အာလူးကိုသံုးၿပီး ႏွင္းဆီပင္ အလြယ္တကူစိုက္နည္း

0
16

ႏွင္းဆီပန္းကို ပ်ိဳေမတိုင္း ႏွစ္သက္မယ္လို႔ ထင္ပါတယ္။ အလွစိုက္တာ ဝါသနာပါလို႔ပဲျဖစ္ျဖစ္၊ ပန္းပန္ရတာႏွစ္သက္သူေတြပဲျဖစ္ျဖစ္ ႏွင္းဆီခ်စ္တဲ့ ပ်ိဳေမေတြအတြက္ ႏွင္းဆီပန္းလွလွေလးကို အိမ္မွာအလြယ္တကူစိုက္ပ်ိဳးလို႔ရမယ့္ နည္းလမ္းေလးကို မွ်ေဝေပးခ်င္ပါတယ္။
လိုအပ္တဲ့ပစၥည္းေတြကေတာ့- ျဖတ္ထားတဲ့ႏွင္းဆီရိုးတံ/ အာလူးတစ္လံုး/ေျမဆီလႊာ/ ပန္းစိုက္မယ့္အိုး/ေရသန္႔ဘူးအခြံ
ပထမဆံုး ႏွင္းဆီပင္စည္က အရြက္အားလံုးကို ဖယ္ရွားပါ။ ၄၅ဒီဂရီေစာင္းေစာင္းေလး ျဖတ္ေပးပါ။


အာလူးကို အလယ္ကေန ဓါးဦးခၽြန္နဲ႔ လက္တစ္ဆစ္ေလာက္ အေပါက္တစ္ေပါက္ေဖာက္ေပးပါ။ အဲ့ဒီအေပါက္ထဲမွာ ပင္စည္ကိုထည့္ပါ။ အေပါက္က က်ယ္မေနပဲ ကြက္တိျဖစ္ဖို႔ အေရးႀကီးပါတယ္။


ေနာက္အဆင့္မွာ ပန္းအိုးရဲ႕ ၃ပံု၂ပံုေလာက္ကို ေျမဆီလႊာ ျဖည့္ပါ။ အာလူးကို တစ္ဝက္ျမဳပ္ေအာင္ထည့္ပါ။ အေပၚကေန ေျမဆီလႊာထပ္ျဖည့္ေပးပါ။

ေနာက္ဆံုး ေရသန္႕ဘူးခြံကို ဖင္ျဖတ္ၿပီး သင့္ႏွင္းဆီပင္ေပၚမွာ အုပ္ေပးပါ။

စုိက္ပ်ိဳးၿပီးစ အပင္ေတြကိုေတာ့ ေရကုိ ဂ႐ုတစိုက္ ေလာင္းေပးရမွာပါ။ တစ္ရက္မွာ တစ္ႀကိမ္၊ ဒါမွမဟုတ္ရင္ေတာ့ တစ္ပတ္မွာ တစ္ႀကိမ္ခန္႔ ေရေလာင္းေပးရမွာပါ။


တစ္ပတ္အတြင္းမွာ ႏွင္းဆီပင္ႀကီးထြားတဲ့ ပထမဆံုး လကၡဏာကို သင္သတိထားမိပါလိမ့္မယ္။ ဒီႏွင္းဆီစိုက္နည္းေလးကို ႏွင္းဆီခ်စ္တဲ့ သင့္သူငယ္ခ်င္းေတြကိုလညး္ မွ်ေဝေပးႏိုင္ပါတယ္။
#Lifestyle_Myanmar
#TB_Nandar

Unicode

အာလူးကိုသုံးပြီး နှင်းဆီပင် အလွယ်တကူစိုက်နည်း
နှင်းဆီပန်းကို ပျိုမေတိုင်း နှစ်သက်မယ်လို့ ထင်ပါတယ်။ အလှစိုက်တာ ဝါသနာပါလို့ပဲဖြစ်ဖြစ်၊ ပန်းပန်ရတာနှစ်သက်သူတွေပဲဖြစ်ဖြစ် နှင်းဆီချစ်တဲ့ ပျိုမေတွေအတွက် နှင်းဆီပန်းလှလှလေးကို အိမ်မှာအလွယ်တကူစိုက်ပျိုးလို့ရမယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။
လိုအပ်တဲ့ပစ္စည်းတွေကတော့-လိုအပ်တဲ့ပစ္စည်းတွေကတော့- ဖြတ်ထားတဲ့နှင်းဆီရိုးတံ/ အာလူးတစ်လုံး/မြေဆီလွှာ/ ပန်းစိုက်မယ့်အိုး/ရေသန့်ဘူးအခွံ
ပထမဆုံး နှင်းဆီပင်စည်က အရွက်အားလုံးကို ဖယ်ရှားပါ။ ၄၅ဒီဂရီစောင်းစောင်းလေး ဖြတ်ပေးပါ။
အာလူးကို အလယ်ကနေ ဓါးဦးချွန်နဲ့ လက်တစ်ဆစ်လောက် အပေါက်တစ်ပေါက်ဖောက်ပေးပါ။ အဲ့ဒီအပေါက်ထဲမှာ ပင်စည်ကိုထည့်ပါ။ အပေါက်က ကျယ်မနေပဲ ကွက်တိဖြစ်ဖို့ အရေးကြီးပါတယ်။
နောက်အဆင့်မှာ ပန်းအိုးရဲ့ ၃ပုံ၂ပုံလောက်ကို မြေဆီလွှာ ဖြည့်ပါ။ အာလူးကို တစ်ဝက်မြုပ်အောင်ထည့်ပါ။ အပေါ်ကနေ မြေဆီလွှာထပ်ဖြည့်ပေးပါ။နောက်ဆုံး ရေသန့်ဘူးခွံကို ဖင်ဖြတ်ပြီး သင့်နှင်းဆီပင်ပေါ်မှာ အုပ်ပေးပါ။ စိုက်ပျိုးပြီးစ အပင်တွေကိုတော့ ရေကို ဂရုတစိုက် လောင်းပေးရမှာပါ။ တစ်ရက်မှာ တစ်ကြိမ်၊ ဒါမှမဟုတ်ရင်တော့ တစ်ပတ်မှာ တစ်ကြိမ်ခန့် ရေလောင်းပေးရမှာပါ။
တစ်ပတ်အတွင်းမှာ နှင်းဆီပင်ကြီးထွားတဲ့ ပထမဆုံး လက္ခဏာကို သင်သတိထားမိပါလိမ့်မယ်။ ဒီနှင်းဆီစိုက်နည်းလေးကို နှင်းဆီချစ်တဲ့ သင့်သူငယ်ချင်းတွေကိုလညး် မျှဝေပေးနိုင်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here