25 C
Yangon
May 25, 2018
  • Home
  • Technology
  • Technology News
  • ဒေါ်လာ ၁၀၀ သာရှိပြီးသင့်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မဲ့ လေဆာကီးဘုတ်
Technology News

ဒေါ်လာ ၁၀၀ သာရှိပြီးသင့်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မဲ့ လေဆာကီးဘုတ်

လေဆာကီးဘုတ်
အဆိုပါ လေဆာကီးဘုတ်ကို Serafim နည်းပညာမှ ဖန်တီးခဲ့တာဖြစ်ပြီး Bluetooth ကနေတဆင့် သင့်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒီလေဆာကီးဘုတ်ကို i Keybo လို့ ခေါ်ပြီး အဆိုပါကီးဘုတ်ကနေ သေးငယ်တဲ့ အနီရောင်အလင်းတန်းထွက်ရှိပြီး ထိတွေ့မျက်နှာပြင်ပါဝင်ပါတယ်။
ထိတွေ့မျက်နှာပြင်ပါတဲ့ လေဆာကီးဘုတ်ဟာ ညီညာမှုရှိတဲ့ ဘယ်မျက်နှာပြင်မဆို လေဆာရောင်ခြည်ထိုးပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီကီးဘုတ်ကနေ သင့်အသုံးပြုခြင်တဲ့ ဘာသာစကားများကိုလဲ ရွေးချယ်အသုံးပြုနိုင်ပြီး စန္ဒာရားကီးဘုတ်အဖြင့်လဲ စည်းချက်များဖန်တီးအသုံးပြုနိုင်ပါတယ်။

ကမ္ဘာကျော်လျှပ်စစ်ပစ္စည်း များရဲ့ ဦးဆောင်သူဖြစ်လာတဲ့ Samsung

 သာမန်ဖုန်းထဲမှာပါဝင်တဲ့ ကီးဘုတ်ထက်ပိုပြီး သာလွန်မြန်ဆန်တဲ့ စွမ်းဆောင်ချက်နဲ့အတူ အလုပ်နဲ့ ဆက်သွယ်ရေးအတွက်လဲ ပိုမိုထိရောက်မှုရှိပါတယ်။ ၎င်းရဲ့အရွယ်အစားဟာ သေးငယ်တဲ့အပြင် သင့်ဖုန်းကိုလဲ အားသွင်းပေးနိုင်ပြီး ဘက်ထရီကလဲ ၁၀နာရီကြာအောင် အားခံနိုင်စွမ်းရှိပါတယ်။ အဆိုပါ i Keybo ကို ဒေါ်လာ ၁၀၀ (မြန်မာကျပ်ငွေ ၁သိန်း၃သောင်း) ဝန်းကျင်ဖြင့် Serafim Tech ဝက်ဆိုက်ဘ် မှာ ကြိုတင်မှာယူနိုင်ပါတယ်။
Ref-Tech Insider
Source Video – serafim-tech
#Thar_Nage

Related posts

စစ်အခြေစိုက်စခန်းများနဲ့ စီးပွားရေးနယ်ပယ်မှာ ထိုးဖောက်ဝင်ရောင်နေတဲ့ မောင်းသူမဲ့ Drone များကို အမေရိကန်မှတားဆီးပိတ်ပင်

Kyaw Htike Aung

ကမ္ဘာကျော်လျှပ်စစ်ပစ္စည်း များရဲ့ ဦးဆောင်သူဖြစ်လာတဲ့ Samsung

Naung Naung

သော့အဖြစ် ပြောင်းလဲလို့ရတဲ့ စက်ဘီးထိုင်ခုံ

Nandar Lwin

Leave a Comment