အျဖဴေရာင္ အ၀တ္အစားေတြကို ထိန္းသိမ္းႏိုင္မယ့္နည္းလမ္းေလးမ်ား

0
9

အျဖဴေရာင္အ၀တ္အစားသစ္ေတြ၊ အျဖဴေရာင္အတြင္းခံေတြ ၀ယ္လာၿပီး ၀တ္လို႔ သိပ္မၾကာခင္မွာ အ၀ါေရာင္ေျပာင္းလာတာ၊ အစြန္းအထင္းေတြ ျဖစ္လာတာ လူတိုင္းႀကံဳၾကရမွာပါ။ ေခၽြးႏွင့္ ေခၽြးနံ႔ေပ်ာက္ေဆးေတြအားလံုးက ဒီအေျခအေနကို ပိုၿပီးဆိုးရြားေစပါတယ္။ ဘယ္သူမွ အ၀တ္ေတြကို ခဏခဏ ျပန္ေလွ်ာ္ရတာကို မႏွစ္သက္ပါဘူး ။ အ၀တ္ေတြအားလံုးေလွ်ာ္ၿပီးလို႔ အစြန္းအထင္းမ်ား က်န္ေနရင္ စိတ္အေႏွာက္အယွက္အမ်ားဆံုးျဖစ္ရပါတယ္။ ဒါ့ေၾကာင့္အျဖဴေရာင္အ၀တ္အစားေတြ၊ ဇာဘရာစီယာႏွင့္ အတြင္းခံေတြကို ထိန္းသိမ္းဖို႔ ရိုးရွင္းေသာ နည္းလမ္းတစ္ခ်ိဳ႕ကိုမွ်ေ၀ေပးလိုက္ပါတယ္။

သင့္အျဖဴေရာင္အ၀တ္အစားမ်ားကို ဓါတုပစၥည္းမသံုးပဲ သစ္လြင္ေတာက္ပေစဖို႔

အ၀တ္ေလွ်ာ္တဲ့အခါ ေရာ္ဘာလက္အိတ္ ၀တ္ထားျခင္းအားျဖင့္ သင့္လက္ေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ မေမ့ပါနဲ႔။

နည္းလမ္း ၁
ေရေႏြး ၂လီတာ
ဆား စားပြဲတင္ဇြန္း ၂ဇြန္း
မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၃ဇြန္း
ဆပ္ျပာမႈန္႔ စားပြဲတင္ဇြန္း ၁ဇြန္း လိုအပ္ပါတယ္။

အသံုးျပဳနည္း
ေရထဲမွာ ဆပ္ျပာ၊ ဆိုဒါႏွင့္ဆားကို ေဖ်ာ္ပါ။ ၁၅မိနစ္ေလာက္ သင့္ရဲ႕အျဖဴေရာင္ အ၀တ္အစားေတြကို စိမ္ထားပါ။ အ၀ါေရာင္ အစြန္းအထင္းေတြက အရမ္းမ်ားလွ်င္ မိနစ္ ၃၀ေလာက္ စိမ္ေပးထားပါ။
ၿပီးေနာက္ သင့္လက္ေတြနဲ႔ ေလွ်ာ္ဖြပ္ေပးပါ။ တတ္ႏိုင္သေလာက္ ညင္ညင္သာသာ အစြန္းအထင္းေတြကို ပြတ္တိုက္ေပးပါ။ အစြန္းေတြကို အရမ္းပြတ္တိုက္တာက အမွားတစ္ခုပါ။
ၿပီးေနာက္ သန္႔ရွင္းေသာေရႏွင့္ ေကာင္းစြာ ေဆးေၾကာၿပီး အေျခာက္ခံပါ။ အေရးႀကီးတာက Radiator ေပၚမွာ အေရာင္ေဖ်ာ့အ၀တ္အစားေတြကို အေျခာက္မခံပါနဲ႔။ ျဖစ္ႏိုင္စရာ အမ်ားစုက ဖယ္ရွားဖို႔ခက္ခဲတဲ့ အ၀ါေရာင္အစက္အေျပာက္ေတြ ရရွိလာပါလိမ့္မယ္။

နည္းလမ္း ၂
ေရေႏြး ၆လီတာ
ဆိုဒါ စားပြဲတင္ဇြန္း ၆ဇြန္း
ဟုိက္ဒရိုဂ်င္ပါေအာက္ဆိုဒ္ စားပြဲတင္ဇြန္း ၂ဇြန္း
အမိုးနီးယား စားပြဲတင္ဇြန္း ၂ဇြန္း လိုအပ္ပါတယ္.

အသံုးျပဳနည္း
ေရထဲမွာ ပါ၀င္ပစၥည္းအားလံုးကို ေပ်ာ္၀င္သြားေအာင္ ေကာင္းစြာ ေရာေမႊေပးပါ။ သင့္ရဲ႕အျဖဴေရာင္ ဘရာဇီယာ သို႔မဟုတ္ တီရွပ္ႏွင့္ အတြင္းခံေဘာင္းဘီေတြကို ၃နာရီေလာက္ ထည့္စိမ္ထားပါ။ ၿပီးေနာက္ သင့္လက္ျဖင့္ ေလွ်ာ္ဖြပ္ၿပီး အေျခာက္လွန္းထားပါ။
အေရးႀကီးတာက ဒီနည္းလမ္းကို ေရြးခ်ယ္ပါက ေလ၀င္ေလထြက္ေကာင္းတဲ့ေနရာမွာ သင့္အ၀တ္အစားေတြကို အေရာင္ခၽြတ္တာ ပိုေကာင္းပါလိမ့္မယ္။ ဒါ့ေၾကာင့္ ျပတင္းေပါက္မ်ားကို ဖြင့္ထားပါ။ အေငြ႔ေတြကို မရႈပါနဲ႔။

သင့္ရဲ႕အျဖဴေရာင္ဘရာ ေတြ အ၀ါေရာင္ အစြန္းအထင္းေတြ မျဖစ္ေအာင္ ေသခ်ာကူညီႏိုင္တဲ့ နည္းလမ္းတစ္ခ်ိဳ႕က
၁။ အျဖဴေရာင္အ၀တ္ေတြကို သီးသန္႔ သိမ္းထားပါ။
၂။ deodorant အသံုးျပဳတဲ့အခါ ေျခာက္သြားတဲ့ အထိ ေစာင့္ဆိုင္းၿပီးမွ သင့္ရဲ႕ဘရာစီယာကို ၀တ္ဆင္ပါ။
၃။ အျဖဴေရာင္ အ၀တ္အစားေတြ အတြက္ ထုတ္လုပ္ထားတဲ့ ဆပ္ျပာကို အသံုးျပဳပါ။
၄။ သင့္ရဲ႕ အျဖဴေရာင္ အတြင္းခံအ၀တ္အစားေတြကို ေရပူႏွင့္ မေလွ်ာ္ပါနဲ႔။ မီးခိုးေရာင္ ေျပာင္းလဲသြားပါလိမ့္မယ္။
၅။ စက္နဲ႔ေလွ်ာ္တာထက္ လက္နဲ႔ေလွ်ာ္တာက ပိုေကာင္းပါတယ္။
#Lifestyle_Myanmar
#TB_Nandar

Unicode

အဖြူရောင် အဝတ်အစားတွေကို ထိန်းသိမ်းနိုင်မယ့်နည်းလမ်းလေးများ
အဖြူရောင်အဝတ်အစားသစ်တွေ၊ အဖြူရောင်အတွင်းခံတွေ ၀ယ်လာပြီး ၀တ်လို့ သိပ်မကြာခင်မှာ အဝါရောင်ပြောင်းလာတာ၊ အစွန်းအထင်းတွေ ဖြစ်လာတာ လူတိုင်းကြုံကြရမှာပါ။ ချွေးနှင့် ချွေးနံ့ပျောက်ဆေးတွေအားလုံးက ဒီအခြေအနေကို ပိုပြီးဆိုးရွားစေပါတယ်။ ဘယ်သူမှ အဝတ်တွေကို ခဏခဏ ပြန်လျှော်ရတာကို မနှစ်သက်ပါဘူး ။ အဝတ်တွေအားလုံးလျှော်ပြီးလို့ အစွန်းအထင်းများ ကျန်နေရင် စိတ်အနှောက်အယှက်အများဆုံးဖြစ်ရပါတယ်။ ဒါ့ကြောင့်အဖြူရောင်အဝတ်အစားတွေ၊ ဇာဘရာစီယာနှင့် အတွင်းခံတွေကို ထိန်းသိမ်းဖို့ ရိုးရှင်းသော နည်းလမ်းတစ်ချို့ကိုမျှဝေပေးလိုက်ပါတယ်။
အဝတ်လျှော်တဲ့အခါ ရော်ဘာလက်အိတ် ၀တ်ထားခြင်းအားဖြင့် သင့်လက်တွေကို ကာကွယ်စောင့်ရှောက်ဖို့ မမေ့ပါနဲ့။

နည်းလမ်း ၁
ရေနွေး ၂လီတာ
ဆား စားပွဲတင်ဇွန်း ၂ဇွန်း
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ဇွန်း
ဆပ်ပြာမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း လိုအပ်ပါတယ်။

အသုံးပြုနည်း
ရေထဲမှာ ဆပ်ပြာ၊ ဆိုဒါနှင့်ဆားကို ဖျော်ပါ။ ၁၅မိနစ်လောက် သင့်ရဲ့အဖြူရောင် အဝတ်အစားတွေကို စိမ်ထားပါ။ အဝါရောင် အစွန်းအထင်းတွေက အရမ်းများလျှင် မိနစ် ၃၀လောက် စိမ်ပေးထားပါ။
ပြီးနောက် သင့်လက်တွေနဲ့ လျှော်ဖွပ်ပေးပါ။ တတ်နိုင်သလောက် ညင်ညင်သာသာ အစွန်းအထင်းတွေကို ပွတ်တိုက်ပေးပါ။ အစွန်းတွေကို အရမ်းပွတ်တိုက်တာက အမှားတစ်ခုပါ။
ပြီးနောက် သန့်ရှင်းသောရေနှင့် ကောင်းစွာ ဆေးကြောပြီး အခြောက်ခံပါ။ အရေးကြီးတာက Radiator ပေါ်မှာ အရောင်ဖျော့အဝတ်အစားတွေကို အခြောက်မခံပါနဲ့။ ဖြစ်နိုင်စရာ အများစုက ဖယ်ရှားဖို့ခက်ခဲတဲ့ အဝါရောင်အစက်အပြောက်တွေ ရရှိလာပါလိမ့်မယ်။

နည်းလမ်း ၂
ရေနွေး ၆လီတာ
ဆိုဒါ စားပွဲတင်ဇွန်း ၆ဇွန်း
ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် စားပွဲတင်ဇွန်း ၂ဇွန်း
အမိုးနီးယား စားပွဲတင်ဇွန်း ၂ဇွန်း လိုအပ်ပါတယ်.

အသုံးပြုနည်း
ရေထဲမှာ ပါ၀င်ပစ္စည်းအားလုံးကို ပျော်ဝင်သွားအောင် ကောင်းစွာ ရောမွှေပေးပါ။ သင့်ရဲ့အဖြူရောင် ဘရာဇီယာ သို့မဟုတ် တီရှပ်နှင့် အတွင်းခံဘောင်းဘီတွေကို ၃နာရီလောက် ထည့်စိမ်ထားပါ။ ပြီးနောက် သင့်လက်ဖြင့် လျှော်ဖွပ်ပြီး အခြောက်လှန်းထားပါ။
အရေးကြီးတာက ဒီနည်းလမ်းကို ရွေးချယ်ပါက လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သင့်အဝတ်အစားတွေကို အရောင်ချွတ်တာ ပိုကောင်းပါလိမ့်မယ်။ ဒါ့ကြောင့် ပြတင်းပေါက်များကို ဖွင့်ထားပါ။ အငွေ့တွေကို မရှုပါနဲ့။

သင့်ရဲ့အဖြူရောင်ဘရာ တွေ အဝါရောင် အစွန်းအထင်းတွေ မဖြစ်အောင် သေချာကူညီနိုင်တဲ့ နည်းလမ်းတစ်ချို့က
၁။ အဖြူရောင်အဝတ်တွေကို သီးသန့် သိမ်းထားပါ။
၂။ deodorant အသုံးပြုတဲ့အခါ ခြောက်သွားတဲ့ အထိ စောင့်ဆိုင်းပြီးမှ သင့်ရဲ့ဘရာစီယာကို ၀တ်ဆင်ပါ။
၃။ အဖြူရောင် အဝတ်အစားတွေ အတွက် ထုတ်လုပ်ထားတဲ့ ဆပ်ပြာကို အသုံးပြုပါ။
၄။ သင့်ရဲ့ အဖြူရောင် အတွင်းခံအဝတ်အစားတွေကို ရေပူနှင့် မလျှော်ပါနဲ့။ မီးခိုးရောင် ပြောင်းလဲသွားပါလိမ့်မယ်။
၅။ စက်နဲ့လျှော်တာထက် လက်နဲ့လျှော်တာက ပိုကောင်းပါတယ်။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here