25 C
Yangon
May 25, 2018
  • Home
  • Technology
  • Automobile
  • ဥရောပ ဈေးကွက်ထဲ Genesis ဇိမ်ခံကားတွေ တင်ပို့ရောင်းချဖို့ Hyundai စီစဉ်
Automobile

ဥရောပ ဈေးကွက်ထဲ Genesis ဇိမ်ခံကားတွေ တင်ပို့ရောင်းချဖို့ Hyundai စီစဉ်

Hyundai

Hyundaiဟာ ကုမ္ပဏီရဲ့ ဇိမ်ခံကား အမှတ်တံဆိပ်ဖြစ်တဲ့ Genesisကို ဥရောပ ဈေးကွက်ထဲ ဖြန့်ကျက် ရောင်းချဖို့ စီစဉ်နေကြောင်း အတည်ပြုပါတယ်။

တောင်ကိုရီးယားရဲ့ အကြီးဆုံး ကားကုမ္ပဏီကြီးက Genesisတွေကို အစောဆုံး ၂၀၂၀ လောက်မှာ လန်ဒန်၊ မြူးနစ်နဲ့ ဇူးရစ်ခ်ျတို့လို ဥရောပ မြို့ကြီးတွေမှာ စတင် ရောင်းချဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

ကားဈေးကွက် လေ့လာသူတွေကတော့ Hyundaiရဲ့ ခြေလှမ်းသစ်ဟာ ခြင်္သေ့ သားရဲတွင်းထဲ ဆင်းရသလို စွန့်စားခန်းမျိုး ဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။ ဥရောပ ဇိမ်ခံကား ဈေးကွက်မှာ နယ်ခံ ကုမ္ပဏီတွေက ကျယ်ကျယ်ပြန့်ပြန့် ခြယ်လှယ် စိုးမိုးထားတာကြောင့်ပါ။

BMW၊ Mercedes-Benz၊ Maserati၊ Audi၊ Porsche၊ Rolls-Royce၊ Bentley အစရှိတဲ့ အမှတ်တံဆိပ်တွေဟာ ဥရောပမှာ အခြေစိုက်ကြပါတယ်။

ARX-05 ပြိုင်ကားရဲ့ Prototype နမူနာကို Acura မိတ်ဆက်

 Genesisဟာ ပလက်ဖောင်း သုံးမျိုးမှာ အခြေခံ တည်ဆောက်ထားတဲ့ ဇိမ်ခံကား မော်ဒယ်လ် ခြောက်မျိုးလောက်ကို ဥရောပ ဈေးကွက်ထဲ တင်ပို့ဖို့ လျာထားကြောင်း ကုမ္ပဏီ အကြီးအကဲ မန်းဖရက်ဒ် ဖစ်ဇ်ဂါရဲလ်က ဆိုပါတယ်။ ဖစ်ဇ်ဂါရဲလ်ဟာ Lamborghiniကို စွန့်ခွာပြီး Genesisကို တာဝန်ယူဖို့ သဘောတူခဲ့သူပါ။

သူက လျှပ်စစ်ကား နည်းပညာမှာလည်း Genensis အနေနဲ့ ထဲထဲဝင်ဝင် စိတ်ဝင်စားမှု ရှိနေကြောင်း အတည်ပြုခဲ့ပြီး ၂၀၂၀ နှောင်းပိုင်းကစလို့ လျှပ်စစ်ကား သုံးမျိုးကို အစဉ်လိုက် ထုတ်လုပ်သွားဖို့ ပြင်ဆင်ထားကြောင်း ပြောပါတယ်။

ပထမဆုံး လျှပ်စစ်ကားက အလတ်စား Crossover မော်ဒယ်လ်ဖြစ်ပြီး ၂၀၂၁ မှာတော့ အလတ်စား ဆီဒင်တစ်မျိုး၊ ၂၀၂၂ မှာတော့ အရွယ်အစား ကြီးမားတဲ့ တံခါးလေးပေါက် ဆီဒင် လျှပ်စစ်ကားတွေ ထုတ်လုပ် ရောင်းချသွားဖို့ Genesisက စီစဉ်ထားကြောင်း သိရှိရပါတယ်။

Ref-7 Day Car

Related posts

နေရောင်ခြည်စွမ်းအင်ဖြင့် မိုင် ၆၂၀ ကျော်ကျော်မောင်းနှင်နိုင်တဲ့ Stella Vie လျှပ်စစ်ကား

Kyaw Htike Aung

Formula Racing 2017 (Android)

Kyaw Htike Aung

Eco ရဲ့ ရှေ့ပြေးပုံစံကားများဖြင့် ကား ပြိုင်ပွဲများပြုလုပ်

Kyaw Htike Aung

Leave a Comment