အသက္ ၂၇ႏွစ္အရြယ္ႏွင့္ ဘူတန္ႏိုင္ငံရဲ႕ ကမာၻ႕အသက္အငယ္ဆံုး ဘုရင္မျဖစ္လာတဲ့ Jetsun Pema

0
31

ဘုရင္မ Jetsun ဟာ ၂၀၁၁ ေအာက္တိုဘာမွာ ဘူတန္ဘုရင္ရဲ႕ မိဖုရားျဖစ္လာခဲ့ပါတယ္။’ Dragon King’ လို႔ထင္ရွားတဲ့ ဘူတန္ႏိုင္ငံရဲ႕ဘုရင္ အသက္၃၁ႏွစ္အရြယ္ Jigme Khesar Namgyel Wangchuck ႏွင့္ လက္ထပ္တဲ့ အခ်ိန္မွာ သူမသည္ အသက္ ၂၁ႏွစ္သာ ရွိေသးပါတယ္။

-Advertisement-

ဘူတန္ဘုရင္ႏွင့္ လက္မထပ္ခင္ ဘုရင္မ Jetsun သည္ လန္ဒန္က Regen’t College မွာ Art history ဘာသာရပ္ကို ေလ့လာေနခဲ့ပါတယ္။ သူမ လန္ဒန္မွာ ပညာသင္ေနစဥ္ ေအာက္စ္ဖို႔တကၠသိုလ္မွာ International relations and politics ကိုတတ္ေရာက္သင္ယူေနတဲ့ ဘူတန္ဘုရင္နဲ႔ ခ်စ္ႀကိဳးသြယ္ခဲ့ပါတယ္။ ပညာသင္ယူလို႔ၿပီးဆံုးမွ Jetsun သည္ ဘူတန္ဘုရင္နဲ႔ လက္ထပ္ဖို႔ ျပန္လာခဲ့ပါတယ္။

သူတို႔ရဲ႕ ခမ္းနားတဲ့ မဂၤလာပြဲႀကီးကို Thimphu က Changlimithang Stadium မွာ က်င္းပခဲ့ၿပီး ဘူတန္ႏိုင္ငံသား ငါးေသာင္းေက်ာ္ တတ္ေရာက္ခဲ့ပါတယ္။ သူမအသက္ ၇ႏွစ္အရြယ္တုန္းက အသက္၁၇ႏွစ္ရွိၿပီျဖစ္တဲ့ ဘူတန္ဘုရင္ႏွင့္ ေပ်ာ္ပြဲစားတစ္ခုမွာ ပထမဆံုး ေတြ႕ဆံုခဲ့ၿပီး Jigmeဟာ သူမကုိ အရြယ္ေရာက္ရင္လက္ထပ္မယ္လုိ႔ ကတိေပးသြားခဲ့ေၾကာင္း ၀ါရွင္တန္ပို႔စ္တစ္ခုမွာ ေဖာ္ျပခဲ့ပါတယ္။ သူမသည္ လူအမ်ားယံုၾကည္ၾကသလို ႏွိမ့္ခ်တဲ့အသိုင္းအ၀ိုင္းက လာခဲ့တယ္ဆိုတာ မဟုတ္ခဲ့ပါဘူး။ သူမရဲ႕မိသားစုသည္ မင္းမ်ိဳးမင္းႏြယ္ေတြျဖစ္တယ္လို႔ အစီရင္ခံစာမ်ားက ေဖာ္ျပခဲ့ပါတယ္။ သူမဖခင္သည္ ေလယာဥ္မွဴးတစ္ေယာက္ျဖစ္ေပမယ့္ သူမရဲ႕ အဖိုးက Tashigang ရဲ႕အေရွ႕ပိုင္းျပည္နယ္ ၀န္ၾကီးျဖစ္ခဲ့တယ္လို႔ဆိုပါတယ္။ သူမမိခင္အဖိုးက ဘူတန္ဒုတိယဘုရင္၏ ဇနီးနဲ႔လည္း ေသြးသားေတာ္စပ္ခဲ့ပါတယ္။

Queen Jetsun Pema

အခုေတာ့ Jetsunႏွင့္ Jigme တို႔မွာ တစ္ႏွစ္သားေလး Jigme Namgyel Wangchuck ရွိေနၿပီ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ကို ဟိမ၀ႏၱာရဲ႕ Will ႏွင့္ Kate လို႔ေတာင္ တင္စားခဲ့ၾကပါတယ္။


“ကၽြန္ေတာ္ လက္ထပ္ဖို႔ အခ်ိန္ေတာ္ေတာ္ေပးၿပီး ေစာင့္ခဲ့ရတယ္။ ဒါေပမယ့္ ဘယ္ေလာက္ပဲေစာင့္ေနခဲ့ရပါေစ။ ကိုယ့္အတြက္ မွန္ကန္တဲ့ လက္တြဲေဖာ္ ျဖစ္လာမယ့္သူကို ေစာင့္ေနရတာျဖစ္လို႔ ေစာင့္ခဲ့ရတဲ့အခ်ိန္ေတြက မေျပာပေလာက္ပါဘူး။ ကၽြန္ေတာ္ မွန္ကန္တဲ့ လက္တြဲေဖာ္ကို လက္ထပ္ခဲ့တာ ေသခ်ာတယ္လို႔” ဘုရင္သည္ တစ္ခ်ိန္တုန္းက သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ သူမသည္ ထူးျခားတဲ့ လူတစ္ေယာက္ျဖစ္ၿပီး ၾကင္နာတတ္တယ္လို႔ ဘုရင္က သူ႔ဇနီးအေၾကာင္းကို ေျပာျပခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္လံုးက အႏုပညာကို ခ်စ္ျမတ္ႏိုးတဲ့သူေတြျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဘူတန္ဘုရင္သည္ ကမာၻမွာ အသက္အငယ္ဆံုးဘုရင္ျဖစ္ေပမယ့္ သူအုပ္ခ်ဳပ္တဲ့ ဘူတန္ႏိုင္ငံဟာ သဘာ၀အလွပေတြနဲ႔ ရာဇ၀တ္မႈ ကင္းစင္တဲ့ တိုင္းျပည္တစ္ျပည္ ျဖစ္ပါတယ္။

ဘုရင္မသည္လည္း ေအးခ်မ္းတဲ့အလွ၊ စိတ္ထားျဖဴစင္ယံုသာမက ျပည္သူေတြကိုလည္း ခ်စ္ျမတ္ႏိုးၿပီး ျပည့္သူ႔အက်ိဳးျပဳလုပ္ငန္းေတြကိုလည္း ႀကိဳးစားလုပ္ေဆာင္ေနသူျဖစ္ပါတယ္။သူတို႔ဇနီးေမာင္ႏွံကို ဘူတန္ျပည္သူေတြခ်စ္ယံုသာမက ကမာၻတစ္၀ွမ္းက အားက်ၾကတဲ့ ဘုရင္ႏွင္ ဘုရင္မျဖစ္ပါတယ္။

ထိုစံုတြဲဟာ သားေလးႏွင့္အတူ တစ္ေယာက္ႏွင့္ တစ္ေယာက္ အရမ္းခ်စ္ၾကပံုရပါတယ္။ ဒါက တကယ့္ကို သာယာလွပတဲ့ မိသားစုတစ္ခု ျဖစ္ပါတယ္။
#Lifestyle_Myanmar
#TB_Nandar
Source- mambee

Unicode

အသက် ၂၇နှစ်အရွယ်နှင့် ဘူတန်နိုင်ငံရဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘုရင်မဖြစ်လာတဲ့ Jetsun Pema
ဘုရင်မ Jetsun ဟာ ၂၀၁၁ အောက်တိုဘာမှာ ဘူတန်ဘုရင်ရဲ့ မိဖုရားဖြစ်လာခဲ့ပါတယ်။’ Dragon King’ လို့ထင်ရှားတဲ့ ဘူတန်နိုင်ငံရဲ့ဘုရင် အသက်၃၁နှစ်အရွယ် Jigme Khesar Namgyel Wangchuck နှင့် လက်ထပ်တဲ့ အချိန်မှာ သူမသည် အသက် ၂၁နှစ်သာ ရှိသေးပါတယ်။ ဘူတန်ဘုရင်နှင့် လက်မထပ်ခင် ဘုရင်မ Jetsun သည် လန်ဒန်က Regen’t College မှာ Art history ဘာသာရပ်ကို လေ့လာနေခဲ့ပါတယ်။ သူမ လန်ဒန်မှာ ပညာသင်နေစဉ် အောက်စ်ဖို့တက္ကသိုလ်မှာ International relations and politics ကိုတတ်ရောက်သင်ယူနေတဲ့ ဘူတန်ဘုရင်နဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။

ပညာသင်ယူလို့ပြီးဆုံးမှ Jetsun သည် ဘူတန်ဘုရင်နဲ့ လက်ထပ်ဖို့ ပြန်လာခဲ့ပါတယ်။ သူတို့ရဲ့ ခမ်းနားတဲ့ မင်္ဂလာပွဲကြီးကို Thimphu က Changlimithang Stadium မှာ ကျင်းပခဲ့ပြီး ဘူတန်နိုင်ငံသား ငါးသောင်းကျော် တတ်ရောက်ခဲ့ပါတယ်။ သူမအသက် ရနှစ်အရွယ်တုန်းက အသက်၁၇နှစ်ရှိပြီဖြစ်တဲ့ ဘူတန်ဘုရင်နှင့် ပျော်ပွဲစားတစ်ခုမှာ ပထမဆုံး တွေ့ဆုံခဲ့ပြီး Jigmeဟာ သူမကို အရွယ်ရောက်ရင်လက်ထပ်မယ်လို့ ကတိပေးသွားခဲ့ကြောင်း ၀ါရှင်တန်ပို့စ်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ သူမသည် လူအများယုံကြည်ကြသလို နှိမ့်ချတဲ့အသိုင်းအဝိုင်းက လာခဲ့တယ်ဆိုတာ မဟုတ်ခဲ့ပါဘူး။ သူမရဲ့မိသားစုသည် မင်းမျိုးမင်းနွယ်တွေဖြစ်တယ်လို့ အစီရင်ခံစာများက ဖော်ပြခဲ့ပါတယ်။ သူမဖခင်သည် လေယာဉ်မှူးတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ အဖိုးက Tashigang ရဲ့အရှေ့ပိုင်းပြည်နယ် ၀န်ကြီးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ သူမမိခင်အဖိုးက ဘူတန်ဒုတိယဘုရင်၏ ဇနီးနဲ့လည်း သွေးသားတော်စပ်ခဲ့ပါတယ်။

အခုတော့ Jetsunနှင့် Jigme တို့မှာ တစ်နှစ်သားလေး Jigme Namgyel Wangchuck ရှိနေပြီ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကို ဟိမဝန္တာရဲ့ Will နှင့် Kate လို့တောင် တင်စားခဲ့ကြပါတယ်။
“ကျွန်တော် လက်ထပ်ဖို့ အချိန်တော်တော်ပေးပြီး စောင့်ခဲ့ရတယ်။ ဒါပေမယ့် ဘယ်လောက်ပဲစောင့်နေခဲ့ရပါစေ။ ကိုယ့်အတွက် မှန်ကန်တဲ့ လက်တွဲဖော် ဖြစ်လာမယ့်သူကို စောင့်နေရတာဖြစ်လို့ စောင့်ခဲ့ရတဲ့အချိန်တွေက မပြောပလောက်ပါဘူး။ ကျွန်တော် မှန်ကန်တဲ့ လက်တွဲဖော်ကို လက်ထပ်ခဲ့တာ သေချာတယ်လို့” ဘုရင်သည် တစ်ချိန်တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ သူမသည် ထူးခြားတဲ့ လူတစ်ယောက်ဖြစ်ပြီး ကြင်နာတတ်တယ်လို့ ဘုရင်က သူ့ဇနီးအကြောင်းကို ပြောပြခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက အနုပညာကို ချစ်မြတ်နိုးတဲ့သူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဘူတန်ဘုရင်သည် ကမ္ဘာမှာ အသက်အငယ်ဆုံးဘုရင်ဖြစ်ပေမယ့် သူအုပ်ချုပ်တဲ့ ဘူတန်နိုင်ငံဟာ သဘာဝအလှပတွေနဲ့ ရာဇဝတ်မှု ကင်းစင်တဲ့ တိုင်းပြည်တစ်ပြည် ဖြစ်ပါတယ်။ ဘုရင်မသည်လည်း အေးချမ်းတဲ့အလှ၊ စိတ်ထားဖြူစင်ယုံသာမက ပြည်သူတွေကိုလည်း ချစ်မြတ်နိုးပြီး ပြည့်သူ့အကျိုးပြုလုပ်ငန်းတွေကိုလည်း ကြိုးစားလုပ်ဆောင်နေသူဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံကို ဘူတန်ပြည်သူတွေချစ်ယုံသာမက ကမ္ဘာတစ်ဝှမ်းက အားကျကြတဲ့ ဘုရင်နှင် ဘုရင်မဖြစ်ပါတယ်။ ထိုစုံတွဲဟာ သားလေးနှင့်အတူ တစ်ယောက်နှင့် တစ်ယောက် အရမ်းချစ်ကြပုံရပါတယ်။ ဒါက တကယ့်ကို သာယာလှပတဲ့ မိသားစုတစ်ခု ဖြစ်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar
Source- mambee

LEAVE A REPLY

Please enter your comment!
Please enter your name here