အသက္ 50 အရြယ္ထိ လံုး၀အရြယ္မက်တဲ့ တ႐ုတ္အမ်ိဳးသမီး Liu Yelin ရဲ႕လွပျခင္းဆိုင္ရာ လႈိ႔၀ွက္ခ်က္

0
14

အသက္အရြယ္ေၾကာင့္ အိုမင္းလာမႈကို လူတိုင္းမလြန္ဆန္ႏိုင္ၾကပါဘူး။ ဒါေပမယ့္ တ႐ုတ္အမ်ိဳးသမီး Liu Yelin ကေတာ့ သူမကိုျမင္သူတိုင္း အံ့ၾသသြားေစမဲ့ အရြယ္တင္ႏုပ်ိဳမႈကိုပိုင္ဆိုင္ၿပီး မိန္းကေလးတိုင္းရဲ႕ အိမ္မက္ျဖစ္တဲ့ လွပတဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားပါတယ္။ သူမဟာ ယခုဆိုရင္အသက္ ၅၀ ျပည့္ၿပီျဖစ္ေသ္လည္း သူမရဲ႕အသက္တ၀က္ေလာက္ အရြယ္တင္ေနေၾကာင္း သိရွိရပါတယ္။

-Advertisement-

သူမဟာ အသက္ဆိုတာအေရအတြက္ သက္သက္သာျဖစ္ေၾကာင္း သက္ေသျပခဲ့သလို အသက္ ၂၂ ႏွစ္အရြယ္သားရဲ႕ ခ်စ္သူလို႔ အမ်ားက ယခုအခ်ိန္ထိ မွားယြင္းေနၾကဆဲျဖစ္ပါတယ္။ သူမဟာ မိတ္ကပ္အျပင္အဆင္ မပါပဲသဘာ၀အတိုင္းလွေနတာေၾကာင့္ သူမအသက္အမွန္ကို လူေတြကိုေျပာတဲ့အခါ သူတို႔ကမယံုၾကည္ၾကေၾကာင္းနဲ႔ သူမရဲ႕ညီမေတြနဲ႔ သူစိမ္းေတြက သူမရဲ႕အလွအပထိန္းသိမ္းမႈ လႈိ႔၀ွက္ခ်က္ကို ရွာေဖြေနၾကေၾကာင္းလည္း သူမကေျပာခဲ့ပါတယ္။

သူမရဲ႕မ်က္ႏွာေပၚမွာ အေရးအေၾကာင္းတစ္ခုေတာင္မရွိတာေၾကာင့္ သူမရဲ႕လႈိ႔၀ွက္ခ်က္ကို ေမးျမန္းတဲ့အခါ သူမက” ေလ့က်င့္ခန္းပံုမွန္လုပ္ၿပီး၊ က်န္းမာတဲ့ဘ၀ေနထိုင္မႈပံုစံ ရွိတဲ့သူတစ္ေယာက္အတြက္ ဒါဟာ ဆုလာဘ္တစ္ခု ျဖစ္လာပါလိမ့္မယ္လို႔ ေျဖခဲ့ပါတယ္။ သူမကိုယ္တိုင္ ေရကူးျခင္း၊ ေျပးျခင္း၊ အေလးမ စတဲ့ လႈပ္ရွားမႈေတြကို ပံုမွန္ျပဳလုပ္ေနတာေၾကာင့္ ခႏၶာကိုယ္ကက်စ္လစ္လွပေနၿပီး က်န္မာတဲ့ဘ၀ေနထုိင္မႈပံုစံေၾကာင့္ အရြယ္တင္ေနတာ ျဖစ္ပါတယ္။


ေလ့လာမႈအရ သူမဟာေန႔စဥ္တိုင္း ေရကန္မွေရကူးျခင္း အေလးေတြနဲ႔ ေလ့က်င့္ျခင္းတို႔ကို ပံုမွန္ျပဳလုပ္ေလ့ရွိၿပီး၊ သူမရဲ႕အႀကိဳက္ဆံုးအရာကေတာ့ ေဆာင္းတြင္းဖက္ အျပင္ဖက္မွာေရကူးျခင္း ျဖစ္တယ္လို႔ သူမကဆိုပါတယ္။ ေရကူးတာကို အရမ္း၀ါသနာပါတာေၾကာင့္ တ႐ုတ္ႏိုင္ငံ ယန္ဇီျမစ္နဲ႔၊ ကိုရီးယားႏိုင္ငံ ဟန္ျမစ္ကို ျဖတ္ကူးႏိုင္ေအာင္ ႀကိဳးစားႏိုင္ခဲ့ပါတယ္ လို႔သူမကဆိုပါတယ္။ ဒါ့အျပင္ ၂၀၁၆ ခုႏွစ္မွာ မေလးရွားႏိုင္ငံ ပီနန္းကေန  မာလာကာေရလက္ၾကားကိုလည္း သူမကကူးျဖတ္ခဲ့ၿပီး ၇.၄၅ မိုင္ကို ၄ နာရီနဲ႔ ေရာက္ေအာင္ကူးႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Weibo မွာ သူမကနာမည္ေက်ာ္ၿပီး ေဖာ္လို၀ါ 47K ရွိသလို သူမရဲ႕ေဆာင္ပုဒ္က ” သင္အိုမင္းေနတယ္လို႔ ထင္ေနတာ ဘာေၾကာင့္လဲဆိုေတာ့ ေခၽြးလံုေလာက္ေအာင္ မထြက္ခဲ့လို႔ပါပဲ” လို႔ သူမကေရးထားပါတယ္။ ဒါေၾကာင့္သူမကိုယ္တိုင္ က်န္းမာစြာေနထိုင္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို သက္ေသျပခဲ့သလို အျခားသူေတြကိုလည္း က်န္းမာေရးနဲ႔ညီညြတ္ေအာင္ စားသံုးဖို႔၊ ပံုမွန္ေလ့က်င့္ခန္းလုပ္ဖို႔အတြက္ မေမ့ဖို႔ ၊ အိုမင္းမႈကို စိန္ေခၚမႈတစ္ခုလို ၾကံ့ၾကံ့ခံရင္ဆိုင္ဖို႔အတြက္ အၾကံဥာဏ္ေတြ အမ်ားႀကီးေပးခဲ့ပါတယ္။

မိသားစုအတြင္း ေကာင္းမြန္တဲ့အက်င့္စ႐ိုက္နဲ႔၊ အဆိပ္အေတာက္ျဖစ္ေစႏိုင္တဲ့ အက်င့္စ႐ိုက္ (၈) မ်ိဳး

#LM_Naung_Naung

#Lifestyle_Myanmar


Unicode

အသက် 50 အရွယ်ထိ လုံးဝအရွယ်မကျတဲ့ တရုတ်အမျိုးသမီး Liu Yelin ရဲ့လှပခြင်းဆိုင်ရာ လှို့ဝှက်ချက်

အသက်အရွယ်ကြောင့် အိုမင်းလာမှုကို လူတိုင်းမလွန်ဆန်နိုင်ကြပါဘူး။ ဒါပေမယ့် တရုတ်အမျိုးသမီး Liu Yelin ကတော့ သူမကိုမြင်သူတိုင်း အံ့သြသွားစေမဲ့ အရွယ်တင်နုပျိုမှုကိုပိုင်ဆိုင်ပြီး မိန်းကလေးတိုင်းရဲ့ အိမ်မက်ဖြစ်တဲ့ လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ သူမဟာ ယခုဆိုရင်အသက် ၅၀ ပြည့်ပြီဖြစ်သေ်လည်း သူမရဲ့အသက်တဝက်လောက် အရွယ်တင်နေကြောင်း သိရှိရပါတယ်။

သူမဟာ အသက်ဆိုတာအရေအတွက် သက်သက်သာဖြစ်ကြောင်း သက်သေပြခဲ့သလို အသက် ၂၂ နှစ်အရွယ်သားရဲ့ ချစ်သူလို့ အများက ယခုအချိန်ထိ မှားယွင်းနေကြဆဲဖြစ်ပါတယ်။ သူမဟာ မိတ်ကပ်အပြင်အဆင် မပါပဲသဘာဝအတိုင်းလှနေတာကြောင့် သူမအသက်အမှန်ကို လူတွေကိုပြောတဲ့အခါ သူတို့ကမယုံကြည်ကြကြောင်းနဲ့ သူမရဲ့ညီမတွေနဲ့ သူစိမ်းတွေက သူမရဲ့အလှအပထိန်းသိမ်းမှု လှို့ဝှက်ချက်ကို ရှာဖွေနေကြကြောင်းလည်း သူမကပြောခဲ့ပါတယ်။

သူမရဲ့မျက်နှာပေါ်မှာ အရေးအကြောင်းတစ်ခုတောင်မရှိတာကြောင့် သူမရဲ့လှို့ဝှက်ချက်ကို မေးမြန်းတဲ့အခါ သူမက” လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး၊ ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ ရှိတဲ့သူတစ်ယောက်အတွက် ဒါဟာ ဆုလာဘ်တစ်ခု ဖြစ်လာပါလိမ့်မယ်လို့ ဖြေခဲ့ပါတယ်။ သူမကိုယ်တိုင် ရေကူးခြင်း၊ ပြေးခြင်း၊ အလေးမ စတဲ့ လှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်နေတာကြောင့် ခန္ဓာကိုယ်ကကျစ်လစ်လှပနေပြီး ကျန်မာတဲ့ဘဝနေထိုင်မှုပုံစံကြောင့် အရွယ်တင်နေတာ ဖြစ်ပါတယ်။

လေ့လာမှုအရ သူမဟာနေ့စဉ်တိုင်း ရေကန်မှရေကူးခြင်း အလေးတွေနဲ့ လေ့ကျင့်ခြင်းတို့ကို ပုံမှန်ပြုလုပ်လေ့ရှိပြီး၊ သူမရဲ့အကြိုက်ဆုံးအရာကတော့ ဆောင်းတွင်းဖက် အပြင်ဖက်မှာရေကူးခြင်း ဖြစ်တယ်လို့ သူမကဆိုပါတယ်။ ရေကူးတာကို အရမ်းဝါသနာပါတာကြောင့် တရုတ်နိုင်ငံ ယန်ဇီမြစ်နဲ့၊ ကိုရီးယားနိုင်ငံ ဟန်မြစ်ကို ဖြတ်ကူးနိုင်အောင် ကြိုးစားနိုင်ခဲ့ပါတယ် လို့သူမကဆိုပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်မှာ မလေးရှားနိုင်ငံ ပီနန်းကနေ  မာလာကာရေလက်ကြားကိုလည်း သူမကကူးဖြတ်ခဲ့ပြီး ရ.၄၅ မိုင်ကို ၄ နာရီနဲ့ ရောက်အောင်ကူးနိုင်ခဲ့ကြောင်းသိရပါတယ်။

တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Weibo မှာ သူမကနာမည်ကျော်ပြီး ဖော်လိုဝါ 47K ရှိသလို သူမရဲ့ဆောင်ပုဒ်က ” သင်အိုမင်းနေတယ်လို့ ထင်နေတာ ဘာကြောင့်လဲဆိုတော့ ချွေးလုံလောက်အောင် မထွက်ခဲ့လို့ပါပဲ” လို့ သူမကရေးထားပါတယ်။ ဒါကြောင့်သူမကိုယ်တိုင် ကျန်းမာစွာနေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သက်သေပြခဲ့သလို အခြားသူတွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးဖို့၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့အတွက် မမေ့ဖို့ ၊ အိုမင်းမှုကို စိန်ခေါ်မှုတစ်ခုလို ကြံ့ကြံ့ခံရင်ဆိုင်ဖို့အတွက် အကြံဉာဏ်တွေ အများကြီးပေးခဲ့ပါတယ်။

#LM_Naung_Naung
#Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here