30 C
Yangon
May 21, 2018
  • Home
  • Lifestyle
  • Health & Beauty
  • ဆောင်းရာသီမှာ အသားအရေနှင့် ဆံပင်အလှအပကို ထိန်းသိမ်းဖို့ သင့်မှာရှိနေရမယ့် အလှကုန်များ
Health & Beauty

ဆောင်းရာသီမှာ အသားအရေနှင့် ဆံပင်အလှအပကို ထိန်းသိမ်းဖို့ သင့်မှာရှိနေရမယ့် အလှကုန်များ

ဆောင်းရာသီမှာ

ဆောင်းရာသီက လေထုထဲ၌ ရေငွေ့ ပါဝင်မှု နည်းခြင်း၊ အေးစက်သော လေပြင်းများ တိုက်ခတ်ခြင်းကြောင့် ဆံပင်နှင့် အသား အရေရဲ့အဆီဓာတ်ကို ခန်းခြောက်စေပြီး အသားအရေ နှင့် ဆံပင် ခြောက်သွေ့ခြင်းကို ဖြစ်ပွား စေပါသည်။ ဒါ့ကြောင့် ယခုဆောင်းရာသီမှာ ပျိုမေတို့ရဲ့ အသားအရေနှင့် ဆံကေသာကို ထိန်းသိမ်းပေးနိုင်မယ့် ဒီအလှကုန်ပစ္စည်းလေးတွေ လိုအပ်ပါတယ်။

ပျိုမေတွေအတွက် ဆောင်းရာသီမှာ ဆံပင်ထိန်းသိမ်းမှု သိကောင်းစရာများ

၁။ မျက်နှာသစ်ဆေး
မနက်ခင်းမှာ အပျော့စားမျက်နှာသစ်ဆေးကိုသုံးပါ။ ညအိပ်ရာမ၀င်ခင် သင့်မျက်နှာကို နေ့တိုင်းသစ်လျှင် မနက်ခင်းမှာ ပျားရည်ကို မျက်နှာသစ်ဆေးအဖြစ် သုံးနိုင်ပါတယ်။ ဒါမှမဟုတ် လက်ဖက်စိမ်းရည်ကို အသုံးပြုနိုင်ပါတယ်။


၂။ တိုနာ

အယ်ကိုဟောမပါသော ဘယ်တိုနာမဆို အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် တိုနာအဖြစ် ပန်းသီး cider ရှာလကာရည်ကို ရေနှင့်ဆတူရောပြီးလည်း သုံးနိုင်ပါတယ်။


၃။ Lip balm (နှုတ်ခမ်းလိမ်းဆေးဆီ)

သင်နှစ်သက်တဲ့ နှုတ်ခမ်းလိမ်းဆေးဆီကို အသုံးပြုနိုင်ပါတယ်။


၎။ moisturizer (အစိုဓါတ်ထိန်းခရမ်)

သင်နှစ်သက်ရာ ဘယ် face moisturizer မဆို သုံးနိုင်ပါတယ်။


၅။ Night cream(ညလိမ်းခရမ်)

ညဘက်မှာ face moisturizerကို အသုံးပြုနိုင်တယ်လို့ လူအတော်များများက ထင်ကြပေမယ့် ပျက်စီးသွားတဲ့အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ဖို့ ညဘက်မှာ အလုပ်လုပ်တာကြောင့် ညလိမ်းခရမ်က အရေပြား ပြန်လည်ရှင်သန်ဖို့အတွက် အဓိကဖြစ်ပါတယ်။ ဒါ့ကြောင့် ညတိုင်းမျက်နှာကို သန့်စင်ပြီး ညလိမ်းခရမ်ကို လိမ်းပေးတာက အကောင်းဆုံးပါ။


၆။ Sunscreen (နေရောင်ကာကွယ်ဆေး)

မိန်းကလေးအတော်များများက ဆောင်းရာသီမှာ နေရောင်ကာကွယ်ဆေးကို ရှောင်ရှားကြပါတယ်။ နေရောင်ကာကွယ်ဆေးကို ရာသီအားလုံးမှာ အမြဲတမ်း moisturizer လိမ်းပြီးနောက် မဖြစ်မနေလိမ်းပေးရမယ်ဆိုတာ သတိရပါ။

Young beautiful girl with blank visiting card. Winter.

၇။ Hand Cream (လက်လိမ်းခရမ်)

ရေချိုးပြီးနောက် လက်လိမ်းခရမ်လိမ်းပါ။ဒါက ဆောင်းရာသီအတွက် မဖြစ်မနေလိမ်းရမယ့် အရာတစ်ခုဖြစ်ပါတယ်။


၈။ Body Lotion (ကိုယ်လိမ်းခရမ်)

သင်နှစ်သက်ရာ ဘယ် Body Lotion ကိုမဆို အသုံးပြုနိုင်ပါတယ်။

Body Lotion

၉။ Coconut Oil (အုန်းဆီ)

ယေဘုယျအားဖြင့် ဆောင်းရာသီမှာ ကျွန်တော်တို့က ခေါင်းခဏခဏလျှော်ခြင်းကို ရှောင်ကြဉ်ကြပေမယ့် တစ်ပတ်မှာ အနည်းဆုံး၂ကြိမ် ဆံပင်ကို လျှော်ဖို့ လိုအပ်ပါတယ်။ ခေါင်းမလျှော်ခင် သင့်ဆံပင်ပေါ်မှာ ဆီလိမ်းပြီး တစ်ညထားပါ။ နောက်နေ့မှာ သင့်ဆံပင်တွေကို လျှော်ပေးပါ။ ရေပူနဲ့ မလျှော်ပါနဲ့။ သင့်ဆံပင်ကို ခြောက်သွေ့ပြီး မွဲခြောက်ခြောက်ဖြစ်စေတာကြောင့် ပုံမှန်ရေကိုသာသုံးပါ။


#Lifestyle_Myanmar
#TB_Nandar
Source- glowpink

Related posts

ရေပက်ခံထွက်ပြီး ဖြစ်လာတဲ့ နေလောင်ဒဏ်ကို ဒီနည်းလေးတွေက သက်သာစေနိုင်

Nandar Lwin

အိပ်ရာမ၀င်ခင်မှာ ရှောင်ရှားသင့်တဲ့ အရာ (၁၀)ချက်

Naung Naung

ကြီးမားတဲ့ ချွေးပေါက်တွေကြောင့် အသားအရေမချောမွေ့ခြင်းပျောက်ကင်းစေမဲ့ နည်းလမ်းကောင်း

Kyaw Htike Aung

Leave a Comment