25 C
Yangon
June 22, 2018
  • Home
  • Lifestyle
  • ေကာင္းမြန္တဲ့ မိသားစုဘဝတစ္ခု တည္ေဆာက္ဖို႔အတြက္ အဓိကက်တဲ့ အခ်က္မ်ား
Lifestyle Relationship

ေကာင္းမြန္တဲ့ မိသားစုဘဝတစ္ခု တည္ေဆာက္ဖို႔အတြက္ အဓိကက်တဲ့ အခ်က္မ်ား


ေန႔စဥ္ျမင္ေတြ႔ေနရတဲ့ ႐ုပ္ျမင္သံၾကားဇာတ္လမ္းေတြ၊ ဓါတ္ပံုေတြ၊ ပိုစတာေတြမွာ ၿပီးျပည့္စံုတဲ့မိသားစုပံုရိပ္ေတြကို ျမင္ႏိုင္ေပမယ့္ အျပင္ေလာကမွာေတာ့ မိသားစုတြင္းအဆင္မေျပမႈမ်ားနဲ႕ ႐ႈပ္ေထြးမႈမ်ားစြာကို ၾကံဳေတြ႔ေနၾကရပါတယ္။ မိသားစုတိုင္းဟာ မတူညီၾကပဲ ကိုယ့္ကိစၥနဲ႔ကိုယ္ ရပ္တည္ပံုျခင္းမတူညီၾကေပမယ့္ သင့္မွာဘယ္ေလာက္အလုပ္မ်ားမ်ား အရင္ကထက္မိသားစုဆက္ဆံေရးကို ပိုမိုအဆင္ေျပေအာင္ႀကိဳးစားသင့္ၿပီး ေဆြမ်ိဳးရင္းခ်ာေတြကို ပိုမိုေလ့လာဖို႔ ႀကိဳးစားသင့္ပါတယ္။ ၿပီးျပည့္စံုတဲ့မိသားစုဆိုတာမရွိရင္ေတာင္မွ သင့္ရဲ႕မိသားစုဆက္ဆံေရးကိုအေကာင္းဆံုး တည္ေဆာက္ႏိုင္ပါတယ္။ ေကာင္းမြန္တဲ့ မိသားစုတစ္ခုကိုတည္ေဆာက္ဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းတစ္ခုက သင့္ရဲ႕မိသားစုကို အခ်ိန္ေပးျခင္းျဖစ္သလို မိသားစု၀င္ေတြကိုတေလးတစား ဆက္ဆံျခင္းျဖင့္ ရရွိႏိုင္သလို ၾကမ္းတမ္းတဲ့စကာားလံုးေတြသံုးျခင္း၊ သာတူညီမွ်မဆက္ဆံျခင္းေတြကိုလည္း ေရွာင္ရွားသင့္ပါတယ္။

မိသားစုအေပၚေကာင္းေကာင္းနားလည္ပါ
မိသားစုအေၾကာင္းကို ေကာင္းေကာင္းနားမလည္သူေတြဟာ မၾကာခဏနားလည္မႈလြဲမွားျခင္းေၾကာင့္ ရန္ျဖစ္ေနရတတ္ပါတယ္။ မိသားစုအေတာ္မ်ားမ်ားဟာ အလုပ္မ်ားၾကတာေၾကာင့္ တစ္ေယာက္အေၾကာင္းကိုတစ္ေယာက္  ေကာင္းေကာင္းနားမလည္ၾကပါဘူး။ ဒါေၾကာင့္ မိသားစုနဲ႕အတူေနျခင္း၊ ညစာအတူစားျခင္း၊ အတူတူကစားျခင္း စတဲ့အေလ့အက်င့္ေကာင္းေတြကို အစီအစဥ္ဆြဲသင့္ပါတယ္။

သင့္ရဲ႕မိသားစုကို ေလးစားပါ
သင့္ရဲ႕ ဇနီး၊ သားသမီး၊ ညီကိုေမာင္ႏွမေတြဟာ လူသားေတြျဖစ္တ့ဲအတြက္ သူတို႔မွာ ကိုယ္ပိုင္အယူအဆနဲ႕ အၾကံဳျပဳခ်က္ေတြကိုယ္စီရွိၾကပါတယ္။ တစ္ခါတစ္ေလမွာ သူတို႔ရဲ႕လုပ္ရပ္ေတြဟာ ေကာင္းႏိုင္သလို ဆိုးႏိုင္ပါတယ္။ သူတို႔လုပ္ရပ္ေတြ မွားေနတဲ့အခါမ်ိဳးမွာ သင္ကေဒါသကိုထိန္းခ်ဳပ္ၿပီး လမ္းမွန္ကိုျပေပးသင့္သလို တျခားသူေတြရဲ႕ ထင္ျမင္ခ်က္ေတြအားေဒါသထြက္ျခင္းကိုလည္း ေရွာင္ရွားသင့္ပါတယ္။ ၿပီးျပည့္စံုေအာင္ မွန္ႏိုင္တဲ့သူဆိုတာ မရွိႏိုင္ပါဘူး။

မိသားစု၀င္တိုင္းကို တန္းတူဆက္ဆံပါ
သင့္ရဲ႕မိသားစုကို တန္းတူညီမွ်ဆက္ဆံျခင္းျဖင့္ သားသမီးေတြၾကားမနာလိုမႈ၊ ဇနီးမယားနဲ႕အဆင္မေျပမႈမ်ားကို ကင္းေ၀းေစပါတယ္။ သင့္ရဲ႕သားအႀကီးကေက်ာင္းမွွာ ထူးခၽြန္တဲ့အတြက္ သင္ကဆုခ်တဲ့အခါ အငယ္ေတြကိုလည္း ပစ္ပယ္ထားျခင္းမ်ိဳးမလုပ္သင့္သလို ေနာက္ထပ္ေမြးလာတဲ့ကေလးကို ဦးစားေပးျခင္းျဖင့္လည္း အႀကီးေတြကမနာလိုျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ေမြးစားသား၊ အိမ္ေဖာ္ကိုေတာင္မွ မိသားစု၀င္တစ္ေယာက္လို ဆက္ဆံျခင္းျဖင့္ သာယာတဲ့မိသားစုတစ္ခုကို တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။

 

ေအာ္ဟစ္ေျပာဆိုျခင္းကို ေရွာင္ရွားပါ
စိတ္အလိုမက်တဲ့ အခါတိုင္းေအာ္ဟစ္ေျပာဆိုတဲ့ အက်င့္ဟာလည္း မိသားစု၀င္ေတြရဲ႕ စိတ္မွာအမုန္းတရားကို စြဲကပ္သြားေစပါတယ္။ ေဒါသနဲ႔ေျပာတဲ့စကားဟာ သူတို႕လိုက္လုပ္ရင္ေတာင္မွ စိတ္ပါလက္ပါလုပ္ႏိုင္မွာမဟုတ္သလို ႏွစ္ဖက္စလံုးအတြက္လည္း အက်ိဳးရွိမွာမဟုတ္ပါဘူး။ သူတို႔နာလည္တဲ့အထိ ေအးေဆးစြာရွင္းျပလို႔ရတာေၾကာင့္ ဘာေၾကာင့္သင့္ရဲ႕စြမ္းအင္ေတြကို ျဖဳန္းတီးေနဦးမွာလဲ။

ညွိႏႈိင္းေျဖရွင္းပါ
သင့္ရဲ႕မိသားစုအတြင္းမွာ သေဘာထားကြဲလြဲမႈေတြရွိခဲ့လွ်င္ သူတို႔ျဖစ္ခ်င္တဲ့ဆႏၵနဲ႕ သင့္ရဲ႕သေဘာထားကို ထပ္တူမက်ရင္ေတာင္မွ အေပးအယူသေဘာမ်ိဳးနဲ႕ ညွိႏႈိင္းႏိုင္ေအာင္ႀကိဳးစားသင့္ပါတယ္။ ဒါမွသာသူတို႔ျဖစ္ခ်င္တဲ့ဆႏၵက မွားယြင္းေနပါက ျပန္လည္ထိန္းခ်ဳပ္ဖို႔အတြက္ နည္းလမ္းေတြကိုရရွိေစမွာ ျဖစ္ပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ကူညီပါ
သင့္ရဲ႕မိသားစု၀င္ေတြထဲမွာ ဘယ္သူပဲျဖစ္ျဖစ္ တစ္ေယာက္တည္းပင္ပန္းတဲ့အခ်ိန္မ်ိဳးေတြမွာ စိတ္မၾကည္မလင္ျဖစ္တတ္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔အကူအညီလိုေနတဲ့အခ်ိန္မ်ိဳးေတြမွာ အကူအညီေပးျခင္းျဖင့္ မိသားစုတြင္းေႏြးေထြးမႈကို ရရွိေစပါတယ္။

ကတိတည္ႏိုင္ေအာင္ႀကိဳးစားပါ
မိသားစုအတြင္းေပးထားၿပီးသားကတိကို ေပါ့ေပါ့တန္တန္သေဘာမ်ိဳးနဲ႔ မခ်ိဳးေဖာက္မိပါေစနဲ႕။ သင္ကကတိဖ်က္ျခင္းျဖင့္ သင့္ရဲ႕သားသမီးေတြဟာ လိမ္ညာတတ္သူေတြ ျဖစ္လာႏိုင္သလို သူတို႔ရဲ႕စိတ္မွာလည္း သင့္ကို အခဲမေၾကျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ေပ်ာ္ရြင္ဖြယ္ရာ မိသားစုဘ၀ကို တည္ေဆာက္ဖို႔အတြက္ မွားယြင္းတဲ့လုပ္ေဆာင္ခ်က္ေတြကို မွန္ကန္ေအာင္ေအးေဆးစြာ လမ္းျပျခင္း၊ ညီတူညီမွ်ဆက္ဆံျခင္း၊ ကတိတည္ျခင္း၊ၾကမ္းတမ္းစြာေျပာဆိုျခင္းကို ေရွာင္ရွားျခင္း၊
အခ်ိန္ေပးျခင္းနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ ကူညီျခင္းက သာယတဲ့မိသားစုဘ၀ေလးကို တည္ေဆာက္ႏိုင္ဖို႔အတြက္ အေလ့အက်င့္ေကာင္းေတြ ျဖစ္ပါတယ္။

ထိုင္ခံုရွည္တစ္လံုးရွိ႐ံုနဲ႔ အဆင္ေျပေစမယ့္ အထိေရာက္ဆံုး ေလ့က်င့္ခန္း(၅) မ်ိဳး

#LM_Naung_Naung
Ref_wikiHow

နေ့စဉ်မြင်တွေ့နေရတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွေ၊ ဓါတ်ပုံတွေ၊ ပိုစတာတွေမှာ ပြီးပြည့်စုံတဲ့မိသားစုပုံရိပ်တွေကို မြင်နိုင်ပေမယ့် အပြင်လောကမှာတော့ မိသားစုတွင်းအဆင်မပြေမှုများနဲ့ ရှုပ်ထွေးမှုများစွာကို ကြုံတွေ့နေကြရပါတယ်။ မိသားစုတိုင်းဟာ မတူညီကြပဲ ကိုယ့်ကိစ္စနဲ့ကိုယ် ရပ်တည်ပုံခြင်းမတူညီကြပေမယ့် သင့်မှာဘယ်လောက်အလုပ်များများ အရင်ကထက်မိသားစုဆက်ဆံရေးကို ပိုမိုအဆင်ပြေအောင်ကြိုးစားသင့်ပြီး ဆွေမျိုးရင်းချာတွေကို ပိုမိုလေ့လာဖို့ ကြိုးစားသင့်ပါတယ်။ ပြီးပြည့်စုံတဲ့မသားစုဆိုတာမရှိရင်တောင်မှ သင့်ရဲ့မိသားစုဆက်ဆံရေးကိုအကောင်းဆုံး တည်ဆောက်နိုင်ပါတယ်။ ကောင်းမွန်တဲ့ မိသားစုတစ်ခုကိုတည်ဆောက်ဖို့အတွက်
အကောင်းဆုံးနည်းလမ်းတစ်ခုက သင့်ရဲ့မိသားစုကို အချိန်ပေးခြင်းဖြစ်သလို မိသားစုဝင်တွေကိုတလေးတစား ဆက်ဆံခြင်းဖြင့် ရရှိနိုင်သလို ကြမ်းတမ်းတဲ့စကာားလုံးတွေသုံးခြင်း၊ သာတူညီမျှမဆက်ဆံခြင်းတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

မိသားစုအပေါ်ကောင်းကောင်းနားလည်ပါ
မိသားစုအကြောင်းကို ကောင်းကောင်းနားမလည်သူတွေဟာ မကြာခဏနားလည်မှုလွဲမှားခြင်းကြောင့် ရန်ဖြစ်နေရတတ်ပါတယ်။ မိသားစုအတော်များများဟာ အလုပ်များကြတာကြောင့် တစ်ယောက်အကြောင်းကိုတစ်ယောက်  ကောင်းကောင်းနားမလည်ကြပါဘူး။ ဒါကြောင့် မိသားစုနဲ့အတူနေခြင်း၊ ညစာအတူစားခြင်း၊ အတူတူကစားခြင်း စတဲ့အလေ့အကျင့်ကောင်းတွေကို အစီအစဉ်ဆွဲသင့်ပါတယ်။

သင့်ရဲ့မိသားစုကို လေးစားပါ
သင့်ရဲ့ ဇနီး၊ သားသမီး၊ ညီကိုမောင်နှမတွေဟာ လူသားတွေဖြစ်တဲ့အတွက် သူတို့မှာ ကိုယ်ပိုင်အယူအဆနဲ့ အကြံုပြုချက်တွေကိုယ်စီရှိကြပါတယ်။ တစ်ခါတစ်လေမှာ သူတို့ရဲ့လုပ်ရပ်တွေဟာ ကောင်းနိုင်သလို ဆိုးနိုင်ပါတယ်။ သူတို့လုပ်ရပ်တွေ မှားနေတဲ့အခါမျိုးမှာ သင်ကဒေါသကိုထိန်းချုပ်ပြီး လမ်းမှန်ကိုပြပေးသင့်သလို တခြားသူတွေရဲ့ ထင်မြင်ချက်တွေအားဒေါသထွက်ခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။ ပြီးပြည့်စုံအောင် မှန်နိုင်တဲ့သူဆိုတာ မရှိနိုင်ပါဘူး။

မိသားစုဝင်တိုင်းကို တန်းတူဆက်ဆံပါ
သင့်ရဲ့မိသားစုကို တန်းတူညီမျှဆက်ဆံခြင်းဖြင့် သားသမီးတွေကြားမနာလိုမှု၊ ဇနီးမယားနဲ့အဆင်မပြေမှုများကို ကင်းဝေးစေပါတယ်။ သင့်ရဲ့သားအကြီးကကျောင်းမှှာ ထူးချွန်တဲ့အတွက် သင်ကဆုချတဲ့အခါ အငယ်တွေကိုလည်း ပစ်ပယ်ထားခြင်းမျိုးမလုပ်သင့်သလို နောက်ထပ်မွေးလာတဲ့ကလေးကို ဦးစားပေးခြင်းဖြင့်လည်း အကြီးတွေကမနာလိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့မွေးစားသား၊ အိမ်ဖော်ကိုတောင်မှ မိသားစုဝင်တစ်ယောက်လို ဆက်ဆံခြင်းဖြင့် သာယာတဲ့မိသားစုတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

အော်ဟစ်ပြောဆိုခြင်းကို ရှောင်ရှားပါ
စိတ်အလိုမကျတဲ့ အခါတိုင်းအော်ဟစ်ပြောဆိုတဲ့ အကျင့်ဟာလည်း မိသားစုဝင်တွေရဲ့ စိတ်မှာအမုန်းတရားကို စွဲကပ်သွားစေပါတယ်။ ဒေါသနဲ့ပြောတဲ့စကားဟာ သူတို့လိုက်လုပ်ရင်တောင်မှ စိတ်ပါလက်ပါလုပ်နိုင်မှာမဟုတ်သလို နှစ်ဖက်စလုံးအတွက်လည်း အကျိုးရှိမှာမဟုတ်ပါဘူး။ သူတို့နာလည်တဲ့အထိ အေးဆေးစွာရှင်းပြလို့ရတာကြောင့် ဘာကြောင့်သင့်ရဲ့စွမ်းအင်တွေကို ဖြုန်းတီးနေဦးမှာလဲ။

ညှိနှိုင်းဖြေရှင်းပါ
သင့်ရဲ့မိသားစုအတွင်းမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့လျှင် သူတို့ဖြစ်ချင်တဲ့ဆန္ဒနဲ့ သင့်ရဲ့သဘောထားကို ထပ်တူမကျရင်တောင်မှ အပေးအယူသဘောမျိုးနဲ့ ညှိနှိုင်းနိုင်အောင်ကြိုးစားသင့်ပါတယ်။ ဒါမှသာသူတို့ဖြစ်ချင်တဲ့ဆန္ဒက မှားယွင်းနေပါက ပြန်လည်ထိန်းချုပ်ဖို့အတွက် နည်းလမ်းတွေကိုရရှိစေမှာ ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ကူညီပါ
သင့်ရဲ့မိသားစုဝင်တွေထဲမှာ ဘယ်သူပဲဖြစ်ဖြစ် တစ်ယောက်တည်းပင်ပန်းတဲ့အချိန်မျိုးတွေမှာ စိတ်မကြည်မလင်ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သူတို့အကူအညီလိုနေတဲ့အချိန်မျိုးတွေမှာ အကူအညီပေးခြင်းဖြင့် မိသားစုတွင်းနွေးထွေးမှုကို ရရှိစေပါတယ်။

ကတိတည်နိုင်အောင်ကြိုးစားပါ
မိသားစုအတွင်းပေးထားပြီးသားကတိကို ပေါ့ပေါ့တန်တန်သဘောမျိုးနဲ့ မချိုးဖောက်မိပါစေနဲ့။ သင်ကကတိဖျက်ခြင်းဖြင့် သင့်ရဲ့သားသမီးတွေဟာ လိမ်ညာတတ်သူတွေ ဖြစ်လာနိုင်သလို သူတို့ရဲ့စိတ်မှာလည်း သင့်ကို အခဲမကြေဖြစ်နိုင်ပါတယ်။

ဒါကြောင့်ပျော်ရွင်ဖွယ်ရာ မိသားစုဘဝကို တည်ဆောက်ဖို့အတွက် မှားယွင်းတဲ့လုပ်ဆောင်ချက်တွေကို မှန်ကန်အောင်အေးဆေးစွာ လမ်းပြခြင်း၊ ညီတူညီမျှဆက်ဆံခြင်း၊ ကတိတည်ခြင်း၊ကြမ်းတမ်းစွာပြောဆိုခြင်းကို ရှောင်ရှားခြင်း၊
အချိန်ပေးခြင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ကူညီခြင်းက သာယတဲ့မိသားစုဘဝလေးကို တည်ဆောက်နိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။
#LM_Naung_Naung
Ref_wikiHow

Related posts

သင့္ကို အ႐ံႈးသမားတစ္ေယာက္ ျဖစ္လာေစႏိုင္တဲ့ အေလ့အထ (၉) ခ်က္

Naung Naung

သင္စိတ္၀င္စားတဲ့ေကာင္မေလးမွာ ခ်စ္သူရွိမရွိသိႏုိင္တဲ့နည္း

OMCTC

သူ႔အခ်စ္က သင့္အေပၚမွာ ဘယ္ေတာ့မွ ရပ္တန္႔သြားမွာမဟုတ္တဲ့ အမ်ိဳးသားတစ္ေယာက္ရဲ႕ အမႈအရာေလးေတြ

Nandar Lwin

Leave a Comment