29 C
Yangon
May 23, 2018
  • Home
  • News
  • Politics
  • ေဒသအဆင့္ အပစ္ရပ္ပူးတြဲေစာင့္ၾကည့္ ေကာ္မတီကို လင္းေခးခ႐ိုင္တြင္ ပထမဆံုး ဖြဲ႕စည္း
Politics

ေဒသအဆင့္ အပစ္ရပ္ပူးတြဲေစာင့္ၾကည့္ ေကာ္မတီကို လင္းေခးခ႐ိုင္တြင္ ပထမဆံုး ဖြဲ႕စည္း

ေဒသအဆင့္

ေမလ၃၀ရက္တြင္ဖြဲ႕စည္းထားေသာ ေဒသအဆင့္ အပစ္ရပ္ပူးတြဲေစာင့္ၾကည့္ေကာ္မတီမွအဖြဲ႕၀င္မ်ား (ဓာတ္ပုံ− Min Zaw Oo’ FB)
ေဒသအဆင့္ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC-L) ကို ရွမ္းျပည္နယ္၊ လင္း ေခးခ႐ိုင္တြင္ပထမဆံုးဖြဲ႕စည္း လိုက္ေၾကာင္း ျပည္ေထာင္စုအ ဆင့္ JMC မွ သတင္းရရွိသည္။

ေဒသအဆင့္ JMC (လင္း ေခး) ကိုေမလ ၃၀ ရက္တြင္ ဖြဲ႕ စည္းလိုက္၍အစိုးရ၊ တပ္မေတာ္ ႏွင့္ တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ထိုးထားသည့္ ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS) ႏွင့္ ပအိုဝ္းလက္နက္ကိုင္အဖြဲ႕ (PNLO) ကိုယ္စားလွယ္မ်ားပါဝင္ ေၾကာင္း JMC-U အလုပ္အဖြဲ႕ ေခါင္းေဆာင္ေဒါက္တာမင္းေဇာ္ ဦးကေျပာသည္။

‘‘ပထမဆံုးအႀကိမ္ ေဒသအ ဆင့္ဖြဲ႕စည္းတဲ့ကိစၥကို လင္းေခး ခ႐ိုင္မွာ ဖြဲ႕စည္းလိုက္တယ္။ ဖြဲ႕ စည္းလိုက္ၿပီးေတာ့ ၿမိဳ႕နယ္ေလး ခုကို သူတို႔တာဝန္ရွိမွာေပါ့’’ ဟု ေဒါက္တာမင္းေဇာ္ဦးက ေျပာ ၾကားသည္။

အဆုိပါေဒသအဆင့္ (လင္း ေခး) အေနျဖင့္ မိုးနဲ၊ေမာက္မယ္၊ မိုင္းပန္ႏွင့္ လင္းေခးၿမိဳ႕နယ္ေလး ၿမိဳ႕နယ္အတြင္း အစိုးရႏွင့္ NCA ထိုးထားသည့္ အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ား ပဋိပကၡမ်ား မျဖစ္ပြား ေရး၊ ျပႆနာမ်ားျဖစ္ေပၚလာပါ က ေျဖရွင္းႏုိင္ေရးစသည္တို႔ကို လုပ္ေဆာင္မည္ျဖစ္သည္။

ေဒသအဆင့္ပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ ၾကည့္ေရးေကာ္မတီ (JMC-L) မ်ားကို ကရင္၊ ရွမ္းျပည္နယ္ႏွင့္ ပဲခူးတိုင္းတို႔တြင္ ဖြဲ႕စည္းရန္ျပည္ ေထာင္စုအဆင့္ JMC အစည္းအ ေဝးက သေဘာတူထားသည္။

ေဒသဆိုင္ရာအဆင့္ JMC သည္တပ္မေတာ္ႏွင့္ NCA လက္ မွတ္ေရးထိုးထားသည့္ တိုင္းရင္း သားလက္နက္ကိုင္အဖြြဲ႕မ်ားအ ၾကား ပဋိပကၡမ်ားျဖစ္ပြားလာပါ က ေစာင့္ၾကည္စိစစ္ျခင္း၊ အျငင္း ပြားမႈမ်ား ညႇိႏႈိင္းေျဖရွင္းျခင္းလုပ္ ငန္းမ်ားအပါအဝင္ တိုင္းေဒသ ႀကီးႏွင့္ ျပည္နယ္အဆင့္ JMC ၏ လုပ္ငန္းတာဝန္မ်ားကို ကူညီပံ့ပိုး ျခင္းမ်ား လုပ္ေဆာင္ရမည္ျဖစ္ သည္။

ေဒသဆိုင္ရာအဆင့္ JMC ကိုအစိုးရႏွင့္ တုိင္ရင္းသားလက္ နက္ကိုင္အဖြဲ႕ မ်ားဘက္မွ ကိုယ္ စားလွယ္ သံုးဦးစီ၊ ႏွစ္ဖက္စလံုး က အသိအမွတ္ျပဳေသာအမ်ားယံု ၾကည္ေလးစားသည့္အရပ္သား ကိုယ္စားလွယ္တစ္ဦးစီ စုစုေပါင္း ရွစ္ဦးျဖင့္ ဖြဲ႕စည္းရမည္ဟု NCA တြင္သတ္မွတ္ထားသည္။
Ref:7day

ေဒသအဆင့္ အပစ္ရပ္ပူးတြဲေစာင့္ၾကည့္ ေကာ္မတီကို လင္းေခးခ႐ိုင္တြင္ ပထမဆံုး ဖြဲ႕စည္း


Unicode

ဒေသအဆင့် အပစ်ရပ်ပူးတွဲစောင့်ကြည့် ကော်မတီကို လင်းခေးခရိုင်တွင် ပထမဆုံး ဖွဲ့စည်း

မေလ၃၀ရက်တွင်ဖွဲ့စည်းထားသော ဒေသအဆင့် အပစ်ရပ်ပူးတွဲစောင့်ကြည့်ကော်မတီမှအဖွဲ့ဝင်များ (ဓာတ်ပုံ− Min Zaw Oo’ FB)
ဒေသအဆင့်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-L) ကို ရှမ်းပြည်နယ်၊ လင်း ခေးခရိုင်တွင်ပထမဆုံးဖွဲ့စည်း လိုက်ကြောင်း ပြည်ထောင်စုအ ဆင့် JMC မှ သတင်းရရှိသည်။

ဒေသအဆင့် JMC (လင်း ခေး) ကိုမေလ ၃၀ ရက်တွင် ဖွဲ့ စည်းလိုက်၍အစိုးရ၊ တပ်မတော် နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) နှင့် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) ကိုယ်စားလှယ်များပါဝင် ကြောင်း JMC-U အလုပ်အဖွဲ့ ခေါင်းဆောင်ဒေါက်တာမင်းဇော် ဦးကပြောသည်။

‘‘ပထမဆုံးအကြိမ် ဒေသအ ဆင့်ဖွဲ့စည်းတဲ့ကိစ္စကို လင်းခေး ခရိုင်မှာ ဖွဲ့စည်းလိုက်တယ်။ ဖွဲ့ စည်းလိုက်ပြီးတော့ မြို့နယ်လေး ခုကို သူတို့တာဝန်ရှိမှာပေါ့’’ ဟု ဒေါက်တာမင်းဇော်ဦးက ပြော ကြားသည်။

အဆိုပါဒေသအဆင့် (လင်း ခေး) အနေဖြင့် မိုးနဲ၊မောက်မယ်၊ မိုင်းပန်နှင့် လင်းခေးမြို့နယ်လေး မြို့နယ်အတွင်း အစိုးရနှင့် NCA ထိုးထားသည့် အဖွဲ့များအကြား တိုက်ပွဲများ ပဋိပက္ခများ မဖြစ်ပွား ရေး၊ ပြဿနာများဖြစ်ပေါ်လာပါ က ဖြေရှင်းနိုင်ရေးစသည်တို့ကို လုပ်ဆောင်မည်ဖြစ်သည်။

ဒေသအဆင့်ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-L) များကို ကရင်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဖွဲ့စည်းရန်ပြည် ထောင်စုအဆင့် JMC အစည်းအ ဝေးက သဘောတူထားသည်။

ဒေသဆိုင်ရာအဆင့် JMC သည်တပ်မတော်နှင့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွွဲ့များအ ကြား ပဋိပက္ခများဖြစ်ပွားလာပါ က စောင့်ကြည်စိစစ်ခြင်း၊ အငြင်း ပွားမှုများ ညှိနှိုင်းဖြေရှင်းခြင်းလုပ် ငန်းများအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အဆင့် JMC ၏ လုပ်ငန်းတာဝန်များကို ကူညီပံ့ပိုး ခြင်းများ လုပ်ဆောင်ရမည်ဖြစ် သည်။

ဒေသဆိုင်ရာအဆင့် JMC ကိုအစိုးရနှင့် တိုင်ရင်းသားလက် နက်ကိုင်အဖွဲ့ များဘက်မှ ကိုယ် စားလှယ် သုံးဦးစီ၊ နှစ်ဖက်စလုံး က အသိအမှတ်ပြုသောအများယုံ ကြည်လေးစားသည့်အရပ်သား ကိုယ်စားလှယ်တစ်ဦးစီ စုစုပေါင်း ရှစ်ဦးဖြင့် ဖွဲ့စည်းရမည်ဟု NCA တွင်သတ်မှတ်ထားသည်။
Ref:7day

Related posts

ပါကစၥတန္ႏိုင္ငံ လာဟိုးၿမိဳ႕ ပန္းၿခံတြင္ ေပါက္ကြဲမႈျဖစ္၍ လူ ၆၉ ဦးေသဆုံး

OMCTC

အန္စီေအစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာအစည္းအေ၀း က်ငး္ပ (ဓာတ္ပံု)

Nandar Lwin

မုဒိမ္းက်င့္ သတ္ျဖတ္သည္ဆိုကာ ဆယ္ေက်ာ္သက္တစ္ဦးအား မွားယြင္း၍ ေသဒဏ္စီရင္ခဲ႔မႈအတြက္ အရာရွိ ၂၇ ဦးကို တ႐ုတ္အေရးယူ

OMCTC

Leave a Comment