0
14
-Advertisement-
၂။ မှန်ကန်တဲ့ texture
၃။ Eye Primer
၅။ ရွန်းစိုတဲ့ အသားအရေ
၆။ နှုတ်ခမ်းနီ
၇။ မျက်ခုံးမွှေး
၈။ မျက်တောင်ကော့ဆေး
#Lifestyle_Myanmar
#TB_Nandar
Unicode
အသက် ၄ဝကျော်အန်တီမမတို့အတွက် မိတ်ကပ် Artists တွေအကြံပြုထားတဲ့ မိတ်ကပ်စည်းမျဉ်းများ
မိတ်ကပ်ဟာ လူတစ်ယောက်ရဲ့အလှအပပြဿနာများကို တိုက်ဖျက်ရာမှာ အနိုင်ရနိုင်သလို ဆုံးရှုံးသွားနိုင်တဲ့ အစွမ်းထက်လက်နက်တစ်ခုပါ။ အထူးသဖြင့် မိတ်ကပ်ကို စနစ်တကျ အသုံးပြုဖို့က အသက် ၄ဝကျော် အမျိုးသမီးများအတွက်လည်း အလွန်အရေးပါပါတယ်။ ဒီအသက်အရွယ်မှာ ယခင်ကလို ကိုယ့်ရဲ့အားသာချက်ကို အလေးပေးဖို့အပြင် မျက်နှာကို နုပျိုစေဖို့လည်း လိုအပ်ပါတယ်။
သင်ဟာ ကျွမ်းကျင်မှုနဲ့ မိတ်ကပ်ကောင်း၏ အကူအညီနှင့်အတူ ငယ်ရွယ်တဲ့အလှသို့ ပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် အသက် ၄ဝကျော်လာရင် မိတ်ကပ်ကို ဘယ်လိုလိမ်းချယ်သင့်သလဲဆိုတဲ့ မိတ်ကပ်ပညာရှင်တွေရဲ့ အကြံပြုချက်လေးတွေကို လိုက်နာလို့ရအောင် မျှဝေပေးလိုက်ပါတယ်။
၁။ မိတ်ကပ်ကို အရင်မလိမ်းပါနဲ့
ညဝတ်အကျီ င်္ဘောင်းဘီပွကြီး ဝတ်ဆင်ပြီး မှှန်ရှေ့မှာ ထိုင်ကာ မိတ်ကပ်လိမ်းခြင်းဖြင့် သင့်ရဲ့တစ်နေ့တာကို မစတင်ပါနဲ့။ မိတ်ကပ်ပညာရှင်များက ဒါက ပန်းချီကားတစ်ချပ်ရဲ့ ဘောင်သာဖြစ်တယ်လို့ ဆိုပါတယ်။ ဆံပင်စတိုင်နှင့် အဝတ်အစားကို အဆင်သင့် ဆုံးဖြတ်ပြီးမှသာ မိတ်ကပ်ကို နောက်ဆုံး ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ထိုအခါ သင့်ရဲ့အလုံးစုံပုံရိပ်ကို ပြီးမြောက်ပါလိမ့်မယ်။
၂။ မှန်ကန်တဲ့ texture
တောက်ပြောင်နေတဲ့ ရှဲဒိုးတွေနဲ့ ပုလဲနှုတ်ခမ်းနီ မဟုတ်ပါဘူး။ ဒါတွေက နှုတ်ခမ်းထောင့်က အရေးအကြောင်းတွေနဲ့ မျက်ဝန်းက ကျီးခြေရာတွေကို ပြသ ရာရောက်ပါတယ်။ ပွဲတတ် look ပြင်ချင်ရင် မျက်လုံးရဲ့အတွင်းထောင့်မှာ highlighter ပါးပါးလေးထည့်နိုင်ပါတယ်။ ဒါမှသာ အမြင်မှာ ကြည်လင်နေစေပါလိမ့်မယ်။ ဒါက သင့်မျက်နှာပေါ်က ပင်ပန်းနွမ်းနယ်မှုရဲ့လက္ခဏာတွေကိုလည်း ဖုံးကွယ်ပေးပါလိမ့်မယ်။ Concealer နှင့် မျက်ကွငး်ညိုတာကို ဖုံးကွယ်ဖို့ မမေ့ပါနဲ့။
၃။ Eye Primer
ဒီအသက်အရွယ်မှာ အရေပြားဟာ စတင်ပြီး လျော့ရဲရဲဖြစ်လာပါပြီ။ သင့်ရဲ့အကြည့်တစ်ချက်ကို ပိုမိုနက်ရှိုင်းစေဖို့ မှန်ကန်တဲ့ ရှဲဒိုးကာလာကို ရှာဖွေဖို့ လိုအပ်ပါတယ်။ (ဥပမာ- အညိုရောင်၊ မီးခိုးရောင်၊ အသားရောင်)။ အနက်နှင် အရောာင်တောက်တောက်တွေကို ရှောင််ရှားဖို့ ကြိုးစားပါ။ မျက်ခွံအတွန့်တွေမှာ အလှကုန်တွေ စုပုံနေခြင်းမှ တားဆီးဖို့ Primer ကို အရင်ဆုံးလိမ်းပေးပါ။
၄။ ပါးရိုးတွေကို Highlight လုပ်ပေးပါ
သင့်မျက်နှာကို နုပျိုနေစေဖို့ မက်မွန်ရောင်၊ အဝါနုရောင် သို့ ပန်းရောင်ဖျော့ဖျော့နှင့်အတူ ပါးရိုးတွေကို ဟိုက်လိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။ ပါးရိုးများရဲ့ အထင်ရှားဆုံး အစိတ်ပိုင်းပေါ်မှာhighlight cream သို့ အမှုန့် နည်းနည်း တင်ပေးပါ။
၅။ ရွန်းစိုတဲ့ အသားအရေ
အောက်ခံမိတ်ကပ်ကို ရွေးချယ်တဲ့အခါ သူ့ရဲ့သိပ်သည်းဆကို ဂရုပြုပါ။ အရောင်ဖျော့ဖျော့မိတ်ကပ်ရည်ကို ရွေးချယ်တာ၊ သို့မဟုတ် အဆီမပါဝင်တဲ့ day cream နှင့်အောက်ခံမိတ်ကပ်ကို ရောလိမ်းတာက အကောာင်းဆုံးပါ။ ဒါက သင့်အသားအရေကို ဝင်းပနေစေမှာပါ။
၆။ နှုတ်ခမ်းနီ
ဒီအသက်အရွယ်မှာ နှုတ်ခမ်းရဲ့ကောက်ကြောင်းများက ကွဲပြားမှု လျော့နညး်လာပါပြီ။ဒါ့ကြောင့် နှုတ်ခမ်းနီမဆိုးခင်မှာ ပုံသဏ္ဍန်အနညး်ငယ်ပေါ်စေဖို့ ခဲတံနဲ့ပုံဖော်သင့်ပါတယ်။ သဘာဝကျကျဖြစ်စေဖို့ နှှုတ်ခမ်းလိုင်းတွေို ကျော်ပြီး မဆွဲသင့်ပါဘူး။ ဒါ့အပြင် မိတ်ကပ်ပညာရှင်များက Matte Lipstick များကိုလည်း အသုံးပြုဖို့ အကြံပြုထားပါတယ်။
၇။ မျက်ခုံးမွှေး
သင့်မျက်ခုံးတွေပေါ်မှာ အချိန်ကို ချွေတာမနေပါနဲ့။ မျက်ခုံးတွေကပဲ သင့်မျက်နှာကို ပြည့်စုံစေတာပါ။ တခါတရံမှာ မျက်ခုံးမွှေးတွေက အသက်ကြီးတဲ့ပုံ မပေါက်စေပါဘူး။ ဒါ့ကြောင့် မျက်ခုံးအလှကိုလည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ မျက်ခုံးမွှေးတွေကို moisturize၊ ဗီတာမင်နှင့် အာဟာရဓါတ်များ ဖြည့်တင်းပေးပါ။
၈။ မျက်တောင်ကော့ဆေး
သင့်ရဲ့အကြည့်တွေ စူးရှနေစေဖို့ မျက်တောင်ကော့ဆေး သုံးပါ။ မျက်တောင်ရှည်ရှည်လိုချင်သလား/ ခပ်ထူထူလေး လိုချင်သလားဆိုတာ သင်ရွေးချယ်တဲ့အပေါ်မှာ မှုတည်ပါတယ်။ မျက်တောင်ကော့ဆေးသုံးတဲ့အခါ သင်နဲ့ တည့်လား/မတည့်လားဆိုတာ သေချာနေစေဖို့ အရေးကြိးပါတယ်။ မျက်တောင်ကော့ဆေး သုံးတဲ့အခါ အောက်မျက်တောင်တွေပေါ်မှာ မသုံးပါနဲ့။ သင့်ကိုပိုပြီး ရုပ်ရင့်စေလို့ပါ။
၉။ မျက်နှာတစ်ပြင်လုံးကို ပေါင်ဒါမလိမ်းပါနဲ့
မျက်နှာတစ်ပြင်လုံးကို ပေါင်ဒါမလိမ်းပါနဲ့။ T-Zone နေရာတွေကိုပဲ အနည်းငယ်ပုတ်ပေးပါ။ ပေါင်ဒါက အရေးအကြောင်းတွေမှာ ပိတ်စေနိုင်တဲ့နေရာ မျက်လုံးတွေ၊ ပါးတွေရဲ့ ဧရိယာကို ရှောင်ရှားပါ။
#Lifestyle_Myanmar
#TB_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here