25 C
Yangon
June 22, 2018
  • Home
  • Lifestyle
  • Health & Beauty
  • အသက်အရွယ်ပေါ်မူတည်ပြီး အိပ်ချိန်ပမာဏ ပြောင်းလဲခြင်းနှင့် အိပ်ယာကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အကြောင်းပြချက် ၅မျိုး
Health & Beauty

အသက်အရွယ်ပေါ်မူတည်ပြီး အိပ်ချိန်ပမာဏ ပြောင်းလဲခြင်းနှင့် အိပ်ယာကြောင့် သင့်ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အကြောင်းပြချက် ၅မျိုး

အိပ်ယာ

လူတစ်ယောက်ရဲ့အိပ်ချိန်ဟာ ကျန်းမာရေးအတွက် အများကြီးအကျိုးသက်ရောက်ပါတယ်။ သင်အိပ်တဲ့ အိပ်ယာပေါ်မှာလဲ မူတည်ပြီး သင့်ကျန်းမာရေးအတွက် ဆိုးကျိုး/ကောင်းကျိုးတွေဖြစ်လာနိုင်ပါတယ်။ အသက်အရွယ်ကြီးလာတဲ့အခါမှာ သင့်အိပ်ချိန်ပမာဏကို ပြောင်းလဲသင့်တယ်ဆိုတာရော သိကြပါသလား။ လူတစ်ယောက်ဟာ အခြေခံအားဖြင့် တစ်နေ့ကို ၈နာရီ အိပ်ဖို့လိုအပ်ပါတယ်။

အသက်အရွယ်ပေါ်မူတည်ပြီး အိပ်ချိန်ပမာဏ

မွေးကင်းစကလေးမှ စပြီး ၃လအရွယ်ကလေးအိပ်ချိန်- ၁၄ နာရီမှ ၁၇နာရီထိ
၎လမှ ၁၁ လအရွယ် ကလေးအိပ်ချိန် – ၁၂နာရီမှ ၁၅ နာရီအထိ
၃နှစ်မှ ၅ နှစ်အရွယ် ကလေးအိပ်ချိန် – ၁၀နာရီမှ ၁၃နာရီအထိ
၆နှစ်မှ ၁၂ အရွယ်ကလေးအိပ်ချိန် – ၉နာရီ မှ ၁၁နာရီအထိ
၁၃နှစ်မှ ၁၇နှစ်အရွယ် ကလေးအိပ်ချိန် – ၈နာရီမှ ၁၀နာရီအထိ
၁၈နှစ်မှ ၂၅ နှစ်အထိ လူငယ်အရွယ်အိပ်ချိန် – ၇ နာရီမှ ၉နာရီအထိ
အရွယ်ရောက်ပြီးသူ ၂၆ နှစ်မှ ၆၄နှစ် အရွယ် အိပ်ချိန် – ၇နာရီမှ ၉နာရီအထိ
၆၅နှစ်အရွယ် လူကြီးများဟာတစ်နေ့ကို ၇နာရီမှ ၈ နာရီအထိ အိပ်ဖို့လိုအပ်ပါတယ်။

၁။ အိပ်ယာထတဲ့အခါ ကျောရိုးနာကျင်ခြင်း/ ခါးနာခြင်း ပြဿနာ


တခါတလေ သင်အိပ်ယာထတဲ့အခါမှာ ကျောရိုးက နာကျင်ခြင်း/ ခါးနာခြင်း ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒီပြဿနာဟာ သင့်အိပ်တဲ့အခါမှာ မာကြောပြီးသက်သောက်သက်သာမရှိတဲ့ အောက်ခံကြမ်းပြင်ပေါ်မှာ ဖြစ်သလိုအိပ်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သင်အိပ်မယ်ဆိုရင်တော့ နူးညံ့တဲ့ မွေ့ယာပေါ်မှာ အိပ်သင့်ပါတယ်။ သင်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မွေ့ယာမျိုးကို ရှာပြီး အပ်သင့်ပါတယ်။

၂။ အိမ်မွေးတိရစ္ဆာန်နဲ့အတူ အိပ်တတ်ခြင်း


အိမ်မွေးတိရစ္ဆာန်ချစ်တတ်တဲ့သူ တော်တော်များများဟာ အိပ်တဲ့အခါမှာ သူတို့ရဲ့ တိရစ္ဆာန်လေးတွေကို အိပ်ယာပေါ်မှာ ခေါ်ပြီး အတူအိပ်တတ်ကြပါတယ်။ အတူအိပ်တဲ့အခါ အိမ်မွေးတိရစ္ဆာန်ရဲ့ အမွှေးဟာ သင့်အိပ်ယာပေါ်မှာ ပြန့်ကျဲနေတတ်ပြီး မလိုလားအပ်တဲ့ကျန်းမာရေးကို ထိခိုက်မှုများဖြစ်တတ်ပါတယ်။ ဒါကြောင့် သင်အိပ်တဲ့အခါမှာ အိမ်မွေးတိရစ္ဆာန်တွေကို သီးသန့်အိပ်ယာဖြင့် ခွဲသိပ့်သင့်ပြီး သင့်အိပ်ယာကိုလဲ အမြဲလိုလို သန့်ရှင်းဖို့ လိုအပ်ပါတယ်။

၃။ ယားယံခြင်း


တခါတလေ သင်အိပ်တဲ့အခါမှာ ခန္ဓာကိုယ်ပေါ်မှာ ရွစိရွစိနဲ့ ယားယံတာမျိုးဖြစ်တတ်ပါတယ်။ ဒါဟာ အလွန်သေးငယ်တဲ့ ပင့်ကူလို ပိုးမွှားလေးတွေ ကြမ်းပိုးတွေကြောင့်ဖြစ်ပါတယ်။ ဒီပိုးမွှားလေးတွေဟာ စိုထိုင်းပြီး ပျော့ပျောင်းတဲ့ မွေ့ယာ၊ ခေါင်းအုံး တွေပေါ်မှာရှိတတ်ပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်၊ မွေ့ယာ၊ ခေါင်းအုံး တို့ကို တစ်ပတ်တစ်ခါလောက် လဲခြင်း၊ လျှော်ဖွက်ခြင်းပြုလုပ်သင့်ပါတယ်။

၎။ ဘက်တီးရီးယားပြန့်ပွားခြင်း


ဘက်တီးရီးယားဟာ စိုစွတ်တဲ့လေထုကနေ တစ်ဆင့် ပြန့်ပွားတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အိပ်ခန်း၊ ခေါင်းအုံး၊ မွေ့ယာ စတဲ့ အိပ်ယာနဲ့ ပတ်သက်တဲ့ အသုံးအဆောင်များ မှိုစွဲနေခြင်း၊ စိုထိုင်းနေခြင်း မဖြစ်အောင် အထူးဂရုစိုက်သင့်ပါတယ်။

၅။ ဓာတုပစ္စည်းများဖြင့် ဖန်တီးထားတဲ့ မွေ့ယာ


အနွေးဓာတ်ရရှိဖို့အတွက် မွေ့ယာအတွင်းပိုင်းများကို ဓာတုပစ္စည်းအမျိုးမျိုးဖြင့် ဖန်တီးထားတတ်ကျပါတယ်။ ဒီလိုအိပ်ယာဟာ သင့်ရဲ့ ကျန်းမာရေးကိုအရမ်းကို အန္တရယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်ယာအသုံးပြုတဲ့အခါမှာလဲ အိပ်ယာခင်းကို မှန်မှန်ကန်ကန်ရွေးခြယ်အသုံးပြုဖို့လိုအပ်ပါတယ်။ သဘာဝ ရော်ဘာစေးဖြင့်ပြုလုပ်ထားတဲ့မွေ့ယာ၊ အော်ဂဲနစ် ဝါဂွမ်းဖြင့်ပြုလုပ်ထားတဲ့မွေ့ယာ၊ အော်ဂဲနစ် သိုးမွှေးမွေ့ယာတို့ကို အသုံးပြုသင့်ပါတယ်။

သံပုရာဂျင်း လက်ဖက်ရည်ရဲ့ အံသြဖွယ် အကျိုးကျေးဇူးများ

Ref-Wikr Daily

#Thar_Nage

Related posts

ပျိုမေတိုင်း သိထားသင့်တဲ့ မတူညီသော မိတ်ကပ်အမျိုးအစားများအကြောင်း

Nandar Lwin

သင်မသိလောက်သေးတဲ့ ကလေးပေါင်းဒါ (Baby Powder) ရဲ့ အလှအပအတွက်အသုံးဝင်ပုံအမျိုးမျိုး

OMCTC

နှုတ်ခမ်းပါးတဲ့သူတွေ နှုတ်ခမ်းဖူးဖူးလေးဖြစ်စေမယ့် နှုတ်ခမ်းနီဆိုးနည်း

Nandar Lwin

Leave a Comment