား ဒီဇိုင္နာေတြက ေသးငယ္တဲ့ အပိုင္းအစမ်ား အသံုးျပဳျခင္းကို အႀကံျပဳထားပါတယ္။


၄။ Photo wallpaper
ေနာက္ခံ Photo Wallpaper ေတြက ဘယ္ေလာက္ပဲ ဆြဲေဆာင္မႈရွိေနပါေစ အသံုးမျပဳဖို႔ ဒီဇိုင္နာမ်ားက အႀကံျပဳထားပါတယ္။ သစ္ေတာ သို႔မဟုတ္ မိုးေကာင္းကင္ ပံုေတြအစား အလွဆင္ Plaster ၊ Wallpaper ၊ သစ္သား panel မ်ား သို႔မဟုတ္ ေၾကြအုပ္ၾကြပ္ေတြကို သံုးဖို႔ ဒီဇိုင္နာမ်ားက အႀကံျပဳထားပါတယ္။


၅။ အ၀တ္စားဗီဒိုအကန္႔မ်ား
နံရံကပ္အ၀တ္အစားဗီဒို အကန္႔ေတြအစား ဒီဇိုင္နာေတြက သာမန္တံခါးေတြနဲ႔ ဗီဒိုကို အသံုးျပဳဖို႔ အႀကံျပဳထားပါတယ္။


၆။ ပရိေဘာဂအစံုလိုက္
ဒီဇုိင္နာအမ်ားစုသည္ ယခင္တုန္းက ခေရဇီျဖစ္ခဲ့ၾကတဲ့ အိပ္ခန္းထဲမွာ အေရာင္တူ၊ ပံုစံတူ ကုတင္၊ စားပြဲ၊ မွန္တင္ခံုေတြ၊ အ၀တ္အစားဗီဒုိေတြစတဲ့ ပရိေဘာဂအစံုလိုက္ အလွဆင္ျခငး္ဟာ ယေန႔မွာ လံုး၀ေခတ္မမွီေတာ့ဘူးလို႔ ဆိုပါတယ္။ ဒီဇိုင္နာမ်ားက ကြဲျပားျခားနားတဲ့ ပရိေဘာဂေတြႏွင့္ အလွဆင္ဖို႔ အႀကံျပဳထားပါတယ္။


၇။ အခန္းတစ္ခုလံုးကို Wallpaper ကပ္ျခင္း
ေခတ္သစ္ဒီဇို္င္နာမ်ားက တစ္ခန္းလံုးအတြက္ Wallpaper တစ္မ်ိဳးတည္းကိုသံုးျခင္းက အလြန္ေခတ္ေနာက္က်ေနၿပီလို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ သူတို႔သည္ မတူတဲ့ ဒီဇိုင္းေတြနဲ႔ နံရံတစ္ခု ဖန္တီးဖို႔ အႀကံျပဳထားပါတယ္။ ဒါမွသာ ပံုမွန္အားျဖင့္ သင္အခန္းထဲကို ၀င္တဲ့အခါ သင္ျမင္ရမွာက ပထမဆံုးနံရံပါပဲ။


၈။ ကြန္ပ်ဴတာခံု
စင္ေတြနဲ႔ ႀကီးမားတဲ့ ကြန္ပ်ဴတာစားပြဲခံုေတြက အတိတ္မွာက်န္ခဲ့ပါၿပီ။ တကယ္ကုိ ေသးငယ္တဲ့ စားပြဲေတြက ယခုဖက္ရွင္တစ္ခုျဖစ္ပါတယ္။ သင္သည္ စင္လိုအပ္လွ်င္ တံခါးပိတ္ေတြနဲ႔ အသံုးျပဳသင့္ပါတယ္။


၉။ မီးဖိုေခ်ာင္စားပြဲႏွင့္ ကုလားထိုင္
ယေန႔မွာ သက္ေတာင့္သက္သာရွိတဲ့ စားပြဲမ်ားႏွင့္ ခပ္နိမ့္နိမ့္ ကုလားထိုင္ေတြကို သံုးစြဲတာက ပိုၿပီးေခတ္မွီပါတယ္။


သင့္အိမ္သည္ ေႏြးေထြးပ်ဴငွာတဲ့ ေနရာတစ္ခုျဖစ္သင့္ပါတယ္။ ဘာနဲ႔ပဲအလွဆင္ဆင္ အေရးပါဆံုးအရာက လူတိုင္း ေပ်ာ္ရြင္တဲ့ေနရာတစ္ခု ျဖစ္ဖို႔ပါပဲ။ လူအမ်ားစုက ဒီဇိုင္းထက္ သက္ေတာင့္သက္သာျဖစ္တာကို ပိုမိုဂရုစိုက္ၾကပါတယ္။
#Lifestyle_Myanmar
#TB_Nandar

Unicode

နေချင်စဖွယ် ခေတ်မှီတိုက်ခန်းလေး ဖန်တီးဖို့ ဒီဇိုင်းအကြံပြုချက်များ
ယနေ့ခေတ်မှာ ရောင်စုံမျက်နှာကျက်တွေ ဗီဒိုအကန့်တွေကဲ့သို့ ရှုပ်ထွေးသော တည်ဆောက်မှုတွေက ခေတ်မမှီတော့ပါဘူး။ ရိုးရိုးရှင်းရှင်းနှင့် ဂေဟစနစ်ဆိုင်ရာ လိုက်လျောညီထွေဖြစ်တဲ့ ပစ္စည်းများကသာ တကယ်ခေတ်မှီတဲ့ အရာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုက်ခန်းဆောက်လုပ်တော့မယ်ဆိုလျှင် ဘယ်လိုဒီဇိုင်းအပြင်အဆင်တွေက ခေတ်မှီပြီး ဘယ်လိုဒီဇိုင်းတွေက ခေတ်နောက်ကျနေပြီလဲဆိုတာကို ရွေးချယ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ Multilevel ceilings
နေအိမ်တစ်အိမ်ရဲ့ အမိုးမျက်နှာကျက်ဆိုတာ သိပ်ကိုအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇိုင်နာအများစု၏အဆိုအရ ၂၀၀၀ပြည့်နှစ်များမှာ လူကြိုက်များခဲ့တဲ့ မီးရောင်စုံတွေနဲ့ မျက်နှာကျက်မျိုးစုံဟာ ယနေ့မှာ အလွန်ခေတ်နောက်ကျနေပါပြီ။ ယနေ့မှာ ရှုပ်ထွေးတဲ့ တည်ဆောက်ပုံတွေ၊ အလင်းရောင်တွေအစား တတ်နိုင်သမျှ ရိုးရှင်းတဲ့ မျက်နှာကျက်တွေက ဖက်ရှင်ကျပြီး ခေတ်စားလာပါတယ်။ ရောင်စုံမီးလုံးတွေဟာ တစ်ချိန်က ဒီဇိုင်းကဏ္ဍမှာ သော့ချက်ဖြစ်ခဲ့ကြသော်လည်း ယနေ့မှာ ခေတ်မမှီတော့ပါဘူး။

၂။ အကန့်များနှင့် မုခ်အခုံးများ
ကျဉ်းမြောင်းသော စင်္ကြန်များမှာ မုခ်အခုံးများ၊ Plasterboard တွေနဲ့ ပြုလုပ်ထားတဲ့ နံရံအတုများသည် ခေတ်မမှီတော့တဲ့ အတွင်းပိုင်းဒီဇိုင်းများဖြစ်ပါတယ်။ သူတို့က နေရာလွတ်တွေ အများကြီးယူပြီး တကယ်တမ်းအသုံးမဝင်တဲအရာတွေဖြစ်ပါတယ်။ဒါက အထူးသဖြင့် သေးငယ်တဲ့ တိုက်ခန်းတွေအတွက် မကောင်းပါဘူး။ ဥပမာ ပါးလွှာတဲ့ သတ္တုပြားများနှင့် နေရာလွတ်များကို ပိုင်းခြားဖို့ အထူးတည်ဆောက်မှုများအဖြစ် သုံးနိုင်ပါတယ်။

၃။ နံရံတစ်လျှောက် ပရိဘောဂများ
ကြီးမားတဲ့ အဝတ်အစားဗီဒိုများနှင့် တခြားကြီးမားသော ပရိဘောဂ အပိုင်းအစများကို ဆင်ယင်မယ့်အစား ဒီဇိုင်နာတွေက သေးငယ်တဲ့ အပိုင်းအစများ အသုံးပြုခြင်းကို အကြံပြုထားပါတယ်။

၄။ Photo wallpaper
နောက်ခံ Photo Wallpaper တွေက ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိနေပါစေ အသုံးမပြုဖို့ ဒီဇိုင်နာများက အကြံပြုထားပါတယ်။ သစ်တော သို့မဟုတ် မိုးကောင်းကင် ပုံတွေအစား အလှဆင် Plaster ၊ Wallpaper ၊ သစ်သား panel များ သို့မဟုတ် ကြွေအုပ်ကြွပ်တွေကို သုံးဖို့ ဒီဇိုင်နာများက အကြံပြုထားပါတယ်။

၅။ အဝတ်စားဗီဒိုအကန့်များ
နံရံကပ်အဝတ်အစားဗီဒို အကန့်တွေအစား ဒီဇိုင်နာတွေက သာမန်တံခါးတွေနဲ့ ဗီဒိုကို အသုံးပြုဖို့ အကြံပြုထားပါတယ်။

၆။ ပရိဘောဂအစုံလိုက်
ဒီဇိုင်နာအများစုသည် ယခင်တုန်းက ခရေဇီဖြစ်ခဲ့ကြတဲ့ အိပ်ခန်းထဲမှာ အရောင်တူ၊ ပုံစံတူ ကုတင်၊ စားပွဲ၊ မှန်တင်ခုံတွေ၊ အဝတ်အစားဗီဒိုတွေစတဲ့ ပရိဘောဂအစုံလိုက် အလှဆင်ခြငး်ဟာ ယနေ့မှာ လုံးဝခေတ်မမှီတော့ဘူးလို့ ဆိုပါတယ်။ ဒီဇိုင်နာများက ကွဲပြားခြားနားတဲ့ ပရိဘောဂတွေနှင့် အလှဆင်ဖို့ အကြံပြုထားပါတယ်။

၇။ အခန်းတစ်ခုလုံးကို Wallpaper ကပ်ခြင်း
ခေတ်သစ်ဒီဇို်င်နာများက တစ်ခန်းလုံးအတွက် Wallpaper တစ်မျိုးတည်းကိုသုံးခြင်းက အလွန်ခေတ်နောက်ကျနေပြီလို့ ဆိုပါတယ်။ ဒါ့ကြောင့် သူတို့သည် မတူတဲ့ ဒီဇိုင်းတွေနဲ့ နံရံတစ်ခု ဖန်တီးဖို့ အကြံပြုထားပါတယ်။ ဒါမှသာ ပုံမှန်အားဖြင့် သင်အခန်းထဲကို ၀င်တဲ့အခါ သင်မြင်ရမှာက ပထမဆုံးနံရံပါပဲ။

၈။ ကွန်ပျူတာခုံ
စင်တွေနဲ့ ကြီးမားတဲ့ ကွန်ပျူတာစားပွဲခုံတွေက အတိတ်မှာကျန်ခဲ့ပါပြီ။ တကယ်ကို သေးငယ်တဲ့ စားပွဲတွေက ယခုဖက်ရှင်တစ်ခုဖြစ်ပါတယ်။ သင်သည် စင်လိုအပ်လျှင် တံခါးပိတ်တွေနဲ့ အသုံးပြုသင့်ပါတယ်။

၉။ မီးဖိုချောင်စားပွဲနှင့် ကုလားထိုင်
ယနေ့မှာ သက်တောင့်သက်သာရှိတဲ့ စားပွဲများနှင့် ခပ်နိမ့်နိမ့် ကုလားထိုင်တွေကို သုံးစွဲတာက ပိုပြီးခေတ်မှီပါတယ်။

သင့်အိမ်သည် နွေးထွေးပျူငှာတဲ့ နေရာတစ်ခုဖြစ်သင့်ပါတယ်။ ဘာနဲ့ပဲအလှဆင်ဆင် အရေးပါဆုံးအရာက လူတိုင်း ပျော်ရွင်တဲ့နေရာတစ်ခု ဖြစ်ဖို့ပါပဲ။ လူအများစုက ဒီဇိုင်းထက် သက်တောင့်သက်သာဖြစ်တာကို ပိုမိုဂရုစိုက်ကြပါတယ်။
#Lifestyle_Myanmar
#TB_Nandar

Related posts

ေခတ္ေဟာင္းရွပ္အကၤ် ီေလးေတြကို ေခတ္မီဆန္းသစ္ေအာင္ ဘယ္လိုတြဲဖက္ဝတ္ဆင္မလဲ?

Nandar Lwin

အဆုတ္ထိခိုက္ပ်က္စီးေစတဲ့ အေလ့အထေတြ

OMCTC

ကေလးေတြႀကီးျပင္းလာတဲ့အခါ သူတို႔မိဘေတြအေၾကာင္း အမွတ္ရစရာ (၅)ခု

Nandar Lwin

Leave a Comment